Photobucket

Thursday, May 15, 2008

ကျွန်တော် ချစ်သော ပန်းသီးများ

ဟုတ်တယ်၊ ကျွန်တော် ပန်းသီးတွေကို အရမ်း ချစ်တယ်။ ပန်းသီးတွေကို စုဆောင်းရတာလည်း ၀ါသနာ ပါတယ်။ ပန်းသီးကို ရန်ကုန်မှာ တုန်းကတော့ မကြိုက်ဘူး။ ဒီရောက်တော့မှ သူ့ရဲ့ ရောင်းတဲ့ ဆိုင်ကို သွားကြည့်ပြီးထဲက ကြိုက်နေတာ အခုထိပါပဲဗျာ။ အစတုန်းကတော့ ပန်းသီး အကြောင်း ဘာမှ မသိဘူး။ အခုတော့ အရမ်းကြိုက်လို့ လေ့လာထားတာ တော်တော်သိနေပါပြီ။





Apple's Popular Products

ဘာမှတော့ မဟုတ်ပါဘူး။ ပန်းသီးဆိုတာက Apple Products တွေကို ပြောတာပါ။ Apple Co. ဟာ ဆိုရင် အမေရိကန် အခြေစိုက် ကုမ္မဏီ တစ်ခုဖြစ်ပါတယ်။ အဓိကအားဖြင့် ကွန်ပျူတာတွေ၊ iPod ဟု အမည်တွင်သော mp3 players တွေ၊ iPhone ဟုခေါ်သော ဖုန်းတွေ၊ အစရှိတာတွေကို ထုတ်လုပ်နေတဲ့ ကုမ္မဏီတစ်ခုပါ။ သူ့ရဲ့ ထူးခြားချက်က ကွန်ပျူတာ တစ်လုံးဆိုရင် အစက အဆုံး ရှိရှိသမျှ သူပဲ အကုန်ထုတ်တာ ဖြစ်ပါတယ်။ အတွင်း က Software တွေပါ မကျန်၊ အပြင်က အခွံ့တွေ၊ Keyboard တွေ၊ Speaker တွေ၊ ရှိရှိသမျှ ကွန်ပျူတာ တစ်လုံးနဲ့ ပတ်သက်တာတွေကို တခြား ဘယ်သူ့ကိုမှ ပေးမထုတ်ပဲ၊ သူတစ်ယောက်ထဲကနေ ထုတ်တာ ဖြစ်ပါတယ်။ တစ်ခြား ကျန်တဲ့ Products တွေ အကုန်လုံး ကို လည်း သူတစ်ယောက်ထဲကနေ အစအဆုံး ထုတ်တာ ဖြစ်ပါတယ်။ mp3 players, iPhone, iPod အစရှိသည့် နာမည်ကြီး ကုန်ပစ္စည်းများ အားလုံးကို အတွင်းအပြင် ဆော့ရ်ဝဲ ပါမကျန် အားလုံးကို Apple ကနေ တစ်ဦးတည်း ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။

Distribution
ပြီးတော့ သူ့ရဲ့ ပစ္စည်းတွေကို သူက သူ့ Showrooms တွေမှာသာ ရောင်းချတာ ဖြစ်ပါတယ်။ ဥပမာ၊ ဆိုနီ ကွန်ပျူတာတွေဆိုရင် တစ်ခြား ကုန်တိုက်တွေမှာ သွားဝယ်လို့ရပါတယ်။ ဆိုနီမှ မဟုတ်ပါဘူး။ တစ်ခြားဟာတွေ အကုန်လုံးပါ။ ဒါပေမယ့် Apple ကတော့ ယူအက်စ်မှာ ဆိုင်တွေ အများကြီးနဲ့ ကိုယ်တိုင် ရောင်းချတာ ဖြစ်တယ်။ အွန်လိုင်းကတော့ ၀ယ်လို့ရတယ်။ အပြင်မှာတော့ သူ့ဆိုင်တွေကပဲ ရောင်းပါတယ်။

