Photobucket

Saturday, May 24, 2008

San Francisco မှ ကိုရီးယား BBQ နှင့် HOTPOT

ဟီးဟီး။ ဒီတစ်ခါတော့ အစားအသောက် အကြောင်းပေါ့။ ဟိုတစ်နေ့က စာမေးပွဲတွေ အများကြီး တန်းစီပြီးသွားတော့ ကျွန်တော်တို့ သူငယ်ချင်းတွေ အပြင်မှာ သွားစားမယ်ဆိုပြီး အဲ့ဒီ ကိုရီးယားဆိုင် လေးကို ရောက်ခဲ့ပါတယ်။ သူများနဲ့မတူဘူးလေ။ သူက တော်တော်ထူးခြားတယ်။ စားပွဲတစ်ခု မှ အကင်တွေ ကင်လို့ရအောင်ဆိုပြီး အလူမီနီယမ် အပြားကြီး တစ်ခုတင်ထားပေးတယ်။ အောက်မှာတော့ မီးဖိုပေါ့။ ပြီးတော့ အလယ်မှာ အိုးတစ်လုံးပါတယ်။ HOT POT အတွက် ထည့်ပြုတ်လို့ရအောင်။ သူကအားလုံး ကိုယ့်ဘာသာကိုယ် လုပ်ရတာ။ ကင်တာရော။ ပြုတ်တာရော။ ကိုယ်လုပ်တာဆိုတော့ အထူးအဆန်းလေးပေါ့။ တကယ်တော့ လက်ညောင်းတာတော့ သိတယ်။ ကင်လိုက်ရတာ။ ကင်ရင် ထောပတ်ကို သုံးရသေးတယ်။ အလုပ်ကို ရှုပ်နေရော။ တူတွေရော။ ညှပ်တွေရော။ ပြီးတော့ အလယ်က အိုးပေါ်မှာလဲ ပြုတ်ရသေးတယ်။ အားပါးပါး။ အလုပ်ရှုပ်မှရှုပ်။ သူက အကင်ရော အပြုတ်ရော လိုတဲ့ အစိမ်း ပစ္စည်းတွေကို တစ်နေရာမှာ စားပွဲတွေ စင်ကြီးတွေနဲ့ အများကြီး တန်းစီပေးထားတယ်။ ကိုယ်တိုင်ထပြီး သွားယူရတယ်။ ပြီးမှ စားပွဲပေါ်လာပြီး လုပ်ချင်တာလုပ်ရတာပါ။ ပစ္စည်းတွေက တော်တော်လေးကို စုံပါတယ်။ ပုဇွန်တွေ အမဲသား ပင်လယ်စာတွေမှအစ အသီးအရွက်အစုံ၊ ဖက်ထုပ်၊ ဂုံး၊ ဂဏန်း၊ ဆူရှီ အစရှိသည်ပါမကျန် ရေခဲခြစ်။ ကျောက်ကျော၊ အသီးအနှံများ၊ အချဉ်အမျိုးမျိုး အစရှိသဖြင့် အမျိုးပေါင်း ၁၀၀ကျော်တိတိ ပြင်ဆင်ပေးထားပါတယ်။ ကြိုက်သလောက် အ၀စား ဖြစ်ပါတယ်။ လူတစ်ယောက်ကို ဒေါ်လာ ၁၅ ကျပါတယ်။ တန်အောင်တော့ တစ်ဖြဲ နှစ်ဖြဲ အ၀အပြဲစားတာ သိတယ်မှတ်လား။ တီးတဲ့လေ လုံးဝ အရှုံးမခံဘူး။ ဗိုက်ကြီး ဗျမ်းဗျမ်း ကွဲသွားပါစေ။ အရှုံးတော့ မခံဘူး။ ဟင်းဟင်း။ :)

ကယ် စားတုံးတန်းလန်း ရိုက်ထားတဲ့ ဓာတ်ပုံတွေ ရှုစားလိုက်ကြစို့ သူငယ်ချင်းတို့။


အောက်က ပုံလိုမျိုး သူက စဉ်တွေ စားပွဲတွေ ပြင်ဆင်ပြီး လိုတဲ့ ပစ္စည်းတွေ ကြိုက်သလို ထယူလို့ ရအောင် ပြင်ထားပေးတယ်။

