ကျမ ဟိုတစ်နေ့က ဘလောခ်တစ်ခုက သတင်းလေးကို ဖတ်ရင်း ကျမ အမိမြေမှာအလည်ေ၇ာက်စဉ်အခါက အဖြစ်ပျက်လေး တစ်ခုကို သွားသတိရ လိုက်မိပါတယ်၊ ကျမ ၂၀၀၆ ခုနှစ်တုန်းက မြန်မာပြည်ကို အလည်တစ်ခေါက် ပြန်ခွင့်ရခဲ့တယ်။ ကျမ တို့မိသာစုမှာလည်း ကျမ မေမေရယ် ဖေဖေရယ်. ကိုကို၊ မမ(ယောင်းမ)ရယ်၊ ကျမ ချစ်သောတူလေးတို့နဲ့ အတူအချိန်ဖြုန်းခဲ့တယ်၊ မိသာစုစုံစုံလင်လင် အိမ်ရှေ့မှာစကား ၀ိုင်းဖွဲ့လို့ စကားပြောရင်း။ အတွေ့အကြုံလေးတွေ ဖလှယ်နေကြပါတယ်၊ အဲဒီအချိန်မှာ ကျမ တို့အိမ်ထဲကို ရက်ကွက်လူကြီး အပါအ၀င် လူငါးယောက်လောက် က စာအုပ်တစ်အုပ် ဘောလ်ပင်တစ်ချောင်းကိုင်ပြီး ၀င်လာပါတယ်၊ကျမ က သူတို့ မျက်ခွက်ကို ကြည့်ရတာ ကျက်သေ၇ရှိတယ် မထင်လို့ထိုင်၇ာက နေထထွက်သွားပါတယ်၊ ကိုကို ကတော့ဆိုင်ကယ်နဲ့ မုန့်သွားဝယ်လိုက်အုံး မယ်ဆိုပြီး ထွက်သွားပါတယ်၊ ကျမ မေမေက တော့ ၀တ်တရားအရ ဧည့်ခံရင်းစကားပြောနေပါတယ်။ ခဏအကြာမှာ မေမေက ကျမ ကို" သမီးေ၇.. မေမေကိုသုံးထောင် လောက်ယူခဲ့ပေးပါအုံးတဲ့"။ ကျမ လဲ ပိုက်ဆံယူပြီး အိမ်ရှေ့ကိုထွက်သွားရင်း ပါစပ်က အငြိမ်မနေဘဲ "ဘာအတွက်လဲမေမေ" လို့မေးလိုက်တော့ ရက်ကွက်လူကြီးဆိုသူက "အေးကွယ်တဲ့ရပ်ကွက်ကင်းတဲက ဘက်ထရီအိုး ညက ပျောက်သွားလို့ သမီးမေမေဆီအလှူလာခံတာပါတဲ့"
ကျမ အတော်လေးဒေါကန်သွားတယ်၊ရပ်ကွက်ကိုကင်းစောင့်ဘို့ထားတဲ့ကင်းတဲက ဘက်ထရီအိုးတောင် ပျောက်သွားရင်၊ ရပ်ကွက်ကို ဘယ်လိုများ ကင်းစောင့်မလဲ။
သူတို့ဘာသာမူးရူးပြီးအိပ်လို့ဘက်ထရီအိုးပျောက်သွားတာသူတို့လျော်ပေါ့ ၊ရပ်ကွက်ကိုသူခိုးဝင်လို့ သူခိုးက ဒင်းတို့ကို ဓါးနဲ့ထိုးသွားလို့ ဆေးရုံတတ်ရလို့ဆိုရင်တော့ အစအဆုံးကူညီပြီး အလှူငွေထည့်ပေးလိုက်မယ်။ဒါမျိုးတော့ တစ်ကျပ်တစ်ပြားတောင် မထည့်နိုင်ဘူးလို့ ကျမ လဲပြောလိုက်ေ၇ာ၊ ရက်ကွက်လူကြီးနဲ့ အပေါင်းအပါတွေက ကျမ ကို "ညည်းစကားတတ်တိုင်း လာမပြောနဲ့တဲ့"ငါတို့က တာဝန်အရလုပ်နေရတာတဲ့ (ကျမ စိတ်ထဲက မေးလိုက်ချင်ပါသေးတယ် ခင်ဗျားတို့တာဝန်က အားတိုင်း အလှူလိုက်ခံရသလားလို့) ညည်းတို့ ငွေသုံးလေးထောင်ကို ငွေလုပ်နေတယ် ဆိုရင်တော့ ကျမတို့ အဲဒီငွေကိုမတတ်နိုင်ဘူးလို့ပြောလိုက်တဲ့" ကျမ လဲ အတော်စိတ်တိုလာလို့ ပြောလိုက်တယ်၊ ကျမ အဲဒီဘက်ထရီအိုး ပျောက်တဲ့ကိစ္စမှာ အလှုငွေ မထည့်လို့မကျေနပ်ဘူးဆိုရင် ကြိုက်တဲ့ဆီမှာ ဦးလေးတို့တိုင်နိုင်တယ်။ ကျမ ကိုယ်တိုင်လိုက်ရှင်းမယ်လို့ ပြောလိုက်တယ်။ကျမ ကို ညည်းကြပ်ကြပ်သတိထားဆိုပြီး ကြိမ်းမောင်းပြီး ဒေါသတကြီး ထွက်သွားပါတယ်၊ ကျမ မေမေကတော့ နားအေးပြီးေ၇ာဆိုပြီးအခုတော့ဇယာ
းရှုပ်ပြီးပြသနာအရှာခံရလိမ့်မယ်တဲ့။ကျမ မေမေ ရဲ့အတွေးနဲ့အပြောကိုကျမ ဘာမှမဝေဖန်လိုဘူး။မေမေက ဒီပတ်ဝန်းကျင်မှာ ဒီလို အာဏာကို အလွှဲသုံးစားလုပ်သူတွေရဲ့လက်အောက်မှာ မေမေက အရည်ထူနေပါပြီ။ကျမ မေမေ တို့အိမ်မှာ ဥပဒေနဲ့ မလွတ်တာ ဘာတစ်ခုမှမလုပ်ပါဘူး။ အလှူငွေမထည့်တဲ့ရန်ငြိုးကြောင့် ရက်ကွက်လူကြီးက ကျမ မပြန်ခင်အချိန်မှာဘဲ။ကျမတို့အိမ်ကို ဧည့်စာရင်းဝင်စစ်ဆေးပါတယ်၊သူတို့လာချိန်က ည (၁၂)နာရီကျော်နေပါပြီ။အဲတော့ကျမ အစ်ကိုက တံခါးထဖွင့်ပေးရင် ဘာကိစ္စရှိလို့လဲလို့မေးတော့ တာဝန်အရ ဧည့်စာရင်းစစ်ဆေးချင်လို့ပါတဲ့၊ရဲလို့ယူဆရတဲ့ငမူးနှစ်ကောင်ရယ်အရပ်ဝတ်နဲ့လ.၀.က နှစ်ယောက်ရယ် ပါပါတယ်။ဟုတ်ကဲ့အဲဒါဆိုရင် ဧည့်စာရင်းစစ်ဘို့အများဆုံးတာဝန်ရှိတဲ့လူက လ၀က က လူတွေပါအဲတော့သူတို့တွေက လ၀က က ပါဆိုတာကို သေချာအောင်ကျမ တို့အိမ်ထဲမ၀င်ခင် ၀န်ထမ်းကဒ်လေးထုတ်ပြသင့်ပါတယ်လို့ကျမ ပြောလိုက်တော့ရက်ကွက်လူကြီးက ဒေါပွသွားပါတယ်။လ၀က ၀န်ထမ်းထဲက တစ်ယောက်က တော့ရပါတယ်ညီမဆိုပြီးသူ့ဝန်ထမ်းကဒ်ကိုထုတ်ပြပါတယ်။ကျမ ဖေဖေက တော့ညနေက ကိုကိုနဲ့ဖန်ခွက်တိုက်တာ များသွားတဲ့အတွက်အခန်းထဲမှာမူးနေလေရဲ့၊ ကျမ လေစိတ်တိုတာနဲ့သူတို့အခန်းထဲမ၀င်ခင်ဝင်ပြီး ဖေဖေက မှောက်လျက်အိပ်နေတာပါ။ကျမ လဲ ပုဆိုးကို ဖင်ပေါ်အောင်ချွတ်ထားပေးလိုက်တယ်။(ကျမဖေဖေက တော့မူးပြီးအိပ်နေလို့မသိပါ မနက်ကျသိတော့ကျမ အတော်လဲအဆဲခံလိုက်ရပါတယ် :P)။နောက်ပြီးကျမ တူလေး အိပ်နေတဲ့ ခြင်ထောင်ကိုလှန်ကြည့်ပြီး။ ကျမ ဖေဖေအိပ်နေသောခြင်ထောင်ကိုလှန်တော့ဖေဖေ့၏ အနက်နုေ၇ာင်ဖင် အစွမ်းကြောင့် ဧည့်စာရင်းစစ်သူ တာဝန်ရှိလူကြီးမင်းများ မအီမလည်မျက်နှာနဲ့အိုကေဆိုပြီး ဧည့်ခန်းဘက်ပြန်ထွက်အလာ၊ ကျမ စာပွဲပေါ်က စာအုပ်တစ်အုပ်ထဲမှာ ကျမ Book Mark လုပ်ထားတဲ့ ဒေါ်လာတစ်ကျပ်တန်ကိုတွေ့သွားပြီး၊လ၀က ဆိုသူ ငမူး လဒ တစ်ကောင်က ကျမ မေမေကို ကြည့်ရင်းမေးပါတယ်၊ "အန်တီတို့မှာ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လက်မှတ်ရှိလားတဲ့ "မေမေ က လဲ ရိုးရှင်းစွာ ဖြေလိုက်ပါတယ်၊ "မရှိဘူးငါ့တူ"တဲ့။ အဲဒီအချိန်မှာဘဲကိုယ်တော်က ဂွင်တည့်ပြီး အဲဒီစာအုပ်ကြားထဲက ဒေါ်လာတစ်ကျပ်တန်ကို ဆွဲထုတ်ပြီး။ အန်တီ တို့အိမ်မှာနိုင်ငံခြား ငွေကိုင်ဆောင်ခွင့်လက်မှတ်မရှိဘဲ ကိုင်ဆောင်တာ အာတရားမ၀င်ဘူးလို့ စတင်ပြီးပြောပါတယ် ။ရက်ကွက်လူကြီး ဆိုသူကလည်း ဂွင်ထဲဝင်ပြီး ဆိုပြီးအချိုး ပြောင်းသွားပါတယ်။ ကျမ ယောင်မနဲ့ကျမ က ဟက်ဟက်ပတ်ပတ် ကိုရီမိပါတယ်။ကျမ လဲ ခဏနေပါအုံးဆရာသမားတို့ရယ်ဆိုပြီး ခပ်ငေါ့ငေါ့ပြောပြီး။ ကျမ ကျောပိုးအိတ်ထဲက ကျမ ပတ်စ်စပို့ နဲ့ဖေဖေ ပတ်စပို့ကို ထုတ်ပြလိုက်ပါတယ်၊ အဲဒီပတ်စ်ပို့ထဲကကျမ ရဲ့ .......နိုင်ငံက Student visa လေးကို ပြလိုက်ပါတယ်။ ကျမသေချာအောင်ဘဲရှင်းပြလိုက်ပါတယ် ကျမတို့အဲဒီနိုင်ငံမှာ မြန်မာငွေသုံးလို့မရပါဘူး၊ နောက်တစ်ခုက ကျမ အဲဒီနိုင်ငံကို ပြန်သွားရအုံးမှာပါ။ အခု ကျောင်းပိတ်ရက်ခွင့်ရလို့ဖေဖေနဲ့အတူတူမေမေ့ဆီပြန်လာတဲ့အကြောင်းပြောလိုက်ပါတယ်။ကျမက သေချာ သွားအောင် ကျမရဲ့ double entry တံဆိပ်တုံးလေးကို ထပ်ပြီးညွှ့န်ပြလိုက်ပါတယ်။
