Photobucket

Sunday, August 31, 2008

လွှမ်းမိုး၏သီချင်းများစုစည်းမှု

ကျွန်တော် လွှမ်းမိုးရဲ့သီချင်းများကိုလည်း စုစည်းပေးလိုက်ပါတယ်။


ဆက်ဖတ်ရန်...(To Continue)

Saturday, August 30, 2008

ကျောင်းတက်နေတယ်ဆိုရင် အပိုင်း (၄)


အားလုံးပဲ မင်္ဂလာပါ။ ပေဖူးကို မှတ်မိကြသေးရဲ့လား မသိ။ ကျောင်းစာများတော့ စာအရေးကျဲတာပါ။ စာမရေးလို့ တီးက emailနှင့် တတန်၊ text message နှင့် တဖုံ၊ gtalkနှင့် တသွယ် ကြိမ်းမောင်းပြီးသည့်သကာလ folder အဟောင်းတွေ လိုက်ရှာရင်းက ရှားရှားပါးပါးမတင်ရသေးသည့် ပို့စ်လေးရှာတွေ့သည့်အတွက် တင်လိုက်ပါသည်ရှင်။ အဟိ
အားလုံးလဲ ကျောင်းတက်နေတယ်ဆိုရင် ဆိုတဲ့ ဟာသပို့စ်လေးတွေကို မေ့လောက်ရောပေါ့။ ကိုယ်တို့ ကျောင်းသားတွေ အိမ်နဲ့ ခွဲပြီး ကျောင်းတက်နေတဲ့ အချိန်မှာ ဖြစ်တတ်တဲ့ ဗရုတ်သုက္ခ မဟုတ်ကဟုတ်က အဖြစ်အပျက်လေးတွေပါ။ ပြန်သွားဖတ်မယ်ဆိုရင်တော့ အပိုင်း(၁)၊ အပိုင်း(၂)၊ အပိုင်း(၃) တို့ကို လင့်ခ်ချိတ်ပေးထားတယ်နော်။ အဓိကကတော့ facebook က You know You're in College when......ရဲ့ ပို့စ်တွေကို ကျောရိုးယူ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ဟာသတွေကိုဖြုတ်၊ ကောင်းတာလေးတွေကို ဘာသာပြန်၊ ကိုယ့်ရဲ့ အာဘော်လေးနည်းနည်းထည့်ပြီး တင်ထားတာပါ။
မှတ်ချက်။ ပြသနာတွေ မကြားချင်လို့ ရှင်းပြတာပါ။ ကူးချတဲ့ ဟာသတွေလို့ ပြောလို့ ရပါတယ်။ ဘာသာပြန်လို့ ပြောလို့လဲ ရပါတယ်။ ကိုယ်တိုင်ရေးလို့လဲ ပြောလို့ရပါတယ်။ ပြောချင်သလိုသာ ပြောပါ။

၁။ အခန်းထဲမှာ စာမဖတ်ဖြစ်လို့ Library မှာ သွားသွားဖတ်နေရတယ်။ (အဓိက ပြသနာတွေကတော့ Blog, Game, Online Movies, Chat rooms တွေနဲ့ ဝေးရာကို ရှောင်ရတဲ့ သဘောပါပဲ) :D

၂။ အသင်းအဖွဲ့တွေ တော်တော်များများမှာ ပါဝင်နေတတ်တယ်။ Open House မှာ မုန့်အလကားကျွှေးတယ်ဆိုလို့ သွားစားရင်းကနေ ပါဝင်ဖြစ်သွားတာပါ။
(ဒါကလဲ လူစုနည်းတစ်ခုပဲ။ သာမန်ကျောင်းသားတစ်ယောက်ကို တော်တော်လေးအားနေမှသာ ကျောင်းနဲ့မဆိုင်တဲ့ အလုပ်တွေ လုပ်ဖြစ်တာပါ။ အားရင် online ပဲ ထိုင်နေကြတာ။ (myhome မှ ဘလော့ဂါတွေကိုသာ ကြည့်ပါ။) :P ဒီတော့လဲ အဖွဲ့ဝင်အောင် အစာနဲ့ မျှားရတာပေါ့) :P

၃။ Monday: Writing အတန်းတော့ ဒီနေ့လွှတ်လိုက်မယ်။ Calculus အိမ်စာမပြီးသေးဘူး။
Tuesday: Calculus အတန်းတော့ မသွားတော့ဘူး။ Writing အတန်းက paper နောက်နှစ်နာရီဆို Due ပြီ။
(ဒီလိုနဲ့ပဲ ချာလပတ်ကို လည်နေတာ)
PS: သံသရာကျွှေး မကုန်မခြင်း ဒီဘ၀က ကျွှတ်မယ်မထင်။

၎။ ပိုက်ဆံအကြွေတွေ စုလိုက်တာ ငါးကျပ်ဖိုးရတယ်။ ဒီနေ့ညစာတော့ ဒါနဲ့ပဲ ၀ါးလိုက်တော့မယ်။

၅။ Cell Phone အခန်းထဲမှာ ကျန်ခဲ့တဲ့ နေ့တွေ တော်တော်ဆိုးပါလားနော်။ ခြေထောက်ကျိုးတာမှ သူ့ထက်ခံသာဦးမယ်။
(ဖတ်စာအုပ်ကျန်ခဲ့ရင်သာ အိမ်ပြန်မယူမယ်။ ဖုန်းကျန်ခဲ့လို့ကတော့ အတန်းနောက်ကျလဲ ပြန်ယူတယ်။ text message ဆိုတာ လက်ချာထဲမှာ ရိုက်ရတာကိုး :P)

၆။ ကျောင်းရောက်ခါစ ပထမနှစ်မှာ အမေ့အိမ်တုန်းက အသန့်ကြိုက်တဲ့ ကိုယ်တို့တတွေ ရေချိုးတာတောင် ဖော့ဖိနပ်စီးချိုးတယ်။ နောက်နှစ်တွေကော? မစီးတော့ဘူးလေ။ ကိုယ်က စပြီး ညစ်ပတ်တာကိုး။ (တည့်တည့်မှန်သွားရင် ဆောရီးနော်၊ အဟိ)

၇။ အထက်တန်းကျောင်းတုန်းက ကိုယ်သာ အတော်ဆုံးထင်ခဲ့တာ. ခုတော့ ကိုယ့်ထက်သာတဲ့ လူတွေကြီးပဲ။ အဟင့်

၈။ အထက်တန်းကျောင်းတုန်းက ကိုယ်တော်တော်တုံးပြီး ညံ့တယ်ထင်တာ ခုတော့ ကိုယ့်ထက်ပိန်းတဲ့ ကောင်တွေ တွေ့ပြီ။ အဟိ :D

၉။ ပရင်တာ Printer တွေ ပျက်ပြီ ဆိုတဲ့ အချိန်ဟာ ကိုယ်တကယ် စာရွက်တွေ print out လုပ်ဖို့ အသည်းအသန်လိုနေတဲ့ အချိန်ပေါ့၊
(ပေဖူးကတော့ ဒီဒုက္ခကင်းဝေးပါတယ်။ ပေဖူးအလုပ်က အလကား ပေးထုတ်ပါတယ်။ လာလေ့။ ပေဖူးလွှာလက်နဲ့တွေ့သွားတာပေါ့။ ဒီတစ်ပါတ် color နဲ့ချည်း အရွက်နှစ်ရာကျော်ထုတ်လာတယ်။ အဟိ)

၁၀။ ဘာချက်မလဲ လာထား Microwave ထဲ ပစ်ထည့်လိုက်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ။ စားလို့ ရပြီးရော။ :D


ပျော်ရွှင်ကြပါစေ။
ပေဖူးလွှာ


ဆက်ဖတ်ရန်...(To Continue)

မေသူပိုင်နှင့် Google Talk အရှုပ်တော်ပုံ များ

တစ်ခါတစ်လေ အလုပ်ရှုပ် နေပေမယ့်လည်း gtalk ကို ၀င်ထားပြီး busy sign လေး ပြထားပါတယ်၊ အလုပ်ရှုပ် နေတဲ့ ကြားက တစ်ချို့တွေ နှုတ်ဆက် လာရင်လဲ ပြန်ပြီး နှုတ်ဆက်တတ်ပါတယ်။ စကားကြော မရှည်အောင်လဲ အမြန် ဖြတ်ပြီး လုပ်စရာလေးတွေ ရှိသေးလို့ နောက်မှ ချက်တာပေါ့ ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောလေ့ ရှိပါတယ်။ အဲလို ပြောလိုက် ရင်လဲ တစ်ချို့ မိတ်ဆွေများက အလိုက်တသိနဲ့ နားလည်မှု ရှိပြီး ဘာမှ ဆက်မပြော တော့ပါဘူး။ တစ်ချို့ မိတ်ဆွေများ ကလည်း busy sign ကိုမြင်ရင် ဘာမှ မနှောက်ယှက်ဘဲ နေတတ် ကြပါတယ်။ တစ်ချို့ကလဲ အဲလို busy sign မြင်ရက်နဲ့ ဟေ့ busy နေလား ဘဲဘဲနဲ့ ချက်နေတာလား ဘယ်သူနဲ့ ကျူနေတာလဲ? စတဲ့ မရိုးနိုင်တဲ့ မေးခွန်းတွေနဲ့ မေးပြီး စကြနောက်ကြ ပါတယ်၊ ကျမ က တတ်နိုင်သမျှ စိတ်ရှည်ရှည် ထားပြီးအလေးထားပြီး ပြန်နှုတ်ဆက်ပါတယ်၊ gtalk ကနေ အက် လာရင်လဲ Yes or No လေး နဲ့ပေါ်နေရင် ကျမ yes ဆိုတာ လေးကိုဘဲ ကလစ် ပေးပြီး accept ပေးလိုက်ပါတယ်။ ခင်လို့ မင်လို့ လာပြီး အက်တဲ့ သူကို ကျမ ငြင်းမလွှတ်ပါဘူး သူငယ်ချင်း ဆိုတဲ့ ဆက်ဆံေ၇းကို ကျမ အမှန် တကယ် တန်ဖိုးထားပါတယ်။ တစ်ချို့ ဆိုရင် ကျမ နဲ့ ငယ်သူငယ်ချင်း တွေ ကြနေတာဘဲ စကားပြောတာက မောင်နှစ်မ တွေလို စကြ နောက်ကြနဲ့ ခင်သွားတဲ့ သူတွေ လဲ အများကြီးပါ လူတိုင်းလဲ ရှိကြမှာပါ။ ကျမလဲ အားနေရင် သူငယ်ချင်း တွေ လိုက်စ ကလေးငယ်လေး ဆိုရင်ကျမ အမြဲတမ်း ဂျီတော့ခ်ကနေ အားတိုင်း လှမ်းလှမ်း စတတ်ပါတယ်၊ တစ်ခါ တစ်လေ ဂျီတော့မှာ စိတ်ထဲက ခံစားချက်တွေကိုေ၇းထားတာတွေကို လိုက်ဖတ်ပြီး စလိုက် နောက်လိုက် ခံစားချက်တွေကို စာနာပေးလိုက်နဲ့ အလွန်ပျော်ဘို့ ကောင်းပါတယ်။

အလုပ်မအားတဲ့ အခါကြရင်တော့ အလုပ် မအားသေးလို့ နောက်မှ ပြောမယ် နော်လို့ ပြောရင် တစ်ချို့ တစ်ချို့သော သူတွေက ပြောပါတယ်၊ မအားရင် ဘာလို့ ချက်တတ် နေတဲ့ အောက်ထား ပါလားတဲ့။ ကျမတို့မှာ တစ်ချို့ အလုပ်တွေကို အွန်လိုင်း ပေါ်ကနေ ဆက်သွယ်ပြီး လုပ်ရတာတွေ အများကြီး ရှိပါတယ်၊ အဲဒါကြောင့် ကျမ ဂျီတော့ခ်မှာ အလုပ်အကြောင်း ပြောတဲ့အခါမှာ busy sign ပြပြီး အွန်လိုင်းပေါ်ေ၇ာက်နေတာပါ ။ဒါကို “ဂျီတော့ခ် တတ်ပြီးမာန် မတတ်နဲ့ “ ဆိုပြီး စွပ်စွဲသူက စွပ်စွဲ လို့ ထားလိုက်ပါ ။ ကျမ မှာ မိန်းကလေး တစ်ယောက် အနေနဲ့ ရှိသင့် ရှိထိုက်တဲ့ မာနက လွဲပြီး ခင်မင်သော မိတ်ဆွေ သူငယ်ချင်းတွေ အပေါ်မှာ မာန လုံးဝကို မထားပါဘူး ရှိလဲမရှိပါဘူး။ ဒါကို ကျမ နဲ့ခင်မင်သော မိတ်ဆွေများ သိသလို မသိသေးတဲ့ မိတ်ဆွေများလဲ ရှိပါလိမ့်မယ်။ အဲဒီ အတွက်လဲ ၀မ်းမနည်းပါဘူး ။ နောက်တစ်ခုက ကျမ တို့ အိမ်အမှတ်၁၆ကို လာလည်ရင်းနဲ့ အီးမေလ်း လိပ်စာတွေ့လို့ အက်လိုက်တယ် ပြီးတော့ ကျမကို ဘယ်သူမှန်း မသိလို့ မေးခဲ့ သူများလဲ ရှိပါတယ်။ အဲလိုအခါမျိုးမှာ စိတ်ရှည်ရှည်နဲ့ ပြန်ဖြေပေးပါတယ်။

တစ်ချို့ကြတော့ သူငယ်ချင်း အချင်းချင်း ကနေ ပေးလို့ရတဲ့ သူကြတော့ ကျမ ကို မေးလာတဲ့ မေးခွန်းက Asl pls? ဆိုပြီး မေးတယ် ကျမ အရင် က အဲဒီ Asl ဆိုတာကို တစ်ကယ်ကို မသိပါဘူး (အခုတော့ ပေဖူးပြောလို့ သိပါပြီ) အဲတော့ သူ့ မေးခွန်းကို ကျမက နား မလည်တော့ ဟဲ့ ငါက Asl မသုံးဘူး ထင်တယ် Dsl ထင်တာဘဲ အင်တာနက် ကပေါ့ အဲလို ပြန်ဖြေတော့ “ဟာ မဟုတ်ဘူးလေ အစ်မရာ ဆိုတော့ ကျမလဲ" အော် ကျမ ဖုန်းက GSl” ပါလို့ ဖြေတတ်တယ် အဲလို ဖြေတိုင်း ကိုယ်တော်တွေက ဟက်ဟက်ပတ်နဲ့၇ယ်ပြီး ကောပြီး ကျမ ကို ဘလောခ် ခေါက်သွားတဲ့ သူတွေ မနည်း မနောပါ။ တစ်ချို့ကတော့ လည်း ရှင်းပြပါတယ် Age sex Location ကိုမေးတာပါတဲ့ ကျမ စိတ်တိုမိတယ် အဲဒီ မေးခွန်းက ဘယ်လဒက များစတင်ပြီး စတန့်ထွင် မေးလဲပေါ့။ တစ်ချို့ နိုင်ငံသားတွေဆိုရင် သူ့တို့အသက်ကို မေးမှာကို သေမလောက် ကြောက်ကြပါတယ်။ အဲဒါဟာ ယဉ်းကျေးတဲ့ မေးခွန်းမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာတို့ ထုံတမ်း စဉ်လာအရ မေးတယ် ဆိုတော့ လည်း နားလည် ပေးရတာပေါ့ ။ အဲတော့ကျမ ရဲ စိတ်ကို ဆွဲဆန့်ပြီး ကျမ က မေသူပိုင်ပါ အသက်က ဘလာဘလာပေါ့ အဲလိုမျိုးဖြေပါတယ် ထက်မေးတယ် Asl pls တဲ့ နောက်တစ်ယောက် ထပ်မေးတယ်။ ကျမလဲ စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်တယ် မေသူပိုင် ပါဆိုမှ အထီး ဖြစ်မလားဟဲ့ ဆိုပြီး ဘုတော့ လိုက်တယ်။ ငါ့ဟာငါ ဘယ်နေနေ နင့်အပူလား လို့ ပြောလွှတ်လိုက်တယ် R u single or married၊ တဲ့ single လို့ဖြေရင်လဲ ကြေငြာ တာလားတဲ့ ကျူနေတာလား တဲ့ မေးပြန်ေ၇ာ ကျမ အတော်လေးကို စိတ်တိုတယ် အလုပ်ကလဲ ရှုပ်နေချိန် ဆို ပိုဆိုးတယ်၊ အဲတော့ ဂျီတော့မှာေ၇းထားလိုက်တယ် မေသူပိုင် အသက်၂၈ ကလေး ၈ယောက် ဒါဘဲ ထပ်မမေးနဲ့လို့ေ၇းထားလိုက်တော့ ၊ ပေဖူးတို့ဆို ကလေးထိန်း အလုပ်လာလျှောက်လို့လျှောက်၊ တီးကလဲ မေသူဘယ်အချိန်က နင် ကလေး ရှစ်ယောက် မွေးလိုက်လဲ ပေါ့၊ တစ်ချို့ လူတွေကလဲ အမျိုးမျိုးနဲ့ကို ထင်ကြေး ပေးပြီး စကြတယ်၊ ကျမ ဘာမှပြန်မပြောဘူး၊ ပစ်ထားလိုက်တယ်၊

နောက်ပြသနာက ဘဲဘဲနဲ့ ပြောနေတာလား ဘယ်က ဘဲဘဲနဲ့ ကျုနေလဲ ကျမ မေသူက ဘယ်ဘဲနဲ့မှ အွန်လိုင်းမှာ မကျုပါဘူး ၊ကျူစရာ ဘဲလဲမရှိပါဘူး။ လက်ရှိ ရထားတဲ့ ၇ည်းစား လင်လောင်း တောင် အလိုက်ပေးပြီးတော့ ကို ကန်ထုတ် ချင်နေပါတယ် ။ အားရှိ ကွိကျိ ကွကျိနဲ့ weekend အား နေတာတောင် ဖုန်းလေး ဆက်ဖော် မရဘူး ကိုယ်မခေါ်ရင် ဘယ်တော့မှ ခေါ်မှာ မဟုတ်ဘူးတို့ဘာတို့ နဲ့ အကြောင်းမရှိ အကြောင်းရှာပြီး စိတ်ကောက်ဘို့ ချောင်းနေတဲ့ အဲဒီ လင်လောင်းကိုလဲ စိတ်ကုန်မိတယ်။ ကျမ ရည်းစားကိုလဲ ကျမ မကျူဘူး။ ချစ်လားမေးရင်ချစ်တယ် ။ ထပ်ပြီး ဘာညာ ကွိကွနဲ့ အတွန့်မတတ်နဲ့ စိတ်တိုလာရင် ဖုန်းကို ပိတ်ပြီး အိပ်လိုက်တယ်၊ အဲတော့ရှိတဲ့ ရည်းစားကလဲ အတော်လေးကို သည်းခံလို့ အခုချိန်ထိ ရည်းစားသက်တမ်း ၃နှစ်ကျော်ထိ သက်တမ်း ရှည်နေတာ ဖြစ်ပါတယ်။ မင်္ဂလာ ဆောင်တာတော့ ညှိနှိုင်းမရတဲ့ အကြောင်း တစ်ခုကြောင့်ကျမ လဲ ဟိုရွှေ့ဒီရွှေ့နဲ့ မဆောင် ဖြစ်သေးပါဘူး။ (ဒါမှ ကြုံတုန်းကြေငြာဝင်တာ)

