Photobucket

Thursday, May 1, 2008

က - ကလေးငယ် ချစ်စဖွယ် (ဒုတိယပိုင်း)

အားလုံး ချစ်တဲ့ ဘလောခ့်တွေရဲ့ ပုံတွေ အပိုင်း ၂ အနေ နှင့် တင်ဆက်ဖို့ အလှည့်ကျရောက်လာပါပြီ။ ဟုတ်ကဲ့ပါ။ အရင်တစ်ခါက အပိုင်း ၁ မှ ချိုချဉ်နှင့် မမေတို့၊ နှုတ်ခမ်းချွန် ကိုမင်းမင်းတို့၊ သေးထိုင်ပန်း နေသော ကို ညမီးအိမ်တို့၊ ဆေးလိပ်သောက်နေသော ကိုမင်းကျန်စစ်၊ ဘာကာထဲက ကိုစိုးထက်၊ ဖရဲသီးထိုင်စားနေသော ကိုမော်စီ၊ ပုလင်းမော့နေသော ကိုနတ်ရှင်နောင် တို့လို အစရှိတဲ့သူတွေလိုဘဲ ဒီအပိုင်း ၂ မှာ လည်း ဘလောခ့်ဂါ ၁၂ယောက် မှနေ ပါဝင်သရုပ်ဆောင် သွားတာ ဖြစ်ပါတယ်။ ဒီနေ့တော့ ကျွန်တော့် အချစ်ဆုံး ကလေးကတော့ ပထမဦးဆုံးကလေးပဲဖြစ်ပါတယ်။ :)

၁။ ဟုတ်ကဲ့။ ကျွန်တော့်ကို ပြောနေကြတယ်။ ကျွန်တော့်ပုံကျ တော့ မပါဘူးလားတဲ့။ ကိုယ့်ပုံကိုယ်လေး ထည့်ဦးမှပေါ့တဲ့။ ဒီလို များလှစွာသော စွပ်စွဲမှုတွေ၊ ပြီးတော့ တစ်ခြားလူတွေက တင်လာတဲ့ ကောလဟာသ ပုံတွေကြောင့် တီးလဲ သည်းမခံ နိုင်တော့တာနဲ့ ကွန်ပျူတာကို ဖွင့်။ ဟိုး အရင် Data တွေကို ပြန်လှန်။ ပုံတွေကို လိုက်ရှာတာ၊ နောက်ဆုံး ဒီအောက်က ဆံပင်ဆေးဆိုး ထားတဲ့ ပုံလေးကို ပဲ တင်ပေးလိုက်ပါတယ်။ သိပ်ချစ်စရာ ကောင်းတယ်လို့ မပြောနဲ့။ ဒီပုံက အဆိုးဆုံးပုံကို တင်ပေးလိုက်တာ။ :)


၂။ သူကတော့ ကိုလွမ်းလုလုင် တဲ့။ ကြည့်ပါဦး။ ပုံစံကိုက ရာဇာနေ၀င်း လိုလို၊ ကျော်ဟိန်းလိုလို၊ ဖြစ်ပုံက ဒီလိုပါ။ သူ့ကို ဘလော့ခ် အတွက် ကင်မရာ ရိုက်မယ်လဲ ဆိုရော.. သူကပြောတယ်.. သူများတွေလို ပုံမှန် အိုက်တင်တွေ ရိုးနေပါပြီတဲ့လေ။ ထူးထူးဆန်းဆန်းလေး ညှစ်ပြမယ် ဆိုပြီး ဒီလိုမျိုး အောက်က ပုံလေး ထွက်လာပါတယ်။ ဗိုက်ကလဲ ဆာနေပြီတဲ့လေ။ ဒါကြောင့် ပါးစပ်ထဲမှာ မုန့်တစ်ခု ကိုက်စားနေတဲ့ အက်ရှင်လုပ်ထားတာပါတဲ့။


