Photobucket

Tuesday, March 24, 2009

Myhome16.com အား ရပ်နားခြင်း

ဆက်ဖတ်ရန်...(To Continue)

Wednesday, March 11, 2009

ကုန်ပြီ

အိမ်ကို လာလည်ကြသူ အပေါင်းမင်္ဂလာပါ (ကော်နီ လေသံဖြင့်)
ပို့စ်မတင်တာ ကြာသလို ဘလောခ်လည်း မလည်ဖြစ်တာကြာပါပြီ။
မြန်မာပြည်အရေးက လည်းတိတ်တိတ်လေးဘဲ ကြေကွဲနေရတော့ ဘလောခ်တွေမှာလဲ ငြိမ်လို့ ပေါ့.......
ဒါပေမယ့် စိတ်ထဲ မှာ စာလေးတော့ရေးချင်နေတော့ ပေါက်က ရ တွေးစလို့ ဘဲ ပြောရမလား ဗရုတ်သုတ်ခ အတွေးစလို့ဘဲ ပြောရမလားတော့မသိဘူး ခံစားကြည့်ကြကုန်လော့.......


ပရောဂျက်လည်း ကုန်
ကန်ပိန်း ကုန် ပြီ
ငါ့ကို ဘီယာပြန်တိုက် ကြပါတော့ ......
.


ထိသူ မှန်၍ ဟုတ်သူ နာကြလော့
မေသူ


ကော်ပီ ကူးချသူတစ်ယောက်၏ ဖွင့်ဟ ၀န်ခံချက်။ ။ဆရာကြီးဦးတင်မိုးရဲ့ ကဗျာကို ခပ်တည်တည်နဲ့ ဘယ်သူဆီကမှ ခွင့်ပြုချက်မတောင်းမိဘဲ ကူးယူလိုက်မိပါတယ်...
မြန်မာပြည်ကို ချစ်သော ဆရာကြီး ဦးတင်မိုး တစ်ယောက် ဘ၀ ခြားနေပေမယ့် ခွင့်လွှတ် နိုင်လိမ့်မည် ထင်ပါတယ်။
အန်တီ မိုးချိုသင်း ဘလောခ်က စီဘောက်ကလဲ မရှိ အီးမေလ်း ကလည်း မသိမို့ပါ နားလည်နိုင် လိမ့်မယ်လို့ ထင်ပါတယ် ဆရာကြီးကိုလဲ စော်ကားလိုတဲ့ သဘောမပါဘူး ဆိုတာလေးပါ ရှေ့ရေးကို တွေးပြီး ကြိုတင် တောင်းပန် လိုက်ပါတယ်။
အန်တီ မိုးချိုသင်း မျက်စိလည်လမ်းမှားပြီး ရောက်ခဲ့သော် ဒီနေရာမှာ ဘဲ ခွင့်ပြုချက် တောင်းရင် တောင်းပန် လိုက်ပါတယ်ရှင် ...

ဆက်ဖတ်ရန်...(To Continue)

Sunday, March 1, 2009

ဘန်းကျော်မြို့မှ ကျွန်တော်လွမ်းသော ....

အခုတလော ငတ်ပြတ် ဆာလောင် မွတ်သိပ် နေသဖြင့် အရင်က စာရင်းဟောင်း တစ်ခုကို ရှေ့သို့ ပြန်ထုတ်လိုက်သည်။

အခုတလော ဘာဖြစ်နေမှန်းမသိဘူး။ သူတို့ကို အရမ်းလွမ်းတာဘဲ။ သူတို့လေ။ အင်း၊ သူတို့ဆို တာကလည်း ရန်ကုန်မြို့က ကျွန်တော်အရင်တုန်းက အားတိုင်း ယားတိုင်း သွားသွားပြီး စားလိုက်လွေးလိုက် လုပ်နေ ခဲ့တယ့် မုန့်တွေ စားစရာ တွေပါ။ တခြားမဟုတ်ပါဘူး။ အခု ဒီမှာတော့ အဲ့လိုမျိုး သွားသွားပြီး စားစရာ တူတဲ့ မုန့်တွေလည်း မရှိဘူးလေ။ သနားပါတယ်။ ကျွတ်ကျွတ်ကျွတ်။

ပြောရဦးမယ်။ တီးက အရင်က ရန်ကုန်မှာ ဆိုရင် အားရင် ထိုင်စားနေတာ။ နေ့လည်ဘက် တို့ ညဘက်တို့ ဆိုရင် လျှောက်လျှောက်ပြီး ဟိုဟာ သွားစားလိုက် ဒီဟာ သွားစားလိုက်၊ ဟိုကော်ဖီ ဆိုင်ထိုင်လိုက်၊ ဒီလဘ္ဘရည်ဆိုင် ထိုင်လိုက်နဲ့၊ အလုပ်ကို ရှုပ်နေတာ။ ဒီကြားထဲ သူငယ်ချင်း တွေနဲ့ ဂိမ်းကလည်း ဆော့ရသေး။ ဟုတ်ကဲ့။ ဒီလိုပါဘဲ - အလုပ်ကတော့ တော်တော် ရှုပ်ခဲ့တာ။ အားလပ်ချိန်ကို မရှိဘူး။ ညတော်တော် မိုးချုပ်တဲ့ အချိန်တွေ ဆိုရင်လည်း ရွှေတိဂုံဘုရား သွားရ သေးတယ်။ ထိုင်ရတာ ငြိမ်းချမ်း လွန်းပြီး အရသာရှိလို့ဗျာ။

