Photobucket

Tuesday, May 6, 2008

ဘယ်သူခွဲခွဲ ဒို့မကွဲ


ဟုတ်တယ်..ကျွန်တော် အခု မျက်ရည်ဝဲနေတယ်၊ စိတ်မကောင်းဘူးဗျာ။ ကျွန်တော် အခု လေးတင်ပဲ ရုရှားရောက် အစ်ကိုကြီးတစ်ယောက်နဲ့ Gtalk ကနေ Chat ပြီးသွားတာပါ။ သူက ပြောတယ်၊ သူက နိုင်ငံရေး အကြောင်းနားမလည်ဘူးတဲ့။ သူ့ကို ဘာမှနိုင်ငံရေး အကြောင်း မပြောပါနဲ့တဲ့။ အစတုန်းက ကျွန်တော် အဲ့ဒီ အစ်ကိုကြီးကို မေးလိုက်ပါတယ်။ အစ်ကိုက ဘယ်ကပါလဲလို့။ သူက ကျွန်တော့်ကို ပြောတယ်။ ခင်ဗျားတို့ မုန်းတဲ့ ရုရှားကပေါ့ တဲ့။

ကျွန်တော် တော်တော်တော့ အသဲနာသွားတယ်။ အဲ့ဒီ အစ်ကို့စကား ကြားပြီးကထဲက၊ ရင်ထဲမှာ ဟာတာတာ ဖြစ်ပြီး ကျန်ခဲ့တယ်။ အရင်ထဲက ဒီခေါင်းစဉ်လေး ရေးဖို့ အစီအစဉ် ရှိပါတယ်။ သေချာ စဉ်းစားလို့ မရသေး လို့ပါ။ အခုတော့ သံစဉ်တွေ အားလုံး ညှိစရာ မလို တော့ဘဲနဲ့ ရင်ထဲကနေ အလိုလို ထွက်လာပါသည်။ ကျွန်တော် အရင်ဦးဆုံး ပြောချင်တာက ဘာဖြစ်လို့ငြား ကိုယ့် အချင်းချင်း မေတ္တာ မပွားကြဘဲ၊ အမုန်းတွေ များနေကြ တာလဲဗျာ။ အားလုံးဟာ တစ်မြေထဲမှာ မွေးပြီး ဒီရေကို သောက် ဒီလေကိုပဲ ရှုခဲ့ကြရတာပဲလေ။ ဘယ်သူကမှ မွေးတုန်းက တစ်ခြားတိုင်းပြည်က လေကို ရှုလာတာ မဟုတ်ပါဘူး။ ကိုယ့်မြေ ကိုယ့်ရေ မှာ မွေးပြီး ကိုယ့် အချင်းချင်း အမုန်းပွားကာ သတ်ဖြတ်နေတာတွေ ကြည့်တော့ ရင်နာတယ်ဗျာ။ မြန်မာပြည်ကြီး အနေနှင့်တော့ မိခင် တစ်ယောက်က သူ့သားတွေ သမီးတွေ အချင်းချင်း ဓားနှင့်ထိုးဆွ နေကြတာကို ဘာမှ မတတ်နိုင် ရှာပဲ ထိုင်ကြည့်နေရတဲ့ ဘ၀ ဖြစ်နေပါတယ်။

မြန်မာပြည်က လူတွေ အားလုံး တော်တော် များများ ပြောကြတယ်.. ဒီစစ်သားတွေ.. တောက်တဲ့ .. ကြံ့ဖွံ့ ဆိုတဲ့ ကောင်တွေ.. စွမ်းအားရှင်တွေ.. ဘာကွ ညာကွ ဆိုပြီး.. ဆဲရိုင်း တိုင်းထွာ ပြောကြတယ်။ ဘာကြောင့် များ ဒီလို ဖြစ်နေ ရတာ ပါလိမ့်။ အားလုံးပဲ မြန်မာ ပြည်ကြီး ကို မိခင် သဖွယ် ထားပြီး စဉ်းစား ကြည့်ပါ။ ကိုယ့် အမေ ဘယ်လောက်များ ရင်နာ နေလိုက်မလဲလို့ .. သားသမီး တွေ သတ်ဖြတ် နေတာ မြင်ရင် - ငိုရလွန်းလို့ မျက်စိ တွေ ကွယ်ကာ ရင်အစုံ ကျိုးပြီး ပထ၀ီ မြေပြင်ကြီး အပေါ် ဘိုင်းဘိုင်းကျကာ လဲကျသွား နိုင်ပါတယ်။