Apple's Showrooms

ဆိုင်တွေဟာဆိုရင် ယူအက်စ်မှာ လူသူများပြီး မြို့ထဲ ကုန်တိုက်တွေမှာ လိုက်လံ ဖွင့်လစ်ထားတာ ဖြစ်ပါတယ်။ Apple ရဲ့ Showrooms တွေဟာ ဆိုရင် သူ့ရဲ့ အသိသာဆုံးသော အားသာချက်ကြီး တစ်ခုဖြစ်ပါတယ်။ ဆိုင်ထဲကို ၀င်လိုက်တာနဲ့ ရှိရှိသမျှ ပစ္စည်းတွေကို ခင်းကျင်းပြသထားပုံ၊ သေသပ်မှု၊ တိကျမှု၊ ၀န်ထမ်းတွေရဲ့ ပျူငှာမှုတွေနဲ့ ကျွန်တော်ဆိုရင် တစ်ခါဝင်ပြီး ရင် တော်တော်နှင့် ပြန်မထွက်တော့ပါဘူး။ ပြီးတော့ အခမဲ့ workshops တွေလည်း ရှိပါတယ်။ သိချင်တာရှိရင် အင်မတန် ဖော်ရွေတဲ့ ၀န်ထမ်းတွေကနေ တစ်ဦးချင်းစီကို စနစ်တကျ လိုက်လံရှင်းပြတာ သူ့ရဲ့ အားသာချက်တစ်ခုပါ။




Apple's Product Designs

ဒီဇိုင်းဟာ ဆိုရင် သူ့ရဲ့ အဓိက အကျဆုံးသော အင်အားတစ်ခုပေါ့။ အင်မတန်မှ ရိုးစင်းပြီး ဘယ်သူမှနှင့် မတူ အောင် ကော့ညွန့်နေအောင် ထုတ်နိုင်လို့ Apple ဟာ Design နဲ့ နာမည် အရမ်းကြီးနေတာပါ။ သူ့ရဲ့ ကွန်ပျူတာတွေဟာ ဆိုရင် အင်မတန်မှ ချစ်ဖို့ကောင်းပြီး ကိုင်ချင်စဖွယ်လေးတွေပါ။ လှပပြီး တန်ဖိုးထွက်သော အရောင်တွေနဲ့ ပြုလုပ်ထားပါတယ်။ အဓိက အားဖြင့် တော်တော်များများ ကို အဖြူရောင် ထားပါတယ်။ ဒါကြောင့် ဆိုင်တစ်ခုထဲ ၀င်လိုက်ရင် ဖြူဖွေးနေတာဖြစ်ပါတယ်။ Apple ရဲ့ ရိုးစင်းပြီး ပြောင်မြောက်တဲ့ ဒီဇိုင်း နှင့် စတိုင်ကိုတော့ ယနေ့ ဤကမ္ဘာမှာ လိုက်မှီတဲ့သူ မရှိသေးပါဘူး။



Current Most Famous Apple's product - The iPhone
ဒီဖုန်းဟာ ဆိုရင် ဖုန်းလောက ကို တစ်ခေတ်လန်း စေခဲ့တဲ့ ဖုန်းလို့ လူတွေ သိရှိကြပါတယ်။ အင်မတန်မှ ထူးခြား ပြီး လှပသော ဒီဇိုင်း၊ လက်ချောင်းလေးတွေ အသုံးပြုပြီး မှန်ပြားပြင်ပေါ်မှာ လိုက်ပွတ်ရသော အံ့ဖွယ် Touch Screen၊ ဘယ်သူနဲ့မှမတူသော Vitual Keyboard, အထူး စပယ်ရှယ် အင်တာနက်၊ အစရှိတဲ့ အချက်အလက် တွေနဲ့ iPhone ဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးသော ဖုန်းတစ်ခုပါ။ သူ့ကို လိုက်တု ပြီး LG ကတောင် Prada ကို လုပ်ထားပါတယ်။ စထွက်ကထဲက သန်းပေါင်း များစွာကို ရောင်းချခဲ့ရတာပါ။ တစ်လုံးကို ဒေါ်လာ ၅၀၀ ကျော်နဲ့ စထွက်ခဲ့တယ်။ ထွက်ပြီး ၁လ အကြာမှာ ဈေးကို တစ်ဝက်နီးပါး လျှော့ချခဲ့တဲ့ အတွက် Apple ကို လူတွေ အများအပြား က ဆဲကြပါတယ်။ အထူးသဖြင့် ဖုန်းကို တန်းစီစောင့် ပြီး ထွက်ထွက်ချင်း ၀ယ်ခဲ့တဲ့ သူ့ရဲ့ အခိုင်အမာ ပရိသတ်တွေက ပေါ့ဗျာ။ အားရပါးရ ဆဲ သူတွေထဲ မှာ တီးလဲ ပါတယ်။ ဟီးဟီး။ စိတ်ဆိုးလွန်းလို့ပါ။ ၀ယ်ပြီးတာ မှ သိပ်မကြာသေး။ ဒင်းက ဈေးကို တွယ်ပလိုက်တာ။ နောက်တော့ Gift Cards တွေ ပြန်ပေးလို့ အားလုံးက ကျေအေးပေးလိုက်ပါတယ်။ ဒါတောင် ၁၀၀ ကျော်ရှုံးတယ်။