အဲ့လို အစား အရမ်း သောင်းကျန်း လွန်းလို့ တီးကို ၀တုတ်ကြီးလို့တော့ မထင်လိုက်နဲ့။ ပုံမှန်ဘဲ။ ဘာလို့လဲ ဆိုတော့ လျှို့ဝှက်တဲ့ နည်းလမ်းတွေနဲ့ ထိမ်းထား တာလေ။ စတာပါ။ မနက်တိုင်း လိုလို ရန်ကုန်မှာ Gym သွားဆော့ ဖြစ်ပါတယ်။ ကျွန်တော် Gym မဆော့ခင်က အလေးချိန် ၁၈၀ ပေါင် လောက်ရှိတယ်။ ဂျင်မှာ ၁ လ အတွင်း အားကြိုး မန်တက် ဆော့ပြီး ပွဲကြမ်း လိုက်တာ ၁၃၅ ဖြစ်သွားရော။ နောက်တာ မဟုတ်ဘူးနော်။ အားလုံးက မှတ်တော် မမှတ်မိ လောက်အောင် ပိန်သွားအောင် ဆော့ပြ လိုက်တာ။ ရှိတဲ့ ဘီယာဗိုက် ကြီးလဲ တစ်ချက်ထဲ ပျောက်သွားတာ။ Gym က အဒေါ်ကြီး တွေဆိုရင် သားရေ - ပိန်အောင် ဘာလုပ် လိုက်တာလဲ ဘာလဲ ညာလဲနဲ့ စိတ်တောင် ညစ်တယ်။ ဗိုက်အတွက် အဲ့ဒီတုန်းက ၁ရက်ကို အိပ်ထမတင် အခါ ၁၅၀၀ လုပ်ရတာ။ သနား၏။

ဒါတွေ ထားပါတော့။ မုန့်အကြောင်း ပြောရမှာ။ ဘယ်ရောက် ကုန်မှန်း မသိဘူး။ လွဲလွဲ သွားတယ်။ အဲ့ဒီ မုန့်တွေ စားစရာတွေ လွမ်းလွန်းလို့ ဒီတစ်ခါ ရန်ကုန် ပြန်ရင် အပြတ် တီးမယ်ဟေ့ ဆိုပြီး စာရွက် တစ်ရွက်ယူ ပြီး စားချင်တဲ့ အရာတွေ ချရေး လိုက်တာ နည်း နည်းတော့ များသွားတယ်။ အဲ့ဒါတွေကို ပြောပြမလို့ ဒီပိုစ့်လေးနဲ့။ ကြိုက်တာတူတာ တွေရှိရင်လည်း ဖလှယ်လို့ ရတာပေါ့။

