Photobucket

Tuesday, May 6, 2008

မုန်တိုင်းသတင်းများနှင့် ကျွန်တော့်အိမ်မှ သံစဉ်မဲ့ငိုကြွေးသံ


မုန်တိုင်းသတင်းများ ရယူနိုင်သည့် လခ့်များ
VOA - ABC - CNN - BBC
Mirror - Herald Tribune
Google News - Yahoo News
DVB Burmese

ဓာတ်ပုံများ ရယူနိုင်သည့် လခ့်များ
Channel News Asia
Flickr Photos - Yahoo Photos
Google Photos - MSN Photos
BBC Photos

ဗီဒီယို ရယူနိုင်သည့် လခ့်များ
YouTube Links
CNN Video Links
MSN Video Links
A Video from Channel News Asia

အလှူလုပ်ရန် နေရာများ
World Vision - Unicef
Give to Burma - Just Give
US Campaign for Burma
Burma Campaign UK

အားလုံးဘဲ အုတ်တစ်ချပ်သဲတစ်ပွင့် အနေနှင့် ၀ိုင်းဝန်း ကူညီကြပါ။

ဟိုကူး ဒီကူး မလုပ်တော့ပဲ မူရင်း Sources များကို ဖော်ပြလိုက်သည်။


ကြားရတာ စိတ်မကောင်း ဘူးဗျာ။ တစ်ခါမှလည်း ဒီလို ဆိုးဆိုး ၀ါးဝါး မဖြစ်ဖူးဘူး။ အသက် ၆၀ ၇၀ အဖိုးကြီးတွေ တောင် ပြောတယ်.. တစ်သက် တစ်ခါမှ ဒီလို မကြုံဖူး ဘူးတဲ့။ သစ်ပင် ပန်းပင် တွေနဲ့ စိမ်းလန်း စိုပြေ နေခဲ့တဲ့ နေရာတွေ အခုတော့ အားလုံး အားလုံး ဗြောင်းဆန် နေပြီ။ တိုင်းပြည် အတွင်းက လူတွေ တော်တော် သနားဖို့ကောင်းပါတယ်။ သူတို့ခဗျာ တိုင်းပြည်ခေါင်းဆောင်တွေ၏ မတရားအုပ်စိုး မှု ကို ခံရ၊ တစ်ဖက်က စားဝတ်နေရေး အတွက် ကို စိတ်ပူနေချိန်၊ ကိုယ့်မိသားစု ကို နိုင်နိုင် ထောက်ပံ့ နေစဉ် ဒါတွေ အားလုံး ဖြစ်ပျက် နေတဲ့ ကြားထဲက အခုလို အချိန်မျိုးမှာ ဒီလိုမျိုး မုန်တိုင်းကြီး ၀င်ရောက် လာတော့ ....

စိမ်းလန်းနေတဲ့ သစ်ပင်တွေလည်း ကုန်လုနီးပါးရှိပြီ။ များလှစွာသော ထောင်နှင့်ချီတဲ့ လူတွေ၊ သောင်းနှင့်ချီတဲ့ လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ကြပြီ။ ရေမလာတော့ဘူး။ မီးမရှိတော့ဘူး။ မီးပြန်ရဖို့က တော်တော် ကြာဦး မယ်တဲ့။ ဒီကြားထဲ ဖယောင်းတိုင်ကို အရှည်ကြီး တန်းစီပြီး ၀ယ်ရတယ်။ တစ်ချို့လူတွေ စားစရာ မရှိဘူး။ လမ်းမတွေ ပျက်စီး။ သစ်ပင်ကြီးတွေ အားလုံးပြိုကျ။ ဓာတ်တိုင်တွေ ပြိုကျ။ ဟိုး.. တဲအိမ်လေးတွေဆိုရင် အကုန်ကို ပါသွားရော။ ကားတွေ အများကြီး အပျက်အစီးဖြစ်နေ။ ရွှေတိဂုံ ဘုရားဆိုရင် ဟိုး အဝေးကြီးထဲ က မြင်နေရ တယ်တဲ့။ ပြောင်ရှင်း နေလို့။

အဆိုးဆုံး ကတော့ ဈေးတွေ နှစ်ဆ၊ သုံးဆ၊ လေးဆ တက်နေတာပဲ။ ရှိရှိသမျှ အရာတွေ အားလုံးဈေးတက်။ အိမ်ဆောက်ပစ္စည်းတွေ၊ ဆန်၊ ဆီ အစ၊ သောက်ရေသန့်ဘူး ပါမကျန်၊ ကြက်ဥ ဟင်းသီးဟင်းရွက်၊ စားလို့ရတာ မှန်သမျှ၊ အားလုံးအားလုံး၊ ကားခ၊ ဓာတ်ဆီ၊ အစရှိတာတွေပါ၊ ရှိသမျှ အခြေခံ ပစ္စည်းတွေ အားလုံး ပိုးဆိုးပက်စက်ကို ဈေးတက်နေတယ်။ ယန္တရားကြီးတစ်ခု လုံးကြီး ရပ်သွား သလိုပေါ့။ စက်ရုံတွေ အလုပ်ရုံတွေ အားလုံး ပိတ်ထားရတယ်။ မီးမှမရှိတာ။ အစိုးရရဲ့ အလုပ် တွေလည်း အားလုံးရပ်ပေါ့။ တော်တော် လေးကို ဒုက္ခရောက် နေကြတာပါ။