ရရှားက အစ်ကိုကြီး ရဲ့ စာတစ်ကြောင်းပါ - ခင်ဗျားတို့မုန်းတဲ့ ရုရှားကပေါ့ဗျာ - အဲ့ဒီ စာကြောင်းလေး ကို ဖတ်ပြီး တော့ တကယ် စိတ်မကောင်းပါဘူး။ တကယ်ပါ။ မေ့လည်း မမေ့နိုင်ဘူး။ ကျွန်တော် ဘယ်သူ့ကို မှ မမုန်းပါဘူး။ အာဏာရှင်တွေ ကိုသာ မုန်းတာပါ။ သူတို့ကို မုန်းတယ် ဆိုတာကလည်း တော်တော် ရင်နာ ရလို့ပါ။ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ မမုန်းချင်ပါဘူး။ မြန်မာပြည်က စစ်သားတွေ အားလုံးကို လည်း တစ်ခါမျှ မမုန်းမိပါဘူး။ အဲ့ဒီလို စာကြောင်း တစ်ခု ဖတ်လိုက် ရတော့ ရင်ထဲက တစ်မျိုး ဖြစ်သွားတယ်။ ကျွန်တော်တို့ အချင်းချင်း ဘာလို့ အမုန်းတရား တွေ ပွားနေကြမှာ လဲဗျာ။ ဘာလို့များ သတ်ဖြတ်နေကြ မှာလဲ။ ဘာလို့ ဆဲရိုင်း တိုင်းထွာ နေကြမှာလဲဗျာ။။။။။။။။။။။

အားလုံးရဲ့ ရင်ထဲမှာ တူညီတဲ့ သံစဉ်လေး တစ်ခုတော့ ရှိလိမ့်မယ် လို့ ကျွန်တော် အပြည့်အ၀ ယုံကြည် ပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ ဘယ်အရာတွေကို ဘယ်လို ဘယ်ပုံ၊ ဘယ်နည်း ဘယ်ဟန်နှင့် လုပ်သည်ပဲ ထားဦး။ နောက်ဆုံးမှာ တော့ မြန်မာ ပြည်ကြီးကို ကမ္ဘာ အလယ်မှာ ထည်ဝါ စေချင် တဲ့ သံစဉ်လေး ကတော့ ရင်ထဲမှာ တူညီစွာ ထပ်တူ ထပ်မျှ ရိုက်ခတ် နေပါတယ်။ အားလုံးဟာ မြန်မာကွ ဆိုပြီး ကမ္ဘာ အလယ်မှာ ကြုံးဝါး ချင်ကြတယ်။ အားလုံးဟာ တိုင်းပြည်ကြီး ဘယ်တော့ ကမ္ဘာ အလယ်မှာ ပြန်လည် နံလန်ထူလာ မလဲ ဆိုတာ မျက်လုံး အစုံဖွင့်၊ နား အကုန်ဖွင့် ကာ ရင်ထဲ အသဲထဲမှ၊ သိတဲ့စိတ်ကပဲ ဖြစ်ဖြစ်၊ မသိတဲ့ စိတ်ကပဲ ဖြစ်ဖြစ်၊ တူညီစွာ မျှော်လင့် စောင့်ဆိုင်း နေကြတယ်။ တကယ်တော့ လူတွေ အားလုံးဟာ ကွဲလွဲသော ခံယူချက် တွေနှင့် မတူညီတဲ့ လမ်းတွေ ကနေ တိုင်းပြည်ကြီးကို ကောင်းအောင် လုပ်နေကြတယ်လို့ ယုံကြည်ပါတယ်။