  • ခြင်း ၁၆ - ၀က်သားဒုတ်ထိုး
  • YKKO မှ ၀က်သား ကြေးအိုး
  • ၉၉၉ လက်ဘ္ဘရည်ဆိုင်မှ ချို့ဆိမ့် လက်ဖက်ရည်
  • လမ်း ၂၀ မှ ၀က်သားပေါင်း
  • ၁၉လမ်း ကတ်ကြေးကိုက်
  • လသာလမ်း ရဲစခန်းရှေ့ ကြေးအိုး
  • အလုံမြို့ ချမ်းလုံမှ ၀က်စတူး
  • ချမ်းလုံမှ ပဲနို့ရည်
  • Oriental House မှ နိုင်လွန်ပုဇွန်
  • အဖွား၏ ကော်ပြန့်စိမ်း
  • ယူဂျီးနီးယားမှ ရေခဲမုန့်ကြော်
  • မြောင်းမြဒေါ်ချို မုန့်ဟင်းခါး
  • အင်းယားလမ်း မဖြူ မုန့်ဟင်းခါး
  • မဖြူမုန့်ဟင်းခါး ဆိုင်မှာ ပဲကြော်မွမွနဲ့ မန်းကြော်
  • တော်ဝင်နှင်းဆီ မှ ရွှေတောင်ခေါက်ဆွဲ
  • စိတ်တိုင်းကျ မှ ဆိတ်စွတ်နံပြား
  • အလုံမှ ကြိုင်းတုံပေါက်စီ
  • YKKO မှ အားလူးကင်၊ အသီးအရွက်ကင်
  • ရွှေခိုင်မှ ပြည်ကြီးငါးကင်
  • အင်းယားလမ်း ခေမရပ် မှ ရှမ်းဟင်းထုပ်
  • ခေမရပ်မှ ကြက်သားသာကူ
  • ခေမရပ်မှ ကောက်ညှင်းငှက်ပြော
  • အမေ၏ တရုတ်ရိုးရာ အာလူးမုန့်
  • အမေ၏ အုန်းနို့ခေါက်ဆွဲလက်ရာ
  • ရွှေပုဇွန် မှ ဖာလူဒါ
  • ရွှေပုဇွန် မှ ငှက်ပြော ဆနွင်းမကင်း
  • ရွှေတောင်တန်း အလယ်လန်း မှ ကော်ပြန့်စိမ်း
  • ကမာရွတ် ရွှေတောင်ကြားလမ်းမှ ဘူးသီးကြော်
  • အင်းယားလမ်း မုန့်ဟင်းခါးဆိုင် မှ ပဲကြော်
  • အထက်ပါဆိုင်မှ မန်းသလေးပဲကြော်
  • ၁၂ လမ်း အောက်လမ်း မှ ရခိုင်မုန့်တီ
  • လှည်းတန်းလမ်း မှ ဆီချက်ခေါက်ဆွဲ
  • အောင်သပြေထမင်းဆိုင် မှ ကြက်သားဆီပြန်
  • မြေနီကုန်း မီးပွိုင့်အနီးမှ မြန်မာ ထမင်းပေါင်း
  • ၂၁ လမ်းမှ ဘဲသွေးသုပ်
  • ရွှေပုစွန် မှ ကူဖီမလိုင်
  • ချယ်ရီမန်းမှ ဆာတေးကင်
  • ကုံးထက် ကြက်ဆီထမင်း
  • လသာလမ်းအေက်လမ်းမှ အီကြာကွေ့
  • စိတ်တိုင်းကျမှ ပဲပလာတာ
  • YKKO မှ ကြံရည်
  • ကျောင်းများရှေ့က ဘယာကြော်နှင့် ဆမူဆာ
  • ကျောင်းများရှေ့က ငါးဖယ်သုတ်
  • BlackCanyon မှ သဘောင်္သီးသုပ်
  • စကော့ဈေး မှ မုန့်ကျွဲသဲ
  • မောင်ခိုင်လမ်း မှ ၀တုတ်မ အုန်းနို့ခေါက်ဆွဲ
  • ကန်စွန်းဥ သာကူ
  • ကိုကာဆူကီ Hot Pot
  • ရွှေကောင်း Hot Pot
  • 7 up Hot Pot
  • ရေမုန့်ကြော်
  • မုန့်လင်မယားကြော်
  • ၁၅ လမ်း အောက်လမ်းထိပ်မှ ခေါက်မုန့်
  • ၁၈လမ်း ဈေး ထဲမှ တို့ဖူးသုတ်
  • ကြက်လျှာစွန်း ဒန်ပေါက်
  • ယုဇန ဒန်ပေါက်
  • လမ်း ၂၀ အထက်လမ်း ဘုံကျောင်းဘေးမှ ဆန်ပြုတ်
  • လားရှိုးခုနှစ်လွှာပေါက်စီ
  • လှည်းတန်းလမ်း အလယ်လမ်းထိပ်မှ ဆီချက်ခေါက်ဆွဲ
  • Royal Garden မှ ၀က်စတူး
  • Royal Garden မှ အရိုးမဲ့ ကြက်ကြော်
  • Sabai Sabai မှ ငါးခူမွကြော်
  • Moon Bakery မှ ညှပ်ခေါက်ဆွဲ ကော်ရည်
  • Saint မုန့်ဆိုင်မှ ဟန်ဘာကာ ပေါက်စ
  • Shake မှ ကြက်ဥပြုတ် အမဲရောင်
  • အင်းစိန် မှ ဆီထမင်း
  • ကောက်ညှင်းငချိတ်နှင့် ပဲပြုတ်ပူပူလေး
  • မောင်ခိုင်လမ်းထိပ်မှ ရေခဲသုတ်

တော်ပါပြီ။ ဒီလောက်ဆိုရင် - ခဏလေးအတွင်း စဉ်းစားလို့ ရသမျှ မြန်မြန်ရေးထားတာ ဆိုတော့ အများကြီးတော့ ကျန်ပါသေးတယ်။ ဟဲဟဲ။ ပြောရင်းဆိုရင်းနဲ့ ဗိုက်ဆာလာပြီ။ တော်ပြီ၊ အခု ကိုယ့်ဘာသာ ကိုယ် ချက်ထားတဲ့ ဆန်ပြုတ်ရယ်။ ၀ယ်ထားတဲ့ ပလာတာရယ်၊ Owl တီးမစ့် ရယ် သွားတီးတော့မယ်။ ရန်ကုန်က တော့လောက်တော့ မကောင်းဘူးပေါ့။ ဒီလိုဘဲ အာသာဖြေရတာ။

အားလုံးဘဲ ကိုယ်စားချင်ရာ စားရပြီး ပါးစပ်အရသာ ပြည့်ဝကြပါစေ။
Tea

ဆက်ဖတ်ရန်...(To Continue)

Wednesday, February 25, 2009

ကျွန်တော့်အိမ်မှ စကားဝိုင်း - ၇ (ခင်လေးနှင့်ရင်ဖွင့်ခြင်း)



ကျွန်တော့်အိမ်မှ စကားဝိုင်း - ၁ (တိုင်းပြည်ခေါင်းဆောင်များ၏ပညာရေး)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၂ (A Conversation with Oppositeye)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၃ (Special Event for ဒေါ်စု မွေးနေ့)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၄ (ဒီမိုကရေစီ နှင့် တခြား အကြောင်းများ)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၅ (ဆူဝက်၊ ဂန်ဘာရီ၊ မြန်မာသံရုံး နှင့် တခြား)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၆ (၂၀၀၉ ချစ်သူများနေ့)