ကျမ မေမေသည်“ အငယ်မခဏလာပြီး ပြသနာမရှာနဲ့တဲ့ “။ ကျမ က ဘဲပြသနာရှာသလား။ပြသနာတွေကဘဲ ကျမရှေ့မှာေ၇ာက်ေ၇ာက်လာသလားတော့မသိ။သို့သော်တစ်ချိန်က အတိတ်က ပြသာနာတစ်ခုက ကျမ အတွက် အပြုံးတစ်ခုကို ဖန်ဆင်းပေးသည် မှာတော့ အမှန်ပင်။
မေသူပိုင်
Saturday, May 24, 2008
အပြုံးတစ်ခုဖန်ဆင်းပေးသောအတိတ်ဆီသို့
Subscribe to:
Post Comments (Atom)
6 comments:
မေသူရေ ...အတိတ်ကပြသာနာတွေက အပြုံးဆိုလို့ ရှိရင် အစ်ကို့မှာအပြုံးများစွာပိုင်ဆိုင် နေပြီထင်တယ်....
ကိုစိုင်းရေ အတိတ်ဆိုတာ ပြောင်းလဲပစ်လို့ရတဲ့အရာမဟုတ်တဲ့အတွက် ဖြစ်ပြီးခဲ့တဲ့အရာတွေကအမှားဆိုရင်လဲ အဲဒီအမှားကနေသင်ခန်းစာယူပြီးပြင်ဆင်ကြတာပေါ့၊အတိတ်မှာစိတ်မကောင်းစရာ ၊၀မ်းနည်းစရာကြေကွဲစရာတွေလည်းရှိသလို၊မျက်နှာကိုအပြုံးတစ်ချက်ထင်ဟပ်စေမည့်အတိတ်ဆိုတာ ကိုယ်စီရှိကြပါတယ်ကိုစိုင်းရယ်
မေသူလဲ ရင့်ကျတ်သူတစ်ယောက်တော့မဟုတ်ပါဘူး ကိုယ့်ရဲ့ကိုယ့်တွေ့အဖြစ်ပျက်လေးတွေကို လူငယ်တစ်ယောက်အနေနဲ့မျှဝေတဲ့သဘောပါ
May Thu
ဒီလိုမျိုး တစ်ချိန်လုံး အလှူငွေတွေ လာလာကောက်တာ သူတို့ရဲ့ ထာဝရအကျင့်ပါ။ မြန်မာပြည်မှာ လူတန်းစားနည်းပါး တော်တော်များများဟာ အကျင့်တွေ လွဲမှားနေပါတယ်။ သူတို့မှာလဲ အပြစ်မရှိပါဘူး။ သူတို့ သင်ပြ ရှင်းလင်းခြင်း မခံရလို့ပါ။ ဘယ်ဟာက အမှန် ဘယ်ဟာက အမှားဆိုတာ သိရင် သူတို့ နားလည်သွားမှာပါ။ ဒါပေမယ့် သိတဲ့အတိုင်း ရှင်းပြလို့မရတော့ လွတ်လပ်မှုမရှိတော့ ဒီလို နအဖ ၀န်ထမ်းတွေ တစ်နေ့တစ်ခြား အကျင့်ပျက်လာမှာကို စိုးရိမ်ရတယ်။ ပြည်သူတွေကို နိုင်ထက်စီးနင်းလုပ်လာမှာ စိုးရိမ်ရတယ်။ အာဏာကို ပိုပို အလွဲသုံးစား လုပ်လာမှာ ပိုပြီး စိုးရိမ်ရတယ်။
