Photobucket

Sunday, May 18, 2008

A Cool Song (7) ငြိမ်းချမ်းရေး နတ်သမီး

YouTube ရောက်ရင်း ဟိုရှာဒီရှာလုပ်ရင်း ဒီသီချင်းလေးဆီ ထပ်ပြီးရောက်သွားလို့ ဘလောခ့်မှာလဲ မတင်ရသေးတာနဲ့ တင်လိုက်တာပါ။ ငြိမ်းချမ်းရေး နတ်သမီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ အမြဲတမ်း တိုက်ပွဲဝင်နေသေးတဲ့ တိုင်းပြည်ရဲ့ အမှန်စင်စစ် ခေါင်းဆောင်ပါ။ တကယ်ခေါင်းမဆောင်နိုင်သေးပေမယ့် အားလုံးရဲ့ ရင်ထဲမှာတော့ အင်မတန်မှ မွန်မြန်တဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ အောက်မှလဲ ကျွန်တော် ဒီဘလောခ့် စလုပ်ခါစ၊ လွန်ခဲ့တဲ့ တစ်လကပေါ့ဗျာ။ ဒေါ်စုအတွက် ဆောင်းပါးလေး တစ်ခုရေးဖူးတယ်။ စစတုန်းကရေး တာဆိုတော့ အားလုံးလည်း ဖတ်ရဦးမယ် မထင်ဘူး။ ဒါကြောင့် အောက်မှာ ပြန်ထည့်ပေးလိုက်တယ်။ သီချင်းလေး နားထောင်ရင်း ဖတ်ပေါ့။ :(




ဒေါ်စု အတွက် ကျွန်တော့်အိမ် မှ ဆောင်းပါး
ဘ၀မဟုတ်တဲ့ဘဝ

သူမ မှာ ဘာအပြစ်တွေများရှိနေလို့လဲ? ဘာအမှားတွေများလုပ်ခဲ့လို့ သူမ အခုလို ကံဆိုးနေတာလဲ? တစ်နေ့တစ်နေ့ သူမ ဘာတွေလုပ်နေလဲ? မိုးလင်း ကနေ မိုးချုပ် တစ်ရက်ပြီးတစ်ရက် တစ်နေ့ပြီးတစ်နေ့ ကုန်သွားတိုင်း . . အချိန်တွေ တစ်မိနစ်ပြီး တစ်မိနစ် ရွေ့လျားနေတိုင်း . . ကျွန်တော်တို့ ခင်ဗျားတို့ မှာ လုပ်စရာတွေ ကိုယ်စီကိုယ်စီ ရှိနေပေမယ့် . . ဒီလို နေ့တွေ ကို သူမ ဘာတွေလုပ်ပြီး ဖြတ်သန်းနေသလဲ? ကျွန်တော်တို့ မှာ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းဖော် စသည့် ကြင်သူတွေ ခင်သူတွေ နှင့် သွားသွားလာလာ ပြောပြောဆိုဆို ဆက်ဆံနေထိုင် နိုင်ပေမယ့် . . သူမမှာ . .

ကျွန်တော်ကြားဖူးပါတယ် . . လူတွေလူတွေ (ကျွန်တော်အပါအ၀င်) တစ်ခုခု လုပ်စရာမရှိရင် "ဟာာ . . ပျင်းလိုက်တာကွာ" . . ဒါမှမဟုတ် တစ်ခုခု အလုပ်တွေရှုပ်နေရင် "ဟာာ . . အရမ်း အလုပ်ရှုပ်တယ် ကွာ" . . သူမ မှာဖြင့် ဒီလို စကားတွေပြောဖို့ . . အခြေအနေလည်းမရှိ . . အခွင့်အလမ်း လည်းမရှိပေ။ ကျွန်တော်တို့ ခင်ဗျားတို့လို သူသူငါငါ လူတွေ ပျင်းနေရင် . . သူမရဲ့ ဘ၀မှာ ပျင်းတယ် ဆိုတာ . . ? ။ အချိန်တိုင်း အချိန်တိုင်း ကို သူမ ဘာဆိုဘာမှ မရှိဘဲ ဖြတ်သန်းနေတယ် . . သူမမှာ ဘာအပြစ်များရှိလို့လဲ? သူမ၏ ချစ်ရသူတွေ (မိသားစုဝင်တွေ) နှင့် တွေခွင့်တောင်မရတဲ့ဘ၀ . . သူမခင်ပွန်း မဆုံးခင်ကတောင် စကားတစ်ခွန်း မပြောလိုက်ရ . . မိမိ ဖခင် မိခင် ရဲ့ ဂူ တွေကိုတောင် သွားခွင့်မရှိ တဲ့ သူမဘ၀ . .