တော်ပြီး gtalk အကြောင်းဆက်ပြောမယ် တစ်ချို့ကျမ မကြိုက်တဲ့ လူတွေက invisiable ပြပြီး သောက်စကားတွေ လာများ နေကြတဲ့သူများ သူတို့ အွန်လိုင်း ပေါ်မှာရှိတာကို သိမှာ ဆိုးလို့မှ invisiable ပြထားပြီးမှ လာပြီး စကားတွေ များနေတယ် ၊ ကိုယ်ဘက်က ပြန်ရိုက်မယ် လုပ်ရင် သူ့ဘက်က အော့လိုင်း ဆိုတော့ လိုင်းပေါ်မှာ ရှိတာလား မရှိတာလားမသိ၊ အော် အောက်သွားပြီး ထင်တယ်ဆိုပြီး ပြန်မရိုက်ဘဲ ပစ်ထားလိုက်တော့ မေသူပိုင်က gtalkတတ်ပြီး မာနကြီးတယ်တဲ့၊ ကြီးကြီးကျယ်ကျယ်နဲ့ ပြန်မပြောဘူးတဲ့၊ အားနေချိန်ဆိုရင် မေသူတို့ ဘလောခ် လည်ပါတယ် ၊ သူများ ဘလောခ် ကိုလဲ မေသူတို့က သေသေချာချာ ပို့စ်လေးတွေကို ဖတ်ပါတယ် အဲလို ဖတ်ပြီးမှဘဲ စီဘောက်မှာ အော်ခဲ့တာမျိုး ကွန်မန့်ပေးတာမျိုး လုပ်ပါတယ်၊ မဖတ်ဘဲနဲ့ ဘလောခ် ဖွင့်ပြီး စီဘောက်မှာ အော်တာမျိုး ဘယ်တော့မှ မလုပ်ပါဘူး၊ သူတို့ အချိန်ပေးေ၇းထားတဲ့ စာလေးကို အသိအမှတ်ပြုပြီး တစ်လေးတစားဘဲ ဆက်ဆံတဲ့ သဘောပါ၊ သဘောကျတဲ့ ပိုစ်တွေကို တော့ ကွန်မန့်ေ၇းတတ်ပြီး သဘောထား ချင် မတိုက်ဆိုင်တဲ့ ဘလောခ်လေးတွေ ပို့စ်လေးတွေ တွေ့ခဲ့ရင်တော့ တိတ်တဆိတ်ဘဲ ထွက်ခွာခဲ့ပါတယ်၊ တစ်ချို့ဘလောခ် ကျတော့လည်း စီဘောက်က ကျမ သွားတိုင်း error တတ်နေတာ များလို့ မအော်ခဲ့ဖြစ်ဘူး အထူးသဖြင့် ကို၇င်နော် ခင်လေးနွယ်တို့ ဘလောခ်နဲ့ မေမိုးတို့ ဘလောခ် ကျမ သွားချိန် အများစုမှာ စီဘောက်က error တတ်နေလို့ မအော်ဖြစ်တာ များပါတယ်၊ Dream blogဆို ကွန်မန့်ေ၇းမယ် လုပ်တိုင်း ကျမဘက်က ကော်နက်ရှင် အစုတ်ကြောင့်ေ၇းမ၇ပြန်ဘူး၊။ ကျမ ဘလောခ် တော်တော် များများကိုေ၇ာက်ဖြစ်ပါတယ် ၊သူတို့အချိန်ပေးပြီး အလေးထားေ၇းခဲ့တဲ့ ပို့စ်တွေကို အသိအမှတ်ပြုပေးချင်လို့ပါ၊ သူတို့ေ၇းထားတဲ့ စာကို အစ အဆုံးမဖတ်ဘဲနဲ့ ဘယ်တော့မှ ကွန်မန့်မေ၇းပါဘူး။ မရှင်းတာရှိရင်လဲ ကွန်မန့်ကနေ တစ်ဆင့် မေးတာရှိပါတယ်၊။ ကျမတို့အိမ်ကေ၇းထားတဲ့ ပို့စ်ကိုလဲ အစအဆုံး မဖတ်ဘဲနဲ့ ဝေဖန်သူ တစ်ယောက်တစ်လေ ကို ကျမသတိထားမိပါတယ် အဲဒီလူကို ကျမ ဂျီတော့ကနေ ပြောပြဘူးပါတယ် ကျမ အဲလိုလူမျိုး ကိုတော့ အသေမုန်းပါတယ်။ေ၇းထားတဲ့ပို့စ်ကို မဖတ်ချင်ရင် လှည့်ပြန်သွားလို့ရတယ် လက်ဘက်ရည် သောက်ပြီး အပြုံးလေးပြပြီး ပြန်သွားလို့ရတယ် ၊ မဖတ်ဘဲနဲ့ ဘရုတ်သုတ်ခ ဝေဖန်တာမျိုးက အချိန်ပေးပြီး ပို့စ်ေ၇းတဲ့လူကို စော်ကားရာ ကြတယ်လို့ ကျမ ယူဆပါတယ်။

မေသူပိုင် က စိတ်ရှည်သော သူတစ်ယောက် မဟုတ်ပေမယ့် ဘုဂလန့်နဲ့ ရန်လိုနေသော သူတစ်ယောက် မဟုတ်ပါ။ အားလုံးကို မိမိစိတ်ထဲက ရှိတဲ့အတိုင်း ပြောတတ်ပြီး ရင်ထဲက ရှိတဲ့ အတိုင်းပြောဆိုတတ်တဲ့ အကျင့်ကြောင့် ခင်မင်သူ မိတ်ဆွေများကြား အဖုအထစ်လေးတွေ အဖြစ်တည်ရှိခဲ့ရင် အမြန်ဆုံး ကင်းဝေးကြပါစေလို့….

ခင်မင်လျက်
မေသူ

ဆက်ဖတ်ရန်...(To Continue)

Friday, August 29, 2008

ထောင့်မှန်ကျနေတဲ့ မျဉ်းနှစ်ကြောင်းက တွေ့ဆုံခြင်းလား၊ ခွဲခွာခြင်လား

ထောင့်မှန်ကျနေတဲ့ မျဉ်းနှစ်ကြောင်းက တွေ့ဆုံခြင်းလား?
ဒါမှမဟုတ် ခွဲခွာခြင်းလား?

ပုံမှာကြည့်မယ်ဆိုရင်
၁။ ထောင့်မှန်ကျနေတဲ့ မျဉ်းနှစ်ကြောင်းလေးက ခွဲနေရာကနေ ထောင့်မှာ သွားပြီး နှစ်ကြောင်းလုံး တွေ့ဆုံတာကို တွေ့နိုင်တယ်။
၂။ တွေ့ဆုံပြီးနေတဲ့ မျဉ်းနှစ်ကြောင်းက ဦးတည်ချက်မတူတဲ့ အရပ်မျက်နှာနှစ်ခုကို တစ်ပြိုက်နက်တည်း ခွဲခွာသွားတာကို တွေ့နိုင်တယ်။

ဒါဆိုရင် (၁) က မှန်တာလား? (၂) က မှန်တာလား?
တကယ်တော့ (၁)ရော (၂)ရော နှစ်ခုလုံး မှန်ပါတယ်။ ကိုယ်စီကိုယ်စီ ရှုထောင့် ကနေ တွေ့ကြည့်ရင် နှစ်ခုလုံး မှန်တာကို တွေ့ရမှာဖြစ်ပါတယ်။

ထိုနည်းတူပဲ ကျွန်တော်တို့ အားလုံးရဲ့ ဘ၀ တွေမှာ ဖြစ်ပျက်နေတဲ့ ပြဿနာ ပေါင်းများစွာ၊ အရှုပ်အထွေးတွေ များစွာမှာ အမှန် အမှား ကို ဆုံးဖြတ်တဲ့ အချိန်ကျရင် .. ကျွန်တော်တို့ အားလုံး လူတော်တော် များများက ကိစ္စတစ်ခုကို ဆန့်ကျင်ဖက် ရှုထောင့် ကနေ မစဉ်းစား ပေးနိုင်ကြပါဘူး။ နားလည် နိုင်စွမ်း မရှိကြပါဘူး။ အားလုံးကို ကိုယ့်ဖို့၊ ကိုယ့်အတွက်၊ ကိုယ့်အမြင်၊ ကိုယ့်အတွေး အစရှိတဲ့ "ငါ" စွဲ နဲ့ ဖုံးလွှမ်းနေပြီး တစ်ခါ တစ်ခါကျရင် တစ်ဖက်သားကို ပစ်မှား မိတာ တွေလည်း ရှိပါတယ်။ တကယ်တော့ လောကကြီးမှာ အမှန်နှင့် အမှားက အမြဲ ဒွန်တွဲ နေပါတယ်။ ဒါပေမယ့် အရာတိုင်းမှာ အားနည်း ချက်တွေ ရှိသလို အားသာချက်တွေ ရှိပါတယ်။ ဘယ်သူမှ အမြဲတမ်း မမှန်နေသလို အမြဲမှန်နေတဲ့ လူတွေကလည်း လုံးဝ မမှားဘူးလို့ မပြောနိုင်ပါဘူး။

ကျွန်တော်တို့ အမြဲတမ်း ဒါမှန်တယ်၊ ဒါမှားတယ် ဆိုတာထက် မတူညီတဲ့ ရှုထောင့် တွေကနေ ခံစားကြည့် တတ်မယ် ဆိုရင်.... တစ်ဖက်သားကို နားလည် ပေးတတ်မယ် ဆိုရင် ...

ကျွန်တော် ယုံကြည်ပါတယ်။ ကမ္ဘာကြီး တစ်နေ့တစ်ခြား ပိုမို လှပ လာမှာပါ။

Tea

မှတ်ချက်။ ။ သူငယ်ချင်းတစ်ယောက်ရဲ့ gtalk msg က philosophical question လေးကို တွေ့လိုက်လို့ ခေါင်းထဲ အတွေးတွေ ပေါ်လာတာနဲ့ ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်။

ဆက်ဖတ်ရန်...(To Continue)

Tuesday, August 26, 2008

Tic Tac Toe ကစားရအောင်

သတိ - စိတ်ခိုင်မှ ကစားပါရန် ကြိုတင် အသိပေးအပ်ပါသည်။

Speaker ဖွင့်ပြီး အသံလေးနှင့် ကစားလျှင် ပို အဆင်ပြေသည်။

ဆက်ဖတ်ရန်...(To Continue)

Sunday, August 24, 2008

ဘလောခ်ဂါနှစ်ဦးနှင့်အစားအသောက်များ

မြန်မာပြည်ဖွား မြန်မာပြည်သား တစ်ယောက် ဖြစ်တဲ့ မေသူတို့ အမိမြေက အစားအစာ များကို အလွန် လွမ်းပါတယ်။ မေသူသည် အစားအသောက် ၀န်းဝန်း တောက် ဆိုတဲ့ အဘွားပြောသော စကားအတိုင်း အစား အသောက်နဲ့ ပတ်သတ်လာလျှင် တစ်အိမ်လုံးနဲ့ ရန်ဖြစ်သည်။ အိမ်မှာ တစ်ခုခု လုပ်စားတဲ့ နေ့များ မေသူတို့က အပြင်ေ၇ာက်နေပြီ ဆိုရင် အိမ်က လူတွေက ကျွန်မကို အိမ် သို့ပြန်လာရန် ဖုန်းတဂွမ်ဂွမ် ဆက်ကြ လေတော့သည်။ ကျမဘို့ ချန်ထားလျှင်လည်း မကောင်းတာ ချန်ထားတယ် ဆိုပြီး အစ်ကို နဲ့ ရန်ဖြစ်လိုက် အစ်မကို ရန်ရှာလိုက် နောက်ဆုံး အိမ်က မွေးထားတဲ့ ကြောင်ကို ရန်ရှာလိုက်နဲ့ လှည့်ရန် ရှာတတ် သောကြောင့်ပင်။ မချန်ထား လျှင်လည်း ပူညံပူညံနဲ့ တစ်နေကုန် စိတ်ကောက်ပြီး တစ်အိမ်လုံးကို လှည့်ပတ် ဂြိုလ်ရှာ နေသောကြောင့် အိမ်ပြန် လာအောင် ဖုန်းတဂွမ်ဂွမ် ဆက်တော့သည်။ တစ်ခါတစ်ခါ ကျွန်မ သဘော တူညီချက်ဖြင့် ”တော်ပြီ ဘွားဘွားရာ သမီး သူငယ်ချင်းတွေနဲ့ ရွှေတြိဂံ (မေမြို့က ကော်ဖီဆိုင်လေးပါ) မှာ ကော်ဖီ သောက်နေတယ် မလာတော့ဘူး။ ဘွားဘွား တို့ဘဲ စားလိုက်ကြတော့“ ဆိုပြီး ကြည်ကြည် သာသာ ခွင့်ပြုသော နေ့များ ရှိခဲ့ဘူးသည်။ သို့သော် အိမ်ေ၇ာက်လျှင် “ဟာ အိမ်က လူတွေ တိတ်ဆိတ် နေပါလား အဆီတွေ ရစ်နေကြတယ်ပေါ့ မေသူတို့ မစားဘူး ဆိုပြီး ရှယ်တွယ် ထားတယ်ပေါ့” ဆိုပြီး မခံချိ မခံသာဖြင့် ငေါ့ပြော တတ်သောကြောင့် တော်ရုံ အိမ်တွင် ဘယ်မုန့်မှ လုပ်မစား ဖြစ်ကြပါ။ အဲဒီလို အစားအသောက်နဲ့ ပတ်သတ်ရင် မေသူတို့က အမြဲ ကွိုင်ရှာတတ်၏။

ကျွန်မ သူငယ်ချင်း များနှင့် ဆုံလျှင် ကော်ဖီဆိုင် ထိုင်သည်၊ အသားကင်နဲ့ ခရုများ သွားစား ကြသည်။ ရန်ကုန်ရောက် လျှင်လည်း ရှိသမျှ သူငယ်ချင်းများကို ဖုန်းဆက်ကာ YKKO ကြေအိုးစားရန် စည်းရုံးသည်။ မနက်စာ မုန့်ဟင်းခါး စားဘို့ လာခေါ် ခိုင်းသည်။ ညနေခင်းတွေ အသုပ် အလုပ်တွေ အစုံစားရန် ဆူးလေ ဘုရားဘက်သို့ ချီတတ်ကြသည်။ (ဆိုင်နာမည် တွေတော့ မမှတ်မိ) အမျိုးရော မတော်ရ သေးသော အမျိုး တစ်ချို့အိမ်က ဖိတ်ကျွေးသော ထမင်းများကို အားမနာ တမ်းစားသည်။ ဘယ်သူမှ ထမင်းစား မဖိတ်တဲ့ နေ့မျိုး ဆိုလျှင် မြေနီကုန်းမှ ဓနုဖြူ ဒေါ်စောရီ ဆိုင်သည် ကျမ စားနေကြဖြစ်သည်။ ထိုဆိုင်သည် အတို့မြှုပ်အစုံအလင် နှင့် ငပိေ၇ကျိုမှာ စားလို့ အလွန်ကောင်း သောကြောင့်ပင် ဖြစ်သည်။ ဟိုတယ်မှာ စားတာထက် ဈေးအလွန် သက်သာပြီး ကျမ စားချင်သော အစားအစာ များကို စိတ်ကြိုက် စားသုံးရသည်။ အဲဒီ မြေနီကုန်မှာ ထင်သည။် ဒဂုံစင်တာေ၇ှ့နားလေးက ၀က်သား ဒုတ်ထိုး ဆိုင်သည်လည်း ကျမ စားနေကျ ဆိုင်ပင်ဖြစ်သည်။ ၀က်သား တုတ်ထိုးသည်က ”ငါတူမရယ် အရမ်းစားလို့ ဗိုက်တွေ နာကုန်မယ်” ဆိုပြီး တရား ချယူရအောင် တောင် မေသူတို့ စားသည်။ ကျမ စားချင်သော ၀က်သားကင်ကို လှီးပေးသော သူပင် အလျင် မမှီပေ။ (အမှန်အကန် စားသုံးသူလေ:P)

အဲဒါပြီးတိုင် စိတ်တိုင်းကျ လက်ဘက်ရည်ဆိုင်မှာ ထိုင်ပြီး အဆီတရစ်ရစ်နဲ့ ဟိုတယ် ပြန်ခဲ့၏။ ဟိုတယ်ေ၇ာက်သောအခါ ခဏတာ မျှနားပြီး အအီ အနှောက်ပြေ လိမ္မော်ရည် မှာသောက်ကာ ခဏနားပြီးတော့ေ၇ဆင်းကူး၏။ ရေတစ်နာရီ လောက် ကူးပြီးတော ဗိုက်က ချောင်သွားပြန်၏။ သူငယ်ချင်း ထက်ခိုင်က ဖုန်းဆက်ကာ ဂွင်တည့်သွား၏။

“ဟေ့မေသူနင်က ငါ့ကိုတောင်အကြောင်းမကြားဘူး”

“အေးဟာ ငါလည်း စားရသောက်ရနဲ့ အလုပ်ရှုပ်နေတယ် ဘယ်သူနဲ့မှတောင် မတွေ့အားသေးဘူး”

“အေးပါ ဟာနင် မေမေက နင့်ကို အီသီယိုးပီးယားပို့ထားတားလားမှမသိတာဟာ”

“နင်အခု၇န်ကုန်ဘယ်မှာနေတာလဲ ငါလာခေါ်လှည့်မယ် မုန့်သွားစားရအောင်” ဟု သူငယ်ချင်း ထက်ခိုင်က ပြောသောအခါ အားနာပါနာနဲ့ဘဲ

“အေးဟာ ငါက နင်အားနာလို့သာလိုက်စားရမှာ ငါ သိပ်စိတ်ပါတာ မဟုတ်ဘူးဟ”

“ငါအခု +++++ မှာနေတယ် နင်ကေ၇ာ အေးအေး ဒါဆိုလမ်းသင့်တယ် ငါတို့စိမ်းလန်းစိုပြေမှာ ၀က်သားတုတ်ထိုး သွားစားရအောင်” တဲ့ (နာမည်မှားချင်မှာလိမ့်မယ် သိပ်မသိဘူး)


အေး ကောင်းသားဘဲ ဟုဆိုကာ ကျမ အ၀တ်အစားလဲပြီး lobby ထဲမှစောင့်နေလိုက်၏။ ကျမ သူငယ်ချင်ကိုမတွေ့တာ ၄နှစ်ကျော်ကျော် လောက်တော့ရှိမယ် ဒီရုပ်တွေတော့ ခွေးချီ သွားတောင်မှတ်မိတယ်ဟု မကြခဏ ပြောဆိုဘူး၏။ ဘာဘဲဖြစ်ဖြစ်သူ၏ ပါဝါထူထူမျက်မှန်ကိုတော့ကျမ မှတ်မိ၏။ ကျမ ကို မမြင်ပါဝါထူမျက်မှန်ကြီးနှင့် ဟိုဟိုဒီဒီကြည့်ပြီး ကျမကိုတစ်ချက်လှမ်းကြည့်ကာ ဧည့်ကြိုကောင်တာမှာ သွားမေးလေ၏။

“ဟဲ့ထက်ကြောင် နင့်က ငါ့ကိုတောင်မမြင်ဘူးလား နင့်ပါဝါကြီးမှ အားမနာ “ဟုသွားရန်တွေ့လိုက်ပြီး ပြောပြောဆိုဆို ထိုလူ၏ကျောကို အုန်းခနဲ့တစ်ချက်ပစ်တီးလိုက်၏။

“ဟာ ဘာလုပ်တာလဲဗျ ခင်ဗျားလူကိုဘလိုင်းကြီးလာတီးနေတာ” ဟာ ဆော်ရီးပါအစ်ကိုရယ် ကျမ ကျမ သူငယ်ချင်းနဲ့မှားသွားလို့ပါသူက လည်းအစ်ကိုလိုဘဲ ခပ်ချောချောမို့ပါ” (စိတ်ထဲက နေတော့ နင်တို့က ရုပ်ဆိုးတာချင်း အတော်တူတာဘဲ ဟုသာပြောလိုက်မိ၏။)
မေသူတို့ပထမဦးဆုံးအကြိမ် မီးခွက်ထွန်းရှာအပြီး စိတ်ရှုပ်သွား၏။ ဒင်း လာကြည့်တွေ့မယ်ဆိုပြီး ကြိမ်းမောင်းပြီး လှည့်အထွက် “ဟဲ့မေသူ” ဆိုပြီး လူတစ်ယောက်လာ နှုတ်ဆက်၏။ ကျွန်မလဲ ဘာလဲဆိုပြီးဂျိုပေးကာပြန်ထိုင်လိုက်၏။ ဟ ငါထက်ခိုင်လေ နင့် ကျွေးမွေးခဲ့တဲ့ ကျေးဇူးမှမထောက် မတွေ့တာ လေးနှစ်ဘဲ ရှိသေးတယ်မေ့သွားပြီလား” ဆိုပြီး ကျမ အား သူ၏ အသံပလုတ်ပလောင်းနဲ့ပြောတော့မှ ဟဲ့နင်ပုလင်းဖင်ကြီးက ဘယ်ေ၇ာက်သွားတာတုန်း ငါက ဘယ်လိုလုပ်မှတ်မိမလဲဟ။
မျက်ကပ်မှန် ပြောင်းတပ်ထားတယ်ဟ ဆိုမှ ကျမ ဇာတ်ရည်လည်သွားတော့၏။