မြန်မာပြည်သူ ပြည်သား တွေကလည်း စစ်သား တွေအပေါ်မှာ အပြစ် မတင် သင့်ဘူး။ သူ့တို့ ခမျာ စစ်သား တစ်ယောက်ရဲ့ စည်းမျဉ်း စည်းကမ်း တွေနဲ့ ဟိုး ငယ်စဉ် အချိန်ထဲ က လေ့ကျင့် ပျိုးထောင်ခြင်း ခံလာ ကြရတာ။ စစ်သားတစ်ယောက်ဟာ အမိန့်ဆိုတာ ကို မဖီဆန် နိုင်ရှာဘူး။ ဖီဆန်ဖို့ရာ အင်အားလည်း သူတို့မှာ မရှိဘူး။ ဒီလိုမျိုး ဖီလင်ကို စစ်သားတွေ အားလုံး နားလည်ကြမယ်လို့ ထင်ပါတယ်။ သူတို့မှာ အထက်က အာဏာဆိုရင် တစ်သွေမသိမ်း နာခံကြရတာ။ ဤအရာသည် မြန်မာပြည်က စစ်သားများသာမက တစ်ကမ္ဘာလုံးက စစ်တပ်တိုင်းက စစ်သားတွေ ကို ဤပုံ ဤနည်းဖြစ်အောင် ပုံစံသွင်းကာ ပြုစု ပျိုးထောင် ပေးထား ကြတာပါ။ တစ်ခုတော့ ရှိတာ ပေါ့ဗျာ။ မြန်မာပြည်မှာက အမှန်ကို မပြောပြ ပေးဘဲနဲ့ အမှောင် လောက ထဲမှာ ထားပြီး လေ့ကျင့် ပေးထား တော့ .. ကျွန်တော်တို့ တိုင်းပြည်က စစ်သည်တော်တွေ ၁၀၀၀ မှာ ၉၉၉ ယောက်က တကယ်ဖြစ်နေတာကို နားမလည် ကြပါဘူး။ သိလည်း မသိသလို။ အမှန်တရားကို သင်ကြား ပေးခြင်း မခံ ရရှာပါဘူး။ သူတို့ ခင်မျာ ပေးတဲ့ အမိန့်ကို သာ နာခံကြရတာပါ။ ကျွန်တော့် အမြင်မှာတော့ မသိတဲ့ သူမှာ အပြစ်မရှိဘူးလို့ ပြောချင်ပါတယ်။

တိုင်းသူပြည်သား တွေနှင့် စစ်သားတွေ၊ ကြံ့ဖွံ့တွေ အားလုံး အချင်းချင်း ရန်သူသဖွယ် ဆက်ဆံနေကြရင် တစ်ချိန်မှာ ထိခိုက်နစ်နာမှာက မြန်မာပြည်ကြီးပဲ ဖြစ်ပါတယ်။ အာဏာရှင် တွေ ကတော့ ဘာမှ မဖြစ် သွားဘူးနော်။ သူတို့ တတွေ အချိန်တန်ရင် ဒီအာဏာတွေ ဒီစည်းစိမ်တွေ အားလုံးကို စွန့်ပြီး ဒီဘ၀ထဲက ထွက်သွားကြမှာ။ ကျန်ခဲ့ ရမှာက မြန်မာ ပြည်ကြီးနှင့် သူမရဲ့ သားတွေ သမီးတွေပါ။ အခုလို တစ်ဦးနှင့်တစ်ဦး အမုန်းပွားနေကြမယ် ဆိုရင် အနာဂတ်မှာ ဖြစ်လာမယ့် မြန်မာပြည်ကြီး၏ အခြေအနေကို ရင်လေးပါတယ်ဗျာ။ အနာဂတ် လူငယ်တွေ၊ နောင်လာနောင်သားတွေ ကမ္ဘာ့အလယ်၊ လူပုံအလယ်မှာ သူတို့တွေ မြန်မာ ပြည်ကပါ ဆိုပြီး ဘယ်လို အသံနဲ့ ထွက်ပြီး ဘယ်လို မျက်နှာထားနှင့် ပြောကြရမည်နည်း။

ကျွန်တော်တို့ တိုင်းပြည်က ဒီလိုပဲ ကမ္ဘာအလယ်မှာ နာမည်ဆိုးနဲ့ တစ်ဖြေးဖြေး ပိုမို ကျော်ကြားလာတာ ကို အားလုံးက မျှော်လင့် နေပါသလား။ သိလို့ပဲလား။ မသိလို့ပဲလား.. အားလုံးကတော့ ကိုယ့်တိုင်းပြည်ကို ကောင်းစား တာ မြင်ချင် ကြပါတယ်။ အပေါ်ယံက ဘယ်လောက်ပဲ အမှောင်ချခံရ ခံရ၊ ဘယ်လို သိမ်းသွင်းခံရ ခံရ၊ အားလုံးဟာ လူသားတွေပါ။ လူသားတွေမှာ နှလုံးသား ကိုယ်စီ ရှိကြပါတယ်။ အဲ့ဒီ နှလုံးသားတွေမှာ အနီရောင် သွေးတွေ လည်ပတ်နေကြတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ လူသားတွေ အားလုံးရဲ့ နှလုံးသား ကိုယ်စီမှာ လည်ပတ် နေတာက အနီရောင်သွေးတွေပါဗျ။ အဖြူရောင် ရေတွေမဟုတ်ပါဘူး။ နှလုံးသား တစ်ခုဟာ နားလည် တတ်ပါတယ်။ နှလုံးသားနှင့် သင်ယူရင် အမှန်တရားဟာ တစ်ချိန်ချိန်မှာ ပေါ်ထွက်လာမှာပါ။ ဒီလောကကြီးမှာ ဘယ်သူတွေက ဘာတွေပဲ ပြောပြော၊ ဘာပဲ ဖြစ်နေနေ .... နောက်ဆုံးမှာ အမှန်တရားသည်သာ အောင်မြင်မှု သရဖူဆောင်း ရမှာပါ။ တိမ်တွေ ဘယ်လောက်ပဲ ဖုံးထားနေပါစေ - နေမင်းကြီးက တစ်ချိန်ချိန်မှာတော့ ပေါ်ထွက် လာဦးမှာပါ။