ဒါတွေဖြစ်ဖြစ်လာရင် သူတို့တွေ ပြည်သူတွေနဲ့ ပိုပိုပြီး ဝေးသွားမှာ စိုးရိမ်ရတယ်။
လွတ်လပ်မှုတွေလိုနေတယ်။
နိုင်ငံရေးဟာ အရေးကြီးတယ်။
Tea
"ကျမ တို့မိသာစုမှာလည်း ကျမ မေမေရယ် ဖေဖေရယ်. ကိုကို၊ မမ(ယောင်းမ)ရယ်၊ ကျမ ချစ်သောတူလေးတို့နဲ့ အတူအချိန်ဖြုန်းခဲ့တယ်၊ မိသာစုစုံစုံလင်လင် အိမ်ရှေ့မှာစကား ၀ိုင်းဖွဲ့လို့ စကားပြောရင်း။ အတွေ့အကြုံလေးတွေ ဖလှယ်နေကြပါတယ်၊ အဲဒီအချိန်မှာ "
အချိန်ကောင်းလို့ ကြေညာဆိုးတွေ ၀င်တာလဲ စိတ်မကောင်းပါ။ အင်မတန်တန်ဖိုးရှိသော အချိန်တွေ ဘာနဲ့မှ လဲလို့မရဘူးဆိုတာလဲ နားလည်ပါတယ်။
ဝမ်းနည်းခြင်းများစွာဖြင့်
hee hee
mee kinn mar battery ooh pyauk tei
:P
that's rofl!!!
what a hit, ma may thu :)
မြန်မာပြည်ရဲ့ အဓိက ပြသနာက အဲဒါတွေလည်း ပါတယ်လို့ကျနော်တော့ထင်တာပဲမေသူ။ ဒါကမြို့ပေါ်ပဲရှိသေးတာနော်။ မြို့သေးသေးတွေ၊ ရွာတွေဆို ပိုလို့ဆိုးသေးတယ်။ သူတို့ထင်သလိုကို လုပ်နေကြတာ။ အဓိက ကတော့ ပညာမတတ်တတ် လူတွေပေါ့ သူတို့က အဓိက ပြသနာ လူတန်းစား တစ်ရပ်ဖြစ်နေတယ်။ သေချာလည်း မသိ၊ အမြော်အမြင်ကြီးကြီးလည်း မမြင်နိုင်တော့ သူတို့သိတာလေးကို အဟုတ်ကြီးမှတ်ပြီး လူတွေကို ပြသနာရှာ၊ ငွေညှစ်ပေါ့လေ။ များသောအားဖြင့် ကျနော်တို့ မြန်မာပြည်သူတွေက ပညာမတတ်ကြတာ၊ ရုံးပြင်ကနားတွေကို ကြောက်ကြတာများတယ်။ ရဲတို့ဘာတို့ဆို သူတို့ကဝေးရာက ရှောင်ချင်ကြတယ်။ အဲဒါနဲ့ပဲ အဲဒီလူတန်းစားက ကြီးထွား၊ တန်ခိုးကြီးလာရောဗျာ။ ခုဆို ထိမ်းမနိုင် သိမ်းမရပေါ့။ အာဏာပိုင်ဆိုသူတွေကလည်း အဲလိုလူတန်းစားနဲ့ပေါင်းမိတော့ ဖွတ်မိကျောင်းဖြစ်၊မြစ်မချမ်းသာ ဆိုသလို ဖြစ်ကုန်တာပဲဗျို့။ အဲဒီပြသနာက နာတာရှည်ဖြစ်နေပြီဗျ။ ပြောရရင် လည်း ကျနော့်တို့နိုင်ငံက အကောင်းကို မရှိတော့ပါဘူးဗျာ။
Post a Comment