Why I Like Apple's Products?
အား၊ ဘယ်လိုပြောရမှန်းတောင် မသိဘူး၊ အရမ်း အရမ်းကို ကြိုက်တာ၊ အစတုန်းက Apple OS System ဆို ထိတောင် မထိပဲ Mircrosoft Window XP, Vista တွေကို သာ နှစ်ခြိုက်ခဲ့ရမှ Apple ရဲ့ MAC OSX System ကို စသုံးပြီး ထဲက ယနေ့ထိ အကြိုက်တွေ့နေတုန်းပါ။ အင်မတန်မှ လွယ်ကူပြီး အဆင်ပြေအောင် ပြုလုပ်ထားပေးတဲ့ သူ့ ပစ္စည်းတွေပေါ်က Software တွေက အရမ်းကို ကောင်းပါတယ်။ ပြီးတော့ ရိုးရှင်းပြီး ဘယ်သူမှ လိုက်မမှီတဲ့ ဒီဇိုင်းတွေကြောင့် လဲ ပါပါတယ်။ ဖြူဖွေးနေသော iPod, အမဲရောင် ဖန်ပြားကြီး မျက်နှာ ရှိသော iPhone, ထူးခြားပြီး သူမတူသော Mouse, Keyboard, ရိုးရိုးနှင့် ဆန်းသော Laptop တွေဟာ ကျွန်တော့် အကြိုက်ဆုံး ပစ္စည်းတွေပါ။ ယခု မကြာသေးခင်က နောက်ဆုံး ထုတ်ထားသော Apple MacAir Laptop ဟာ ဆိုရင် ကမ္ဘာပေါ်မှာ အပါးဆုံးသော laptop ပါ။ ဈေးကြီးလို့ မ၀ယ်နိုင်ဘူး။ ငန်းတော့ သွားငန်း ပြီးသွားပါပြီ။ ဝေးဝေးမှာနေတယ်။ ကိုင်တာ ကြာရင် မခွဲနိုင်မှာဆိုးလို့ပါ။ :)



ပြောတဲ့ အတိုင်း ကျွန်တော်က ပန်းသီး ပစ္စည်း တွေ စုဆောင်းတာ ၀ါသနာ တစ်ခုလို ဖြစ်နေတော့၊ ကြိုက်တော လေးတွေဆို ၀ယ်ထားတတ်ပါတယ်။


ဒီအောက်ကတော့ တိုက်တေနီယမ် အရောင်နဲ့ ထူးခြား လှပသော Apple's Macbook Pro, Laptop ပါ။ ဆိုင်ထဲရောက်တော့ အရမ်းကို ကြိုက်သွားလို့ US ရောက်ပြီး သိပ်မကြာခင်က ၀ယ်ထားတာပါ။



ဒီအောက်ကတော့ ရိုးရိုးလေးနှင့် mp3 player လောကကို အုပ်စိုးထားတဲ့ အဖြူရောင် iPod Video ပါ။ ၀ယ်ထားတာ တော့ အရမ်း ကြာနေပါပြီ။ ရန်ကုန်မှာထဲက သိမ်းထားတာပါ။


ကျွန်တော်ပြော ခဲ့တဲ့ အတိုင်း ဘယ်သူနဲ့မှ မတူတဲ့ Apple ရဲ့ ကြွက်ပါ။ ခက်တာက window mouse လို Right Click မရှိတော့ သုံးခါစက တော်တော် ဒုက္ခရောက်တယ်။


ကျွန်တော် အမြဲကိုင်ထားတတ်သော iPhone ပါ။ အင်တာနက်နဲ့ နည်းနည်းလေးမှ မဝေးနိုင်လို့၊ အမြဲတမ်း စာသင်ခန်းထဲ ထိုင်ထိုင် နှိပ်ရသော ဖုန်းပါ။ အောက်ကျတာ များလို့ အညိုအမဲတွေ နည်းနည်း ရှိပါတယ်။ ကတ္တရာ လမ်းပေါ် ၅ ခါ၊ ကုတင် ပေါ်မှ ၂၆ ခါ၊ ကားပေါ်တက်တုန်း အောက်ကျတာ ၄ခါ။ လှေကားတက်တုန်း ကျတာ ၄ခါ၊ ပေါင်းလိုက်ရင်တော့ တော်တော်များပါတယ်။ ဟီးဟီး။ ဒါပေမယ့် တောင့်တင်း ခိုင်မာတုန်းပါ။