၃။ သူကတော့ ကိုထူးမြတ် တဲ့လေ။ ငယ်ငယ်ထဲ က Exerciese လုပ်ပါတယ်ဆိုပဲ။ အခုကတော့ လျှာ လေ့ကျင့်ခန်းတဲ့။ ပါးစပ်အတွက်ပါ ကောင်းတယ်တဲ့။ မျက်နှာကို အရေ သိပ်ပြီး မတွန့်စေဘူးတဲ့။ သူက အဲ့လိုမျိုး Facial Exercise တွေ ငယ်ငယ်ထဲ က အပျင်းအထန်လေ့ ကျင့်လာတယ် ဆိုပဲ။ အားလုံး ပဲ ဘယ်လိုလုပ်လဲ သိချင်ရင် သူ့ကိုသာ သွားပြီး မေးပါရန်။



၎။ ဘယ်သူလို့ထင်တုန်း။ နာမည်က အိမွန်တာ တဲ့။ သူလိုချင်တာကတော့ အပေါ်က အပြာရောင်နို့ဘူး။ နို့ဆာ လို့ပါတဲ့။ အိမ်မှာ လဲ ထောက်တိုမယ်ရ ခိုင်းဖို့ လူတွေက ရေချိုးနေလို့တဲ့။ သူကိုယ်တိုင် လှုပ်ရှားလိုက်တာ၊ အဲ့လိုဖြစ်သွားရော။ အိမ်က လှေကား ထားတဲ့ နေရာလဲ မသိဘူးတဲ့။ ဒါနဲ့ မလိုပါဘူးဆိုပြီး ကုပ်ဖက်တက်မယ် ကြံကာ မအောင်မြင်ပဲ တန်းလန်းကြီး ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။

၅။ သူက ကိုပီကေ။ အိပ်ရာ နိုးခါစ ပုံလေးပါတဲ့။ သူကတော့ ဒီလိုအလုပ်က နိစ္စဒူဝ အလုပ်တစ်ခုတဲ့။ မနက်တိုင်း မမေ့ မလျော့ လုပ်ရာတာပါတဲ့။ ဘာကြောင့်လဲ ဆိုတော့ အင်တာဗျူးကြည့်တာ။ လျှာမရှည်နဲ့ တဲ့လေ။ တီးလဲ စိတ်ဆိုးဆိုး နဲ့ သူ့ဝတ်ထားတဲ့ အပေါ်က တီရှပ်ကို ဆွဲ ချွတ်ပြီး မီးရှို့ပြီး ထွက်လာတာ.. အထွက်မှာ ကင်မရာနဲ့ လှမ်းထွယ်လိုက်တာ .. အောက်ကပုံထွက်လာတယ်။

၆။ နောက်တစ်ကြိမ် အောင်မြင်ပြီ ကွ ဆိုပြီး ကြုံးဝါးနေသူကတော့ ကိုစေတန် ပဲဖြစ်ပါတယ်။ ဒီလိုပဲတဲ့။ အားရင် အားသလို သူ့ညီမလေး ကို ချစ်ချစ် နေရတာတဲ့။ (ခြစ် တာကို ပြောပါတယ်) ဒီတစ်ခါတော့ အိမ်မှာ အမေလဲ မရှိတာနဲ့ ဒင်း ရုန်းလို့မရအောင် ခါးပတ်နဲ့ ကြိုးတုတ်ပြီး အပြီ တွယ်လိုက်တာ ဖြစ်ပါတယ်။ ပုံမှန်ကတော့ ဒီလောက် မချစ်ပါဘူးတဲ့။ ဘလောခ့်အတွက် ပိုချစ်ပြလိုက်တာလို့ ပြောပါတယ်။



၇။ ဆိုင်ကယ်ဘေး က ပုဂ္ဂိုလ်ကတော့ ကိုရန်အောင် ဟု အမည်တွင်သော လူကြမ်း မင်းသားလေးပါ။ ငယ်ငယ်ထဲ က Gangs တွေထဲမှာ ပါထားတာတဲ့။ ဒါကတော့ သူ့ရဲ့ weekend gang meeting စတိုင်ပါတဲ့။ အခု မီတင်သွားမလို့ ပုံမှန် စနေနေ့တိုင်း ၀တ်နေကျ ဂျင်းဝတ်စုံရယ်။ အဖွားရဲ့ နေကာမျက်မှန်ရယ်.. ကြုံရာ ဦးထုပ်တစ်လုံးရယ် စောင်းလို့။ လူမိုက် စတိုက် ပေါ်အောင် ခပ်ကြမ်းကြမ်း တက်တူး Tattoo ကို ကိုယ်တိုင်ကိုယ်ကျ ဆွဲပြီး ဆိုက်ကယ်ပေါ်တက်တော့မှာ ဖြစ်ပါတယ်။