ကျွန်တော့်ရဲ့ Gtalk မှာ "အဝေးကို လှမ်းကြည့်လိုက်ရင် မင်းရဲ့ အရိပ်တွေပဲ ... အချစ်ရေ.. ဖြတ်မရတဲ့ အချစ်နဲ့ ချစ်နေဆဲ .." ဒီစာသားလေးတွေကို တွေ့လို့ ခင်လေး တစ်ယောက် လာ စနောက်ရင်း၊ ကျွန်တော်နဲ့ ခင်လေး စကားတွေ ပြောဖြစ်ခဲ့၊ ကဗျာတွေ စပ်ဖြစ်ခဲ့ ပါတယ်။ နောက်ပိုင်း ကျွန်တော် အတွေးတစ်ခုရရင်း ခင်လေးနဲ့လည်း ဒီစကားဝိုင်း အစီအစဉ်မှာ ပြောမယ်လို့ ဟိုး အရင်ထဲက အိုင်ဒီယာလေး ရှိနေတာကြောင့် ခင်လေးနဲ့ အတူ လွမ်းခြင်း အကြောင်းကို ရင်ဖွင့်နေတဲ့ စကားတွေကို ကျွန်တော့်အိမ်မှ စကားဝိုင်း - ၇ (ခင်လေးနှင့်ရင်ဖွင့်ခြင်း) အနေဖြင့် တင်ဆက် ပါရစေ။


ခင်လေးငယ်: ဟေး ကိုတီးတစ်ယောက် သီချင်းတွေ ဟစ်နေတယ်ပေါ့။ ဇီးသီးလေး ဘာလေး ထုတ်ပါလား။
Tea: ဒီမှာ လွမ်းနာကျနေတာနော် .... လာမစနဲ့ ဟွန်း

ခင်လေးငယ်: ဘာလို့စ် ... ပြောပြ ... ကဗျာစပ်ပြစ်မယ် .. ဒါဘဲ
Tea: ဗိုလ်ဆန်လိုက်တာနော် .. "လို့" ကိုတောင် "စ်" တွေထည့်လို့ပါလား

ခင်လေးငယ်: ပြောမယ့် သာ ပြောစမ်းပါ .. ဈေးကိုင်မနေပါနဲ့..
Tea: လွမ်းနေတာပေါ့ ...
ဆုန်သင်းပါရ် ရဲ့ သီချင်းလေး နားထောင်ပြီး လွမ်းနေတာ

ခင်လေးငယ်: ချစ်ချစ်စ် ကိုလား
Tea: ဒီလိုပါပဲလေ .. မပြောချင်တော့ပါဘူး ..

ခင်လေးငယ်: အဲ့ဒါပေါ့ ယူကြတာကိုး လူတွေက... ဟီးးး
ရင်ဘတ်ထဲကို သွင်းတာကိုး လွမ်းနာကျဘီပေါ့ .. ခုတော့
Tea: ဟုတ်ပါ့ ... ပြောကို မပြောချင်တော့ဘူး။ ခက်တယ် ..

Tea: အဝေးကို လှမ်းကြည့်လိုက်ရင် မင်းရဲ့ အရိပ်တွေပဲ ... အချစ်ရေ.. ဖြတ်မရတဲ့ အချစ်နဲ့ ချစ်နေဆဲ ..
ကဗျာစပ်မယ်ဆို .. အဲ့ဒါကို ကဗျာစပ်ပြ
ခင်လေးငယ်: လက်တန်းလား ခု...
Tea: အင်း ... လက်တန်း
လွမ်းနေလို့ အလွမ်းစာသားတွေ ဖတ်ချင်တယ်
ခင်လေးငယ်: ခဏစောင့် ၃ မိနစ်စောင့် အူဝဲ



Tea: မြေပြင်က ပျော့ပျော့လေးဆို ...
ခြေရာလေးများ ဖြစ်ပေါ်တတ်တာ ...
မမာနိုင်တဲ့ ကိုယ့်ရဲ့ အသဲပေါ် ...
ခြေရာလေးများ ရှိနေဆဲပါ

ခင်လေးငယ်: ................ ဆက်ဆိုပြ
Tea: အချိန်တွေ ရက်လ နှစ်ရှည်ကြာ ...
ကွယ်ပျောက်မသွားတဲ့ ကိုယ့်အချစ်များ ...
မမြင်တာ မဆုံတာ ကြာပေမယ့် ..
ရင်မှာ အမြဲတမ်း မင်းရှိတယ်
တော်ပြီ.. အာညောင်းသွားပြီ

ခင်လေးငယ်: ဒီမှာ တီးယားစ်တွေ ဖောလ် နေဘီ
Tea: ဘာတုန်း တီးယားစ် ဆိုတာ

ခင်လေးငယ်: မျက်ရည်လေကွာ
Tea: ခေတ်တွေက မြန်လိုက်တာ၊ ဒိုင်ယာလောခ့်တွေကို လိုက်တောင် မမှီတော့ဘူး

Tea: စပ်လေ.. ကဗျာ ..
ဒီမှာတော့ ခံစားချက်အပြည့်နဲ့ ဆိုပြလိုက်ရတာ
သူကတော့ ဘာမှလည်း မလုပ်ဘူး
ခင်လေးငယ်: သူဘဲ ရန်လာဖြစ်နေပီးတော့
Tea: အင်း.. ဒါဆိုလဲ စောင့်နေမယ် ..

၃မိနစ်ကနေ ၁၀မိနစ်လောက် ကြာသွားပြီး နောက်တွင်..

ခင်လေးငယ်: ဟိတ်....... ဒီမှာ ရပြီ ...


အဆွေးမြစ်

နင်ချန်ခဲ့တဲ့ အချစ်တွေနဲ့
လတ်ဆတ်ဆဲ ငါ့ရင်မှာ
ဝေဒနာက အသစ်ပွင့်နေခဲ့...

