နောက်ဆက်တွဲ မုန်တိုင်းသတင်းများ
- ခန့်မှန်းခြေ နာဂစ် မုန်တိုင်းကြောင့် လူပေါင်း ၁၃၄၀၀၀ သေဆုံးသွားပြီဖြစ်ပါတယ်။
- Save the Children UK မှ ကလေးငယ်ပေါင်းများစွာဟာ အစာရေဆာ ငတ်ပြတ်ပြီး သေဦးမယ်လို့ သတိပေးထားပါတယ်။
- ရာနှင့် ထောင်နှင့် ချီနေတယ့် လူတွေ အခုထိ ကယ်ဆယ်ရေးတွေ မရရှိသေးပါဘူး။
- စနေနေ့မှာ ကယ်ဆယ်ရေး ပစ္စည်း တွေကို သယ်ဆောင်လာတဲ့ ပြင်သစ် စစ်သဘောင်္တစ်စင်း အား မြန်မာ စစ်အစိုးရက တားထားပါတယ်။ ဆရာဝန်တွေလည်း ပါပါတယ်။ ရဟတ်ယာဉ်တွေလည်း ပါတယ်။ Delta နေရာတွေကို သွားဖို့ လှေငယ်လေးတွေလည်း ပါပါတယ်။
- Essesx, amphibious assault ship ကလည်း ကယ်ဆယ်ရေးပစ္စည်းတွေနှင့် အတူ ကယ်ဆယ်ရေး အဖွဲ့တွေနှင့် စောင့်နေခဲ့တာ ဖြစ်ပါတယ်။
- ထိုင်းနိုင်ငံက US Marine Flights တွေက ပေါင် ၅သိန်း စာရှိတယ့် ကယ်ဆယ်ရေးတွေကို စနေနေ့မှာ ထားခဲ့ရပါတယ်။ ကိုယ်တိုင် ရဟတ်ယဉ်တွေနှင့် ပို့ဆောင်ခွင့်ကိုတော့ မရရှိသေးပါဘူး။
- အင်္ဂလန် ၀န်ကြီးချုပ်ကလည်း စစ်အစိုးရ၏ လုပ်ရပ်များကို ရှုတ်ချလိုက်ပါတယ်။
- မြန်မာအစိုးရရဲ့ တရားဝင် စာရင်းကတော့ လူ ၇၈၀၀၀ သေဆုံးပြီး ၅၆၀၀၀ သာ ပျောက်ဆုံးနေတာ ဖြစ်တယ်။
- Red Cross ကတော့ ၁၂၈၀၀၀ သေသွားပြီ။ ၂.၅ သန်း သော ဒုက္ခသည်တွေ အကုအညီ လိုနေတယ်လို့ ပြောတယ်။
- ငှက်ဖျား၊ ၀မ်းလျှော၊ အစရှိသည့် ရောဂါပေါင်း များစွာနှင့် ပိုမို သေဆုံးကြဦးမှာ ဖြစ်ပါတယ်။
Tea
မှတ်ချက်။ သတင်းကို SFgate မှ ကောက်နှုတ်သည်။
No comments:
Post a Comment