၈။ သူကတော့ မဗေဒါ ပါ။ အောက်ကပုံက မဂ္ဂဇင်းထဲ မှာ ထည့်ခံရတဲ့ ပုံတဲ့လေ။ သူကတော့ စပယ်ရှယ် ဓာတ်ပုံတွေပဲ ရှိတယ်တဲ့။ ဒီလိုမျိုး စာအုပ်ထဲတို့ မဂ္ဂဇင်းထဲတို့ တီဗီပေါ်တို့ ပါမယ်ဆိုမှ လက်ခံပြီး ဓာတ်ပုံရိုက်တာတဲ့။ အခုတော့ ရှုတင်တစ်ခုလဲ ရှိတယ်၊ Hollywood ကို သွားရဦးမှာ မို့တဲ့။ အချိန်များများ မရှိတာနဲ့ ဟိုအပတ်က မဂ္ဂဇင်းထဲ ပါလာတဲ့ ပုံကို ပဲ ယူသွားပါဆိုလို့ ယူလာလိုက်တာ။
၉။ သူနာမည်က မနှင်းပွင့်ဖြူလေး ပါ။ နာမည်နဲ့ လိုက်အောင် အမြဲတမ်း နှင်းလို ဖြူတဲ့ အ၀တ်တွေ ဦးထုပ်တွေ ပဲ ၀တ်ဆင်ပါတယ်တဲ့။ ဒီ အပြစ်ကင်း တဲ့ သရုပ်ဆောင်ဟန် ကတော့ "ဟန်ဆာင်တာတွေ ထားခဲ့မှာလား" ဆိုတဲ့ သူ့ ဘလောခ့်ရဲ့ နာမည် အတိုင်းလိုက်အောင် သရုပ်ဆောင်သွားတာ ဖြစ်ပါတယ်။ မျက်စိ မှိတ်နည်းကို တော့ သူကပြောပါတယ်။ ကိုတီးက သူ့ပုံကို သုံးမယ်ဆိုလို့ အပိုင်း ၁ ပြီး ကထဲ က ပြင်းပြင်ထန်ထန် လေ့ကျင့်နေတာတဲ့လေ။ အခုတော့ အောင်မြင်စွာတော့ မှိတ်လိုက် နိုင်ပါတယ်။ လေ့ကျင့်တာ နည်းနည်းလိုသေးတော့ ပါးစပ်က နဲနဲလေး ရွဲ့သွားသည်။ :P
၁၀။ သူကတော့ ရွှေပြည်သူ ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ထဲ က ခေတ်မှီအောင်ဆိုပြီး ဘဲလေး အက အမြဲကျင့်တယ်တဲ့။ ကိုယ်လုံးလဲ လှအောင် ကျင့်ရတာလို့ သိရှိခဲ့ရပါတယ်။ အခုတော့ ဆံပင်ကို ဖိုးဝရုပ် လို ထုံးပြီး မနေ့ က တီချာ ပြလိုက်တဲ့ အကွက်လှလှလေး တွေ ပြန်စမ်းကြည့်မယ်ဆိုပြီး ကြမ်း ပလိုက်တာ အရှိန်လွန်က အကြမ်းကောင်းလို့ ကြမ်းပြင်နဲ့ နမ်းမိသွားပါတယ်။ ခြေထောက်ကတော့ ဘဲလေး အကကျင့်တာ များလို့ ဒီလိုပဲ ဖြစ်နေတဲာ့လေ။