နောက်ပြီး Apple ရဲ့ ထူးခြားချက်တစ်ခုက အရမ်း အရမ်း ကို လှပ သော ဘူးတွေပါပဲ။ သူ့ ပစ္စည်းတွေကို အောက် က ထူးခြား ပြီး သပ်ရပ်တဲ့ ဘူးတွေနဲ့ ထည်းထားတော့ အရမ်းမိုက်တယ်။ အခုထိ ရှိသမျှ ဘူးတွေ သိမ်းထားတုန်းပဲ။ တစ်ချို့ဟာ က တော်တော် ဟောင်းနေလို့ ဓာတ်ပုံ မရိုက်တော့ပါ။ ဘူး အပြင် သူ့ ပစ္စည်း တွေကို ထည့်ပေးတဲ့ အိတ်တွေရဲ့ ဒီဇိုင်းဟာ ဆိုရင်လည်း အရမ်းကို မိုက်ပါတယ်။ အိတ်ကတော့ ၀ဲ ပလိုက်တာ ကြာပါပြီ။

တစ်ခြား Apple's Products တွေကို တော့ Apple's Website မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာ မှတ်သားနိုင်ပါသည်။

ထာဝရ ပန်းသီးချစ်သူ

Tea

13 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

Join the club.., I am Apple's Fan too. :))))

Have lot of funs with Apple!!
Soe Mya Nandar Thet Lwin

Tea said...

အခုလို ၀ါသနာကို ရှင်းပြခြင်းအား ကြယ်စင်ဆိုသူမှ ယခုလို ပြောလာပါသည်။ ၁၅ရက်နေ့ ယူအက်စ်မှာပါ။

15 May 08, 09:12
ကြယ်စင်: ကြွားစိန်တီး...ဦးကြွား...ကိုခင်မောင်ကြွား....ဟီးဟီး ။ အကုန်ရောင်းပြီး နာဂစ်ကို လှူလိုက်ပါလား။ ကုသိုလ်ရတာပေါ့။ ကြွားလိုက်တာ...ကြွားလိုက်တာ...ဟဟ

ကျွန်တော်၏ ဖြေရှင်းချက်နှင့် စိတ်မကောင်းမှု

15 May 08, 12:00
Tea: ကြယ်စင်.. တစ်ခါမှလည်း မကြွားမိဘူး။ ၀ါသနာကို ရှင်းပြတာ ကြွားတယ်လို့ ထင်ရင် မှားသွားမယ်..

15 May 08, 12:02
Tea: နာဂစ် အတွက် အတတ်နိုင်ဆုံး အလှူငွေတွေလိုက်ကောက်ပြီး လှူနေတယ်.. လူတစ်ယောက်ဟာ သူ့မှာ ရှိတာတွေ အားလုံး ရောင်း ပြီး လှူရအောင် သူက ဘုရား မဟုတ်ဘူး။ အမှန်ကို ပြောတာပါ။ ပုထုဇဉ်လူတစ်ယောက်က မဖြစ်နိုင်ဘူး။

Tea: အခုလို ပုဒ်မ တတ်လိုက်သော ကိစ္စကို လုံးဝ စိတ်မကောင်း ဖြစ်ပါကြေင်း - နောင်တစ်လည်း ၀ါသနာကို ရှင်းပြမယ်ဆိုရင် ဒီလိုမျိုး တွေကို အရမ်း လန့်မိပါကြောင်း!!


အားလုံးကို ကျေးဇူးတင်တယ်။
Tea: thank you VBT and ma may thu
15 May 08, 23:07
မေသူ:
15 May 08, 23:04
မေသူ: any body there?
15 May 08, 22:47
မေသူ: မနာလိုသူတွေက ချီးထုပ်နဲ့လာပစ်တာကိုစိတ်ထဲမှာမထားပါနဲ့
15 May 08, 22:45
မေသူ: ကျမလည်းပန်းသီးကိုချစ်ပါတာ် သို့သောဈေးကြီးလို့ဝယ်မစားနိုင်သေးပါဘူး
15 May 08, 22:44
မေသူ: Tea, စာမေးပွဲဖြေနိုင်ပါစေ

15 May 08, 22:13
VBT: အလည်ရောက်တယ်။ စာမေးပွဲတွေရှိနေတဲ့ကြားက အခုလို အဆက်မပြတ် ပိုစ့်တွေတင်နိုင်တာ ချီးကျူးတယ်။ ကြွားဝါခြင်း ကိစ္စအတွက် စိတ်ထဲ ထားမနေစေချင်ပါ။ အမြင်တစ်မျိုး ရှိနေလို့ ဖြစ်ပါလိမ့်မယ်။ စာမေးပွဲတွေ ဖြေနိုင်ပါစေ။


ထပ်ပြီးပြောမယ်။ စိတ်မကောင်းဘူး။ ဒါပဲ။

Tea said...