ဓူဝံကြယ် မြောက်အရပ်ထွက်နေဆဲ
ရာသီတွေ လှည့်ပတ်နေဆဲ
အချိန်ရထားတွေ ခုတ်မောင်းနေဆဲ
ချစ်သူတွေလည်း ပျော်မြူးနေဆဲ
ငါ့ရင်ဘတ် အဆိပ်တက်ရင်း
အတိတ်ကို မေ့ပစ်ချင်နေခဲ့ ...

အထီးကျန်တဲ့ငါ့ရင်မှာ
အမှတ်တရဆိုတာ
အနမ်းတစ်ပွင့်ဖူးပွင့်ချိန်
စက္ကန့်လေးတစ်စ ဒါပါဘဲ..

ဟုတ်တယ်......
နင်သိပါစေ
ငါလေ....
အဲ့ဒီ စက္ကန့်ပေါ်မှာရပ်နေခဲ့တာ
ရွက်ဝါတွေကြွေ ပင်စည်တွေရင့်လို့
အဆွေးမြစ်တွေတောင် ခိုင်မာခဲ့ပြီလေ...။


Tea: ဒီမှာ ကြွေသွားပြီ
ခင်လေးငယ်: ဘာကိုလည်း

Tea: အနမ်းလေး နဲ့ပဲ စခဲ့တာလေ
အညှာကို ခြွေလိုက်တော့ မကြွေပဲ နေမလား
ကြွေသွားပြီပေါ့
ခင်လေးငယ်: ဟီးးး စိတ်လေတယ်

Tea: လွမ်းတာပဲ သိတယ်
ဘာမှ မသိတော့ဘူး
ဘာမှလည်း မမြင်တော့ဘူး
ခင်လေးငယ်: ဖုန်းဆက်လိုက်ပေါ့ကွာ

Tea: ဖုန်းလား... တွေ့ချင်တာနေတာပါဆိုနေ..
ခင်လေးငယ်: အင်းလေ... သွားတွေ့လိုက်ပေါ့လို့

Tea: ပြောတော့သာ လွယ်ပါတယ်
ဝေးနေတာက မိုင်ထောင်ချီနေတယ်
တယ်လီပေါ့တေးရှင်း တွေရှိရင်ကောင်းမယ်နော်
တယ်လီဗေးရှင်းတွေတော့ ရှိပြီး တယ်လီပေါ့တေးရှင်းကျ မရှိဘူး
ခင်လေးငယ်: ခက်ပီကော တီးတီးရယ်....
ဘီလိုလုပ်ကြမလဲ
Tea: ဘီလိုမှ လုပ်လို့ မီရတော့ဝူး

Tea: ဟင်းးးး ... မောပါတယ် ခင်လေးရယ်
ခင်လေးငယ်: အဘထ ရှုဆေးလေး... ရော့

Tea: ရှုဆေးဆို ဘယ်ရှုဆေးမှ မသုံးဘူးနော်.. ဒီမှာ အသက်တောင် မနည်းရှုရတာ .. မောလွန်းလို့ .. အသက်ရှုဖို့တောင် ကိုယ်ခန္ဓာတစ်ခုလုံး အရေးကြီး မီတင်တွေ လုပ်ပြီးမှာ ရှုလိုက်ပါမယ် ဆိုပြီး ဒက်ဇင်ရှင် တွေ ချထားတာ
ခင်လေးငယ်: ဘိုလိုတွေ နားလည်ဝူး
Tea: သူပဲ ဘာလိုစ့်တွေ တီးယားစ်တွေ လုပ်ပြီး... ခုမှ

Tea: ဘာလို့များ လွမ်းရတာလဲ
အလွမ်းတရား ဆိုတာ တကယ်တော့ ဘာကြီးလဲ
ခင်လေးငယ်: လုပ်ပြန်ဘီ တီးတီးရယ် ဒင်းဟာလေ...

Tea: ခဏလောက် သူ့ကို ရေခဲသေတ္တာထဲ ထည့်ပြီး ခဲထားလို့ရလား
ခင်လေးငယ်: ဟီးးးးးး
Tea: ဖြစ်နိုင်ရင် ထုတ်ပြီး ဟိုး အဆုံးမရှိတဲ့ ပင်လယ်ထဲကို ဒီရင်ထဲက အလွမ်းတရားတွေကို မျောပစ်လိုက်ချင်တယ်
ခင်လေးငယ်: နာတောင် လွမ်းလာဘီ တူလုပ်လို့

Tea: တကယ်တော့ မျောမျောပစ်ရတာ မောမောလာပြီကွာ.. ဘာလို့လဲ ဆိုတော့ ... ပင်လယ်ကြီးထဲကို ရောက်သွားတိုင်း.. အဲ့ဒီ အလွမ်းတရားတွေက အချစ်ရောင်ခြည်တွေကြောင့် အငွေ့တွေ ပျံသွားပြီး ကောင်းကင်ထဲကို ရောက်သွားတယ်လေ.. ပြီးတော့ ရင်ထဲကို အလွမ်းမိုးအနေနဲ့ ပြန်ပြန် ရွာချ နေတယ်
ခက်ပါတယ်
သံသရာလည်တယ်ဆိုတာ ဒီလွမ်းတဲ့ နေရာမှတောင် ဖြစ်နေပြီ

ခင်လေးငယ်: စာရေးလေ ကိုတီးရဲ့
Tea: အလွမ်းစာသားတွေ ဆိုတော့ ရတယ်။
I saw everything; the promised future, the determined spirit, and the strong love. But, I see nothing now. I don't see anything. All I see is the universal darkness surrounding me all day and night.
ခင်လေးငယ်: မှောင်မှောင်ငှေး စိတ်ထိမ်းပါ