၁၁။ သူတို့ ၂ယောက်က တစ်ယောက် က မစိုးမြတ်နန္ဒသက်လွင် ။ နောက်တစ်ယောက် က နတ်ရှင်နောင်။ အရင် အပိုင်း ၁ မှာ ကျွန်တော့် ပုံ ကို ကောလဟာသ အနေနှင့် comment section မှာ မဟုတ်မမှန် ထည့်သွင်း ဖော်ပြသွားလို့ မနန္ဒာ မှ လက်ချာ ရိုက်နေတာ ဖြစ်ပါတယ်။ ကိုနတ်ရှင်နောင် ခင်မျာ။ အခု ကျ မှ မျက်နှာသေးသေး လေးနဲ့ ဖြစ်နေရှာ တယ်။ လုပ်တုံးကတော့ လုပ်ပြီးတော့။ အခုတော့ အမှန်တရား ဘက်တော်သား တွေနဲ့ တွေ့တော့ ပုံက ဒီလိုဖြစ်သွားရော။



၁၂။ အဲ့ဒါ က လားရှိုးသူ။ အပိုင်း ၁ မှာ နတ်ရှင်နောင် ရဲ့ ဓာတ်ပုံ ကို ထောက်ခံတဲ့သူပေါ့။ သူ့စိတ်ကူးထဲ မှာလဲ တူပါတယ်ဆိုပြီး ရန်စသွားတာ။ ပြီးမှ နောက်တာပါတဲ့။ ဒါမျိုးလာစမ်းလို့ ဘယ်ရမလဲ၊ တီးတဲ့ တစ်တီးထဲ ရှိတယ်။ ဟွန်း။ သူ့အိမ်သွားပြီး သူစည်ဗိုင်း ထဲဝင် ပြီး ရေချိုးတော့မယ်ဆိုလို့ ကမန်းကတမ်း လှမ်းရိုက်ပလိုက်တာ။ မှတ်ပြီလား။ ထောက်ခံဦး နတ်ရှင်နောင်ကို :)
အားလုံးပဲ စိတ်ချမ်းသာကြပါစေ။
Tea

အပိုင်း ၃ ကတော့ ပါချင်တဲ့ သူတွေ များရင် လာပါဦးမည်။ စာရင်းသွင်းကြရန်။

မှတ်ချက်။ ဤဒုတိယ ပိုင်းအတွက် မအိမွန်တာ မှ အထူးတလည် ဓာတ်ပုံများကို စုဆောင်းပေးထားပြီး ကျွန်တော့် ကို အီးမေးလ်နှင့် ပို့ပေးလိုက်တာဖြစ်ပါတယ်။ သူမအား အထူးကျေးဇူးတင်ပါကြောင်း။ ပြီးတော့ ဒီတစ်ခါ ပါဝင်သရုပ်ဆောင်သူတွေကို ပါ ကျေးဇူးတင်ပါသည်။

37 comments:

မင်းကျန်စစ်။ said...

နတ်ရှင်နောင်က နှစ်ခါဆက်တိုက် ကံဆိုးသူပဲ :D

ဒီဇင်ဘာနှင်း said...

ကိုတီးတို့များဘယ်လောက်တောင်စဉ်းစားထားလဲမသိဘူး တခေါင်းလုံးဖြူနေပြီနော် :P

soemyanandarthetlwin said...

Tea..,

How could you get that idea to combined with me with NatShinNaung??

Tea dot nar dot mae.., Hoon Hoon!!

Anyway, it's was fun to read your post. Great job to discovery the nice pictures.

Soe Mya Nandar Thet Lwin

ရွှေပြည်သူ (ShwePyiThu) said...

Tea ရေ ဘယ်အချိန်က အိမ်မျက်နှာကျက်မှာ Hidden Camera တပ်ပြီး ရိုက်သွားတာလဲ။ ခြေထောက်ကောင်းမှပဲ တက်ဖြုတ်ရဦးမယ်။ အိမ်နေရင်း ဆံပင်ပုံစံနဲ့ ဘဲလေးအက လျှို့ဝှက်လေ့ကျင့်နေတာတွေတော့ ပေါ်ကုန်ပါပြီ။ လုပ်ရက်ပါပေ့ Tea ရယ်း))))))

Anonymous said...

တီးက ချစ်စရာလေး ပါလား..

Anonymous said...

ပြီးတော့ ဘဲလေး အက လေ့ကျင့်နေတဲ့ ရွှေပြည်သူက လဲ ချစ်စရာလေး..