ဈေးတက်တာ က ထားပါဦး။ ရှိရှိသမျှ မုန်တိုင်းထဲ ပါသွားတဲ့ သူတွေရော၊ ဘယ်လိုလုပ်ကြမလဲ၊ နေရာ အိမ်တောင် မရှိတော့ တဲ့ ဘ၀။ ထားပါဦး၊ လူကြီးတွေဆို ကိုယ့်ဘာသာကိုယ် ရပ်တည် နိုင်သေးတယ်။ ဟို ကလေးတွေ သူတို့ မိဘတွေ ပျောက်ဆုံး သွားပြီး သူတို့ ကူဖော်ရာမဲ့ ဒီအတိုင်းကြီး မိုးထဲ လေထဲ ကြားထဲ တ၀ဲလည်လည် ဖြစ်နေရင်ရော... သူတို့ ဘာတွေ သွားစားပြီး ဘယ်လို အသက်ရှင်မတုန်း.. ဟိုင်းကြီးကျွန်းတို့ ဘက်ဆို ပိုပြီးဆိုးပါတယ်တဲ့ဗျာ။ တစ်ပြည်လုံး အတိုင်းအတာနဲ့ သက်ဆိုင်ရာက တရားဝင် မှန်းဆ ပြီးတာက လူ ၁၅၀၀၀ ကျော် သေဆုံး ပြီးပါပြီတယ့်။ ဒါတောင် ပျောက်ဆုံးနေတဲ့ သူတွေ မပါသေးဘူးတဲ့။ ပျောက်ဆုံးနေ သူက ၃၀၀၀၀ ကျော်နေပါပြီ။ ဒါတောင် ယခု သေဆုံးသူနဲ့ ပျောက်ဆုံးသူ စာရင်းက ရန်ကုန်နှင့် ဧရာဝတီ သာဖြစ်ပါတယ်။ လူပေါင်း မြောက်များစွာ အိမ်ခြေရာမဲ့ပြီး၊ မိုးကြား လေကြားမှာ ရေမရှိ မီးမရှိနဲ့ ဖြစ်နေသေးတယ်။ ဒီကြားထဲ ချစ်ဖို့ကောင်းလှတဲ့ အာဏာရှင်တွေက မေ၁၀ ကို မရွှေ့ပါဘူးတဲ့။ အခုလို အချိန်မှာ အားလုံးကို တတ်နိုင် သလောက် ပုံမှန်ဖြစ်အောင် အားထုတ်ရမယ့် ကိစ္စ၊ သူတို့ကတော့ ဘယ်သူသေသေ၊ ငါမသေရင် ပြီးရော ဆိုပြီး.. ဟုတ် နေတာပဲ။

အားလုံးကို ပြောချင်တာက မိမိတို့ တတ်နိုင်သလောက် လှူပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့လည်း ကျောင်းက မြန်မာတွေ စုစည်းပြီးတော့ လှူဖို့ အစီအစဉ် လုပ်နေပါတယ်။ အရင်လက ကျောင်းက သင်္ကြန်ဈေးရောင်းပွဲလုပ်ထား တုန်းက ရထားတဲ့ အမြတ်တွေ၊ ပြီးတော့ အားလုံးစီက လိုက်ပြီး တတ်နိုင် သလောက် အလှူငွေခံပြီး ရသလောက်.. တတ်နိုင် သလောက်လေး လှူဖို့ လုပ်နေပါတယ်။

အားလုံးပဲ မိမိတို့နှင့် နီးစပ်ရာ အဖွဲ့ အစည်းတွေဆီမှာ တတ်အားရှိသရွေ့ လှူကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့လို နိုင်ငံရပ်ခြားရောက်နေတဲ့ လူတွေက အပြင်ထွက်ပြီး ၁နာရီ ၂နာရီလောက် အလုပ်လုပ်လိုက် တာနဲ့ ၅ယေက် ၆ယောက် လောက်ကို ထမင်းကျွေးလို့ရပါတယ်။ သောက်နေကျ Starbuck ကော်ဖီလေး တစ်ခွက်လောက် လျှော့ သောက်လိုက်၊ စားနေကျ Macdonalds' မှာ တစ်ပတ်လောက် မစားပဲနဲ့ အိမ်မှာပဲ ချက်စား၊ Shopping လေးဘာလေး မလုပ်ပဲနဲ့၊ ဒီလိုပဲ တတ်နိုင်သလောက် ပေါ့ဗျာ။ အားလုံး မျက်စိထဲ အတွေးထဲမှာ တစ်ခုခု မလိုအပ်တာ သုံးတော့မယ် ဆိုရင် ဟိုးးးးး တောရွာတွေထဲက ကလေး လေးတွေ အစား စားချင် နေကြတာကို တွေးကြည့်လိုက်ပါ။ အ၀တ်လေး တွေတောင် မ၀တ်နိုင်ရှာပဲ တန်းလန်း ပြေးနေရတဲ့ အခုလို အခြေ အနေမျိုးမှာ အားလုံးက မြန်မာ အချင်းချင်း ကူညီ ဖေးမ ပေးကြပါလို့ တိုက်တွန်း လိုက် ပါတယ်။ အုတ်တစ်ချပ် သဲတစ်ပွင့် နေရာမှ ပါဝင် ကူညီကြပါ။

ဝမ်းနည်းခြင်းများစွာဖြင့် ငိုကြွေးလိုက်ရပါကြောင်း

Tea

11 comments:

ယုန်ကလေး said...

အကိုရေ ယုန်လေးလာဖတ်သွားပါတယ်နော် ယုန်လေးလည်း စိတ်မကောင်းပါဘူး အခုဆိုရင် မြန်မာပြည်ဟာ အစိုးရ မကောင်းတဲ့အတွက်ကြောင့် ပြည်သူ တွေခံနေရတာပေါ့ နောက်ပြီး ဒီလောက်ဆိုးရွားလှတဲ့ အထဲမှာတောင်မှ အစိုး၇ဟာ ဆန္ဓခံယူပွဲကို မရွေ့ဘူးတဲ့ ဘယ်လောင်ရက်စက်ဖိုကောင်းသလဲ ပြည်သူတွေ ဘာကြောင့် မုန်းတိုင်းဒဏ်ကိုခံရသလဲဆိုရင် အစိုးရက မကောင်းလို့ပဲနော် အစိုး၇က ပြည်သူတွေကို ကြိုတင်ပြီး မကာကွယ်ပေးခဲ့လိုပဲ သူတိုအမျိုးတွေကတော့ ဘာမှမဖြစ်ဘူးဆိုတော့ လုပ်ရက်ကြတာပေါ့ အခုပြည်သူတွေ ငတ်ပြတ်ကြကုန်ပြီး .....ရှေဆက်ပြီး ဘာတွေလုပ်ကြရတော့မလဲ.....

Anonymous said...

:( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :( :(

Tea said...

ယုန်ကလေးရယ်.. ရှေ့ဆက်ပြီး ..
မနေခြည်ရဲ့ ကောမန့်လိုပဲ လုပ်ကြရတော့မယ်ထင်တယ်..

နေကျော် said...

တီးရေ

ဆက်လုပ်ပါကွာ
ငါလည်းစိတ်ပူနေတာ မြန်မာပြည်ကမိသားစုအတွက်
မင်းကိုကျေးဇူးတင်ပါတယ်

ပိုစ့်လေးတွေတင်ပေးလို့

ဒီဇင်ဘာနှင်း said...

ကိုတီးလိုပါပဲ မြန်မာပြည်သူတွေအတွက် စိတ်မကောင်းပါဘူး အခုထိ ဘာမှလုပ်မပေးကြသေးဘူလို့ကြားရတော့ ဒေါသလဲဖြစ်မိတယ်

Unknown said...

တီးရေ post အတွက်ကျေးဇူး

Anonymous said...

အမြန်ဆုံး ပြန်လည် နလန်ထူနိုင်ပါစေ။

Anonymous said...

မုန်တိုင်းကြောင့် သေဆုံးသူဦးရေ 5၀၀၀၀ ကျော်သွားပြီ

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ ဦးရေ တသိန်းကျော် ရှိကြောင်း နောက်ဆုံး သတင်းရရှိသည်။

Tea

Anonymous said...

ဘုရားရေ ၅၀၀၀၀ က နည်းတာမဟုတ်ဘူး..
ဒုခ ပါပဲနော်..

Anonymous said...

ပြီးတော့ ၁သိန်းကျော်တောင် မှန်းထားတယ်ဆိုတော့.. ဘုရားရေ.. မြန်မာပြည်ကြီးဗြောင်းဆန်နေပြီ

Google Myanmar Services said...

နိင်ငံခြားကကူညီဖို့စောင့်နေတာ....သူတို့အခုထိလက်မခံသေးဘူးလား ..အိမ်နီးခြင်း ထိုင်း၊စင်္ကာပူနဲ့၊ တရုတ်တွေရဲ့ မလောက်ငကူညီတာနဲ့ဘယ်လိုလုပ် နောက်ထပ်လူတွေအသက်ရှင်ကြမလဲ။ နိုင်ငံခြားကကူညီတာကို တောင်းဆိုဖို့စောင့်နေတယ်..တောင်းဆိုလိုက်ပါ..သူတို့တောင်းဆိုလာရင်လည်း လက်ခံလိုက်ပါ။ ကျေးဇူးရှင်အစိုးရရယ်...အခုအချိန်မှာ ကူညီနိင်မယ်ဆိုရင်ကျေးဇူးကြီးမားပါပေတယ်..