Photobucket

Thursday, May 29, 2008

ကိုယ်တွေ့ အဖြစ်အပျက် အမှန်များ


ကျွန်တော်အခုပဲ မမေ(မြန်မာပြည်ကိုလွမ်းသူ) နဲ့ စကားတွေ ပြောပြီးသွားတာပါ။ သူလဲ အခုမှ မြန်မာပြည်ကနေ ပြန်ရောက်တာ။ ကြားရသမျှတော့ ရင်နာစရာတွေကြီးပါပဲဗျာ။ ၂၇ရက်ကနောက်ဆုံးနေပါ။ မမေလဲ အဲ့ဒီမှာ တစ်လနီးပါးလောက် ကြာသွားပါတယ်။ သီတဂူဆရာတော်ကြီးနဲ့ တူတူသွားလှူတာပါ။ ဆရာတော် အဖွဲ့နဲ့ပေါ့။

အခု မမေလဲ အရမ်း ပင်ပန်းပြီး ၀မ်းနည်း စိတ်မကောင်းနေလို့ ပိုစ့်တွေ မတင်နိုင်သေးဘူးဆိုလို့ ကျွန်တော်လည်း တတ်နိုင်သလောက် ဗျူးပြီး သတင်းတွေ အလျင်အမြန် ပြောပြမလို့ပါ။


Government is Blocking Donators
လက်ရှိ တကယ် ဆိုးရွားစွာ ငတ်ပြတ်နေတဲ့နေရာကို အစိုးရက ဘယ်သူ့ကိုမှ ပေးမသွားဘူးတဲ့လေ။ နောက်ဆုံးနေ့ သူတို့သွားတုန်းက သူတို့ ကားတစ်စီးပဲရှိပါတယ်တဲ့။ သီတဂူဆရာတော်ကြီးရဲ့ အဖွဲ့ကိုပဲ ပေးသွားတယ်တဲ့။ အကုန်လုံးကို ပိတ်ထားတာတဲ့လေ။ နိုင်ငံတော် က ကယ်ဆယ်ရေး လုပ်ငန်းတွေ အားလုံးကို လုပ်ပြီးသွားပြီလို့ ပြောပါတယ်။

A Granny From A Village
မမေတို့ ၂၇ရက်တုန်းက ဟိုး မိန်းမလှကျွန်းတွေ ကျော်ပြီး မအေးကြည်ရွာတွေ ဘက်ကို ရောက်သွားတယ်။ အဲ့ဒီမှာ ဘာအကူအညီမှ မရသေးဘူးတဲ့။ အဲ့ဒီလိုမျိုး ကျွန်းတွေ အများကြီးက အကုန်လုံး ဒုက္ခရောက်နေကြရတာ။ အဲ့ဒီမှာ သူတို့ သင်္ဘောမရပ်ခင် အဖွားကြီးတစ်ယောက် ထိုင်ငိုနေတာကို တွေ့ပါတယ်တဲ့။ ဒီအတိုင်းကို ထိုင်ငိုနေတာပါ။ မေးကြည့်တော့ ဒီအဖွားကြီးက သူ့မှာ ရှိရှိသမျှ ယောက်ျားရော၊ သားသမီးတွေရော အားလုံး သေသွားကြတာပါ။ သူတစ်ယောက်ထဲ ကျန်တာပါ။ မုန်တိုင်းမိတုန်းက ရေထဲ မျောသွားတုန်း ကက္ကိုပင် တစ်ပင်ကို ဖက်ပြီး အသက်ရှင်ကျန်ခဲ့တာပါ။ မမေ ပြောပြချက်အရ အဖွားဟာ မကြာမကြာ ရေထဲ ကို ဆင်းဆင်း ငုတ်ပြီး သူ့ယောက်ျားရဲ့ အလောင်းကို သွားရှာနေပါတယ်လို့ သိရပါတယ်။ အဖွားက သေချင်ပါတယ်လို့ ပဲ ပြောနေပါတယ်။ စိတ်မကောင်းပါ။ နာမည်က ဒေါ်ဖွားတင်ပါ။ အသက် ၇၈ နှစ်ရှိသွားပါပြီ။ အောက်ကပုံမှာ တုတ်ကောက်လေးနဲ့ ထိုင်မှိုင်းပြီး ငိုနေတဲ့ပုံပါ။



Cheating Shop From BoKaLay
ဘိုကလေး မှာ အရမ်းနာမည်ကြီးတဲ့ ဆိုင်တစ်ဆိုင်ရှိပါတယ်။ ဆိုင်နာမည်က မွန်မြတ် ဂရုဏာတဲ့။ အဲ့ဒီဆိုင်က အစိုးရနဲ့ ပူးပေါင်းပြီး လူတွေကို နိုင်ငံတကာက အလှူတွေကို ပြန်ရောင်းနေတာတဲ့လေ။ တော်တော် လူသိများတယ်တဲ့။ ရက်စက်ပါဘိ။ ယခုလို အခြေအနေမျိုးမှာ သူတို့မို့လို့ လုပ်ရက်တယ်တဲ့။ အောက်ကပုံမှာ ဆိုင်တစ်ဆိုင်ပါပါတယ်။ အဲ့ဒီဆိုင်ပါ။