လုလု said...

တီးတို့ရိုက်ချက်ကတော့ မိုက်သဗျ့  အားပေးတယ်ဗျို့ ဆက်သာရေ့ 

Anonymous said...

ကောင်းတယ်ဗျို့ လူသားအတွက် ပျော်ရွင်မှုတွေကို ဖြည့်ဆည်းပေးတဲ့ ကိုတီးကြီး စိတ်၏ချမ်းသားခြင်း ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံနိုင်ပါစေလို့ ရှမ်းကလေးကလည်း တစ်ဖက်တစ်လှမ်းကနေ ဂုဏ်ပြုပါတယ်ဗျာ..၊

Anonymous said...

:) :) :) :) :) :) :) :)

Anonymous said...

အန်ပါလာပြီ..... ဘယ်လိုရှင်းပြရမလဲ... ညှစ်တော့ ညှစ်လိုက်တာ... ဘာထွက်သွားတယ်ဆိုတာ.. နှစ်ယောက်ထဲတွေ့မှ ပြောပြမယ်... ဟီးဟီး

NatShinNaung said...

နှစ်ခါတော့ အနာမခံဘူးကွ။ ငှဲငှဲ။ ကိုတီးတို့ ကျေနပ်နေပုံများ မျက်လုံးလေးကို ပြူးလို့။ သူပိုင်ပြီပေါ့။ ဘယ်ရမလဲ နတ်သျှင်နောင်ကို ဒီလိုလုပ်လို့။ အောင်မာအောင်မာ ပြုံးတောင်ပြုံးနေသေးတယ်။ အခုပုံကတော့ အပိုင်း (၁) ရဲ့  comment မှာ ရှူစားနိုင်ပါတယ်ခင်ဗျာ။ကိုတီးငယ်ငယ်ကပုံ ကြည့်ရန် နှိပ်ပါ။

soemyanandarthetlwin said...

Tea..,

Just let you know I am not with NatShinNaung in this comments naw.., But it's made me crying out loud to laughs to see his link he gave you. Do u like it??

Hahaha.., Yee like ya tar harrr.., I got tears in my eyes to laughs as it's looked sooooooo funny. :)))

NatShinNaung taw taw nout.., :)))

Great Ideas both of you guys. Thanks for made me laughs.

It was a lot of funs.., Keep it up.

Soe Mya Nandar Thet Lwin

နှင်းပွင့်ဖြူ said...

ဟန်ဆောင်တာတွေလာထားသွားတာ........ ဟတ်ဟတ်
;) ;) ;) ;) ;) ;) ;)
မျက်လုံးမှိတ်ပြလိုက်တာ.. နှုတ်ခမ်းနဲနဲရွဲ. သွားတယ် ဟတ်ဟတ်

Anonymous said...

ဒီဒုတိယပိုင်းကပုံတွေက ပုံချစ်ဖို့ကောင်းနေသေးတယ်။ အမှန်တွေမလို့လားမသိဘူး။ :P ။ ကိုတီးပုံကလည်း ရှယ်ပဲ။

ပီကေ said...

တော်သေးတာပေါ့ကွာ။ မင်းက ဓါတ်ပုံကို ဘေးတိုက် ရိုက်လိုက်လို့ပေါ့ကွာ။ အပေါ်ကနေသာ စီးရိုက်မယ်ဆိုရင် ....
ဟင်း ... မတွေးဝံ့စရာပဲ။
အနှစ်နှစ် အလလက စုဆောင်းထားတဲ့ တောစီးကရက် (Top Secret) တော့ လူသိရှင်ကြား ဖြစ်ကုန်တော့မယ်။
အမေက ငယ်ငယ်ကတည်းက သင်ပေးထားတယ်လေ။ ကိုယ်ပစ္စည်းကိုယ်မှ တာဝန်မယူနိုင်ရင် မိန်းမယူဖို့ မစဉ်းစားနဲ့တဲ့။ ဒါကြောင့် မနက်မိုးလင်းတိုင်း သတိထားနေရတာပါ။

Htoo Myat said...