15 May 08, 23:17
Tea: အိုကေ။ အဲ့ဒီကိစ္စနှင့် ပတ်သက်ပြီး ပန်းသီး ပိုစ့်ရဲ့ ကောမန့်ဆက်ရှင် မှာ ပြန်ရှင်းထားတယ်.. စိတ်မကောင်းတာတော့ အမှန်ပါ။ "ကြွား" ဆိုတဲ့ အလုံးကို တစ်ခါထဲမှာ ၁၀ ခါလောက်သုံးသွားတာ။ တီး က ဒီမှာ အလုပ်လုပ်ပြီး ရလာတဲ့ ပိုက်ဆံနဲ့ ၀ယ်တာ။ လူတ?ုင်းမှာ ၀ါသနာတွေရှိပါတယ်။ ၀ါသနာတွေကို လုပ်ပိုင်ခွင့်လည်းရှိပါတယ်။

CrazyCAT said...

buy par TEA ma tarr par boo
nga ko birthday present a phyit nei par iphone ta lone lout wal pay lay
war tha nar so loat ask kyit tar par
hee hee! :P

woffist said...

Hay bro,

I am apple user as well. Now I am having too much difficulties with uncoding the movie formats in apple computer.
can you tell me what Iam really need to be done with my IMAC.

My email is ye_aung2003@yahoo.com

Thanks.

woffist said...

Hay bro,

I am apple user as well. Now I am having too much difficulties with uncoding the movie formats in apple computer.
can you tell me what Iam really need to be done with my IMAC.

My email is ye_aung2003@yahoo.com

Thanks.

ပါဂနာ said...

ဟုတ်ပါ့ဗျား..

Apple က ပုံဆွဲသည့် Tools တွေ အရမ်းကောင်း၊
အရမ်းအဆင်ပြေ၊ အားကြီးကြိုက်..

iPod ကတော့ အားလုံးအကြိုက်..တစ်ခုဘဲ.

Apple ဖျော်ရည်တော့ ကြိုက်ဘူး..
ပိုးဟပ် E.e အနံ့ နံလို့ ..:P

Tea said...

i don't know about it, woffist..

i don't need to worry about it.. since i have both MAC OSX and Window Vista.

every mac computers can eaily load window OS.. but winder computers can't .. :)

Anonymous said...

Sound great !

Yeah. Indeed, it was much better than IBM at that momment before Window 95 didn't come out since Michintoc.

Eventhough, u can c obviously in ur double window.

Sorry for messy comment and don't be thought who I am talkative.:P

Keep rolling Bro,Cheer!

Unknown said...

Actually, I dun wanna say about ur comments. BUt I want to ask you. In ur post, u said u drop ur iphone on ground for so many times. Is it still work? How about the screen? To my knowledge, there's a lot of users complaining about crushing screen even if they put in pants pockets. And for my experience, i drop my iphone for the first time to the floor from table, the back was scratch. 2nd time, to the ground when standing on the street, The screen crushed. Third time, I flew it when i'm mad. the display totally gone. But still can accept call. Cannot make outgoing since i cannot see numbers. And worst of the all, i cannot send for servicing since i'm stay in SG. It's not in yet and i jailbreak and unlock it. Somemore, I cannot send to US as well cos the warranty is void after jailbreak.

Tea said...

HMM.. My iPhone is still strong so far. :) May be it was the ones that came out frist. lol.. just kidding..

may be I dropped it slowly.. and the others dropped heavily.. I dropped it a couple of times but not too heavily.. just accidentally..
and, it never faced the groud with the glass screen. it only hit with its back. so there are many bruises in the back..

:)

since the warranty was broken, u better find an expert at SG. it is not possible to send to here.

Unknown said...

Yep man, u r right. Now i'm thinkin of making contact to http://www.ifixit.com. Since you're the one of Apple Fans, I think you should know that site.

Anyway, Thanks for your reply.

Anonymous said...

I don't know about apple.But i like ipod.:D
Carry on.