Tea: ထိန်းမရတော့ဘူး
ခင်လေးငယ်: အပေါင်းကိုပဲတွေးလေ..
အနှုတ်တွေကို မတွေးနဲ့လေ
Tea: တွေ့စရာ ဒီခေါင်းထဲက Center ကနေ ပြဿနာတွေ တက်နေတယ်.. ဘာမှ မမြင်သလို တွေးလိုက်တိုင်း "အတိတ်” ဆိုတဲ့ အရာတွေပဲ ပေါ်ပေါ်လာတယ်
ဒါကြောင့် သိပ်မတွေးပဲ Shut down လုပ်ဖို့ပဲ ကြိုးစားနေတယ်

ခင်လေးငယ်: အတိတ်က လှခဲ့တယ်မလား
Tea: အတိတ်ကလှခဲ့ပေမယ့် ..
အခုအချိန်မှာ
အနာဂတ်က..
ဝိုးတ၀ါးဖြစ်နေပြီ
သဲသဲကွဲကွဲ မမြင်ရတော့ဘူး
တိမ်ညိုတိမ်မဲတွေ ... လေပြင်းမုန်တိုင်းတွေ ရောထွေးကုန်ပြီ
ခင်လေးငယ်: ဒီတော့ လှခဲ့တဲ့ အတိတ်ကိုတွေးရင်း တစ်ယောက်ထဲဖြစ်နေတဲ့ ခု စိတ်တွေနဲ့ အနာဂတ် အတွက် သက်ပျင်းမချပါနဲ့

Tea: တစ်ယောက်ထဲ ဆိုရင်တော့ ဖြေသာတာပေါ့
အခု အနာဂတ်ကို လိုက်ကာတွေကို ချခဲ့တာ ဒီက လွမ်းနေတဲ့သူ မဟုတ်ဘူးလေ
ခင်လေးငယ်: အို.. ဒုက္ခပါပဲကွယ် ... ဘာဖြစ်လို့တုန်း..
Tea: ဘာလို့လဲလို့ မေးခွန်းတွေ ထုတ်တော့ ..
ခင်လေးငယ်: အင်းး ဆိုပါဦး
Tea: မနာကျင် စေချင်ဘူးတဲ့လေ
အဲ့ဒါက ဘာသဘောလဲ .... ပြော

Tea: ခင်လေးရေ .. ပြောင်းလဲမှု ဆိုတာ ဒီလောကရဲ့ နိယာမတရားလား
အကယ်၍ ဟုတ်ခဲ့မယ် ဆိုရင်တောင် ဒီနိယာမတရားကြီး ဒီလို နေရာမှာ ဖြစ်မလာပါစေနဲ့လို့ ဆုတောင်းနေခဲ့မိတဲ့ ဆုတောင်းတွေ မပြည့်ခဲ့ဘူးလားကွာ..
ခင်လေးငယ်: တီးတီး
ရှေ့ဆက်လို့မရနိုင်တဲ့ သဘောလား

Tea: ရှေ့ဆက်လို့ မရတယ် ဆိုတာထက် ... အရှေ့မှာ အရင်ကလို ခိုင်မာစွာ တည်ဆောက်ထားခဲ့တဲ့ မဟာတံတိုင်းကြီး ဖြိုလှဲခံလိုက်ရတယ်..
တူတူလျှောက်လှမ်းဖို့ ဆောက်တည်ထားတဲ့ တံတားကြီး
ရုတ်တရက် ပျောက်သွားတယ်
ဆက်တော့ လျှောက်နေတုန်းပဲ
ခင်လေးငယ်: တံတားကြီးကို ဆောက်တုန်းက ကံထရိုက်က ရိတ်တာများသွားတာကိုး

Tea: အဲ့ဒါတွေတော့ မသိတော့ပါဘူး... သိတာကတော့ အခု အတတ်နိုင်ဆုံး ပြန်ဆောက်နေတယ်
အချိန်သာ မှီခဲ့မယ်... ဒီရင်ထဲက ဒီအချစ်တွေကိုသာ မိုးနတ်မင်းကြီး နားလည်ပေးခဲ့မယ် ဆိုရင် ...
ဆိုရင်...
ဆိုရင် သီချင်းလေးပဲ ဖွင့်လိုက်တော့ ခင်လေးရေ
ခင်လေးငယ်: မောင်မောင်ဇော်လတ်သီချင်းလား
မိုးနတ်မင်းကြီး ဘာပေးပါဆိုလား
ပထမ ဒုတိယ တတိယ အခွေထဲကလေ
Tea: သိတော့ဘူးကွာ..ဘာမှ မသိဘူး..
ခင်လေးငယ်: punk သီချင်း အသစ်ထင်တယ် :)

Tea: တော်ပါပြီ ခင်လေးရာ.. စိတ်တွေ ပိုပိုညစ်လာပြီ..
မဟူရာညရဲ့ တိတ်ဆိတ်တဲ့ ပန်းခင်းပေါ်မှာ ပူလောင်နေတဲ့ အသဲနှလုံး ကို တင်ပြီး အိပ်တော့မယ် ..