ထက်ခိုင်မှာ သူရုပ်ကို ခွေးမချီဘဲနဲ့တောင် မမှတ်မိသော ကျမ အား ဟားတိုက်ရယ်ကာ စားချင်သော အစားအစာများကို လိုက်ကျွေး၏။ ဖန်ခွက်စက်ရုံဆိုလား ဘာလားမသိဘူး အဲဒီလဲ လိုက်ပို့ ပေးသေးတယ်။ ဒီလိုနဲ့ တစ်နေ့တာ အပြီး ညပိုင်းမှာ အဆီရစ်ပြီးဗိုက်က ဆန္ဒပြတော့၏။ နောက်တော့ မေသူတို့ ချက်တင် တတ်လိုက် အိမ်သာတတ်လိုက်နှင့် အလုပ်ရှုပ်နေ၏။ (ကီးဘုတ်လေးတော့ သနားပါတယ်) အိမ်သာထဲဝင်ခါနီးမှ ဖုန်းဝင်လာလို့ ဖုန်းပြောတော့ အွန်လိုင်းမှ အလွန် ခင်မင်ဖွယ်ကောင်းသော ဘလောခ်ဂါ အစ်ကိုကြီး နှစ်ယောက်၏ ဖုန်းဖြစ်နေ၏။ အစား အသောက်များဖြင့် အလုပ်ရှုပ်နေသော မေသူတို့ အဲကျမှ သူတို့ဆီဖုန်းဆက်ဖို့ မေ့နေတာ သတိရလိုက်၏။ အိုကေလေ အစ်ကို မနက်ဖြန်မနက်ပိုင်းလောက် နေ့လည် စားစားရင် တွေ့ကြတာပေါ့ ဟုဆိုကာ ယနေ့ကိစ္စအတွက် မပြီးမပြတ်သေးဘဲ အိမ် မနက်ဖြန်အတွက်အိမ်သာတတ်ရင်း ကြိမ်းမောင်းလိုက်၏။ သူတို့နေသော ရပ်ကွက်ကိုကျမ မသိ သူတို့ကလဲ ကျမ နေသော နေရာသို့မလာရဲဘူးတဲ့။ မေသူတို့ မနက် စောစောထကာ ဟိုတယ်နား တစ်ဝိုက်လမ်းလျှောက်ရင်းပတ်လိုက်မိ၏။ ဟိုတယ်ကနေ ငါးမီနစ်လောက် လျှောက်သွားတော့ ဈေးပေါက်စလေး တစ်ခုကိုတွေ့၏။ အသီးအနှံ လက်လက်ဆတ်ဆတ်လေးတွေနှင့် စိမ်းစိမ်းဆိုဆိုနှင့် တစ်မျိုးတော့ လှနေ၏။ အသားငါးေ၇ာင်း သူများကလဲ မေတ္တာသုပ်များ ရွတ်နေကြ၏ ဟီးး။ နောက်တော့ အသုပ်ဆိုင်တစ်ဆိုက်ကိုတွေ့၏။ သပ်သပ်ရပ်ရပ်လဲရှိလှ၏။ လူတစ်ချို့လဲစားသောက်နေ၏။ ထို့ကြောင့် မေသူတို့ခုံတစ်ခုတွင် နေရာယူကာ အသုပ်တစ်ပွဲ ငဖယ်ရယ် ဗူးသီးကြော်ရယ် အစုံထည့်ပေးနော်။ ဘဲဥလေးပါ ထည့်ပေးဆိုတော့၊ဈေသည်က ကျမ ကိုတစ်ချက် မော့ကြည့်၏။ ကျမ ပြောသော စကားသံကြောင့် လားတော့မသိ ကျမ ကို ရန်ကုန်က မဟုတ်မှန်းတန်း သိ၏။
အစ်မက ဧည့်သည် ထင်တယ် ? တဲ့ဗမာလူမျိုးတို့ ထုံစံအတိုင်း စတင် စပ်စုလေ၏။ အင်းဟုတ်တယ်။ ကျမ ဧည့်သည်ပါ။ တစ်ပတ်ထဲ လာလည်တာပါ ဆိုပြီး စကားစဖြတ်လိုက်၏။ အစားစားနေရင် စကားမပြောချင်တာ ကျမ အကျင့်မို့ပါ) ခေါက်ဆွဲသုပ်မှာ ချဉ်ငံစပ်သုပ် ပေး သောကြောင့် အရသာအလွန်ရှိ၏ မေသူတို့ နှစ်ပွဲတွယ်လိုက်၏ နောက်ပြီးဘေးနားက ငှက်ပျော်သီးနဲ့ ကောက်ညှပ်ထုပ် သုံးထုပ်အားလည်း အစပ်ပြေစားလိုက်သေး၏။

နောက်ပြီး အဲဒီဘေးနားက ဈေးသည်ထဲက ပန်းသီးတစ်လုံးအားဝယ်ပြီးမေသူတို့ လမ်းတစ်လျှောက် စားလာ၏။ အဲဒီ ပန်းသီး ကုန်သွားတော့ လက်ဘက်ရည် ဆိုင်တွေ့တော့ ကျမ လက်ဘက်ရည် နှစ်ခွက်မော့နေလိုက်၏။ ခဏအကြာမှာ ဘလောခ်ဂါ အစ်ကိုကြီးက ဖုန်းဆက်၏။ ညီမလေးဗိုက်ဆာနေပီလား ? အိပ်ရာထနောက်ကျရင်အစ်ကိုတို့နှောက်ယှက်သလိုဖြစ်မှာဆိုးလို့ စောစောက မဆက်ဖြစ်တာ အခုဗိုက်ဆာနေပြီးလား ဘာစားမလဲ ဆိုကာ ပူပန်သောလေသံနှင့်မေးတော့ အင်း သိပ်တော့မစားရသေးဘူးအစ်ကိုရ အစ်ကိုတို့လာရင်လဲ ထပ်စားရအောင် ချန်ထားသေးတယ။် အစ်ကိုတို့နဲ့ ဘယ်အချိန်တွေ့မလဲဆိုတော့ ခဏနေတွေ့တာပေါ့ ဆိုကာ တတ်စီ မငှားခင်မှာဘဲ တွေ့လိုက်သော ဈေးသည်ကြောင့် တတ်စီမငှားသေးဘဲ ဈေးသယ်အနားသွားပြီး အကဲခတ်လိုက်ရာ ဒညင်းသီးကို ပြားထားပြီး နို့/မလိုင်များဆမ်းထား၏ ပြောပြောဆိုဆို

‘အန်တီ အဲဒါဘယ်လိုေ၇ာင်းတာလဲ ဟင်”

“တစ်၇ာ ဘိုးသုံးခု ပါသမီးရယ် အားပေးပါအုံး” ဟုအသနားခံသည့် လေသံကို ကြားတော့မေသူတို့လဲ အားနာနာနှင့် ဒါဆိုလည်း တစ်၇ာဘိုးပေး အန်တီ၇ာဆိုပြီး စမ်းသပ်ပြီး စားကြည့်လိုက်လေသည်။ အတော်အရသာရှိတာဘဲ ဆိုပြီး နောက်ထပ်တစ်၇ာဘိုး ထပ်မှာပြီးသုံးခု ထပ်စားလိုက်၏။ စုစုပေါင်းခြောက်ခု နှစ်၇ာဘိုးစားသောကြောင့် အဲဒီအန်တီက တစ်ခု အပို ပေးသည်။ ထို့ကြောင့်မေသူတို့ အပီစားကာ တတ်စီငှားပြီး ကြွမြန်း၏။ ဒညင်းသီးစားပြီး ပါစပ်က နံချင်နေသောကြောင့်ကတွင်းရှင်းရန် အိတ်ထဲသို့၇ှာဖွေေ၇းဆင်းသောလည်း မတွေ့ချေ။ ဘေးကိုကြည့်လိုက်တော့ ကားဆ၇ာက ပီကေ ၀ါးနေ၏။

“ဦးလေးဘာတွေစားနေတာလဲ ဟင်”

“ပီကေပါ” ဟုတုန်းတိ ပြန်ပြောသောကြောင့် မကျေမနပ်ဖြစ်သွား၏။ စားအုံးမလား ရှိသေးတယ်။ ဒါမှမဟုတ်လဲ မရှိတော့ဘူးဆိုပြီး တောင် ပြန်မပြောသော ကားဆ၇ာကိုနဲနဲ ဂျိုရွိုင်းလိုက်၏။ ထို့နောက်စတိုးဆိုင်တစ်ဆိုင်ေ၇ှ့ကိုတွေ့သောကြောင့် ခဏရပ်ခိုင်းကာ ပီကေ၀ယ်သော်လည်း ပီကေမရှိသဖြင့် ချောကလပ်ေ၇ခဲမုန့်တစ်ခုဝယ်စားပြီး ကားပေါ်သို့ပြန်တတ်ခဲ့သည်။

ဘလောခ်ဂါ နှစ်ဦးရှိရာကိုသွားပြီးသူတို့ကိုခေါ်ပြီးတော့စားသောက်ဆိုင်တစ်ခုကိုချီတတ်ကြလေ၏။ ဟဲဟဲ နာမည်ကြီးဘလောခ်ဂါ နှစ်ယောက်ကို တွေ့လိုက်ရတော့ အနည်းငယ်တော့အံ့သြမိ၏ ထိုဘလောခ်ဂါ နှစ်ဦးသည် တော်လှန်ေ၇းဘလောခ်ဂါများဖြစ်၏
သူတို့၏ နာမည်အ၇င်းများနှင့် ပင် ပေါ် တင် တော်လှန်ကြသူများ ဖြစ်သည်။ နောက်တစ်ယောက်ကို တစ်ယောက်မိတ်ဆက်ရင်း
အစားအသောက်ကို မေသူက စတင်ဦးဆောင်ကာမှာလေသည။် ပုဇွန်ကင်ပွန်းချဉ်ရည်၊ ၀က်သားနဲ့ ကိုက်လန်ကြော်၊ ငါးပေါင်း၊၀က်နံရိုးကြော်၊ လက်ဘက်သုပ်၊ အကြော်စုံ တစ်ပွဲကလဲ ပါသေးသည် (အကြော်စုံများ မကောင်းလို့သိပ်မစားဘူး) ထမင်းပေါင်း နှင့် တစ်ခြား သောက်စရာများလည်း မှာယူအပြီးမှာ :P ပျော်ပျော်ကြီး စကားပြောကြလေသတည်း။ ဘလောခ်ဂါ နှစ်ဦးက ဘယ်သူလဲလို့ လာမမေးကြနဲ့။ ပုံပန်းသဏ္ဍန်ပြောပြမယ် ခန့်မှန်းကြ အဖြေမှန်သူကို စောစောက ဟင်းပွဲထဲက ၀က်နံရိုးကြော်တစ်တုံးကျွေးမယ်
၂ယောက်လုံးက ဆန့်ကျင်ဘတ်အရပ်အမောင်းရှိတယ်(နှစ်ယောက်စလုံးကလဲ မင်းသားနဲ့တူတယ်)

Aနဲ့Bလို့နာမည်ပေးမယ်နော်
Aက အရပ်က တော်တော်ကိုရှည်တာ အတော်မှတ်မိလွယ်တဲ့အရပ်အမောင်းမျိုးပါ၊
Bကတော့အရပ်ပုတယ်ထဲမှာပါတယ်
Aက အသားက ခပ်ညိုညိုမျက်မှန်က မထီမဲ့မြင် တတ်ပြီး စကားပြောရင်မျက်မှန်ပေါ်ကကျော်ကြည့်၊
B ကတော့အသားကိုတော်တော်လေးဖြူတယ် အသံကလဲတော်တော်ကိုဝဲတယ် (နအဖကိုဆဲတာတော့အတော်လေးကိုပီပီသသဆဲနိုင်တယ် )
Aေ၇ာBေ၇ာနှစ်ယောက်လုံးက စကားပြောတာ လူကြီးဆန်တယ် ဖော်ေ၇ွတယ်၊
Bကတော့ ဂ၇ပ်ဖစ်ပိုင်းမှာနဲနဲ့ကျွမ်းပုံရတယ်သူ့ဘလောခ်မှာဆိုရင် ဂ၇ပ်ဖစ်ပုံဆန်းဆန်းလေးတွေတင်ပြီး ဦးသန်းရွှေကိုဖဲ့တယ်:P
A က တစ်ချက်တစ်ချက်ရုပ်ရှင်မင်းသားနိုင်းနိုင်းလိုလိုဘာလိုလိုနဲ့ :P ချောတော့ချောသား
B ကလဲ အရပ်သာပုတာ သူ့ရုပ်က နေတိုးနဲ့တစ်ချက်တစ်ချက်ဆင်တယ်။
အေနဲ့ဘီ နှစ်ယောက်စလုံးဘလောခ်မှာ နိုင်ငံေ၇းနဲ့ပတ်သတ်တဲ့သတင်းတွေဘဲတင်တယ်
ကဲ အေနဲ့ဘီဘယ်သူလဲဆိုတာ မှန်အောင်ပြောနိုင်သူကို ၀က်နံရိုးကြော်တစ်တုံးကျွေးမယ်

အမှန်အကန်စားသုံးသူ
မေသူ

pS. တီးသည် မေသူထက် ပင်စားနိုင်ပါသည်။ အစာပြေ စားတာကို ပင် ခေါက်ဆွဲခြောက်သုံးထုပ်ပြုတ်စား၏
:P

ဆက်ဖတ်ရန်...(To Continue)

Friday, August 22, 2008

Pattern များနှင့် ကျွန်တော်တို့ဘဝ


ကျွန်တော်တို့ ဘ၀က တကယ်တော့ Pattern တွေနဲ့ ဖွဲ့စည်းထားတာပါ။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ရဲ့ ဘ၀တွေက ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီးထားတဲ့ Pattern တွေနဲ့ ပြည့်နှက်နေပါတယ်။ ဥပမာပေးရရင် ကျွန်တော်ဆိုရင် အခု Fall Semester မှာ ပုံမှန် မနက် ၆နာရီဆိုရင် အိပ်ရာ ထရပါတယ်။ အဲ့ဒီလို တနင်္လာနေ့ကနေ သောကြာနေ့အထိ နေ့တိုင်း အပတ်တိုင်း ၆နာရီ ထိုးရင် ထရတဲ့ Pattern တစ်ခုကို ကျွန်တော်က စခဲ့တော့ ကျွန်တော် အမြဲတမ်း ဒီ Pattern ထဲမှာ လှုပ်ရှားနေရပါတယ်။ နောက်ထပ် ဥပမာ ထပ်ပြောရင် ကျွန်တော် ဘတ်စ်ကားပေါ် တက်ရင် အမြဲတမ်း တံခါးပေါက်က တက်ပါတယ်။ ပြတင်းပေါက် က တက်လေ့ မရှိပါဘူး။ ထို့ကြောင့် ကျွန်တော်ဟာ ထို Pattern အရ အမြဲတမ်း ကျွန်တော် ဘတ်စ်ကား တစ်စီးပေါ် တက်တော့မယ် ဆိုရင် ကျွန်တော့်မှာ တံခါးပေါက်က တက်ပါတယ်။

ထိုနည်းတူ ကျွန်တော်တို့ အားလုံးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေရဲ့ များလှစွာသော Pattern တွေ ကြားမှာ အသက်ရှင်နေ ကြပါတယ်။ ကွန်ပြူတာ ဖွင့်တိုင်း www.blogger.com ကို ဖွင့်တဲ့ Pattern တို့၊ အိမ်ကနေ ထွက်တိုင်း မြင်သမျှ တွေ့သမျှ ကြောင်တွေကို လိုက်ကန်တတ်တဲ့ Pattern တို့၊ အမေ့ဆီက မနက်တိုင်း မုန့်ဖိုး တောင်းတဲ့ Pattern တို့၊ ရည်းစားနဲ့ ရန်ဖြစ်လေ့ရှိတဲ့ Pattern တို့၊ အတန်းတက်တိုင်း အမြဲတမ်း နောက်ကျလေ့ ရှိတဲ့ Patten၊ အ၀တ်တွေကို တစ်လမှ တစ်ခါ လျှော်လေ့ရှိတဲ့ Pattern၊ စာတွေကို မနက်ဖြန် စာမေးပွဲရောက်မှ ကုန်းကျက်တတတ်တဲ့ Pattern၊ ညအိပ်ခါနီးတိုင်း ရေခဲချောင်း စားရမှ ကျေနပ်တတ်တဲ့ Pattern၊ အစရှိသဖြင့် ကျွန်တော်တို့ ဘ၀မှာ Pattern တွေ အများကြီး ရှိပါတယ်။ နံနက်မိုးလင်းတိုင်း ဘုရားအာရုံပြုခြင်း၊ သူတစ်ပါးကို ကူညီခြင်း၊ အိပ်ယာစောစော ထခြင်း၊ အလှူဒါနပြုခြင်း၊ သတ်သတ်လွတ်စားခြင်း၊ သက်ကြီးရွယ်အိုများအား ကူညီခြင်း၊ စတဲ့ ကြည်နူးစရာ ကောင်းတဲ့ Pattern တွေလည်း အများကြီးရှိပါတယ်။

သေချာ စဉ်းစားကြည့်မယ် ဆိုရင် ကျွန်တော်တို့ရဲ့ Pattern တွေကို ဘယ်သူတွေ ဘယ်အရာတွေက ဖန်တီးနေသလဲ ဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။ Pattern တွေမှာ ဆိုးတဲ့အရာနဲ့ ကောင်းတဲ့အရာ ဆိုပြီး နှစ်မျိုးရှိပါတယ်။ အိပ်ယာလေး ထတိုင်း ဆေးပြင်းလိပ်လေးမှ မရှုသွင်းရဘူး ဆိုရင် သေဖို့ပဲ ကောင်းတယ်ဆိုတဲ့ Pattern တွေ၊ ကျောင်းမှာ Bio အချိန်တိုင်းမှာ လစ်လိုက်ရမှ ကျေနပ်နိုင်မယ် ဆိုတဲ့ Pattern တွေ၊ တိုက်အောက်က ဖြတ်သွားသူတွေကို ပုံမှန် နေ့လည် ၁နာရီကျရင် အပေါ်က ရေမလောင်းချရရင် မနေနိုင်ဘူးဆိုတဲ့ Pattern တွေ၊ သူများတကာကို အချိန်တိုင်း ရန်ရှာ အပြစ်တင်နေရမှ ကျေနပ်နိုင်မယ် ဆိုတဲ့ Patten တွေ၊ ၂၄နာရီ လုံးလုံး ညစ်ညမ်းတဲ့ အတွေးတွေကိုသာ စဉ်းစားနေပြီး မိုက်ရိုင်းတာတွေကိုသာ ရေရွတ်နေတတ်တဲ့ Pattern တွေ၊ မာနထုကြီး တစ်လုံးကို ရင်ဝယ်ပိုက်ပြီး တလောကလုံး ငါ့ထက် တော်တဲ့ လူမရှိတော့ဘူးဟေ့ ဆိုပြီး မာန်တက်လေ့ရှိတဲ့ Patten တွေ၊စတဲ့ များလှစွာသော Bad Patterns တွေ လည်း အများကြီး ရှိပါတယ်။ တကယ်တော့ အဲ့လိုမျိုး Patten တွေကိုလည်း ကာယံကံရှင် ကိုယ်တိုင်တွေကသာ ပြုစု ပျိုးထောင် ပေးနေကြတာပါ။ အခြား ဘယ်သူကမျှ လာပြီး မစွက်ဖက်ထားပါဘူး။


Pattern တစ်ခုဆိုတာ စလုပ်ရင်း စလုပ်ရင်းနဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ဘ၀မှာ အမြဲလိုလို လုပ်ဖြစ်သွားပါတယ်။ ပျင်းလို့ လက်အားနေတာနဲ့ စတိုးဆိုင်က ပစ္စည်းလေး အလစ်သုတ်လိုက်လို့ အဲ့ဒီ Pattern ကြီးမှာပဲ ရှင်သန်သွားပြီး နောင်တစ်ချိန်ကျတော့ ဖောက်ထွင်း သမားကြီး အထိ ဖြစ်သွားတတ်ပါတယ်။ ဟိုး ငယ်ငယ်လေးကထဲက ဆေးထိုးအပ်လေးတွေနဲ့ ဆော့ကစား တတ်ပြီး ဆေးပညာ အကြောင်းကို အရမ်းဝါသနာ ပါတတ်လို့ အဲ့ဒီ Patten လေး တစ်ခုထဲမှာ ကြီးပြင်း လာရင်း တစ်ချိန်ကျတော့ လူတွေ အသက်ပေါင်း များစွာကို ကယ်တင်နိုင်တဲ့ ဆရာဝန်ကြီးတွေ ဖြစ်လာကြပါတယ်။ ကျွန်တော် ပြောချင်တာက Pattern တစ်ခု ကောင်းတယ် မကောင်းဘူး ဆိုတာထက် ဖြစ်နေသမျှ ပျက်နေသမျှ Pattern တွေ အားလုံးဟာ ကာယံကံရှင် ကိုယ်တိုင် တွေကသာ အစပြုပြီး အကျိုးဆက်တွေ ဖြစ်ပျက်လာတာပါ။

လူတိုင်းဟာ မိမိတို့ရဲ့ လက်ရှိ Pattern တွေမှာသာ ရှင်သန်လေ့ ရှိပါတယ်။ ခိုင်မာ နေပြီဖြစ်တဲ့ Pattern တစ်ခုကို ပြုပြင်ပြောင်းလဲ ဖို့ဆိုတာ အရမ်းလည်း ခက်ခဲသလို တစ်ခါတစ်လေ ကျရင် မဖြစ်နိုင်ပါဘူး။ Tea ရေ၊ နင် မနက်ဖြန်က စပြီး ကွန်ပြူတာ မသုံးနဲ့တော့လို့။ မေသူက ပြောလာခဲ့ရင် မေသူ့ကို ပြူးပြီး ပါဝါ မျက်စိတွေနဲ့ ကြည့်လိုက်မှာ မမှန်ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ရဲ့ Pattern ကြီးတစ်ခုကို ဖျက်ပစ်လိုက်ပါလို့ လာပြောနေတဲ့ လူကို ဒေါသထွက်လွန်းလို့ ဘေးနားက ပစ္စည်းတွေနဲ့ ကောက်ပေါက်မိမှာပါ။ ထိုနည်းတူစွာ ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ ခိုင်မာနေတဲ့ Pattern တွေကို ဖျက်ပစ်ဖို့ ရပ်ပစ်ဖို့ အရမ်းကို ခဲယဉ်းပါတယ်။ ဆေးလိပ်တွေကို အမြဲသောက်နေတတ်တဲ့ လူတစ်ယောက်ကို "ဟေ့လူ၊ ခင်များ နောက်တစ်ခါ အဲ့ဒီ ဆေးလိပ်ကို ခင်များရဲ့ ဒီပါးစပ်ပေါက်မှာ ကျုပ်တွေ့ရင် ခင်များ မလွယ်ဘူးမှတ်" လို့ သွားပြောလိုက်ရင်တော့ ဖိနပ်ပိုက်ပြီးသာ ပြေးဖို့ ပြင်ထားပေတော့ပဲ။ လူတစ်ယောက်က Pattern တစ်ကို စဖို့ လွယ်ပေမယ့် ပြန်ရပ်ဖို့ကျတော့ ခက်ခဲ့ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ Pattern တွေမှာ ပိုပြီး ဖြစ်တတ်ပါတယ်။

Pattern ကောင်းကောင်းတွေကို လူတွေ သေချာ ရွေးတတ်မယ် ဆိုရင် ကမ္ဘာကြီးက အများကြီး ပိုပြီး သာယာ လှပလာမှာပါ။ ဒီလိုများလှစွာသော ကျွန်တော်တို့ဘ၀တွေရဲ့ Pattern တွေ ကြားမှာ လူတွေအားလုံး မှန်ကန် ကောင်းမွန်တဲ့ Pattern တွေကို ... သေချာ ရွေးချယ်တတ်ပါစေလို့ ဆုတောင်းရင်း ပိုမိုလှပတဲ့ ကမ္ဘာကြီးသို့ လျှောက်လှမ်းဖို့ မျှော်တွေးရင်း တွေးမျှော်ရင်း ...

အားလုံးကို လေးစားလျှက်
Tea

ဆက်ဖတ်ရန်...(To Continue)

ဝမ်းချုပ်ခြင်းအကြောင်းသိကောင်းစရာ


ကျွန်တော်ဒီတစ်ပတ်ဆွေးနွေးချင်တဲ့ topic ကတော့ လူတော်တော်များများမှာဖြစ်လေ့ရှိတဲ့ ၀မ်းချုပ်ခြင်း(constipation) အကြောင်းပဲဖြစ်ပါတယ်။ ကျွန်တော်အမှန်တော့ဒီ topic ကိုနောက်မှ post လုပ်ပြီးတစ်ခြား topic တစ်ခုအရင်တင်လို.ပါ။ ဒါပေမယ့် ဒီဟာက တော်တော်လေး ရေးပြီးသား ဖြစ်နေတာကတစ်ကြောင်း၊ စာမေးပွဲ တစ်ခုရှိတာက တစ်ကြောင်းမို.လို. ဒီအကြောင်းကိုပဲ အရင် တင်လိုက်ပါတယ်။ စာမေးပွဲကြောင့် နောက်တစ်ပတ်မှာ ကျွန်တော် post တင်နိုင်မှာ မဟုတ်တဲ့တွက် အားလုံးကို တောင်းပန်ပါတယ်။ ဒါကြောင့် ဒီ topic ကိုပဲ အတိုးချပြီး ခပ်ရှည်ရှည် ရေးလိုက်ပါတယ်။

ဝမ်းချုပ်တယ်ဆိုတာ ရောဂါတစ်ခု မဟုတ်ပါဘူး။ ရောဂါလက္ခဏာ (symptom) တစ်ခုသာ ဖြစ်ပါတယ်။ ဘယ်သူမဆိုသူတို.ရဲ.ဘ၀တစ်ကွေ.ကွေ.မှာ ၀မ်းချုပ်တယ်ဆိုတဲ့အဖြစ်ကိုကြုံကြရမှာပဲဖြစ်ပါတယ်။ ဒါရှက်စရာလုံးဝမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်ထဲဖြစ်မှာမှမဟုတ်တာ။


ဝမ်းချုပ်တာက အများအားဖြင့် ယာယီပဲဖြစ်တတ်ပါတယ်။ ပုံမှန်ဆို သိပ်ဆိုးရွားလေ့ မရှိပါဘူး။ စိတ်ပူစရာလည်း သိပ်မရှိပါဘူး။ တစ်ချို. ရောဂါတွေနဲ. တွဲနေတတ်တဲ့ ၀မ်းချုပ် တာတွေသာ ဆိုးဆိုးရွားရွား လက္ခဏာ ပြတာပါ။ ၀မ်းချုပ်စေတဲ့ အကြောင်းအရင်း တွေ ၊ ဘယ်လိုကုသမလဲဆိုတာ နဲ. ဘယ်လို အတတ်နိုင်ဆုံး ကာကွယ်မလဲဆိုတာတွေကိုနားလည် သဘောပေါက်ရင် ဒီပြဿနာ ကို အလွယ်တကူ ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။ ဘယ်လို ဖြေရှင်းမလဲ ကြည့်ရအောင်။


ဝမ်းချုပ်တယ်ဆိုတာ အကြမ်းအားဖြင့် တစ်ပတ်ကို (၃) ခါထက်နည်းပြီး ၀မ်းသွားတာကို ဆိုလိုပါတယ်။ ဒီလို ၀မ်းချုပ်ပြီ ဆိုရင်တော့ မစင် (stool သို.မဟုတ် feces) ဟာမာပြီး ခြောက်သွေ.နေမယ် ၊ အတုံး သေးသေးလေးတွေ ဖြစ်နေတတ်ပြီး အူမကြီးနဲ. အစာဟောင်း အိမ်ထဲမှာ ပြည့်သိပ် ကြပ်ညှပ်နေတဲ့အတွက် အလွယ်တကူ ၀မ်းမသွားနိုင်ပဲ ဖြစ်နေလိမ့်မယ်။ Bristol University ကထုတ်ထားတဲ့ Stool Chart (wikipedia ကယူထားတာပါ) လေးကို ကြည့်ရင် Type1 နဲ. Type2 က၀မ်းချုပ်ပြီးထွက်လာတဲ့ stool တွေပဲဖြစ်ပါတယ်။ တစ်ကယ်ဝမ်းချုပ်နေတဲ့ လူတစ်ယောက်ဟာ ၀မ်းသွားတဲ့အခါ နာကျင်တတ်ပြီး အားညှစ် ထုတ်ရ တတ်ပါတယ်။ ပြီးရင် သွားရတာ အားမရဖြစ်ပြီး မအီမသာ ဖြစ် ကျန်ရစ်တတ်ပါတယ်။

တစ်ချို.လူတွေရှိတယ်။ သူတို.ကတစ်နေ.တစ်ခါ ၀မ်းမသွားရရင်ကိုပဲ ၀မ်းချုပ်ပါပြီဆိုပြီး ထိုင်အော်နေတဲ့ လူတွေလေ။ ၀မ်းသွားတယ် ဆိုတာနေ.တိုင်း သွားနေမှပုံမှန် ဖြစ်တယ်လို. မဆိုနိုင်ပါဘူး။ အမှန်တော့ ပုံမှန် ၀မ်းသွားတာ (bowel habit) က (၃)ရက် တစ်ခါ (သို.မဟုတ်) တစ်ပတ်ကို (၃) ခါ သွားရင် ပုံမှန်လို. ပြောနိုင်ပါတယ်။ ဒါက လူပေါ်မှာပဲ မူတည်တယ်။ ကိုယ့် habit နဲ. ကိုယ်ပဲ။ တစ်ချို.ဆို မနက်မိုးလင်းတာနဲ. အိမ်သာကို အရင်ပြေးပြီ။ တကယ်လည်း ၀မ်းသွားတယ်။ ဒါမျိုးကိုဝမ်းမှန်တဲ့လူလို.ပြောရမှာပေါ့။ တစ်ချို.ကျတော့ မိုးလင်းလည်းမပါ၊ မိုးချုပ်လည်းမသွားနဲ.ကြုံရင်ကြုံသလိုသွားတဲ့လူတေလည်းရှိတယ်။ ဒီလိုလူတွေက ၀မ်းသွားတဲ့အချိန်သတ်သတ်မတ်မတ် မရှိဘူး၊ ၀မ်းချုပ် ဖို. Chance ပိုများပါတယ်။ အလုပ်အရမ်းများ ပြီးစိတ်ဖိစီး တဲ့လူတွေမှာတွေ.ရတတ်ပါတယ်။
ဝမ်းချုပ်ခြင်း ရဲ. ဖြစ်ကြောင်းကုန်စင်ကိုမပြောခင်မှာ လူတွေရဲ. အစာခြေအဖွဲ. (digestive system) ထဲကို အစာတွေ ဘယ်လို ဖြတ်သန်းပြီး ၀မ်းဘယ်လို ချုပ်သွားသလဲဆိုတာ ကြည်.ကြရအောင်။ စားလိုက်တဲအစာတွေဟာ ပုံမှာပြထားတဲ့အတိုင်း အစာမျိုပြွန်(esophagus)၊ အစာအိမ် (stomach)၊ အူသိမ်(duodenum, jejunum, ileum) တွေကိုဖြတ်သန်းပြီး အူမကြီး (caecum, colon)ဆီကိုရောက်ပါတယ်။ အစာတွေဟာအူတွေရဲ. ပုံမှန်ကျုံ.ခြင်း၊ဆန်.ခြင်း (rhythmic contraction and relaxation) ကြောင်.ရှေ.နောက်ရွေ.လျားပြီး ရှေ.ကိုတဖြည်းဖြည်းရောက်လာကြပါတယ်။ ဒါကို peristalsis လို.ခေါ်ပါတယ်။

ဒီလိုနဲ.အူမကြီး (colon)အရောက်မှာ ဇာတ်လမ်းစပါပြီ။ အူမကြီး colon မှာ ပုံပါအတိုင်း ascending colon, transverse colon, desending colon နဲ. sigmoid colon ဆိုပြီးရှိပါတယ်။ Colon ရဲ. Function ကတော့ သူ.ဆီရောက်လာတဲ့ တစ်ဝက်တစ်ပျက်ချေဖျက်ပြီးဖြစ်တဲ့ အစာတွေကနေ ရေဓာတ်အသင့်တင့် ကိုစုပ်ယူဖို.ပါပဲ။ ဒီလိုစုပ်ယူပြီးကျန်ရစ်တဲ့ ပစ္စည်းတွေကိုတော့ stool လို.ခေါ်လို.ရပါပြီ။ ဒီ stool တွေကိုမှ တစ်ဖြည်းဖြည်း အစာဟောင်းအိမ် (rectum) ဆီအရောက်တွန်းပို.ပေးမှာဖြစ်ပါတယ်။ Rectum အရောက်မှာတော့ stool တွေကမာပြီး အခဲဘ၀ရောက်နေပါပြီ။ ဒါပုံမှန်ဖြစ်စဉ်ပါ။ တကယ်လို. Colon မှာ contraction သိပ်မရှိလို. ချေဖျက်ပြီးအစာတွေဟာ colon ကိုဖြတ်တာကြာတယ်ဆိုရင် colon ကလည်း ဘယ်ရမလဲ ရေတွေအကုန်စုပ်ထားလိုက်မှာပေါ့။ ဒါဆိုရင် ဖြစ်လာတဲ့ stool တွေကပိုမာပြီးကျစ်ကုန်တာပေါ့။ ဒီအခါမှာ stool မာမာကြီးတွေကိုစွန်.ထုတ်ရတာအခက်တွေ.ပြီ။ ၀မ်းချုပ်တာဒီမှာစပြီပဲ။

အခု ၀မ်းချုပ်တာကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေကိုပြောပါမယ်။

• ရေသောက်နည်းခြင်း
• အစာကိုကျေညက်စွာမ၀ါးခြင်း
• အမျှင်ဓာတ်(fiber) နည်းပါးတဲ့အစားအစာများများစားခြင်း
• ၀မ်းသွားချင်တာကို ရပါသေးတယ် ဆိုပြီးအောင့်ထားခြင်း
• လှုပ်ရှားမှုနည်းခြင်း
• ကိုယ်ဝန်ကြောင့် ဟော်မုန်းပြောင်းအလဲဖြစ်ပြီး ၀မ်းချုပ်ခြင်း
• ဖျားနာတဲ့အတွက် ၀မ်းချုပ်ခြင်း
• ဆေးဝါးတစ်ခုခုကြောင့် ၀မ်းချုပ်ခြင်း
• ရေမြေအပြောင်းအလဲကြောင့် ၀မ်းချုပ်ခြင်း
• ၀မ်းနှုတ်ဆေးပုံမှန်သောက်နေ၍ အူတွေပုံမှန်အလုပ်မလုပ်တော့လို. ၀မ်းချုပ်ခြင်း (Lazy Bowel Syndrome)
• အူထဲမှာ ကင်ဆာအကျိတ် (tumor) ဖြစ်ပြီးကျဉ်းနေခြင်း

ဒီအချက်တွေကိုအခြေခံပြီး ၀မ်းချုပ်တာကိုကာကွယ်တဲ့နည်းလမ်းတွေ ကျွန်တော်ဆက်ပြောသွားပါမယ်။

ကိုယ့်ကိုကိုယ် ၀မ်းချုပ်တတ်တယ်ထင်ရေများများသောက် ပေးတာအကောင်းဆုံးပါပဲ။ ရေသောက်တဲ့အတွက် colon ထဲကခြောက်နေတဲ့ stool တွေကိုရေထည့်ပေးသလိုဖြစ်ပြီး stool မာမာ ခြောက်ခြောက်ကြီးတွေ မဖြစ်စေတော့ပါဘူး။ ၀မ်းသွားရတာ လွယ်ကူစေမှာပဲဖြစ်ပါတယ်။ သောက်ရေအပြင် သစ်သီးဖျော်ရည်တွေ နေ.စဉ် သောက်ရင်လည်း ကောင်းပါတယ်။ ဒါပေမယ့် ကော်ဖီ တို.၊ အရက်တို.ကို များများ သောက်မယ်ဆိုရင်တော့ ၀မ်းချုပ်တာကို ပိုဆိုးစေမှာဖြစ်ပါတယ်။

အမျှင်ဓာတ်(fiber) နည်းပါးတဲ့အစားအစာများများစားတဲ့လူတွေဟာ ၀မ်းပိုချုပ်ကြပါတယ်။ fiber နည်းတဲ့အစာတွေကတော့ အဆီဓာတ်ပါဝင်တာများတဲ့ ဒိန်ခဲ၊ ရေခဲမုန်.၊ဥ၊အသားအမျိုးမျိုး နဲ. အသင့်စား အစားအစာတွေပဲဖြစ်ပါတယ်။ လျော့စားဖို.ပြောတာမဟုတ်ပါဘူး၊ အမျှင်ဓာတ်များများပါတဲ့ အစားအစာတွေနဲ.မျှစားဖို.ပါ။ ဟင်းသီးဟင်ရွက်၊ အသီးအနှံ နဲ.အစေ့အဆံတွေမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါပါတယ်။ ဒီအမျှင်ဓာတ်ကဘာလို.ကောင်းလဲဆိုတော့ သူ.ကိုအစာအိမ်နဲ. အူတွေက မချေဖျက်နိုင်ဘူးလေ။ ဒီတော့ အမျှင်တွေနဲ. အစာတွေရောပြီးအစာလုံး (food bolus) ကြီးဖြစ်သွားရော။ အစာလုံးကြီးက အူတွေကိုကောင်းကောင်းလှုံ.ဆော်ပေးပြီး မြန်မြန်ရှေ.ကိုတိုးသွားနိုင်ပါတယ်။ ဒါ့ကြောင့်ဝမ်းချုပ်ရင် ဆေးအရင်မသာက်ဘဲ အရင်ဆုံး အမျှင်ဓာတ်ပါတာ များများ စားကြည့်သင့်ပါတယ်။

နောက်တစ်ခုက ၀မ်းသွားချင်ရင် အောင့်ထားတတ်တဲ့ အကျင့်ကို ဖျောက်ပါ။ တစ်ချို.လူတွေက တစ်ခုခုကို စိတ်ဝင်စားပြီဆိုရင် အဲဒါကိုပဲအာရုံစိုက်လုပ်ပြီး အဲ့ဒီအချိန်မှာ ၀မ်းသွားချင်လာပြီ ဆိုရင်မသွားပဲအောင့်ထားလိုက်တယ်။ ပြီးမှသွားမယ်ပေါ့၊ အဲဒါပြီးရင် မသွားချင်တော့ဘူး။ ဒီလိုနဲ. အလွယ်တကူ မသွားနိုင်ဖြစ်ပြီး ချုပ်ပါလေရော။ နောက်လည်း ဒီအကျင့်က မဖျောက်နိုင်ပဲ ဆက်ဖြစ်သွားတော့တာပဲ။ Bowel habit ပြောင်းသွားတာပေါ့။ ဒါမျိုးက ကလေးတွေမှာပိုဖြစ်တတ်တယ်။ ဂိမ်းဆော့တဲ့အချိန်တို.၊ ရုပ်ရှင်ကြည့်တဲ့အချိန်တွေမှာဆို သူတို.ကအောင့်ထားပြီးဆက်ကြည့်တတ်ကြတယ်။ ဒါကပြင်ရင်ရပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းရင်လည်း ၀မ်းချုပ်စေပါတယ်။ အိပ်ယာပေါ်လဲနေတဲ့ နာတာရှည်လူနာတွေမှာ ၀မ်းပိုချုပ်တာ တွေ.ရပါတယ်။ တစ်ချို.ဆေးတွေက၀မ်းပိုချုပ်စေပါတယ် ၊ ဥပမာ- Antacid မှာ calcium, aluminum တွေပါလို. ၀မ်းပိုချုပ်နိုင်ပါတယ်။ တစ်ချို. စိတ်ငြိမ်ဆေးတွေ၊ သံဓာတ်ပါတဲ့ အားဆေးတွေကလည်း ၀မ်းချုပ်စေပါတယ်။ နောက်တစ်ခါ ခရီးထွက်လို. ရေမြေအပြောင်းအလဲဖြစ်ရင်လည်းဝမ်းချုပ်တတ်ပါတယ်။ ကြုံဖူးတဲ့သူတွေဆိုသိမှာပါ။ ၀မ်းချုပ်တာကို ဒီအတိုင်းထားလို. ဘယ်လိုမှဝမ်းမသွားဘူးဆိုရင် ဆေးသောက်တာတစ်ခုခုတော့လုပ်ရပါလိမ့်မယ်။ ၀မ်းသွားချင် စိတ်မရှိဘဲ အတင်းသွားအောင်ဆိုပြီး အိမ်သာထဲအကြာကြီးသွားညှစ်နေရင်တော့ နောက်ဆက်တွဲ အနေနဲ. (Hemmorhoid) ဆိုတဲ့လိပ်ခေါင်းရောဂါဖြစ်လာပါလိမ့်မယ်။ stool ထဲမှာ သွေးတွေ ပါလာပါလိမ့်မယ်။ တစ်အား အားစိုက်ပြီး ညှစ်လိုက်လို.စအိုကွဲ(Anal Fissure) သွားတဲ့သူတွေ မနည်းပါဘူး။ ဒါကြောင့် ၀မ်းချုပ်တာကို လစ်လျူရှုမထားသင့်ပါဘူး။

ဝမ်းချုပ်ပြီဆိုရင် ၀မ်းနှုတ်ဆေးအစား အမျှင်ဓာတ် supplement (Bulk Forming laxatives) တွေကိုအရင်ဆုံးသောက်ကြည့်နိုင်ပါတယ်။ Metamucil, Citrucel စတဲ့ fiber supplement တွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဆရာဝန် prescription မပါဘဲ (OTC- Over The Counter) အနေနဲ.၀ယ်လို.ရပါတယ်။ ဒီဆေးနဲ.မရရင် Stool Softener (Docusate Sodium) (၀မ်းပျော့ဆေး) ကိုသောက်ကြည့်ပါ၊ သူလည်း OTC drug ပါပဲ။ ဒီဆေးတွေနဲ.မရဘူးဆိုမှ ၀မ်းနှုတ်ဆေး ( Saline Laxatives) တွေကိုသောက်ကြည့်သင့်ပါတယ်။ ၀မ်းနှုတ်ဆေး ထဲမှာအသုံးများတာ Milk of Magnesium (MoM) ပါပဲ။ ဒီဆေးတွေအကုန်လုံးမှာ mild side effect တွေရှိပါတယ်၊ ဥပမာ-ဗိုက်ရစ်နာတာ၊ မအီမသာဖြစ်တာ၊ ရေနဲ.ဓာတ်ဆားဆုံးရှူံးတာ၊ဗီတာမင်နဲ. အခြားဆေးတွေကိုအူကနေ စုပ်ယူမှုကျစေတာ…စသည်ဖြင့်ပေါ့။ ဒါကြောင့်သတိနဲ.တော့သောက်ဖို.လိုမယ်။ အရမ်းဆိုးဆိုးဝါးဝါး ၀မ်းချုပ်ပြီဆိုရင် ၀မ်းချူတဲ့နည်း(Enema)ကိုသုံးရပါမယ်။ (Suppository Route) စအိုထဲကိုဝမ်းချူတောင့်ထည့်ပြီးချူမှာပါ။ ဒီဝမ်းချူတောင့်တွေမှာ များသောအားဖြင့်အဆီ Glycerin ပါဝင်ပြီး ရေတွေကို rectum ထဲစုစေပြီး stool တွေနဲ.တွေ.ပြီးဝမ်းပျော့စေတဲ့အတွက် မသွားနိုင်တဲ့ ၀မ်းတွေထွက်လာပါလိမ့်မယ်။

နောက်တစ်ခုက ကျွန်တော်အပေါ်မှာပြောခဲ့သလို ၀မ်းနှုတ်ဆေးတွေ ကိုအရမ်းအရမ်းမသောက်သင့်ပါဘူး။ နည်းနည်းလေးဝမ်းချုပ်တာနဲ. ၀မ်းနှုတ်ဆေးသောက်ရင် ရေရှည်မကောင်းဘူး။ အူတွေက ၀မ်းနှုတ်ဆေးကလှုံ.ဆော်မှပဲ လှုပ်တော့တယ်။ ကျန်တဲ့အချိန်မှာ ငြိမ်နေတာပဲ။ လူတွေအပျင်းထူသလို အူကလည်း အပျင်းထူသွားတာလေ။ ကောင်းရော။ ၀မ်းနှုတ်ဆေး မသောက်ရင် မလှုပ်တော့ဘူး။ မလှုပ်တော့ချုပ်တယ်။ ချုပ်တော့သောက်တယ်။ သောက်ပါများ လေမလှုပ်လေပဲ….. ၀မ်းနှုတ်ဆေး သံသရာထဲ လည်သွားရော။ အဲဒါ Lazy Bowel Syndrome လို.ခေါ်တယ်ဗျ။ ဒီလိုဖြစ်ရင် ဖြည်းဖြည်းချင်းဆေးပြန်ဖြတ်ရတယ်။ အမေရိကန်နိုင်ငံမှာလည်း ၀မ်းချုပ်တဲ့လူတွေများပါတယ်။ ဘယ်လောက်များလဲဆိုရင် တစ်နှစ်ကို စုစုပေါင်း ဒေါ်လာ ၇၂၅ သန်းဟာဝမ်းနှုတ်ဆေးနဲ. ၀မ်းပျော.ဆေးတွေဝယ်ဖို.အတွက်ကုန်ကျကြတယ်ဆိုပဲ။ များလိုက်တဲ့ပိုက်ဆံတွေပါလား။ ၀မ်းနှုတ်ဆေးထုတ်ရင် သူဌေးဖြစ်မယ်ထင်တယ်။




နောက်ဆုံးနေနဲ. အကျဉ်းချုပ်ရမယ်ဆိုရင် ၀မ်းချုပ်တဲ့အခါ အပေါ်မှာပြောခဲ့တဲ့အတိုင်း fiber diet တွေကိုမှန်မှန်စား ၊ရေများများသောက်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်၊ ၀မ်းသွားချင်ရင်သွားလိုက်၊ အောင့်မထားနဲ. (အိမ်သာထဲမှာနော်) ၊ fiber supplement ကိုအရင်သောက်ပါ၊ ၀မ်းနှုတ်ဆေးကို အရမ်းအားမကိုးပါနဲ.။ ဒါတွေကိုသာသေချာလိုက်လုပ်မယ်ဆိုရင် တော်တော်နဲ.၀မ်းမချုပ်တော့ဘဲ ချုပ်ရင်လည်းသက်သက်သာသာ လွယ်လင့်တကူဖြေရှင်းနိုင်မှာပါ။

ရေးတာတော်တော်ရှည်သွားပြီ။ ကိုယ့်ဟာကိုယ်ပြန်ဖတ်တာတောင် ငြီးငွေ.လာတယ်။ တော်လောက်ပြီလို.ထင်ပါတယ်။ နားစို.။

ဒေါက်တာရမ်းကု

ဆက်ဖတ်ရန်...(To Continue)

Thursday, August 21, 2008

တရုတ်စာ စားကြမယ်


ဟိုတစ်ခေါက်က တီးက ကြေးအိုးတွေ ဘာတွေ ချက်ပြတော့လဲ ပေဖူးလွှာတို့ အားကျမခံ တရုတ်ညဈေးတန်းလေးကို တင်လိုက်ပါတယ်။ ဘေဂျင်းအိုလံပစ်ကျင်းပနေတော့လဲ တရုတ်ညဈေးတန်းဈေးသည်တို့အတွက် အခွင့်ကောင်းပဲပေါ့။ စားသောက်ဆိုင်တွေမှာတော့ ခွေးသားကို တားမြစ်ထားပါတယ်။ လမ်းဘေးဈေးသည်တို့ကတော့ ရောင်းချင်ရာရောင်းမှာပေါ့နော်။ သူငယ်ချင်းတစ်ယောက်ပို့ပေးလို့ ရထားတဲ့ ဓါတ်ပုံတွေပါ။ အောက်က caption လေးတွေတော့ ဖြည့်ထားတယ်။ စားရတာ ပိုအရသာရှိအောင်လို့။ အဟိ။ စာဖတ်သူတို့ စားရဲရင်တော့ ပေဖူးနဲ့ လိုက်ခဲ့။ အဆိပ်တောက်ရင်တော့ တာဝန်မယူပါနော်။ :D
ကြည့်လိုက်ကြစို့။

ဒါကတော့ သိပ်မဆိုးသေးဘူး။ ရန်ကုန်မှာလဲ ရှိပါတယ်။ ပြည်ကြီးငါး၊ ခရုတွေ၊ စားချင်ရင် ကြော်ပေးမယ်၊ ကင်ပေးမယ်။ အဟိ



ကဲ.....ကင်းမြီးကောက်မျိုးစုံ တုတ်ထိုး။


အကောင်တွေ စုံသားပဲ။ ဂျလွတ် ဂျလွတ်



ဟိုက်ရှားပါး ရေနဂါးတောင် အလွတ်မပေးပါလားကွယ်။




အမဲသားနဲ့ မြင်းသား စွတ်ပြုတ်။



ကင်းမြီးကောက်။ တီးကောင်အမျိုးတစ်ချို့။ ပိုးဟပ်လိုလို အကောင်တွေ။ ဒါတွေကို ကိုယ့်ပါးစပ်ထဲ ထည့်ပြီး တကျွတ်ကျွှတ်နဲ့ ၀ါးမှာနော်။ အဟင့်။



ချောကလက်ကလေးတွေ တန်းစီ။ အဲ ဟုတ်ပေါင်။ ကင်းမြီးကောက်လေးတွေ တန်းစီ။ :P အဟိ



ပုတ်သင်ညို ခြေထောက်လေးတွေ။ သူတို့မှာ ခေါင်းတောင် မညိတ်လိုက်ရရှာဘူး။



ခွေးဦးနှောက် စွတ်ပြုတ်တဲ့။ တယ်ရီယာလား အယ်ဇေးရှင်းလား ခွေးဝဲစားလား။ :P



ဆိတ်အဆုတ်တဲ့နော်။ ပွစိ ပွစိ နေမှာပဲ ငရုတ်သီးပါတော့ ရှုးရှဲ ရှုးရှဲ ပွစိ ပွစိ :P


ခွေးအသည်းနဲ့ ဟင်းသီးဟင်းရွက်များ။ ပေါင်းထားတာ ထင်တယ်။
အသည်းတောင်းတဲ့ လူတွေအတွက် ပွဲကြီးပွဲကောင်းပေါ့။



မြွေကင်တဲ့နော်။ ဒီလူတွေ ခရီးရှည်တော့မှာပဲ။


ဒါတွေကို ဖဲ့စားနော်။ ကိုက်စားရင်တော့ မတွေးဝံ့စရာပဲ။ စူးကုန်မယ်။ အဟိ။


ရှေးလူကြီးအဆိုအရတော့ မဟုတ်က ဟုတ်ကတွေ လျှောက်စားရင် အူမကြီးကင်ဆာဖြစ်တတ်တယ်တဲ့။ ဟုတ်မဟုတ်တော့ ကိုရမ်းကုကို မေးကြည့်ရမယ်။
ကဲ စာဖတ်သူတွေကော ၀ါးရဲလား။

ပျော်ရွှင်ကြပါစေနော်။
ပေဖူးလွှာ


ဆက်ဖတ်ရန်...(To Continue)

Multi-distributors News Box ဖွင့်လှစ်ခြင်း



ဟုတ်ကဲ့။ ကျွန်တော်အခုပဲ MyHome16 ရဲ့ Multi-distributors News Box ကို Blog ရဲ့ အပေါ်ပိုင်းနားမှာ ထားပြီး ဖွင့်လှစ်လိုက်ပါပြီ။ ဤ သတင်း Center တွင် စာဖတ်သူများပါ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ပြီး သတင်းများကို အားလုံးနှင့် မျှဝေနိုင်စေရန် ရည်ရွယ်ပြီး ထည့်သွင်း ပေးလိုက်ခြင်း ဖြစ်သည်။ ကျွန်တော့်အိမ်မှ အိမ်သူ အိမ်သား များတင်မက တခြားသော သတင်း အထွေထွေကို စိတ်ဝင်စားသည့် ကျွန်တော့်အိမ်၏ စာဖတ်ပရိသတ် များပါ ပါဝင် နိုင်ရင်လည်း ရည်ရွယ် ထားပါသည်။ ယခု လက်ရှိ ဤသတင်း Center ကို လူတိုင်း လွတ်လပ်စွာ ရေးသားနိုင်ရန် ဖွင့်ပေးထားပါသည်။ နောက်ပိုင်းတွင် Group တစ်ခု ဖွဲ့ပြီး User names များ Passwords များဖြင့် အဖွဲ့ဝင်များကို ပေးကာ News Group သတင်းထောက် အဖွဲ့တစ်ခု ဖွဲ့စည်း သွားမည် ဖြစ်ပါသည်။ မြန်မာ စာဖတ်သူများ အားလုံး မြန်မာ့သတင်းများ ပါမက ကမ္ဘာ့သတင်းများပါ ရင်းနှီး ကျွမ်းဝင်စေရန် အဓိက ရည်ရွယ်ပါသည်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်၏ စိတ်ပါ ၀င်စားဖွယ် ကောင်းသော သတင်းများ ကို စုစည်း သွားခြင်းဖြင့် စုပေါင်းလိုက်သော အခါ စုံလင် ကောင်းမွန်လှသော သတင်း Center တစ်ခုကို ဖန်တီး နိုင်မည်ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့သည် မိမိတို့ တစ်ဦးတည်းဖြင့် ပြီးပြည့်စုံသော အရာတစ်ခုကို ဖန်တီး နိုင်လိမ့်မည် မဟုတ်ချေ။ စည်းလုံးမှုသည် အင်အား တစ်ခုဖြစ်သည်။

စာဖတ်သူအားလုံး၏ သတင်းများကိုလည်း စောင့်ဆိုင်းနေမည် ဖြစ်ကြောင်း ...

လေးစားလျှက်
Tea

ဆက်ဖတ်ရန်...(To Continue)

Monday, August 18, 2008

အဆုံး၏ နိဒါန်း



“တိမ်ခေါ်ရာနောက်ကို
လိုက်ခဲ့ရတဲ့
ကြိုးမဲ့စွန် (သူ )အတွက်
အားကိုးစရာဆိုလို့ 
လေ(သူမ)ပဲရှိတယ်၊၊”

သူမအားသူ သိပ်မြတ်နိုးမိသည်ကို သူမ၏ အိမ်သစ်ကလေးရှေ့ မှ သူမအတွက်ရည်စူးပွင့်ခဲ့ရရှာသော နှင်းဆီပန်းစည်းလေးများက သူ့ အစားသက်သေခံအဖြစ်
အခိုင်အမာရပ်တည်ကြပေလိမ့်မည်၊၊


“အချစ်ဆိုတာပေးဆပ်ခြင်းလား
ရယူခြင်းလားဆိုတာ
လူတွေအဖြေရှာစီစစ်နေစဉ်မှာပဲ
သူနဲ့ သူမ
နှလုံးသားနှစ်စုံကတော့
ကမ္ဘာ ခြား ဆက်သွယ်မှုဧရိယာပြင်ပသို့ 
ရောက်ခဲ့ရသည်”

“မဖြစ်နိုင်ဘူး” အခေါက်ခေါက် အခါခါ ရွတ်ဆိုငြင်းဆန်မှုနဲ့ အတူ မဖြစ်နိုင်တာများဖြစ်သွားတာ အလင်းထက်ပင် မြန်ဆန်လွန်းပေသည်၊၊

“တစ်နေ့ တစ်လံပုဂံဘယ်မရွေ့ ” ဆိုပေမယ့်
မင်းထွက်သွားတဲ့နေရာက
ပုဂံလဲမဟုတ်လေတော့
တစ်နေ့ တစ်လံရွေ့ ဖို့ ဆိုတာ
အားအင်ဆုတ်ယုတ်မိတာကတော့
အမှန်ပါပဲကွယ်..”

ည၏လေနုအေးများသူ၏ပါးပြင်ပေါ်ကလူကျီစယ်သယောင်…
သူအခုရောက်နေသည်က မြို့ ပြ၏ အမြင့်ဆုံးအထပ်၊၊
တစ်ခုတည်းသောဆုတောင်းက Car Accident ကြောင့်သေဆုံးခဲ့ရသော သူမ၏ ကမ်းမည့်
ဖြူလွှလွှလက်တစ်စုံ…


“မင်္ဂလာဆောင်” ဆိုတဲ့ ဆိုင်းဘုတ်ကို
ပြောင်းပြန်လှန်
“ဈာပန” ရဲ့ 
နာမည်ပေးကင်ပွန်းတပ်ပွဲ
ကျင်းပမည်၊၊
နှစ်ဖက်သော မိဘများ
ကြွရောက်ချီးမြှင့်လှည့်ပါ”…





ခင်မင်လျက်
အိမွန်တာ

မှတ်ချက် ၊၊ ၊၊ အခုတလောစာတိုလေးတွေရေးချင်စိတ်ပေါက်လို့ ဒီစာတိုလေးရေးဖြစ်ခဲ့ပါတယ်၊၊

ဆက်ဖတ်ရန်...(To Continue)

အဖြည့်ခံ


နင်နဲ့ ပတ်သတ်လာရင်
နင့်ကစားချင်တဲ့ အရုပ်ကလေးဖြစ်ဖို့ 
ပုံသွင်းအသုံးတော်ခံလေ့ရှိတဲ့ 
တစ်ဝက်တစ်ပျက်
မပြီးသေးတဲ့ငါ့ပုံကို
ကြည့်လို့  ရီလှည့်ပါဦး၊၊


နင်နဲ့ ပတ်သတ်လာရင်
ကြိုးမဲ့စွန်တစ်ကောင်လို
လေ(နင်)ခေါ်ဆောင်ရာ
မျက်စိစုံမှိတ် စီးနင်းလိုက်ပါတတ်တဲ့
ငါ့ရဲ့ ဆောက်တည်ရာမရ လွင့်နေပုံကို
လှောင်ရယ်လို့ ပြုံးပါဦး၊၊


နင်နဲ့ ပတ်သတ်လာရင်
တံတားတစ်စင်းလို
ဝပ်စင်းလို့ လမ်းခင်းတတ်တဲ့
ငါ့ပုခုံးတွေကို
ခပ်ဆောင့်ဆောင့်နင်းလို့ 
အပြုံးသဲ့သဲ့ အသိအမှတ်ပြုပါဦး၊၊


နင်နဲ့ ပတ်သတ်လာရင်
ကံဆိုးသူတစ်ယောက်လို
အစစ်မရခဲ့တဲ့ငါ
နင့်အမုန်းတွေကို အတုဖြစ်ပါစေလို့ 
အကြိမ်ကြိမ် တိတ်တဆိတ်ဆုတောင်းသံတွေကို
နားယောင်လို့  ပျက်ရယ်ပြုပါဦး၊၊

ခင်မင်လျက်
အိမွန်တာ

မှတ်ချက်၊၊ ၊၊ဒီအပတ်ကဗျာလေးက အဖြည့်ခံတစ်ယောက်ရဲ့
ရင်နင့်ခံစားချက်ကို ဖွင့်ဟထားပါတယ် …အားပေးနော် ..:D

ဆက်ဖတ်ရန်...(To Continue)

နှစ်ပေါင်းများစွာ သိုလှောင်ထားရခြင်း


တစ်ခါက ပန်းခြံတစ်ခုမှာ ယောက်ျားရုပ်တုနဲ့ မိန်းမရုပ်တု နှစ်ခု ရှိသတဲ့။ သူတို့နှစ်ခုကို မျက်နှာချင်း ဆိုင်ထားတာ နှစ်ပေါင်းမနည်းတော့ဘူး။ တစ်နေ့မှာ အချစ်နတ်သား မြှားနတ်မောင်က ရုတ်တု နှစ်ခုကို တွေ့သွားပြီး မင်းတို့ နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ငေးမောနေတာ နှစ်ပေါင်း မနည်းတောဘူး။ မင်းတို့ကို သနားလို့ ဒီနေ့တော့ ၁၅မိနစ်လောက် ငါ အသက် သွင်းပေးလိုက်မယ်။ ကြိုက်တာလုပ်တော့ ဆိုပြီး အသက်သွင်းပေးလိုက်သည်။

အသက်ဝင်သွားတဲ့ ရုပ်တုနှစ်ခုဟာ ၀မ်းသာအားရ ချုံတစ်ခုထဲ ပြေးဝင်သွားသည်။ ၁၀ကြာ ပြန်ထွက်လာတဲ့ သူတို့ကို မြှားနတ်မောင်က ၅မိနစ် ကျန်သေးကြောင်း ပြောလေသည်။ ထိုအခါ သူတို့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ပြုံးကြည့်ပြီး ချုံထဲ နောက်တစ်ကြိမ် ပြေးဝင် သွားကြသည်။

ဒီတစ်ခါတော့ ချုံထဲကနေ မိန်းမ ရုပ်တုရဲ့ အသံကိုကြားလိုက်ရသည်။ ပြောလိုက်ပုံက .. ကဲ.. ဒီတစ်ခါ ရှင့်အလှည့်.. ဒီ ခိုကို ကျွန်မ ချုပ်ထားပေးမယ်.. ခိုခေါင်းပေါ် တက်ပြီး ရှင်.. မစင် စွန့်ချချည့်..

:P

Source : mmcp
Update at Source : mmcp's source came from MaNaingNaing's blog

ဆက်ဖတ်ရန်...(To Continue)

Sunday, August 17, 2008

Fallingwater House of Frank Lloyd Wright


ဒီတစ်ပတ်တော့ ဖရန့် လွိုက် ရိုက် (Frank Lloyd Wright) ရဲ့ ရေတံခွန်အိမ်(Fallingwater House) အကြောင်း ပြောမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တစ်လတောင် နောက်ကျသွားပါ၏။ နွေရာသီ အတန်းက အက်ဆေးတွေ၊ ပေပါတွေနဲ့ အလုပ်များနေလို့။ ကျောင်းပြီးပြီးချင်း နောက်တစ်ရက်ကျတော့လည်း မြန်မာပြည်ကို ၁၀ရက်လောက် ကြွမြန်းတော်မူ နေပြန်ရော။ ပြန်ရောက်တော့ ပစ္စည်းတွေရှင်း၊ လူကြုံတွေလိုက်ပို့နဲ့ ရှုပ်နေတာ။ တဘက်ခါ ကျောင်းပြန်မဖွင့်ခင်တော့ ပို့စ်တစ်ခုတော့ အပြီးတင်မှပဲဆိုပြီး ရေးလက်စ ကောက်ရေးလိုက်ပါတယ်။ ကျွန်တော့်ပို့စ်ကိုလည်း တင်နိုးနိုးနဲ့ စောင့်ဖတ်နေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်းပါ။ ကျွန်တော်ရေးရင် အချိန်တော်တော် ယူရေးရပါတယ်။ တစ်ခါတစ်လေ ပို့စ်တစ်ခုတင်ဖို့ တစ်ရက်လုံး ကြာတတ်တယ်။ အချက်အလက်တွေ မှန်မမှန်၊ အရေးအသား အဆင်ပြေမပြေ အကုန်ပြန်စစ်၊ စာဖတ်သူတွေ မရှင်းနိုင်ဘူး ထင်ရင် ပြန်ပြင်၊ ဒီကြားထဲ ဗိသုကာဝေါဟာရ ကလည်း မြန်မာလိုမသိဆိုတော့ ချာလပတ်ကို ရမ်းနေတာပဲ။ အဲဒါတောင်မှ ရေးတာက ထစ်ငေါ့ချင်သေး။ ဒါကြောင့်မို့ ပို့စ် တစ်ခုတင်မယ်ဆိုရင် တော်တော်စဉ်းစားယူရတယ်။ နည်းနည်းရေးလိုက်၊ အီလေးဆွဲလိုက်၊ ကျောင်းစာလုပ်လိုက်၊ စိတ်ရှုပ်လာရင် ရပ်ထားလိုက်နဲ့ တီးအော်တော့ မှ လန့်လန့်နိုးပြီး ကမန်းမတန်း အချောသတ်ရတယ်လေ။ ဟီးဟီး။ ကဲ အကြောင်းပြချက် တွေလည်း များပြီ။ ပြောရမယ့် ဗိသုကာ အကြောင်း စ ရအောင်။

ဒီရေတံခွန်အိမ်ကို အက်ဒ်ဂျာ ဂျေ ခေါ့ဖ်မင်း (Edgar J. Kaufmann) နေအိမ်လို့လည်း သိကြပါတယ်။ ရေတံခွန်အိမ် ဆိုပြီးတော့ လူသိ ပိုများ တာပေါ့။ ၁၉၃၅ ခုနှစ်မှာ နာမည်ကျော် အမေရိကန် ဗိသုကာပညာရှင် ဖရန့် လွိုက် ရိုက် က စီးပွားရေးလုပ်ငန်းရှင် ခေါ့ဖ်မင်း အပ်တဲ့အတွက် ဒီဇိုင်းဆွဲပေးတာ ဖြစ်တယ်။ နွေရာသီ မိသားစု စံအိမ် ဖြစ်ပါတယ်။ သူတို့ အရင် နွေရာသီ စံအိမ်က သေးပြီး ပတ်ဝန်းကျင် ဆူညံတာကြောင့် တိတ်ဆိတ်တဲ့ သဘာဝ ပတ်ဝန်းကျင်ရှိတဲ့ နေရာမှာ ရွေးဆောက်တာပါ။ ပင်ဆီဗေးနီးယား ပြည်နယ် (Pennsylvania) မှာ ဆောက်လုပ်ထားတာဖြစ်ပြီး ပစ်စ်ဗဗ်(Pittsburgh) မြို့ရဲ့ အရှေ့တောင် မိုင်၅၀မှာ တည်ရှိပါတယ်။ ကမ္ဘာကျော် တိုမ်း (Time) မဂ္ဂဇင်း က ရိုက် ရဲ့ အလှပဆုံး ဒီဇိုင်းလို့ချီးကျူးပြီး စမစ်ဆိုးနီးရမ်း (Smithsonian) မဂ္ဂဇင်းကတော့ အချိန်မနှောင်းခင် သွားလေ့လာရမယ့် နေရာတစ်ခု အဖြစ်သတ်မှတ် ထားပါတယ်။

ခေါ့ဖ်မင်း မိသားစုကတော့ ရိုက်(Wright)ဆွဲပေးတာ ရေတံခွန် မြင်ကွင်းပါမယ့် အိမ်ပုံစံ ထွက်လာမှာပဲလို့ တွက်ထားတာ၊ တစ်ကယ်လည်းထွက်ရော၊ ဟော ပြောင်းပြန်။ ရေတံခွန်ပေါ် ရောက်နေရော။ ရေတံခွန် မြင်ကွင်းကို ပြတင်းပေါက်က လှမ်းမမြင်နိုင်ဘူး။ ရေစီးကျသံတော့ အသေအချာ ကြားတာပေါ့။ ရိုက် က ဘာပြောလဲ ဆိုတော့ “ရေတံခွန်နဲ့ အတူ ထဲထဲဝင်ဝင် နေစေချင်တယ်၊ ရေတံခွန်ကို သတိရမှကြည့်လိုက် တော်ကြာမေ့လိုက် မဖြစ်စေရအောင်” တဲ့။ ကဲ ပြီးရော။ သူက သဘာဝသမားလေ။ အခုခေတ်လိုပဲ ထူးထူးဆန်းဆန်း ဆောက်တော့မယ် ဆိုတော့ လူတွေအကုန် စိတ်ဝင်စား ကြတာပေါ့။

ဒီဇိုင်းကို ရိုက် ကိုယ်တိုင်ရေးပြီး ၁၉၃၆ခုနှစ်မှာ ပင်မအိမ်ကို စတင်ဆောက်လုပ်ပါတယ်။ ဆောက်လုပ်ရေး စ တော့ ခေါ့ဖ်မင်း၊ ရိုက် နဲ့ ဆောက်လုပ်ရေး ပညာရှင်တွေနဲ့ ပြဿနာ တက်ပါသေးတယ်။ ခေါ့ဖ်မင်းက ရိုက်ရဲ့ ဒီဇိုင်းကို အတိုင်ပင်ခံ အင်ဂျင်နီယာတွေကို ပြန်လေ့လာ စစ်ဆေးစေပါတယ်။ သူက ရိုက်ရဲ့ သံကူကွန်ကရစ် နည်းပညာ အသုံးချမှုကို သံသယ ရှိလို့ပါ။ စစ်ဆေးတွေ့ရှိချက်တွေ ထွက်လာတော့ ရိုက်က ကန့်ကွက်ပြီး ခေါ့ဖ်မင်းကို ချက်ချင်းပဲ သူ့ပုံစံအတိုင်းသာဆောက်ဖို့နဲ့ မဟုတ်ရင် သူဒီပရောဂျက်ကနေ ပြန်ရုတ်သိမ်းမည် ဖြစ်ကြောင်း သတိပေးပါတယ်။ (ကဲ ကြည့်ပေတော့၊ ဗိသုကာပညာရှင်နဲ့ အင်ဂျင်နီယာတွေကြား ပြဿနာ၊ ကျွန်တော် ပြောဖူးပါတယ် ဗိသုကာ အကြောင်း ရှင်းတုန်းက) ဒါနဲ့ အိမ်ရှင်လည်း တောင်းတောင်းပန်ပန်နဲ့ အင်ဂျင်နီယာရဲ့ တင်ပြချက်တွေကို ဆောက်လက်စ အိမ်ထဲမှာ အပြီးအပိုင်ကို ထည့်မြုပ်လိုက်ပါလေရော။ ခေါ့ဖ်မင်း ပူရင်လည်း ပူချင်စရာ။ ရေတံခွန်ပေါ်မှာ ဆောက်တယ် ဆိုတာလွယ်တာမှ မဟုတ်တာ။ ပြီးတော့ ၁၉၃၆ နော်၊ အခုခေတ်လို စက်ကိရိယာ တွေက ခပ်ရှားရှား။


ဆောက်နေတုံးလည်း ပြဿနာပေါင်း သောင်းခြောက်ထောင်။ ကွန်ထရက်တာ (ဆောက်လုပ်ရေး လုပ်ငန်း ကြီးကြပ်သူ) ဝေါလ်တာ ဟောလ် (Walter Hall) ကလည်း အင်ဂျင်နီယာ။ သူကလည်း ကိုယ်ဟာကိုယ် တွက်ချက်ပြီး ပထမထပ် ကွန်ကရစ် ကြမ်းပြင်ကို သံကူများများ ယူဖို့ ပြောတယ်။ ရိုက်က လက်မခံ။ နောက်တော့ ဟောလ်က သံကူကို နှစ်ဆ တိတ်တိတ်လေး ထည့်လိုက်တယ် ဆိုပဲ။ တစ်ချို့ ကြတော့ ခေါ့ဖ်မင်းက တောင်းဆိုလို့ သူ့ရဲ့အတိုင်ပင်ခံ အင်ဂျင်နီယာတွေ ပြန်ပြင်ဆွဲခိုင်းပြီး ရိုက် ခွင့်ပြုတဲ့ သံမဏိ အရေအတွက်ထက် နှစ်ဆတိုး ထည့်လိုက်တယ်တဲ့။ ဒီဆတိုး ထည့်လိုက်တဲ့ အလေးချိန်တိုးစေရုံသာမက တစ်ခုနဲ့တစ်ခု ကပ်နေအောင်ထည့်ထားလို့ ကွန်ကရစ်က ၄င်းတို့ကြား မပြည့်နိုင်ဘူးဖြစ်သွားပြီး ကြမ်းပြင်ရဲ့ ထောက်ကန်အားကို နည်းသွား စေတယ်။ အဲတော့ အောက်ထိန်း အနည်းငယ်သာရှိတဲ့ cantilever ကြမ်းပြင်က အိကျရော။ (Cantilever ဆိုတာ ဒေါင်လိုက် ထောက်ကန်အား နည်းနည်းနဲ့ အလျားလိုက် မျက်နှာပြင်ကို ပိုထိုးထွက်ထားခြင်းပါ။ ရေကူးကန်တွေမှာ အပေါ်အောက် ရမ်းတဲ့ ဒိုင်ဗင်ထိုးစင်သိတယ်ဟုတ်၊ အဲ့လိုမျိုး ပုံကိုပြောတာ၊ ရှင်းရတာခက်ပါပေ့၊ သိရင်ကူရှင်း ပေးကြပါဗျ) အဲ့လိုပဲ structural problem တွေငြင်းကြ ခုန်ကြနဲ့ ဆောက်လိုက်တာ တစ်နှစ်နေတော့ ပင်မအဆောက်အအုံ ပြီးသွားတယ်။



ဆောက်လုပ်တဲ့အချိန်မှာ ကုန်ကျငွေ $ ၁၅၅,၀၀၀. အိမ်က $ ၇၅၀၀၀၊ အပြီးသတ်နဲ့ ပရိဘောဂ က $ ၂၂၀၀၀၊ ဧည့်သည်ဆောင်၊ ကားဂိုဒေါင်၊ အလုပ်သမားဆောင်က $ ၅၀၀၀၀၊ ဗိသုကာပညာရှင်ဖိုးက $ ၈၀၀၀ ပါ။ လွန်ခဲ့တဲ့ ၇၂နှစ်က တန်ဖိုးနဲ့ ယခု ငွေကြေးဖောင်းပွမှုနှုံးနဲ့ ဆိုရင် $ 2.3 မီလီယံ ကျပါတယ်။

ခေါ့ဖ်မင်း မိသားစုက ၁၉၃၇ ကနေ ၁၉၆၃ အထိ အသုံးပြုသွားပါတယ်။ ၁၉၆၃ခုနှစ်မှာ ခေါ့ဖ်မင်းက အနောက် ပင်ဆီဗေးနီးယား ထိန်းသိမ်းစောင့်ရှောက်ရေး (Western Pennsylvania Conservacy) အဖွဲ့ကို လှူဒါန်းလိုက်ပါတယ်။ ၁၉၆၄မှာ ပြတိုက်အနေနဲ့ လူထုကို ဖွင့်လစ်ပေးခဲ့ပြီး ဇန်န၀ါရီ ၂၀၀၈ အထိ လူပေါင်း သန်း ၅၀ နီးပါး လာရောက် လေ့လာခဲ့ ပြီးဖြစ်တယ်။ တစ်နှစ်ကို လေ့လာသူ ၁၂၀,၀၀၀ ကျော် ရှိပါတယ်။ ရေတံခွန် ပေါ်မှာ ဆောက်ထားတဲ့ အတွက် စိုစွတ်မှုဒဏ်နဲ့ မှိုပြဿနာတွေကြောင့် တော်တော် ထိန်းသိမ်းရပါတယ်။ ရိုက်ရဲ့ cantilever ကြမ်းပြင်ကလည်း သူထင်ထားသလို မဟုတ်ပဲ ပြဿနာတွေ တွေ့တဲ့အတွက် ပြန်လည် ပြုပြင်ရပါတယ်။ ယာယီထောက်ကူတိုင်တွေ တပ်ဆင်ပြီး cantilever ကြမ်းပြင်တွေကို post-tensioned concrete နဲ့ ထိန်းသိမ်းရပါတယ်။ ဒါတွေအားလုံးကို အထက်ပါအဖွဲ့ကပဲ မူလ ဒီဇိုင်းပုံစံတွေကို အသေးစိတ် ပြန်လေ့လာ၊ အဆောက်အအုံ ဖွဲ့စည်းပုံတွေကို ပြန် remodel လုပ်၊ ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်တွေ ကိုဆွဲ၊ စီမံကိန်းချပြီး လုပ်ဆောင်သွားပါတယ်။






ဒီရေတံခွန်အိမ် က ရိုက်ရဲ့ မြောက်မြားလှစွာသော masterpiece တွေထဲက တစ်ခုပေါ့။ အိမ်ရဲ့ ကြီးကျယ်ခမ်းနားမှု၊ လှုပ်ရှားသက်ဝင်မှု၊ အံသြဖွယ် သဘာဝ ပတ်ဝန်းကျင်နဲ့ ပူးပေါင်း ဆက်စပ် မြှင့်တင် နိုင်မှု တွေကြောင့် နာမည်ကြီးခြင်း ရခြင်းဖြစ်တယ်။ ရိုက်ရဲ့ ရှိရှိသမျှ အသေးစိတ် ဒီဇိုင်း တွေ အနုစိတ်ဆွဲထားတာကို ပုံတွေမှာ တွေ့မြင်နိုင်ပါတယ်။ အိပ်ခန်းတွေကို သေးသေးနဲ့ မျက်နှာကျက်နိမ့်နိမ့် လုပ်ထားပါတယ်တဲ့။ လူတွေကို အိပ်ခန်းထဲမှာ မနေစေချင်ပဲ ကျယ်ဝန်းပြီး စကားလက်ဆုံကျလို့ ကောင်းတဲ့ အခန်းတွေ၊ ပြန့်ပြူး တဲ့ ၀ရံတာတွေမှာ ပိုနေစေချင်ပြီး သဘာဝကို ခံစားစေချင်လို့ ထင်ပါတယ်။ အိမ်အတွင်း အပြင်အဆင်အစ ပရိဘောဂအဆုံး အသေးစိတ်ကို ရိုက်ကိုယ်တိုင် ခံစားရေးဆွဲသွားတာပါ။





အိမ်နေရာ အနှံ့ ကြားရတဲ့ ရှင်သန်လှုပ်ရှားနေတဲ့ ချောင်းရေစီးသံ၊ သဘာ၀၀န်းကျင်၊ ဒေသတွင်းထွက် တွေနဲ့ သာ လုပ်ထားတဲ့ ကျောက်နံရံ နဲ့ အနီးအနားရှိ သဘာဝကျောက်တောင်တွေနဲ့ ဆင်တူတဲ့ ကျောထောက်ကန် ထိုးထွက်နေတဲ့ ရင်ပြင်တွေဟာ အလွန်ကိုပဲ ပနံသင့်လှပြီး ညီညွတ်နေပါတယ်။ အိမ်တစ်ခုလုံး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်မှုက ရိုက်ရဲ့ သဘာဝဆန်မှု အပေါ် စိတ်ဝင်စားကြောင်း ပေါ်လွင်ပါတယ်။ ဒီဇိုင်းက ကြီးမားကျယ်ဝန်းတဲ့ ပြတင်းတံခါးတွေနဲ့ ၀ရံတာတွေကို အလေးပေးထားပြီး ပတ်ဝန်းကျင်နဲ့ နီးစပ်နေမှုကို ရယူထားပါတယ်။ ခံစားမှုအထွတ်အထိပ် ဖြစ်စေမယ့်နေရာကတော့ အဆောက်အအုံကနေ အောက်မှာ စီးဆင်းနေတဲ့ ရေတံခွန်ကို အရောက် တိုက်ရိုက်ပို့ပေးမယ့် အတွင်းလှေကားပဲဖြစ်ပါတယ်။ နောက်ပြီးတော့ ဧည့်သည်ဆောင်နဲ့ ပင်မဆောင်ကို ဆက်သွယ်ပေးတဲ့ ”ပေါင်းကူးတံတား” ကလည်း ရေတံခွန်ကို ငေးမောရင်း အလွမ်းပြေ လျှောက်ချင်စရာလေးပါပဲ။ အားလုံးချုံပြီးပြောရရင် ရိုက်ရဲ့ ရေတံခွန်အိမ်က သဘာဝတရားနဲ့ အလွန် ဆက်စပ်မှုရှိတဲ့ အလျောက် အေးချမ်းပြီး လူကို အပန်းပြေစေပါတယ်။ သူ့ရဲ့ ဗိသုကာအစွမ်းနဲ့ ရေးဆွဲသွားခဲ့တဲ့ ဒီအိမ်ဟာ မွန်းကျပ်တဲ့ မြို့ပြမှာနေထိုင်ရတဲ့ သူတွေအဖို့ ထွက်ပြေးလွတ်မြောက်ရာ နေရာတစ်ခုပေပဲပေါ့။ သဘာဝကျောက်ဆောင် ကနေ ထိုးထွက်လာသယောင် ထင်ရတယ့် ကဗျာဆန်ပြီး စိတ်ကူးယဉ်ချင်စရာကောင်းမယ့် ဒီရေတံခွန်အိမ်ကို စာဖတ်သူတွေ အခွင့်ကြုံရင်သွားလည်ကြည့်ကြပေါ့။ ကျွန်တော်တော့ မလည်ရသေးဘူး။ လည်ဖို့ စိတ်ကူးတော့ရှိတယ်။

ကဲဒီတစ်ခေါက်တော့ ဒီမှာပဲ ကျေနပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ အိမ်ရဲ့ ၃ဖက်မြင် ပုံစံကို google earth ရှိရင် ရှာပြီး ရှုစားတော်မူကြပေါ့ဗျာ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။
လာမည်ကြာမည်…
လင်းစစ်သူ

စာကြွင်း။ ။Fallingwater ကို ကပ်ရေးရပါမယ်။ falling နဲ့ water ကို space မခြားရပါဘူး။ google earth မှာ space ခြားရှာရင် ယူအက်စ် က အိမ်ကိုမရောက်ပဲ ယူကေကို ရောက်သွားလိမ့်မယ်။
အသေးစိတ်ထပ်သိချင်ရင် www.fallingwater.org ကိုသွားကြည့်ပါ။ ကျေးငှက်သံတွေ၊ ရေတံခွန်သံတွေက သင့်ကို ဆီးကြိုနေပါလိမ့်မယ်။ လည်ချင်ရင် ticket info တွေလည်းအဲဒီမှာ ရှိပါတယ်။
အထက်ပါအကြောင်းအရာများကို www.fallingwater.org နဲ့ wikipedia တို့မှ ကိုးကားပါတယ်။

ဆက်ဖတ်ရန်...(To Continue)

Green Tea နှင့် သင်၏ကျန်းမာရေး


ကျွန်တော်က တီးရဲ. website အသစ်မှာ Tea (လက်ဖက်ရည်ကြမ်း) ရဲ. အကြောင်းကို ပထမဦးဆုံး ရေးမှာ ဖြစ်ပါတယ်။ Tea ရဲ. လူသားတွေကို ဘယ်လို အကျိုပြုသလဲဆိုတာကိုပေါ့။ Tea ကိုတော့ လူတိုင်း ကြိုက်ချင်မှ ကြိုက်လိမ့်မယ်၊ ဒါပေမယ့် လူတိုင်းတော့ သောက်ဖူးမှာပါ။ တီးအပါအ၀င် myhome16 က သူငယ်ချင်း တွေရောTea ကို ကြိုက်ကြရဲ.လား? တစ်ချို.က Tea ရဲ. ဖန်ခါးခါး အရသာကို မကြိုက်ကြဘူးဗျ။ အရသာကို အဓိကမထားဘဲ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် Tea ဟာ အရမ်းအသုံးဝင်တယ် ဆိုတာ တွေ.ရပါလိမ့်မယ်။ ဒါတွေကိုဆွေးနွေးကြစို.။