ဟေ့... ကျနော် လျှာလေ့ကျင့်ခန်း လုပ်တတ်မှန်း သိလည်း တိတ်တိတ်လေး (ဘယ်သူမှ မသိအောင်) ဘလော့ဂ်ပေါ်ပဲ တင်နော်... ကျနော့် ကောင်မလေးတော့ သွားမပြောပါနဲ့... အဟီး... တော်ကြာ ကြောက်လန့်ပြီး ဖြတ်လိုက်မှ ဟုတ်ပေ့ ဖြစ်နေမယ်... ဟားဟား (ဒီလူ ငါလေ့ကျင့်တာ ဘယ်တုန်းက တွေ့သွားလဲမသိဘူး...???)

ထည့်ရေးပေးတာ ကျေးဇူးပါခမျာ...

အိတာ said...

သူသိသွားပြီ....ဘယ်လိုများသူလေသိ..ကိုယ်အနေအထိုင်တွေပဲ မတတ်လို့လာ...ဟီးဟီး i like my pic

မီးငယ် said...

နာ့အစ်ကိုတွေ အစ်မတွေ ပုံကမိုက်တယ်ကွာ....ဟိဟိ..
ကိုကြီးတီးရေ.. ဆက်သာတီး.. အဲလေ...
မှားလို့ ဆက်ရေးနော်..

Unknown said...

တီးရေ idea တွေလန်းတယ်ကွာ.... မောင်ရင့်ပုံက အရမ်းမိုက်တယ်။ နတ်ရှင်နောင် ဘယ်ကရှာလာတယ်မသိ။ ၂ပုံလုံး မိုက်တယ်။ အားပေးတယ်ဟေ့......

သက်မီမီထိုက် said...

မိုက်တယ်.... ဆက်ရေးနော်..

Tea said...

NATSHINNAUNG!!!!!!!

YOU DID THAT AGAIN!!! GOSH!!

:)
You will be in part 3 also. Don't worry!

SMNTL!! this time, you are with him.. ? ? :o
fine.. i have a nice pic for both of you! :D

:D

i think part-3 will be coming soon since many new ppl who are in both part1 and part 2 posted comments here :D

Tea

Tea said...

well.. :)

ma Nandar is fine.. (mote wal kway yan)

but.. ko nat shin naung.. u will be doomed. :D

Tea said...

Those who requested to be in part 3
Yadanarcho (cbox)
တာယာ (cbox)
Mee Nge (cbox)
အောင်မျိုးဟန် (cbox)
and of cuz who commented in this post :D

NatShinNaung said...

စိန်ခေါ်တာလားကွယ် တီးရယ်။ ဒီတစ်ခါတော့ နတ်သျှင်နောင် တီးအတွက် တင်ပေးမယ့် ပုံက အလန်းလေးနော်။ ကြိုပြောထားတာ။ မေတ္တာပျက်အောင် မလုပ်ပါနဲ့။ ငှဲငှဲ။ မေတ္တာ ရောင်ပြန်ဟက် မယ်နော် ကိုကိုတီး။ ခြိမ်းခြောက်နေတာ.ခြိမ်းခြောက်နေတာ။ ဟားဟား။ စောင့်မျှော်ကြည့်ရှူကြပါ အရပ်ကတို့။ Coming soon!!

Tea said...

LOL!! let's see.. xP

everyone.. I already took out my cute pic..
don't check NatShinnaung's pic. :)
these are his pics .. <3

Anonymous said...

တော်သေးတာပေါ့ . Tea ရယ်
“ ပီကေ ” ကြီးကို “ ပီကေ” များ ကပ်ခဲ့လားလို့ .
ဘယ်ကလာ..
“ လွမ်းလုလင်” ကြီးက “ သွားဖုံး ” နဲ့  “ အန်ကပ် ”
ကြားမှာ သွားကြားညှပ်နေ လို့  သွားကြားထိုးနေတာ.:D
ဒါနဲ့ ..
“ နတ်ကြီး” ပေးတဲ့ “ ညီ့ ” ပုံလေးက မှ မိုက်တာ..
Mr. Bean ကြီးတုန်းက ပုံလေးနဲ့  တော်တော်ကိုး တူတာ..
အဲ...
“ ကိုရန်အောင့် ” ဦးလေးက ဓါတ်ပုံ ရိုက်ခါနီး
အခုလေးတင် ၀ယ်လာတဲ့ “ ဒူးရင်း” သီး
ဘယ်နားထားမိလဲ မသိလို့ .ဆိုဘဲ...:XD
( ပျော်ပါတယ်...ညီညီတီး)

Anonymous said...