တစ်နေ့တစ်နေ့ အချိန်တွေကုန်သွားတိုင်း သူမရင်ထဲမှာ ပူလှောင် ဆူးရှတဲ့ မီးတွေ ကြီးထွားနေဆဲ . . လွတ်လပ်မှုဆိုတာ သူမအတွက်တော့ အိမ်မက်တစ်ခု၊ ရက်စက်လွန်းလှတဲ့ အရာတွေ ကြားထဲ သူမ တစ်ကိုယ်တည်း လျှောက်လှမ်းနေဆဲ . . ဘာဆိုဘာမှ မရှိတော့ပေမယ့် သူမ အားမလျှော့ သေး . . သူမကို ဘယ်သူတွေ ဘယ်လိုဘဲ ခြောက်ခြောက် မြှောက်မြှောက် . . ခိုင်မာ ပြတ်သားတဲ့ စိတ်ဓာတ်တွေနဲ့ အရာရာကို အနိုင်မခံ အရှုံးမပေး ရင်ဆိုင်နေဆဲ။ ဘ၀ဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့ လိုသူတွေအတွက် အဓိတ်ပါယ် တစ်မျိုးရှိနေပေမယ့် . . သူမရဲ့ဘ၀က ဘာများ အဓိတ်ပါယ် ရှိနေပါသလဲ? ဒီမြေ ပေါ်က ဒီလူတွေအတွက် ဒီလိုပေးဆပ် နေပေမယ့် တစ်နေ့တစ်နေ့ အချိန်တွေကုန်သွားတိုင်း သူမ အသက်တွေကြီးလာပြီး . . ဘာမှမပြောင်းလဲနိုင်သေးပေ။ အနာဂတ်လူငယ်တွေ အတွက် သူမ တိုက်ပွဲဝင် နေပမယ့် အတူတူတိုက်ပွဲဝင်ဖို့

လူပေါင်း ၅၆ သန်းက ကျွန်တော်တို့လိုသူတွေ အပါအ၀င် အများစုက ပါးစပ်နဲ့ ပဲ ပြောနေကြတယ် . . နိုင်ငံရပ်ခြား တိုင်းတစ်ပါးကနေ ကြုံးဝါးနေကြတယ် . . ဟိုဟာမကောင်းဘူးကွ ဘာကွညာကွ . . ဟိုသူ့ကိုလွှတ်ပေး ဒီသူ့ကို လွှတ်ပေးနဲ့ ဘာမြန်မြန်လုပ် ညာမြန်မြန်လုပ် . . မလုပ်ရင် ဘာလုပ်မယ်ညာလုပ်မယ် ဆိုပြီး ကြုံးဝါးနေတယ် . . ဒါပေမယ့် ဒါတွေအားလုံးကို တော့ သူတို့က ဖြုံတောင်မဖြုံ . . အပြုံးမပျက်ပဲ . . အေးအေးလူလူ ပျော်ပျော်ပါးပါး ရှိနေဆဲ . . တစ်ချို့လူတွေကို တွေ့ဖူးပါတယ် . . တိုင်းပြည်ကိုချစ်တယ် ချစ်တယ် ဆိုပြီး အမေရိကန် နိုင်ငံသား ဖြစ်နေတယ့် သူတွေ . . Green Cards ကြီးတွေယူပြီး Citizen ဖြစ်အောင်ကြိုးစားနေတဲ့ သူတွေ . . အများကြီးပါ။