ကျွန်တော့်အိမ်မှ စကားဝိုင်း - ၇ (ခင်လေးနှင့်ရင်ဖွင့်ခြင်း) ကို ဒီမျှနဲ့တင် ရပ်နားပါရစေ။

မှတ်တမ်း။ ။ဤစကားဝိုင်း အမှတ်-၇ အတွက် ကိုရင်နော်ခင်လေးငယ် ဘလောခ့်မှ ခင်လေးအား ကျေးဇူးတင်ပါကြောင်း။

Tea
www.myhome16.com

ဆက်ဖတ်ရန်...(To Continue)

ပသိုင်းမွေး


အိမ်ထောင်ရှိသူ အမျိုးသား တစ်ယောက် သူ့ရဲ့ Small လေး ဆီကို အလည် သွားပါတယ်။ သူ့ရဲ့ Small လေး ကလဲ သူ့ကိုတွေ့တိုင်း ...

Small လေး - ရှင့်ရဲ့ ပသိုင်းမွေးတွေကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ ရှင့်ရဲ့ အင်မတန် ခန့်ညားတဲ့ ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို့ရမှာ
အမျိုးသား - ငါ့အိမ်က အဖွားကြီးက အဲ့ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါသာ အဲ့ဒီ ပသိုင်းမွေးကို ရိတ်လိုက်ရင် ငါ့ကို သတ်မှာ။ ဒါဆို ချစ်လေးနဲ့ ဝေးပြီ။
Small လေး - တိုတိုကလဲ ရိတ်လိုက်ပါ ချို အဟွန့် အဟွန့်

Small လေး ရဲ့ အချွဲကောင်းမှုကြောင့် ထို အမျိုးသားလဲ သူ့ရဲ့ ပသိုင်းမွေးကို ရိတ်လိုက်ပါတယ်။

အဲ့ဒီညမှာပဲ သူက ကျောပေးပြီး အိပ်နေသော သူ့မယားကြီး ခုတင်ပေါ်ကို တိတ်တိတ်လေး တက်ပြီး လှဲလိုက်စဉ် .. မယားကြီးက ရုတ်တရက် နိုးလာပြီး လှည့်မကြည့်ပဲ .. သူ့ရဲ့ မျက်နှာကို ပွတ်သက် အာရုံခံလိုက်ကာ "အမလေး .. ရှင်မပြန်သေးဘူးလား။ ခဏနေရင် အိမ်က နွားကြီး ပြန်လာတော့မှာနော်"

:D


Source: mmcp

ဆက်ဖတ်ရန်...(To Continue)

Sunday, February 22, 2009

A Ray of Hope and A Love Reborn


အချိန်က မနက် ငါးနာရီ လေးမိနစ်။ ဒီရင်ထဲမှာ မျှော်လင့်ချက် တစ်ခုနဲ့ ဟိုး မဆုံးနိုင်တဲ့ ကောင်းကင်ကြီးကို ငါ ငေးကြည့် နေမိတယ်။ ငါ့ အတွေးပင်လယ်ထဲ မှာ ငါ့ကိုယ်ငါ စီးမျောရင်း ဒီ အချစ်တစ်ခုကို ငါ ရဲရဲကြီး မွေးဖွားခဲ့တယ်။ ငါ ပျော်နေတယ်။ ငါ ၀မ်းသာတယ်။ ငါတွေးပြီး ကြည်နူး နေမိတယ်။ ဒါဟာ အချစ်အသစ် တဲ့လား?

အချစ် ... အချစ် ... ငါအချစ်နဲ့ ဝေးနေခဲ့တာ ကြာခဲ့ပြီလား .. ဒါမှမဟုတ်၊ ဒီအချစ်ဆိုတဲ့ အရာက ငါ့နားမှာ အမြဲတမ်း ရှိနေခဲ့တာလား .. ဒါတွေကို ငါမသိ။ ဒါတွေကို သိဖို့ လောလောဆယ် ငါ စိတ်မ၀င်စား။ ငါသိတာ တစ်ခုက ငါ့ရင်ထဲမှာ အချစ်သစ်တစ်ခု ပေါက်ဖွား လာခဲ့တယ်။ ငါသိတာ တစ်ခုက ငါ့ရင်ထဲမှာ ဒီအချစ်သစ် နဲ့ အတူ ပေါက်ဖွားလာတဲ့ မျှော်လင့်ချက် ရောင်စဉ်တွေက နံနက်ခင်း ရောင်စဉ်နဲ့ အတူ ငါ့ဘ၀ကို အရောင်တွေ ခြယ်နေပြီ။ ဟိုး အရှေ့က ၀ိုးတ၀ါးဝါး မြင်နေရတာ "အနာဂတ်" တဲ့လား။ ဒါမှမဟုတ် "ထောင်ချောက်တစ်ခု" လား?

အချစ် ဆိုတာ ထောင်ချောက်တစ်ခုလို့ ငါ အတိတ်မှာ သင်ယူခဲ့တယ်။ အချစ်ဆိုတာ ရှိလည်းကောင်း မရှိလည်းကောင်း ဆိုတာ ငါနားလည်ထားတယ်။ အချစ်ဆိုတာ ပျော်တဲ့ အခါလည်း အရမ်း ပျော်ရတတ်သလို၊ စိတ်ဆင်းရဲတဲ့ အခါ ဘာနဲ့မှ လဲလို့ မရအောင် စိတ်ဆင်းရဲ ရတယ် ဆိုတာ ငါ ကောင်းကောင်းကြီး သိနေတယ်။ ဒါပေမယ့် ငါ အခု ခံစားရနေတာက နံနက်ခင်းရဲ့ လန်းသစ်မှု တွေနဲ့ အတူ၊ အနာဂတ်ရဲ့ မျှော်လင့်ချက် တွေနဲ့ အတူ ပျံသန်းနေတဲ့ လေပြေ လေညင်း လေး ... ငါ့ရဲ့ ဒီ ဆက်မရအောင် ကြေကွဲနေတဲ့ အသဲနှလုံးကို ပြေပြေလေး တိုးဝှေ့နေတဲ့ လေပြေလေညင်းလေး .. ငါ့ရဲ့ ဒီ အဓိပ္ပာယ် ကင်းမဲ့နေတယ့် ဘ၀ထဲကို အင်အား အပြည့်နဲ့ တိုးဝင်နေတဲ့ အချစ်လေပြေအေး ..