ဒါကတော့ နည်းနည်း အနီးကပ်သွားပြီး နေရာတစ်ကွက်ကို အသေးစိတ် ရိုက်ထားတာပါ။

ကျွန်တော့် သူငယ်ချင်းလက်။ သူအားရပါးရ တွယ်နေတုန်း။ ရိုက်လိုက်တာ။ လက်ကို ရိုက်တာမဟုတ် အောက်က စားစရာတွေကို ရိုက်တာ။ မမြင်ရလို့ မကျေမနပ်ဖြစ်နေရင် သူ့လက်ကို ခုတ်ပလိုက်ပါ။

ဒါကတော့ ကျွန်တော်ကြိုက်လွန်းလို့ သီးသန့်ရိုက်ထားတာ။ ဖက်ထုပ်အစိမ်းတွေပါ။ HOT POT ထဲ ထည့်ဖို့။

ဒါကတော့ များလှစွာသော ၁၀မျိုးကျော်လောက် အချဉ်တွေထဲက တစ်ခုရွေးလာတာ။ အရွေးမှားသွားတယ်။ မကြိုက်ဘူး။ ပြီးတော့ အချဉ်က ကိုယ့်ဘာသာကိုယ် စပ်လို့ရအောင်လဲ လုပ်ထားပေးတယ်။

ကြက်သားကတော့ ကင်လို့ အဆင်ပြေလို့ တစ်ချိန်လုံး ထထယူရတယ်။



ဝက်သား၊ ပြည်ကြီးငါး၊ အမဲသား၊ အစရှိတာတို့ စားပွဲပေါ်ယူလာတာ။ အဲ့ဒီနေ့က ကြက်သားကိုပဲ အဓိက ထားစားလာတယ်။

ခုနက ပြည်ကြီးငါးတွေကို အနီးကပ်ရိုက်လိုက်တာ။

ဒါကတော့ တော်တော် စားလို့ကောင်းတဲ့ ဖက်ထုပ်ကြော်။ မွမွလေး၊ ဂျတ် ဂျပ် မြည်နေရော။

အရွက်တစ်ချို့။ HOT POT အတွက်။


ဒီမှာလေ။ ဒီလိုမျိုး ကင်ပြီး ဒီလိုဒီလို ပြုတ်ရတာ။

တူတွေနဲ့ ညှပ်တွေနဲ့ အပြီအပြင် ဆွဲရတာ။ မောလိုက်တာမှ ဖတ်ဖတ်မော။

အနီးကပ် ထပ်ရိုက်ပြခြင်း။

အိုးထဲမှ ၀က်ကလီဇာတွေ။ ဒီဗန်းကတော့ ထောပတ်နဲနဲများသွားတယ်လိုပဲ။

စားပြီးခါနီး ရိုက်တော့ ကြည့်လို့ မကောင်းဘူးပေါ့။ ဗန်းက စုတ်ပြတ်သွားရော။

ပြောသားပဲ။ ဗန်းကြီးက အညိုအမဲ စွဲသွားရော။
ဒါပါပဲ။ အဲ့ဒီဆိုင်ကို ကြိုက်လို့ သွားစားတာ ၂ခါရှိပြီ။ နောက်တစ်ခါဆိုရင် တစ်ခြားဆိုင်ပြောင်းစားပြီး ဓာတ်ပုံ အသစ်တွေ ရိုက်လာမယ်။

Tea

6 comments:

လားရှိုးသူ said...

I've been that kind of restaurant in SFO. U make me so hungry. Oh well what can I do, looked and turn back with empty stomach. Have fun!

အိတာ said...

တီးကတော့တန်အောင်စားမဲ့ပုံပဲ.....ဟီးဟီး စတာ (စိတ်ဆိုးနဲ့)

Anonymous said...

အာ ဒီမှာ ဆာနေပါတယ် ဆိုမှ

CrazyCAT said...

TEA ka San Fran lar yin ad d korea BBQ sine mar lite kway mar tei. :P

Anonymous said...

Ko Tea yae,

Could you please let me know the shop name and place please? Thanks ahead.

Tea said...

Korea BBQ (All you can eat)
Clemet and 5th Street, S.F