အမှောင်ချခံ ရပြီး ဆေးဆိုးခံ ထားရတဲ့ ဖြူစင် အပြစ်ကင်းသော နှလုံးသားတွေ မှာ အပြစ်မရှိပါဘူး။ တတ်နိုင် သလောက် ဆေးဆိုး ထားတာ တွေကို ကင်းစင် သွားအောင် မေတ္တာ ရေစင် နှင့် အမြဲလိုလို ဆေးကြော ပေးမယ်ဆိုရင်၊ မသိတဲ့ သူတွေကို နားလည် သဘော ပေါက်အောင် ရှင်းပြပေးနိုင်မယ်ဆိုရင် .. သန်းပေါင်း များစွာ သော ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲကနေ၊ နှလုံးသားတွေ ထဲကနေ၊ ကိုယ်စီ ကိုယ်စီ တူညီ ခိုင်မာ သည့် သံစဉ်တွေ မွေးထုတ် ပေးနိုင်မည် မှာ ထာဝရ မပြောင်းလဲသော အမှန်တရား တစ်ခု ပင် ဖြစ်ပါပေ ကြောင်း ခိုင်မာစွာ အပြည့်အ၀ ယုံကြည် လိုက်ရ ပါတော့သည်။

အသက်ရှင်နေသရွေ့ နှလုံးသား လည်ပတ်ရှင်သန် နေသရွေ့ ကာလပတ်လုံး အားလုံး စုစည်း ညီညာမည့် အချိန်ကို မျှော်လင့်စောင့်စား ရင်း အတွေးကမ္ဘာထဲမှာ ရှင်သန်နေသူ

Tea

19 comments:

Anonymous said...

အရေးအသားကို ကြိုက်တယ်

Anonymous said...

တီးရယ် Heart ထိသွားပြီ။ ၀မ်းနည်းစရာ ကိစ္စတွေပဲနော်

မင်းကျန်စစ်။ said...

ခင်များနှယ် လွတ်အောင် နေလို့ကို မရပါလား

Anonymous said...

OH! This is also a very important issue that needs to be fixed in bruma rite now!! Like you said.. People and Soldiers.. Soldiers and People... they should love with each others..

CrazyCAT said...

TEA yay
saw saw see see seit kaung woo :(

Anonymous said...

kagahn, YOUR COMMENT IS STRANGE!!

good post, Tea!

starfish said...

yes, that's right. we should welcome each other.

starfish said...

yes, that's right. we should welcome each other.

Anonymous said...

ကျေးဇူးပါ

စိုးထက် - Soe Htet ! said...

ကောင်းတယ် ကိုတီး ..

မျှမျှ တ တ ရေးကြ ပြောကြ ရင် ဒီလောက် ဆိုးမှာ မဟုတ်ဖူးလေ ...

တစ်ချို့က တစ်ဖက်သတ် အပေါ်စီးကနေ မဆိုင်တဲ့လူကို ဆိုင်အောင် အတင်းဆွဲ ပြီး တော်လှန်ရေး လုပ်တယ် ဖြစ်နေတော့ ဒဏ်ရာတွေ ကျန်ကုန်တာပေါ့ ...

ကျွန်တော်က နှစ်ဖက် လုံးအတွက် ဘာမှ ပြောစရာ မရှိပါဘူး ကိုယ်တိုင် အကောင်းဆုံး ဖြစ်အောင် နေနေပါတယ် ...

လက်ရှိ အစိုးရ ကို အဆိုးပြော ဝေဖန်မှ မျိုးချစ်စိတ် ရှိတယ် လို့ တော့ မမြင်မိပါဘူး ...

