Photobucket

Thursday, May 22, 2008

မေ ၂၁ - မုန်တိုင်းသတင်းများ


  • US First Lady's Laura Bush က မြန်မာအစိုးရအား US အကူအညီတွေ လက်ခံဖို့ ထပ်မံ တောင်းဆိုသည်။
  • UN Secretary-General Ban Ki-moon ဥိးသန်းရွှေနှင့် သောကြာနေ့မှာတွေ့မည်။
  • UN Chief တွေ မြန်မာကို လူအသက်ကယ်ရာမှာ အလေးထားဖို့ တိုက်တွန်းလိုက်သည်။
  • မြန်မာအစိုးရ WFP ရဲ့ ရဟတ်ယာဉ် ကိုးစင်း ကို ဒုက္ခရောက်နေသော နေရာများအား သွားကူခွင့်ပေးလိုက်ပြီ။
  • ASEAN က နိုင်ငံတကာ ကယ်ဆယ်ရေးတွေကို ဦးဆောင်မယ်လို့ဆို။ ၂၅ မေလ ကျရင် ရန်ကုန်မှာ အစည်းအဝေးရှိသည်။
  • ၂.၄၃ သန်း ထိခိုက်ဒဏ်ခံနေသော လူများထဲမှာ ၅သိန်းခန့်သာ ကယ်ဆယ်မှုရရှိသေးသည်။
  • ကယ်ဆယ်ရေး ပစ္စည်းများ သက်ဆောင်ထားသော လေယာဉ် ၁၈စဉ်း ရန်ကုန်သို့ ၂၀ရက်နေ့ ရောက်။ နောက်ထပ် ၁၀စဉ်း ဒီနေ့ ၂၁ရက်နေ့ ရောက်မည်။
  • WFP က လှေ ၃စင်း ကုန်တင်ကား ၂၀စင်းစာ ကယ်ဆယ်ရေး ပစ္စည်းများ ဒုက္ခရောက်နေသော နေရာများသို့ ပို့ဆောင်ပေးဖို့ အစိုးရနှင့် စီစဉ်ထားသည်။
  • ဧရာဝတီမှာ လူ ၁သန်းခွဲ ဟာ ဒုက္ခသည် စခန်း ၁၂၀ မှာ နေနေကြသည်။
  • UN က ကယ်ဆယ်ရေး လုပ်ဖို့ လူများ ဗီဇာ မရသေးသဖြင့် ၀င်မရသေးပေ။
  • ရောဂါဆိုးတွေ ပိုမိုပျင်းထန်စွာ ဖြစ်လာပြီး အပြစ်မဲ့ပြည်သူတွေ ဆက်လက်သေဆုံးနိုင်။
  • မိုးကြီး လေကြီးများကြောင့် လမ်းပမ်း ဆက်သွယ်ရေး Delta Areas များမှာ ဆက်လက်ဆိုးရွားနေ။
  • လူပေါင်း ၁သိန်း ၃သောင်းကျော် သေဆုံးပြီဟု ခန့်မှန်းထားကြသည်။
  • မြန်မာ့ တရားဝင် သတင်းအရ ၇၈၀၀၀ သာ သေဆုံးသည်။ ၅၆၀၀၀ ပျောက်နေသည်။
  • မုန်တိုင်းအတွက် မြန်မာ အစိုးရက US 2mill သုံးပြီးပြီဟု ပြောသည်။
  • နိုင်ငံတကာ အကူအညီများ - Disasters Emergency Committee has raised £8 million, UK pledged $10m, UN $10m, Japan $10m, US $3m, France $3m, Australia $2.8m

Tea

No comments: