ဦးထီးကြီးရဲ့ သီချင်းများကိုလည်း အပုဒ်ပေါင်း ၅၀၀ နီးပါး အမှတ်တရ အနေဖြင့် စနစ်တကျ စုစည်းပြီး တင်ဆက်လိုက်ပါသည်။ နှစ်ပေါင်း မြောက်မြားစွာ သီချင်းပေါင်း မြောက်မြားစွာဖြင့် ထင်ရှား ကျော်ကြားခဲ့ပါသည်။ များပြားလှသော တခြား အဆိုတော် များကလည်း ဦးထီးရဲ့ သီချင်းတွေကို ပြန်ဆိုကြပါတယ်။ ဒါပေမယ့် ဦးထီးရဲ့ ထူးခြား ပြောင်မြောက်သော ရှမ်းသံ ၀ဲဝဲ အသံကိုတော့ ကျွန်တော်တို့ ဘယ်အချိန် ဘယ်အခါမှ မရိုးသွားပါဘူး။ အသစ်တွေက ပြန်ဆိုကြပေမယ့် လေးလေးပင်ပင်နဲ့ ရှိတဲ့ အသံလေးက ပိုပြီး ဆွဲဆောင်အား ရှိလှပါတယ်။ ငယ်ချစ်ဦး ဆို ကျွန်တော် အရမ်း အရမ်း ကြိုက်ပါတယ်။ ကြာပြီ ဆိုတော့ မေ့လောက်ပါပြီ.... ဆိုပြီး.. တစ်ပုဒ်လုံး၊ ပြောင်မြောက်လှပါတယ်။ ကိုယ်ပိုင် သံစဉ်များကိုသာ အလေးပေး သီဆိုသော အဆိုတော်တစ်ယောက်အား ဆုံးရှုံးရခြင်းသည် မြန်မာ့ ဂီတလောက ၏ ကြီးမားသော ဆုံးရှုံးမှု တစ်ခု ဖြစ်ကြောင်း ပြောကြားလိုရင်း 
သီချင်းကမ္ဘာတွင် ပျော်မွေ့နေသူ
Tea







6 comments:
စိုင်းထီးဆိုင်သီချင်းတွေစုစည်းထားတဲ့ အတွက် အထူးဝမ်းသာမိပါတယ်။ ကိုထီးပရိသတ်ပါ။
ခွင့်ပြုချက်မရခင် နားထောင်ချင်လို့ ကျွန်တော် အိမ်ကို ယူထားလိုက်ပါတယ်။ ဒိထက်ပို အကျိုး ဆောင်နိုင်ပါစေ
How about sorting?
Chit Khaing
Wowww!! 500?? :) Amazing
Thank you so much for this. I have been looking for Ko Hti's songs.
ဒေါင်းလုဒ် လင့်ခ်လေးတွေပါတင်ပေးရင် ပိုအထာကျမယ်ဗျ.. အားရင်လုပ်ပါလား ကိုတီးရေ...
ဟုတ်ကဲ့ ကျေးဇူးကမ္ဘာပါလို့........
ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကိုထီးရဲ့အသံနဲ့အိပ်ခဲ့ရ
ပါတယ်။အသိနောက်ကျလိုက်တာဗျာ။ပြည်ပကိုရောက်မှ ကိုထီးရဲ့ သီချင်းများနဲ့ တွေရတာ နောက်မကျသေးပါဘူးနော်။ကိုထီးတမလွန် ဘ၀က နေပြီး
သာဓုခေါ်နိုင်ပါစေ။အနှစ်တစ်ရာ အနှစ်တစ်ထောင်ရှိပါစေ။
ငယ်ကအချစ် အနှစ်တစ်ရာမမေ့သာတဲ့။
ကိုယ်ထီးရဲ့ သီချင်းသံ ကိုဆိုင်းခမ်းလိတ်ရဲ့ အတွေး အရေး တို့ဟာ ကျုပ်တို့လိုလူငယ်များအတွက်တကယ် ခွန်အားတွေပါ။အားလုံးအဆင်ပြေကြပါစေ။
နောက်ပြီး ကျုပ်တို့ခေတ်ရောက်နေပြီ ဒီထက်ပိုကောင်းအောင် အလိုဆန္ဒပြည့်အောင်ကျိုးစားကြမယ်ဗျာ။ကျုပ်တို့နိုင်ငံမှာ
သတင်းနည်းပညာများလွတ်လပ်ရင် ကောင်းမယ်။
ကိုထီးရဲ့ ထာဝရပရိတ်သတ်တစ်ဦး
Post a Comment