ဖတ်လို့ကောင်းလိုက်တာတီးရယ်..
ရေးလဲ ရေးတတ်ပါပေတယ်..
ဒီမှာ ရယ်လိုက်ရတာ..

လားရှိုးသူ said...

တီးပုံလေးက ချစ်စရာလေးဘဲ ကိုနတ်ရှင်နောင် ကိုကျေးဇူးတင်တယ်၊ ရှာဖွေတွေ့ရှိထားလို့

Soe Mya Nandar Thet Lwin (Borros Roxo) said...

Tea..,

Everyone agreed with the picture that NatShinNaung found and gave it to you in this comment. U cannot denied it, Right?? :D

I couldn't resist this time as i keep came to your blog and open your comments section in here then go to your pic in NatShinNanug's comment. Then purely to having a laughs..., hahaha :)))

U should keep those pic and put it on your banner to welcome everyone, u know!! Hehe :P

Thanks ever so much again to made people laughs.

I applause your brilliant ideas!!! :))

Cheers..,
Soe Mya Nandar Thet Lwin

Anonymous said...

my photo is in last week magazine?? So i just 2 or 3 years old?? or they are using my childhood photo in their magazine? haha.. but anyway.. i really like what u write for me.. Hollywood?? shooting?? ha ha.. That's my dream too. ops! i am late for shooting with jackie chan and Tom cruise new movies with me.. i faster go now.. bye.. i will sure visit ur blog again.. thank for the post. :)

ပန်းခရေ said...

အနော်လည်းလှတပတလေးဆို
ကကလေးငယ်ချစ်စဖွယ်ဖြစ်ချင်သားဂျ
အနော်ကလှပီးသားလေးဆိုတော့
အနော့ကို လှတပတလေးထည့်ပေးနော်
း)

Anonymous said...

Shwe Pyi Thu is soooooo cuteeee!

Anonymous said...

လူသားတွေအတွက်ပျော်ရွှင်မှုတွေ ဖန်တီးပေးနေတဲ့ ကိုတီးကိုကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်လည်းတစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်တော့ ကူညီနိုင်ပါတယ်ဗျာ။ လူသားတွေကို ပျော်ရွှင်အောင်ပြုလုပ်ပေးနေတဲ့ ကိုတီး ကျန်းမာပါစေဗျာ။ အပိုင်း(၃)ကိုတဆက်ဖတ်ပါရစေအုံးဗျို့။

အောင်ကောင်း said...

ကိုတီး ကျွှန်တော်ကျပါဝူး . . . တော်ဘီ လက်ဖက်ရည်ပဲ သောက်ပြီး ပြန်တော့မယ် . . :P Good Idea Bro...

Anonymous said...

ပုံလေးတွေကချစ်စရာလေးတွေနော်. ရှာတတ်ပါပေ့.. =)
မျက်စိမှိတ်ပြနေတဲ့ပုံလေးချစ်တယ်ကွဇ်. :P
ဒူလေးပါလိမ့်... :D

Anonymous said...

>MaBayDar< I'm so distressed by lack of your destination of flourishing dream in art,
cause " Oscar Vote" denied to reward
" Horror Movies " just announced recently...:P,
Don't be panic, please..
calm-down and keep relax,take a deep breath..
( easy..e..a...s......y.::;)
That's why, either " Jackie" and " Tom" also
' Fly back' their home-land beyond that consequences.:T ( Giggle)

ခင်လို့ မင်လို့ . ရှရာညော်...နိုရ၀ူး..(တိ.တိ.တိ)


I love u Guys! All da good..(^_*)
parganar

~J-Quen ~ said...

Omg..အရမ်းရီရာပဲ။ ပိုစ်လေးကို အားပေးနေတယ် :D