ကျွန်တော်က လက်ရှိ ၀န်ထမ်း ဖြစ်ပါတယ် ...
အပြု သဘောပဲ ဝေဖန်ပါတယ် ...

ဘယ်သူ လုပ်လုပ် ကောင်းဖို့ အတွက်ပါပဲ ...

ပြောနေ ရေးနေ ဝေဖန်နေတဲ့ သူတွေ လည်း သီလ လုံ ပါစေ လို့ ဆုတောင်းပါတယ် ... ကိုယ်တိုင် သီလ လုံနေရင် ဝေဖန်တဲ့ စကားလုံး ပုံ ပြောင်း လာမှာပါ ...

ပျော်ရွှင် အဆင်ပြေပါစေ ဗျို့ :D

Nge Naing said...

စစ်သားတွေကို ပြည်သူလူထုက ချစ်ဖို့ဆိုရင် စစ်သားအလုပ်ကို စစ်သားပြန်လုပ်ရပါလိမ့်မယ်။ စစ်သားအလုပ်ဆိုတာ ဘာလဲ? စစ်သားအလုပ်ဆိုတာ လူတိုင်းနားလည်အောင် ပြောရရင် ပထမတန်းတုန်းက သင်ဖူးတာ အခုထိမှတ်မိနေတာက “ မောင်ထွန်းသာ စစ်သားကလေး ပြည်ပရန်ကို ကာကွယ်ပေး” ဆိုတာပဲ ဖြစ်တယ်။ ဒီထက်ရှင်းတာ ဘာမှမရှိနိုင်ဘူး။ စစ်တပ်က ပြည်သူလူထုရဲ့ အာဏာကို ဓါးမြတိုက်ပြီး ကိုယ်နဲ့မဆိုင်တာတွေပဲ လျှောက်လုပ်နေလို့ တိုင်းပြည်လည်း ဖြစ်ချင်ရာ ဖြစ်နေတော့ ဘယ်ပြည်သူက ချစ်လို့ရနိုင်မလဲ။

စိုးထက် - Soe Htet ! said...

ပြောနေ ရေးနေ ဝေဖန်နေတဲ့ သူဆိုတာ က အားလုံးကို ပြောတာပါ ... အဓိပ္ပါယ် ကောက် လွဲ ပြီး ဖရုဿ ၀ါစာတွေ ပို့ချ ကုန်မှာ စိုးလို့ ...

တောင်းပန်ပါတယ် :)

Weik Zar said...

These military dogs deserve these kinds of criticisms.Some of the people want to sit on the fence and don't dare to say or point out what is wrong or right.We need the people who never sit on the fence.I do not want to put the blame on the people with no education or little education.

စိုးထက် - Soe Htet ! said...

Hello dear Kyaw,

I trust you are holding a high prestigious and useful degree and doing good deeds for our people. I'm just a MBBS degree holder continuing my Master of Public Health course in University of Melbourne, Australia and planning to pursue my PhD in a world renowned Uni then can follow your big foot print as a part. I've been serving in my country since 2002 till now and arrived almost all border areas on duty. I 'm quite sure that you are not sitting on the fence and done invaluable works for your country (as well as my country) not just blaming nor criticizing purpose only. Kindly mention your works done for our country so as I can imitate you as an Ideal person. For me, just browse my profile what I'm doing. I wanna see your profile and real name to carve in my heart forever.

Due and deep respect to KYAW.
(I hope you are a great one with no real name).

Cheers !
sh
(I felt your words really heading me, that's why.)

Anonymous said...

@ Kyaw

The aim of my post is to get a unity, which ppl in burma never have it for a long time. Everyone in burma should unite with each others and try to solve the military dictatorship. That is the main purpose of my main post.

Thanks.

Tea

Weik Zar said...

Hello, Tea

My comments are inappropriate or different from the aim of your post, please do not hesitate to delete.

Thanks

စိုးထက် - Soe Htet ! said...

Hello TEA,
Really SORRY for my messy comment and not receiving a proper response from Kyaw.
No worries. Sorry again.
Cheers !
sh

Tea said...

@ Kyaw, I won't delete yours..

Everyone has the right to express for themselves.. You also have the right too.. as long as it is not too severe.

thanks.

October said...

ကျမတို့ ညီအကို မောင်နှမတွေ အားလုံးရဲ့ ..........
ရင်ခုန်သံတွေ ကာရံတူနိုင်မဲ့ နေ့တွေ အတွက်.......
..............................................
......................................................
မောတယ်.... ရှင်...........................................။