ကမ္ဘာပေါ်မှာ Tea အမျိုးအစား ပေါင်းများစွာ ရှိပါတယ်။ ဥပမာ- Green Tea, Black Tea, Oolong Tea…စသည်ဖြင့်ပေါ့။ ဒီ Tea တွေထဲကမှ အခု တစ်ကမ္ဘာလုံးမှာ ခေတ်စားနေတဲ့ Green Tea အကြောင်းကို အလေးပေးပြီး ပြောသွားပါမယ်။ Tea တွေ အကုန်လုံးမှာ Carbohydrate, Protein, Fat တစ်စေ့မှ မပါဘူး။ ဒီတော့ weight လျော့ချင်တဲ့သူတွေ အတွက် အရမ်း ကောင်းတာပေါ့။ ဒီစာဖတ်သူ တွေထဲမှာ fatty ပုတ်တွေ မရှိဘူးလို.မပြောနိုင်ဘူးလေ။ ကိုတီး ကိုကြည့်ပါလား၊ အခုမှ ပိန်သလိုလို၊ လိန်သလိုလိုဖြစ်လာတာ။
အရင်ကဆို ……….(ဓာတ်ပုံ ကြည့်ချင်ရင်ပြော၊ send ပေးမယ်…..ဟီးဟီး…စတာ) ဆက်ရအောင်။ Tea ကကိုယ်ခန္ဓာရဲ.ဇီဝဖြစ်စဉ် (metabolic rate) ကို မြန်စေပြီး ပိုလျှံတဲ့ calorie တွေကို လောင်ကျွမ်းစေတဲ့ အတွက် အဆီတွေ စုပြီး ၀မလာတော့ဘူး ပေါ့ဗျာ။ ကျွန်တော် ဖတ်ဖူးတဲ့ ဆောင်းပါး တစ်ခုမှာဆိုရင် weight လျှော့ချင်ရင် မနက်မိုးလင်း အိပ်ယာထရင် Green Tea ၁ ခွက် ပုံမှန်သောက်ပါ ဆိုပဲ။ သောက်ကြည်ကြပေါ့။

နောက်ပြီးTea (အထူးသဖြင့်Green Tea) ကဒီနေ.ခေတ်အခါမှာ ကင်ဆာရောဂါ ကုတဲ့နေရာမှာတောင် အသုံးဝင်နေပြီဆိုပဲ။ တချို.ဆေးသိပ္ပံပညာရှင်တွေရဲ.အဆိုအရ Tea ဟာ cancer cell တွေပွားတားကို လျော့ကျစေတဲ့ အပြင် ရှိပြီးသား cancer အကျိတ် (tumour) တွေရဲ. size ကိုလည်း သေးသွားစေပါတယ်တဲ့။ ဒါဟာ တစ်ကယ်ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဆေးလိပ်သောက်တဲ့ သူတွေရဲ. အဆုတ်cancer ဖြစ်တဲ့နှုန်းက U.S. က ဆေးလိပ် သောက်သူတွေ အဆုတ်ကင်ဆာဖြစ်တာရဲ. တစ်ဝက်ပဲ ရှိတယ် ဆိုတာပါပဲ။ အဖြေကတော့ ဂျပန်က လူတွေက နေ.တိုင်း လက်ဖက်ရည်ကြမ်း ပုံမှန် သောက်ကြလို.ပဲ။ သူငယ်ချင်း တို.လည်း Tea ပုံမှန် သောက်ကြပေတော့။ အစာအိမ် cancer ကိုလည်း Green Tea က အမှန်တကယ် လျော့ချ ပေးနိုင်ပါတယ်။ ရှိသေးတယ်။ Green Tea ရဲ.အနှစ်(extract) ကိုလိမ်းရင်နေရောင်ခြည်ရဲ. UV ray ကြောင့် ဖြစ်တဲ့ အရေပြား ရောဂါတွေကို ကာကွယ်နိုင်တယ်။ ဒါကြောင့်အလှကုန်ပစ္စည်းတွေမှာ Green Tea ကိုထည့်ကြတာလေ။ Tea (Green Tea) ရဲ.မူလ origin က အရှေ.တိုင်း က တရုတ် ၊ ဂျပန်ကစတာ။ အခု Western မှာ Green Tea က တော်တော် နာမည်ကြီးနေပြီ။


Green Tea က ကိုယ်ခံအား (immunity) ကို တက်စေတယ်ဆိုရင် ယုံဖို.ခက်သလို၊ ပြန်ပြောဖို. တော်တော် ခက်လိမ့်မယ်။ ဒါက လောလောဆယ် စမ်းသပ်ဆဲပါ။ ဒါပေမယ့် HIV ပိုးရှိတဲ့ လူနာတွေကို Green Tea တိုက်ပြီး စမ်းကြည့်တော့ HIV ပိုးတွေ ပွားတာကို လျော့နည်းစေလို. အခုဆိုတစ်ချို.ဆေးကုဌာနတွေမှာ Green Tea ကို HIV အကူး စက်ခံ လူနာတွေမှာ combination therapy တစ်ခုအနေနဲ. ထည့်သုံးနေကြပြီ။ လက်ဖက်ရွက်မှာ Fluoride ဓာတ်တော် တော်ပါပါတယ်။ ဒါကြောင့် သွားပိုးစားတာကိုကာကွယ်တယ်။ ပါးစပ်ထဲက bacteria တွေကို သေစေတော့ အနံ.ဆိုးတွေကိုမဖြစ်စေပါဘူး။ Listerine တောင် မလိုတော့ဘူး။ အဟီး။ အကြမ်း အားဖြင့် ပြောမယ်ဆိုရင် Green Tea က နှလုံးသွေးကြောကျဉ်း ရောဂါ၊ ဆီးချိုရောဂါ၊ အသည်းရောဂါ၊ အာရုံကြော ပျက်စီးတဲ့ ရောဂါတွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးပါလိမ့်မယ်။ မတတ်နိုင်ရင်တော့ ရောဂါဖြစ်မှာပေါ့ဗျာ။ Tea မှာ ထူးခြားတာက အခုခေတ်စားနေတဲ့ Antioxidant ဆိုတဲ့ ဓာတ်တိုးဆန်.ကျင်ပစ္စည်းပါလို.ပဲ။ ဒီပစ္စည်းက ကိုယ်ခန္ဓာက cell တွေ ပုံမှန်ပျက်စီးတာကိုဟန်.တားပေးတဲ.ပစည်း။ ဒီ cell တွေ မပျက်စီးတော့၊ အရွယ်မတိုင်ခင် အိုမင်းတာတွေမဖြစ်တော့ ၊ မကောင်းပေဘူးလားဗျာ။ ဒါကြောင့် နုပျိုချင်ရင် Green Tea သောက်ကြပါဗျို.

…..။ ဒုက္ခပဲ၊ ဒီ topic ကိုဖတ်ပြီး Green Tea ကြော်ငြာ ထင်သွားဦးမယ်။ ကောင်းတာတွေချည်းပဲ ရေးနေရတော့၊ တန်ဆေး လွန်ဘေးဆိုသလို-- မကောင်းတာလေး နည်းနည်းလောက်ရေးလိုက်ဦးမယ်။ Tea ကို အများကြီး (ဥပမာ- Mug ခွက် နဲ. တစ်နေ.ကိုအကြိမ်အများကြီးနှစ်နဲ.ချီ) သောက်ရင် ဆီး လမ်းကြောင်းမှာ ကျောက်တည်တတ်ပါတယ်၊ ကျောက်ကပ်ပျက်စီးတတ်ပါတယ်။ အမျာကြီးပါဝင်နေတဲ့ fluoride ကြောင့် ကျောက်ကပ်နဲ. အရိုးပွရောဂါတွေ ဖြစ်နိုင်တယ်။ Tea မှာ caffine ဓာတ်ပါတဲ့ အတွက် ညအိပ်မပျော်တတ်တဲ့ သူတွေရှောင်ပါ။ ကျောင်းသားတွေကတော့စာမေးပွဲနီးလို.ညလုံးပေါက်စာကျက်ချင်ရင် Tea သောက်ပေါ့။ (ဒါပေမယ့်၊ တချို.လည်း Tea သောက်ပေမယ့် အိပ်တာပါပဲ။) ဟုတ်တယ် မဟုတ်လား?။ Tea ရဲ. စိမ်းဝါ၀ါ stain တွေက ရေရှည် သောက်ရင် သွားမှာ စွဲသွားတတ်ပြီး သွားအလှပျက်တတ်ပါတယ်။ အများကြီးသောက်ရင် လေထိုး၊ လေနာဖြစ်တတ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အတွက်ကတော့ Tea နဲ.ရင်းနှီးပြီးသားပါ။ မသောက်ဖူးတဲ့ သူလည်း ရှိမယ်မထင်ပါဘူး။ ဓလေ့ထုံးတမ်း အစဉ်အလာအရ လက်ဖက်သုတ်စားရင် ရေနွေးကြမ်း သောက်နေကြပဲ မဟုတ်လား။ U.S. မှာဆိုရင်လည်း Green Tea က အရမ်းခေတ်စားလာပြီ။ အသင့်သောက်နိုင်တဲ့ ပလပ်စတစ်ဗူးနဲ. ထည့်ထားတဲ့ Green Tea တွေ၊ can နဲ.ထည့်ထားတဲ့ Green Tea
တွေကို ဆိုင်တွေတိုင်းမှာ တွေ.နေရပြီ။ Starbucks coffee တောင်မှ Green Tea Latte, Green Tea Frappachino… ဆိုပြီး Green Tea ပေါင်ဒါ နည်းနည်း ထည့်ပြီးထုတ်ထားသေးတယ်။ အဲဒါသာကြည့်ပေတော့ Green Tea ရဲ. Popular ဖြစ်ပုံကို။ စံပယ် ပန်းခြောက်လေးတွေ ထည့်ထားတဲ့ jasmine tea ကတော့ မွှေးတဲ့နေရာမှာ နာမည်ကြီးပါတယ်။ Green Tea ကတော့ jasmine tea လောက်မမွှေးပါဘူး။ ဒါပေမယ့် ရရှိမယ့်အကျိုးကျေးဇူးက jasmine tea ထက်တော့မလျော့ပါဘူး။ ရှမ်းပြည်နယ်မှာအဓိကစိုက်တဲ့ ရှမ်းလက်ဖက်ခြောက်ကလည်း ဖန်ခါးခါးလေး နဲ.သောက်လို.ကောင်းလှပါတယ်။ ဒါကြောင့် Tea ရဲ. ကောင်းကျိုး၊ ဆိုးကျိုးတွေ ကိုချင့်ချိန်ပြီး သောက်ကြမယ်ဆိုရင်Tesဟာ လူသားတွေကို အလွန်အကျိုးပြုနိုင်တဲ့ ဆေးဘက်ဝင် စားသောက်ကုန် တစ်ခုဖြစ်ပါကြောင်း………။

ဒေါက်တာရမ်းကု

ဆက်ဖတ်ရန်...(To Continue)

Saturday, August 16, 2008

Medical Corner အား ဖွင့်လှစ်ခြင်း


အာရောဂျံ ပရံမံ လာဘံ - ကျန်းမာခြင်းသည် လာဘ်တစ်ပါး - ဟူသော စကားပုံ နှင့်အညီ လူတိုင်း လူတိုင်း၏ နေ့စဉ် ဘ၀တွင် ကျန်းမာခြင်း သည် မရှိမဖြစ် လိုအပ်လှပါသည်။ ဤအကြောင်းကြောင့် ယနေ့မှ စ၍ ကျွန်တော့်အိမ်တွင် စတင်ပြီး Medical Corner ကို ဖွင့်လှစ်တော့မှာ ဖြစ်ပါသည်။ ဤနေရာတွင် ဆေးပညာကို အချိန်နှင့်အမျှ လေ့လာ ဆည်းပူးနေသည့် ဒေါက်တာရမ်းကု ဟု အမည်တွင်သော ဒေါက်တာမှ ဆေးပညာ လောကရှိ သိသင့်သိထိုက်၊ ရှောင်ရန် ဆောင်ရန်များ အစရှိသည်တို့ကို ဆွေးနွေးဖို့အတွက် ဆောင်းပါးများကို အပတ်စဉ် ဆွေးနွေး သွားမည် ဖြစ်ပါသည်။

ကျွန်တော့်အိမ်၏ နောက်ထပ်တိုးလာသော လူငယ်တစ်ဦးဖြစ်ပါသည်။ လဘ္ဘရည်ကို နှစ်ခြိုက်ပြီး ဖျော်ရန် ၀ါသနာပါသည့် ကိုရမ်းကုအား ယနေ့မှ စပြီး အားမနာတိုင်း ဖျော်ခိုင်းပါရန် .....

Tea

ဆက်ဖတ်ရန်...(To Continue)

Friday, August 15, 2008

သိသွားချင်လို့ပါ


လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။

- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့..

ဆက်ဖတ်ရန်...(To Continue)

Wednesday, August 13, 2008

ကျွန်တော့်အိမ်မှ စကားဝိုင်း - ၎


ကျွန်တော့်အိမ်မှ စကားဝိုင်း - ၁ (တိုင်းပြည်ခေါင်းဆောင်များ၏ပညာရေး)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၂ (A Conservation with Oppositeye)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၃ (Special Event for ဒေါ်စု မွေးနေ့)

ဒီတစ်ခါ ကျွန်တော့်အိမ်မှ စကားဝိုင်း - ၄ မှာတော့ ကျွန်တော်နဲ့ မေသူပဲ စကားတွေ ပြောလာပါတယ်။ ဆွေးနွေးစရာလေးတွေ နည်းနည်း ပါးပါးပေါ့ဗျာ။

Democracy and Burma
May: တီး ဘာလုပ်နေလဲ၊ စကားဝိုင်းစမယ်လေ
Tea: စလိုက်တာပေါ့
May: တီး ဧရာဝတီမြစ်ကိုမြင်ဖူးလား
Tea: မြင်ဖူးတယ်လေ၊ ဘာလို့လဲ
May: ဘယ်လောက်ရှည်လဲသိလား
Tea: ဘယ်လောက်တုန်း
May: အစ်မလဲအတိအကျတော့သိဘူး
အရှည်ဆုံးမြစ်ဆိုတာလောက်ဘဲသိတာ (ပထ၀ီ)က ရှစ်တန်းထိဘဲသင်တယ် ၄၀နဲ့ကပ်အောင်လာတာ
:P
Tea: သူတောင် မသိပဲ သူများကို လာမေးနေတယ်
ဟီး..
May: အဲဒီဧ၇ာဝတီမြစ်ထဲကိုသစ်တုံးတစ်တုံးမျှောပြီး
ဧရာဝတီရဲ့အစကနေမျှောရမယ်
ပြီးရင်အဆုံးကနေ သစ်တုံးလေးေ၇ာက်လာမယ့်နေ့ကိုသွားစောင့်နေ
Tea: ဘာအတွက်တုန်း
အလကားနေရင်းနဲ့
May: ဟီးးးဒီမိုကေ၇စီလဲအဲဒီသစ်တုန်းရတဲ့နေ့ရလိမ့်မယ် အဲနေ့ကျရင်ရလိမ့်မယ်မင်
Tea: ဟား..
May: မယုံရင်လုပ်ကြည့် ဒီမိုကေ၇စီက ဒို့နိုင်ငံအတွက်တော့ ဧရာဝတီမြစ်ထဲမျှောနေတဲံသစ်တုံးလိုဘဲ
Tea: ဒါဆိုရင်တော့... ဒီမိုကရေစီ မရတော့ဘူးပေါ့

Tea: ခုနကလည်း ဒီမိုကရေစီဆိုတာ ကြီးကို စဉ်းစားနေတာ
May: ဘာစဉ်းစားတာတုန်း
Tea: လူတွေက ဒီမိုကရေစီ ဒီမိုကရေစီ ဆိုပြီး အော်လိုက်ကြတာ.... what do we want? DEMOCRACY... when do we want? NOW! what do we want? DEMOCRACY!! when do we want? NOW!!
အော်လိုက်ကြတာ..
May: အစ်မကြားတာအဲတိုင်းမဟုတ်ဘူး
Tea: သွားပုတ်ပြီး လိုက်မေးကြည့်လိုက်.. ၁၀ယောက်မှာ အော်နေတဲ့ မြန်မာ ၆ယောက်က ဒီမိုကရေစီဆိုတာ ဘာမှန်း မသိဘူး
May: စာလုံးပေါင်းမသိတာလား
Tea: အဓိပ္ပာယ်
:)
May: တိဘူးလေ
ဟိုတစ်လောကက သံရုံးရှေ့ဆန္ဒပြတာ စာလုံးပေါင်းမှားလို့တဲ့
No pain NO game ဆိုလို့ အစ်မက စကားပုံအသစ်မှတ်နေတာ
:P
Tea: ဟီးး
တော်တော်များများကလေ.. ဒီမိုကရေစီ ဆိုတာ ကြီးကို လိုတော့ လိုချင်ကြပါရဲ့
ခက်တာက ဘာမှန်း မသိပဲ လိုချင်နေတော့ .. တစ်မျိုး ဖြစ်မနေဘူးလားလို့
May: ဒါဆို တီတီမေဖားမားကြီးပြောတာ မှန်တာပေါ့နော်
Tea: ဘာတွေ ပြောလို့တုန်း
May: မြန်မာပြည်ဒီမိုကေ၇စီမရတာ မြန်မာ တွေက နားမလည်ကြသေးလို့တဲ့
သူကတော့နားလည်လို့အမေရိကားမှာ ဒီမိုကေ၇စီရနေတာလေ
:P
Tea: ဟီးး

May: တီးကေ၇ာဒီမိုကေ၇စီကို ဘယ်လိုနားလည်ထားတုန်း
Tea: ဟိုတစ်နေ့က ပြောပြီးပြီလေ



May: လင်းစမ်းပါအုံး၇ွာသားေ၇
Tea: ပိုစ့်တင်မယ်ဆို
May: အော်တင်မလို့ဘဲ
မြန်မာပြည်က ဒီမိုကေ၇စီအေ၇းတော်ပုံတောင်အနှဏ်၂၀ကြာသေးတာဘဲ
အစ်မက တစ်ယောက်ထဲဆိုတော့နှစ်လလောက်တော့ကြာသင့်တာပေါ့
Tea: ဟားဟား
May: တီး
ဟိုတစ်နေ့က တော်လှန်ေ၇းရဲဘော်တစ်ယောက်ကို အစ်မမေးကြည့်တယ်
ဒီမိုကေ၇စီဆိုတာ ဘာလဲ ဦးလေးဆိုတော့
Tea: ဘာတဲ့တုန်း
May: သူက ဘာဖြေလဲသိလား
နားလည်မှုတဲ့
Tea: အဲ့..
မိုက်လှချည့်လား
ဘာကြီးတုန်း
ဒီမိုကရေစီ = နားလည်မှု ?
တော်လိုက်တာ
May: သူက ၀ါးရင့်နိုင်ငံသမားကြီးတစ်ဦးက သူ့ကိုပြောတဲ့စကားထဲမှာမှတ်မိတာဆိုလို့ "နာလည်မှု"ဆိုတာဘဲရှိတယ်တဲ့
ကျန်တာကတော့ဝါးရင်နိုင်ငံေ၇းသမားကြီးလဲမူးသူလဲမူးမို့မမှတ်မိဘူးတဲ့
Tea: ဟီးးး
May: ဒီတစ်ခါမိတင်မှာဆုံလို့ရင်မေးပေးမယ်တဲ့
သူတို့လည်းတိုင်းပြည်အတွက် သူ့သူငယ်ချင်းတွေနဲ့ဝိုင်းချနေတယ်တဲ့(ဖဲ)
Tea: ဟားး
အဲ့ဒါကြောင့်ပြောတာ.. မြန်မာတော်တော်များများတွေက ဒီမိုကရေစီဆိုတာ ဘာမှန်းမသိဘူးဖြစ်နေတယ်
May: ဟုတ်တယ်
အစ်မလဲတိဝူး
Tea: တိန်
May: ဖေဖေက အစ်မ အသက်၁၂နှစ်လောက်တုန်းက ပြောပြတာဘဲသိတယ်
Tea: ဘာတဲ့တုန်း
May: ပြည်သူလူထုဆန္ဒအလျောက်အုပ်ချုပ်သောစနစ် ပြည်သူလူထုက တင်မြှောက်သောအစိုးရ အုပ်ချုပ်ေ၇း လူတိုင်းအခွင်းေ၇းတန်းတူရှိတယ် လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်သို့သော် စော်ကားခွင့်မရှိ ဘဲ စည်းစနစ်ကျသောအုပ်ချုပ်ေ၇းစနစ်ဟုသ
အဲဒါအစ်မ ဖေဖေက အစ်မ ၁၂နှစ်သမီးတုန်းက ပြောပြတဲ့ဒီမိုကေ၇စီ
အစ်မ ခုချိန်ထိလဲဒီတိုင်းဘဲနားလည်ထားတယ်
Tea: နားလည်မှုလောက်တော့ ဘယ်နက်နဲ မလဲ :D
May: ငါ့နှယ်ကွယ်သူက နာမည်ကြီးတော်လှန်ေ၇းဘလောခ်ဂါလေ
တတိယနိုင်ငံမှာနေတာ
ပေါ့လျှော့လျှော့မတွက်နဲ့
အီးလိုဆို မွတ်ထွတ်နေတာ
Tea: ဟုတ်လား..
May: :P
ဟုတ်တယ်
Tea: နာမည်ကြီးတာ ဒါကြောင့်ကိုးး
ဒီမိုကရေစီ = နားလည်မှု
May: ဘာဘဲဖြစ်ဖြစ်နာမည်ကြီးအောင်လုပ်နိုင်တဲ့သူ့အရည်အချင်းကနဲလား
သွားမပြောနဲ့
သူ့ဘလောခ်ကို မြန်မာပြည်အကြောင်းမသိဘဲ ပြည်ပမှာကြီးပြင်းတဲ့မြန်မာကလေးတစ်ယောက်ကသာဖွင့်ကြည့်ရင်
မြန်မာပြည်လွတ်လပ်ေ၇းသူ့ရအောင်ယူပေးသလိုလို ထင်နေမှာ
:P
Tea: :-)