အားလုံးက အနယ်နယ်အရပ်ရပ်ကနေ ထိရောက်မှုမရှိတယ့် အရာတွေနဲ့ အချိန်ကုန်ကြုံးဝါးနေပြီး သူမခင်ဗျာ . . တစ်ကိုယ်တည်း နေ့ရက်တွေကိုဖြတ်သန်းနေဆဲ . . တစ်ရက်တစ်ရက်ကူးသွားတိုင်း ဒီတိုင်းပြည်နှင့် ဒီလူမျိုးအတွက် ပေးဆပ်နေဆဲ . . သူမဘ၀ - ရွှေတိဂုံဘုရားကို ဖူးချင်ပါတယ်ဆိုတောင် ဖူးခွင့်မရှိတဲ့ ဘ၀ . . စိတ်ဆိုတဲ့ ဒီအင်အားကလွဲလို့ ဘ၀မှာ ဘာဆိုဘာမှ မရှိတော့တဲ့ ဘ၀ . . ခင်ဗျားတို့ ကျွန်တော်တို့ ဘ၀မှာ အနာဂတ်ဆိုတာ ရှိပေမယ့် သူမရဲ့ဘ၀ မှာ အနာဂတ်ဆိုတာ အဓိတ်ပါယ် ဖွင့်ဆိုလို့မရပေ။ ကျွန်တော်တို့ အတွက် ဘ၀ဆိုတာ ကျောင်းကြီးဖြစ်နိုင်ပေမယ့် သူမအတွက် ဘ၀ဆိုတာ လေဟာနယ်။ ကျွန်တော်တို့ တတွေ ဘ၀မှာ လွယ်လွယ်ကူကူ ပြုံးနေနိုင်ပေမယ့် သူမရဲ့ဘ၀ မှာ အပြုံးတစ်ခုပြုဖို့ အင်အားတွေ စုဆောင်းနေရဆဲ . . စုဆောင်းပြီးလို့ ပြုံးချင်ရင်တောင်မှ သူ့တိုင်းပြည်အကြောင်းစဉ်းစားမိပြီး . . သူမရဲ့အပြုံးကို ပြန်ရုတ်သိမ်းနေရတဲ့ ဘ၀၊ အော် . . "ဘ၀" ဘ၀၊ သူမရဲ့ဘ၀ . . ဘ၀မဟုတ်တဲ့ သူမရဲ့ဘ၀။ ။

သူမအတွက်ဆုတောင်း လျှက်
Tea

11 comments:

Anonymous said...

ဘ၀မဟုတ်တဲ့ဘဝ
:(
:(
:(

Anonymous said...

Song and Article

well-matched!

Anonymous said...

"တိုင်းပြည်ကိုချစ်တယ် ချစ်တယ် ဆိုပြီး အမေရိကန် နိုင်ငံသား ဖြစ်နေတယ့် သူတွေ . . Green Cards ကြီးတွေယူပြီး Citizen ဖြစ်အောင်ကြိုးစားနေတဲ့ သူတွေ . . အများကြီးပါ။"

WOW! TRUE!

Anonymous said...

မှန်လိုက်လေ..တီးရယ်.....
:(

Anonymous said...

Hellο there! Do you know if thеy make any рluginѕ to assist with Search Engіne Optimization?
I'm trying to get my blog to rank for some targeted keywords but I'm not seeing very good ѕuccess.
If уοu know of any ρlease share. Thаnks!
Also see my webpage - massage in Birmingham

Anonymous said...

Hmm it seems lіkе уour website ate my firѕt cоmment (it wаs supеr long) so
I guess Ι'll just sum it up what I submitted and say, I'm thoгoughly enjoyіng
your blog. I аs well аm an аspігing blog writer but I'm still new to the whole thing. Do you have any points for newbie blog writers? I'd defіnitеly appreciate it.



Feel free to surf to my page - how to increase height naturally

Anonymous said...

Wгite moгe, thats all I havе to say.

Lіterally, it seems аѕ though you relied οn the vіdеo to
mаke youг point. You clearly κnow what
yоure talkіng аbout, why thгow аωay your іntеlligence on just postіng videos to your ѕitе when
you сould be giving us ѕomething infοrmatiνe tο read?



Alѕo vіsit mу weblog :: make breasts larger

Anonymous said...

Wonԁеrful blog! I found іt while
surfing arounԁ on Үahoo Neωs. Do you havе
any ѕuggestіons on how to get listed in Yahoo Νews?
I've been trying for a while but I never seem to get there! Thanks

my web site :: how to lose belly fat fast

Anonymous said...

Hi! I knοw this is kindа off topic but I ωas wondering which blog
plаtform are you using for thiѕ ѕite?
Ι'm getting tired of Wordpress because I've haԁ
problеmѕ with hаckers and I'm looking at alternatives for another platform. I would be fantastic if you could point me in the direction of a good platform.

my web page - wood projects that are simple

Anonymous said...

Woω that was strange. I just ωrote an very long comment but after I cliсked submit my comment didn't show up. Grrrr... well I'm not writing all that over agaіn.
Anywaуs, јuѕt wanted to ѕаy wonderful
blog!

Havе a looκ at my website: click the next web page

Anonymous said...

Hellо! I just wantеd to ask if
уou eveг have any troublе ωith hackers?

Mу last blоg (woгdpress) was hacked and I ended up lоsing manу months of hard work due to no bаck up.
Dо yоu have anу solutіons to prevent hackers?


Also viѕit my weblоg: burn belly fat fast