ဒီ ချမ်းအေးတဲ့ လေပြေလေး က ပြင်းထန် ဆိုးရွားတဲ့ လေဆင်နှာမောင်းကြီး ဖြစ်နေစေဦး .. ငါ့မှာ ပူပင် ကြောက်ရွံ့ဖို့ စိတ်ကူးမရှိနေ။ ဒီအရာတွေ ငါ့ဒီရင်ထဲက ခံစားမိနေတာတွေ အားလုံး ကြောက်စရာ အကောင်းဆုံးသော "အချစ်ထောင်ချောက်ကြီး" ဖြစ်နေပါစေဦး .. ငါရဲရဲကြီး တိုးဝင်ရဲတယ်။ ငါရဲရဲကြီး ရင်ဆိုင်ရဲတယ်။ ဘာကြောင့်လဲ လို့တော့ ငါ့ကို လာမမေးနဲ့။ ဒါဟာ အချစ်သစ် တစ်ခု မွေးဖွားခြင်းရဲ့ ခွန်အား ... ဒါတွေဟာ အချစ်ရဲ့ အင်အား ..

အနာဂတ် ဆိုတဲ့ အရာကို ငါသေချာ မသိထားခဲ့ပေမယ့် အခု ငါ ဒီရင်ထဲမှာ ခံစားနေတဲ့ ခံစားချက်တွေကို ငါသေချာ သိနေတယ်။ ငါဘ၀မှာ အဓိပ္ပာယ်တွေ ကင်းမဲ့ခဲ့တယ်။ တစ်ခါတစ်ခါ ငါဟာ တစ်ကိုယ်တည်း တိတ်ဆိတ်တဲ့ ညတွေမှာ မဟူရာ ကောင်းကင်ကြီးနဲ့ စကားတွေ ပြောနေခဲ့မိတယ်။ ငါ့ဘ၀ရဲ့ အိပ်မရတဲ့ ညတွေမှာ ငါဟာ နက်မှောင်နေတဲ့ တိမ်တိုက်တွေနဲ့ ငါ့ရဲ့ ဘာမှန်းမသိတဲ့ အနာဂတ်ကို ဆွေးနွေးနေခဲ့တယ်။ ဒါပေမယ့် အခု ဒီအချိန် .. ဒီမိနစ် .. ဒီစက္ကန့်မှာ ... ဒါတွေ အားလုံး မရှိတော့ဘူး။ ဒါတွေ အားလုံး အတိတ်မှာ ကျန်ခဲ့ပြီ။ ငါဟာ ဒီမရေရာမှုတွေ ကြားထဲမှာ ဒီအရာတစ်ခုဟာ ငါ့ဘ၀ရဲ့ အချစ်တစ်ခုပါလို့ ပဟေဌိတွေ ကြားက အဖြေညှိပြီး ချိန်မှာတော့ ငါ့မှာ ရှိနေတာက ဆုံးဖြတ်ချက်တစ်ခု နဲ့ ခံယူချက်တစ်ခု။ အနာဂတ်အတွက် ငါ အားသွန်ခွန်စိုက် လျှောက်လှမ်းမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ ဒီလို လျှောက်လှမ်းမှသာ ငါ့အိမ်မက်ကို အကောင်အထည် ဖော်နိုင်မယ် ဆိုတဲ့ ခံယူချက် တစ်ခု။ သူတို့ နှစ်ခုက လွဲလို့ တစ်ခြား အရာတွေကို ငါ မသိတော့ပြီ။

မိုးစင်စင်လင်းသွားခဲ့ပြီ။ မဟူရာညရဲ့ မှောင်မိုက်နေတဲ့ ကောင်းကင်ကြီးကနေ ရွှေဝါရောင် နံနက်ခင်း အဖြစ် နေမင်းကြီးက ပြောင်းလဲပစ် လိုက်တာကို ငါ ထင်းထင်းကြီး မြင်ခဲ့တယ်။ တစ်ချိန်ထဲမှာ ရင်ထဲက ရေခဲတုံးလို အေးခဲနေတဲ့ "အနာဂတ်" က မျှော်လင့်ချက်တွေနဲ့ အတူ ထပ်မံ အရည်ပျော်သွားခဲ့ပြီ။ ငါဟာ အချစ်အသစ်နဲ့လူသား ...

The same old heart with a ray of hope and a love reborn,
December 2nd, 2007

Tea

ဆက်ဖတ်ရန်...(To Continue)

Comics(6) ပြာဂလောင် ပြာလချောင် နှင့် ဆေးပေါင်းခတဲ့ဖေဖေ

ဒီ အပတ် ကာတွန်း နံပါတ်(၆) ကိုတော့ ပြာဂလောင် ပြာလချောင် ကာတွန်းကို တင်ဆက် လိုက်ပါတယ်။












ဆက်ဖတ်ရန်...(To Continue)