Quick Quizzes
May: မင်းေ၇ာသိလား
Tea: သိဘူး
May: လွတ်လပ်ေ၇းဖခင်ဘယ်သူတုန်းဆိုတာ
Tea: ဗိုလ်ချုပ်အောင်ဆန်း လေ
ဟုတ်ဘူးလား
May: ဒါဆိုရင်
လူသတ်မတော်ဖခင်က ဘယ်ဒူတုန်း
Tea: ဦးနေ၀င်း
May: ဒါဆိုရင် စစ်အစိုးရရဲ့ဖခင်ကေ၇ာ
Tea: ဦးသန်းရွှေ :)
May: ဖခင်သို့မဟုတ်ပထွေး
စစ်အစိုးရပထွေးပါဆို
သဲလွန်စပေးမယ်
ငွေ့တွေဝယ်တယ်လေ
Tea: ဦးတေဇ
တရုတ်
သိပြီ
ဟီးး
May: ဟုတ်ပီ
နောက်တစ်ခု
အမေရိကန်ရဲ့သမ္မတက ဘယ်သူုတုန်း
အခုလောလောဆယ်ပေါ့
Tea: ဘွတ်
မစ်စစ်တာ ဘွတ်တ်
ဆော်တီး စကားမပြီဘူး မြန်မာမှု ပြုပြီး ထွက်ထားတာ
May: အမေရိကန်ကိုအုပ်ချု့ပ်နေတာ မစ်ဘွတ်ပေါ့
အင်း.. ဟုတ်တယ်
May: ဒါဆိုဒို့မြန်မာနိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရက ဘယ်ဒူတုန်း
Tea: ဦးသန်းရွှေ
May: ဟုတ်ဘူး
ပြန်စဉ်းစား
Tea: ဟုတ်ဘူးလား
ဟုတ်ပါတယ်
May: ဟုတ်ဝူး
Tea: ဟုတ်ပါတယ်ဆိုနေ
May: ဘွတ်ကိုအုပ်ချုပ်တာ မစ်စစ်ဘွတ်လေ
အမေရိကန်ကိုအုပ်ချုပ်တာ မစ်စစ်ဘွတ်လေ
Tea: ဟီး..
May: ဒို့နိုင်ငံအုပ်ချုပ်တာကရော?
Tea: ဦးတေဇ :D
May: ငါ့လောက်နီးနီးတော်လာပီ
ကန်ဇွန်းရွက်ဈေးချပေးမယ်
တော်လို့
Tea: :P


Olympic and Burma's Situation in Sports
May: အိုကီ
နာရီအကောင်းဆုံးထွက်တဲ့နိုင်ငံဘာနိုင်ငံလဲသိလား
Tea: ဘယ်နိုင်ငံတုန်း
ဆွစ်ဇလန်လား
May: ဟုတ်တယ်
ဒါဆိုရင်
လူဦးေ၇အများဆုံးနိုင်ငံကေ၇ာ
Tea: တရုတ်လေ
May: ဟုတ်ဘူး
အိန္ဒိယဖြစ်သွားဘီလေ
Tea: တရုတ်ပါ
May: ကုလားပါ
လောင်းမယ်
Tea: ရေလား
May: မလုပ်နဲ့ေ၇ကမရှိတော့ဘူး
နိုက်ဂစ်က လူတွေအတွက်လှူလိုက်လို့
အပိုမရှိဘူး
:P
Tea: :)
အခု တရုတ်ပါ..
လျှောက်မပြောနဲ့
လူဦးရေ အများဆုံးက
May: ကုလားပါဆို
ဟုတ်တယ်
ကုလားတွေလက်သွပ်နေတယ်မသိဘူးလား
Tea: နိုင်ငံလေ
May: အင်းလေ
Tea: http://www.aneki.com/populated.html
နိုင်ပြီ
ဟီး
May: နာ၇ှုံပီ
Tea: ဟဲဟဲ.. သိနေတယ်လေ.. :D
May: မြန်မာမှန်ရင်ရှုံးရတယ်လေ
ဘောလုံးကန်ရင်ဘယ်တော့မှ မြန်မာနိုင်ဘူး
:P
Tea: နေဦး
အခု မနေ့က စိတ်မကောင်းတာ တွေ့လိုက်ရတယ်
May: သန်းေ၇ွှနာေ၇းလား
Tea: ဟုတ်ဘူး
May: ဘာဒုန်း
Tea: အိုလံပစ်တွေ ပျင်းလို့ ကြည့်နေရင်းနဲ့.. ကိုယ့်တိုင်းပြည်များ ပါမလားလို့ လိုက်ရှာတာ
http://www.nbcolympics.com/countries/country=mya/index.html
May: ပါတယ်လေ
Tea: တွေ့သွားတယ်
ဘာရေးထားလဲ သိလား
May: ဘာတဲ့တုန်း
Tea: Myanmar has never won an Olympic medal.
:(
May: :(
Tea: ပြီးတော့
ဒီနှစ် တရုတ်ပွဲမှာလည်း
Myanmar is not expected to contend for a medal at the Beijing Games.
:
May: :(
Tea: စိတ်ပျက်တယ်..
May: 2 bad
Tea: ထိုင်းတောာင်
ရွှေ ငါးခု .. ငွေ နှစ်ခု ..ကြေး ၁၀ခု ရှိတယ်
:(
ကျုပ်တို့ တိုင်းပြည် အရှက်ကွဲပုံများ .. ဘာတုန်း သိလား..
May: ဘာတုန်း
Tea: ၂၀၀၄ တုန်းက မ အလေးမရာမှာ ကြေးဆု နိုင်တော့မလို့
ဆေးစစ်လိုက်တာ ကျသွားရော
:(
အရှက်ကွဲတာ
May: ငါ့နှယ်နော်
ဘုန်းကြီးသတ်ပြိုင်ပွဲလေးဘာလေး အိုလံပစ်မှာမပါဘူးလား
ဒါဆိုရင်တော့ဒို့နိုင်ငံနိုင်မှာ
Tea: ဘုရားရေ..
လုပ်တော့မယ်
ဖြစ်တော့ ဖြစ်နိုင်တယ်
ရွှေတွေချည်းပဲ နှစ်တိုင်း ဆွဲမှာ
May: ရွှေမှာပေါ့
သန်းေ၇ွှတဲ့တစ်ေ၇ွှထဲရှိတယ်
နှစ်ေ၇ွှရှိရင်ေ၇ာင်းစာပစ်မယ်


U Thein Sein Vs English
Tea: သိန်းချိန်ကြီးက ဖွင့်ပွဲသွားတယ်နော်
အိုလံပစ်
are u understand? တွေ သွားလုပ်တာလား မသိဘူး
May: အမှိုက်သွားကျုံးတာလား
ဟုတ်ဘူး
ဘွတ်က give a big hand ဆိုလို့ သူက ကျုပ်လက်က သေးတယ်တဲ့
မပေးနိုင်ဘူးဆိုထအော်လို့
Tea: ဟားးး
May: ပြန်ပို့လိုက်တယ်တဲ့
အဲဒါကြားလိုက်ဘူးလား
Tea: ကြားမိဘူး
တရုတ်အိုလံပစ်ကို ပြောရမယ် ဆိုရင်.. ရက်ရက်စက်စက် လုပ်တာနော်.. နိုင်ငံပေါင်း ၁၄၀ကျော်က ခေါင်းဆောင်တွေ သွားတယ်.. ဖွင့်ပွဲကို
၂၀၀၄တုန်းက ၈ယောက် :
အေသင်မှာ
May: တရုတ်က အမေရိကန်ကိုသိမ်းချင်ရင်စစ်တိုက်ပြီးသိမ်းစရာမလိုဘူး
အကြွေးနဲ့သိမ်းလို့ရတယ်
အဲဒါကြောင့်ဘွတ်က ကြောက်ပီးသွားဖွင့်တာ
Tea: ဟုတ်ပါ့
May: နေအုံးတိန်းချိန်း အကြောင်းပြောအုံးမယ်
Tea: ပြောပါဦး
May: တိန်ချိန်က ထိုင်နေတုံး
ဘွတ်က How do you do လို့နှုတ်ဆက်တော့ သူက ဘာပြန်ဖြေလဲသိလား
Tea: ဘာလဲ
May: ကျုပ်ဒူးက ဘာဖြစ်ဖြစ်ခင်ဗျားနဲ့ဘာဆိုင်လဲတဲ့
Tea: ဟားး
:)
May: တိတ်ကြည့်မရဘူးနော်တဲ့ခင်ဂျားကြီးထိုင်းမှာ ဟိုကောင်တွေကိုနေ့လယ်စာခေါ်ကျွေးလို့တဲ့
:P
Tea: haha
:D
May: ကျုပ်က ထိုင်းဝန်ကြီးချုပ်ဆူဝက်က အိမ်မှာသူချက်ထားတဲ့ စပိုက်စိ(spicy)ဟင်းတွေဘဲကျွေးတယ်တဲ့
ပြောအုံးမယ်
Tea: အင်း
May: တိန်းချိန်နဲ့ထိုင်းဝင်ကြီးချုပ်ဆူဝက်တို့ထမင်းစားပွဲမှာ
သတင်းသမားတွေ ဘာသာပြန်တော်တော်ရှာလိုက်ရတယ်
Tea: ဘာလို့တုန်း
May: ဆူဝက်ကလဲ ထိုင်းအီဂလိသံနဲ့မေးတယ် ဒူးယူလိုက်စပိုက်စိတဲ့?(do u like spicy)
တိန်းစိန်ကလဲ ပြန်ပြေတယ်
Tea: ဟီးး
May: အိုင်ဒုန့်လိုက် စပိုက်စိတဲ့ အိုင်လိုက် ဇီးစိတဲ့
:P
Tea: ဟားဟား
May: မီဒီယာသမားတွေ အဲဒီသူတို့ နှစ်ယောက်ပြောတဲ့ စကားကို နားမလည်လို့ သတင်း တောင်တော်တော်နဲ့ မတင်ဖြစ်ဘူး


Thai Loves Burma?
ထိုင်းဝန်ကြီးချုပ်က မြန်မာပြည်ကို သိပ်ချစ်တာနော်
ဘာပြောလဲသိလား
May: ဘာပြောတုန်း
Tea: ကျုပ်တို့က မြန်မာပြည်နဲ့ ဆို အရမ်းခင်တဲ့ သူငယ်ချင်းတွေလိုပဲတဲ့.. သူတို့က ရေလိုရင် ရေပေးတယ်.. မီးလိုရင် မီးပေးတယ်.. အကုန်ရတယ်တဲ့လေ
May: မီးဆိုတာ မြန်မာမလေး မီးမီးကိုပြောတာထင်တယ်
export လုပ်နေတာလား
Tea: ဟုတ်ပါ့..
အိတ်စပို့တ်
May: ဒါဆိုရင် သူတို့က သေးသောက်ညီအစ်ကိုတွေပေါ့
Tea: သေးရော သွေးရော အကုန်သောက်တယ်
May: တတ်ဆင်နဲ့ခင်ညွန်
ဆူဝက်နဲ့တိန်းချိန်
Tea: ဟုတ်ပါ့
တကယ်တော့ သေးသောက် ညီအစ်ကိုတွေ မဟုတ်ဘူး.. လင်မယားတွေ
May: ဟီၤးးး

Bill Gate Vs TayZa
May: ဟိုနေ့က သတင်းတစ်ခုကြားလိုက်သေးတယ်
Tea: ဘာသတင်းတုန်း
May: ဘေလ်ဂိတ်တစ်ယောက် အနားယူတော့မယ်တဲ့
မျက်ရည်တွေရွှပြီးပြောသွားတယ်တဲ့
Tea: ဟုတ်လား
May: တေဇလဲ မပြောသေးဘူးလား
:P
Tea: ဘယ်ပြောမတုန်း :D
May: ဘေလ်ဂိတ်က ပြောဘူးတယ်
အိမ်တိုင်းမှာ ကွန်ပျုတာ ရှိရမယ်တဲ့
ကွန်ပျုတာ တိုင်းမှာမိုက်ခရိုဆော့်ဝါလ်ရှိရမယ်တဲ့
Tea: ဦးတေဇကရော
May: တေဇကတော့ သန္တာေ၇ွှဗိုက်ထဲမှာ ကျုပ်ကလေးရှိရမယ်တဲ့
:P
Tea: ဟီးး

BLD Vs ThanShwe
May: ဘင်လာဒင်ကလဲ
ဟိုတစ်လောက ပေါက်ကွဲနေတယ်သိလား
Tea: ဘာလို့တုန်း
May: သန်းရွှေကို အကြမ်းဖတ်သမားလို့ပြောလို့တဲ့
ကျုပ်တို့အကြမ်းဖတ်သမားတွေသိက္ခာကျတယ်တဲ့
ကျုပ်တို့က ပါးရိုက်လို့နားကိုက်တာ တဲ့
ကျုပ်က ကျုပ်ဘာသာကို မစော်ကားဘူးတဲ့
Tea: :D
သူပြောတာလဲ ဟုတ်သား
May: အကြမ်းဖတ်သမားလို့ပြောလို့တဲ့
ကျုပ်တို့အကြမ်းဖတ်သမားတွေသိက္ခာကျတယ်တဲ့
ကျုပ်တို့က ပါးရိုက်လို့နားကိုက်တာ တဲ့
ကျုပ်က ကျုပ်ဘာသာကို မစော်ကားဘူးတဲ့
ဟစ်တလာကလဲ သေ၇ွာကနေပြန်လာပြီးသူ့မသေခင်က ကျန်ခဲ့တဲ့ပစ္စည်းတွေကို ထုခွဲေ၇ာင်းချမလို့ပြန်လာတယ်တဲံ
ဒေါ်စုကိုလူတွေက Nobel ဆုပေးတော့
ဟစ်တလာကလဲ
သန်းေ၇ွှကို devil ဆုပေးတယ်
Tea: ဟီးးး
:D

Tea: အစ်မရေ စကားဝိုင်းလေးလည်း ရှည်သွားပြီ။ နားလိုက်တာပေါ့
May: အိုကေ။

ခင်မင် လေးစားလျှက်
Tea
မေသူပိုင်

(မှတ်ချက် - စကားဝိုင်းမို့ လွတ်လပ်စွာ ပြောဆိုမည်၊ သဘောထား မတိုက်ဆိုင်က လူတိုင်းတွင် ယုံကြည်ချက်အသီးသီးရှိသည် ဟူသော စကားကို မမေ့ပါနှင့် မိတ်ဆွေ၊၊)

ဆက်ဖတ်ရန်...(To Continue)

Tuesday, August 12, 2008

ပြောင်းလဲနေသောကင်မရာလောက - မျက်လုံးကင်မရာ

ဒီတစ်ခေါက်တော့ ကျွှန်တော် ကင်မရာနည်ပညာအသစ်အကြောင်တင်ပြလိုပါတယ်။ ဆေးလောကအတွက်လည်းအကျိုးဝင်သော နည်းပညာအသစ်ဖြစ်ပါတယ်။


Universit of Illinois and Northwestern University မှာရှိတဲ့ သိပ္မံပညာရှင် များသည် လူသားမျက်လုံးဆန်သော ကင်မရာကိုတီထွင်လိုက်ပါသည်။ ယင်းကင်မရာသည် ဆွဲဆန့်ထားကာ အချင်းချင်းဆက်နွယ်နေသောကွန်ယက်ပေါ်တွင်တည်ရှိသော “single-crystalline silicon detectors” ပေါ်အခြေခံထားပါတယ်။ ပုံမှန်ဆို ရိုးရိုးကင်မရာနဲ ပုံရိပ်ယူပါက ဗဟိုကျသော အစိတ်အပိုင်းများသာကြည်လင်စွာရယူနိုင်ပြီ အစွန်းမှာရှိသောအပိုင်းများကမွဲနေလေ့ရှိတတ်သည်။ ယင်း မျက်လုံးကင်မရာကတော့ ကွေးနိုင်သောကွန်ယက်တက်ကနိုလိုဂျီအသစ်ကြောင့်မိမိလိုချင်သောပုံရိပ်တခုလုံးကို focus လုပ်ယူနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ဒီတက်ကနိုလိုဂျီသည်”Terminator” ကားထဲကလို လူသားမျက်လုံးပုံတု (bionic eye)ဖန်တီးတဲနေရာမှာလည်းအထောက်အကူပြုမှာဖြစ်ပါတယ်။



အထက်ပါပုံကတော့ 256 pixel မျက်လုံးကင်မရာဖြင့်ရိုက်ယူထားသော ပုံဖြစ်ပါတယ်။ အပေါ်တစ်ခြမ်းက မျက်လုံးကင်မရာဖြင့်ရိုက်ယူထားသော 3Dမူရင်းပုံဖြစ်ပြီး အောက်ဘက်ခြမ်းကတော့2Dဖြန့်ထားသောပုံဖြစ်ပါတယ်။




ယင်းနည်းပညာသစ်ကိုထောက်ပ့သောThe National Science Foundation ကအထက်ပါပုံတွင် တွေ့ရသော အညိုရောင်အမျှင်က Silicon focal plane array ဖြစ်ပြီး ရေကြည်ရောင်အပိုင်းကတော့ လျှပ်စစ်ပစ္စည်းရှိသော စက်ဝိုင်းခြမ်းပုံ လျှပ်ကူးပစ္စည်းဖြစ်ကြောင်းဆိုပါတယ်။ အီလက်ထရောနစ်မျက်လုံးထုတ်လုပ်ချိန်တွင်ဖမ်းယူထားသောပုံဖြစ်ပါတယ်။










အထက်ကကွန်ယက်ပုံ အစိတ်အပိုင်းများကို photodetectors နဲ့ အခြားလျှပ်စ်ပစ္စည်းရှိသော သေးငယ်သောစတုရန်းအကွက်များဖြင့်တည်ဆောက်ထားပါတယ်။ ယင်းဒီဇိုင်းမျိုးကြောင့်ကင်မရာကိုလူသားမျက်လုံးတဖွယ်ကွေးနိုင်ခြင်းဖြစ်တယ်။

Silicon photodetector pixels နဲ့လျှပ်စစ်ပစ္စည်းများကို လဆန်းပုံအကွင်းများဖြင့်ချိတ်ဆက်ထားပါတယ်။ အရွယ်အစားလည်းအလွန်သေးငယ်ပြီး ၄င်းအစိတ်အပိုင်းများသည် တစ်မီတာ၏ အပုံတစ်သိန်းပုံဆယ်ပုံလောက်တာရှိပါတယ်။




အထက်ပါပုံကတော့ကင်မရာဖွဲ့စည်းထားပုံဖြစ်ပါတယ်။



မျက်လုံကင်မရာ၏တစ်ခုတည်းသော imaging lens ကိုပြထားပုံဖြစ်ပါတယ်။

ယင်းကင်မရာတည်ဆောက်ရာတွင်သုံးသောနည်းပညာကြောင့် လူသားမျက်လုံးတုတည်ဆောက်ရာတွင်အသုံဝင်မှာဖြစ်ပါတယ်။ သိပ္မပညာရှင်များသည် မျက်စိကန်းနေသူများကိုအထူးထုတ်လုပ်ထားသော computer chips နှင့် ကင်မရာကိုတပ်ဆင်စေခြင်းဖြင့် ပုံရိပ်ကိုအနည်းငယ်မြင်စေနိုင်ပါပြီ။ computer chips များသည် ကင်မရာအတွင်းဝင်လာသော အလင်းတန်းများကို ဦးနှောင့်က နားလည်နိုင်သော signal အဖြစ်ပြောင်းခြင်းဖြင့် မျက်မမြင်များအား ပုံရိပ်အနည်းငယ်မြင်စေနိုင်ပါပြီ။ ယင်းမျက်လုံးပုံ ကင်မရာများကြောင့် အလင်းတန်းများကို ပိုမိုထိရောက်စွာ ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ ၄င်း နည်းပညာ မြန်မြန်အောင်မြင်ပါစေလို့မျှော်လင့်ရတာပေါ့။


သိပ္ပံမောင်ပိန်

ဆက်ဖတ်ရန်...(To Continue)