အလောင်းများ
အလေင်းတွေ က လည်း ဒီအတိုင်းပဲ ဘောလော ပေါ်တုန်း မြေပြင်ပေါ်တွေမှာ ပြန့်ကျဲလျှက် ရှိနေတုန်းပါတဲ့လေ။ အနံ့အသက်က အရမ်းကို စိုးရွားပြီး ထမင်းတောင် စားလို့မ၀င်အောင် အခြေအနေဆိုးပါတယ်တဲ့။ အောက်ကပုံက အလောင်းတစ်လောင်းပုံပါ။


အသင်းတွေ ပျောက်နေသည်
မမေရဲ့ ပြောပြချက်အရ လက်ရှိ အဲ့ဒီလို နေရာမျိုးမှာ ဘယ်အသင်းအဖွဲ့မှ မရှိဘူးတဲ့။ အကူအညီလုံးဝ မရှိဘူးဖြစ်နေတယ်။ သူတို့က လမ်းတွေပေါ်ထွက်ပြီး အစားတောင်းခံတဲ့ အခါမှာ အစိုးရက အဲ့ဒီလူတွေကို အလုပ်မလုပ်ချင်ပဲ တောင်းစားနေတဲ့သူတွေဆိုပြီး နာမည်တပ်ကာ စွပ်စွဲထားပါတယ်။ တကယ်တော့ သူတို့မှာ ၇ှိရှိသမျှ လယ်တွေ အကုန်မြုပ်သွားပြီး စားစရာ မရှိလို့ အဲ့လို လုပ်နေရတာပါ။ အခုလို အခြေအနေမှာ အားလုံးကို ပိတ်ထားတော့ ပိုဆိုးပါတယ်။ ဟိုတလောက ဆရာဝန်တစ်ယောက်ကို အဲ့နေရာတွေ သွားလို့ဆိုပြီး ဖမ်းချုပ်ထားလိုက်တယ်တဲ့။ ပြီးတော့ သူတို့ အရင်သွားတုန်းက တရားတောင် အစွဲခံရတယ်တဲ့လေ။ နိုင်ငံတော်ကို အကြည်ငြိုပျက်မှု နဲ့။ ကြားလို့မှ ကောင်းကြသေးရဲ့လားဗျာ။

လူတွေသေချင်နေပြီ
အဲ့လိုမျိုးဒုက္ခတွေ ရောက်နေတော့ လူတွေက သေသာ သေချင်တော့တယ်ဆိုပြီး ပြောနေကြပါတယ်။ သူတို့မှာ ဆွေမျိုးတွေလည်း ပျောက်၊ သေ၊ စားစရာလည်း ဒုက္ခရောက်တော့ အားလုံး စိတ်တွေ ညစ်ပြီး နောက်မုန်တိုင်း တစ်ခုလာဖို့ တောင်းဆိုတဲ့ လူတွေတောင်ရှိပါတယ်တဲ့။ ဒီတစ်ခါလာရင် မုန်တိုင်းထဲ သွားဝင်ပြစ်လိုက် တော့မယ်ဆိုပြီး ပြောတဲ့ လူတွေလည်း ရှိပါတယ်။

မမိုး
အခုအောက်က ပုံက မမိုးမိုးက သူ့မိသားစု မရှိတော့ပဲ သူသာလျှင်ကျန်တော့တာ ဖြစ်တယ်။ သူလဲ မှိုင်းထိုင်းပြီး စိတ်ဆင်းရဲနေတာကို တွေ့ရပါတယ်။
ရေလွှမ်းနေသော လယ်များ
အခုနောက်သိရတာတော့ အစိုးရက ရေလွှမ်းနေတဲ့ လယ်တွေကို ပုပ္ပလိက ကုမ္မဏီတွေကို ပေးပြစ်တော့ မယ်လို့ သိရှိရပါတယ်။ ဒါဆိုရင် ဟိုးအရင်ကလို ချစ်တီးကုလားတွေက လယ်သမားတွေကို ခိုင်းစားသလို အခု လယ်သမားတွေ ခိုင်းစားပြီး ငှားတာ ခံရတော့မည်ကို မြင်ယောက်မိပါသည်။

ဘိုကလေးမှ Symbol တဲများ
ပြီးတော့ ဘန်ကီမွန်းကြီးလာသွားတုန်းက ဘိုကလေး မှာ Symbol တဲတွေရှိပါတယ်။ အဲ့ဒီမှာ လူတွေမထားပဲ ဒီအတိုင်းပဲ ထားပါတယ်တဲ့။ ဘန်ကီမွန်းတို့ ဧည့်သည်တွေ လာမှ လူတွေ ကို ခေါ်ထည့်ပြီး ဆန်တွေ လိုက်ဝေပါတယ်။ ပြီးရင် ဧည့်သည်တွေ ပြန်သွားရင် လူတွေက သူတို့ ကို ဆန်တွေ ပြန်ပေးရပါတယ် လို့ မမေက ပြောပါတယ်။

What the Hell are they thinking?
အခုလို အစိုးရက ဘာအကြံတွေနဲ့ လုပ်နေမှန်းလဲ မသိရပါဘူး။ ၂၇ရက်နေ့ ထိထိတော့ လူတွေ လုံးဝ သွားလို့ မရပါဘူး။ အလှူရှင်တွေကို ပြောတာပါ။ မနေ့ကတော့ မြန်မာ့အလင်းမှာ မည်သူမဆို သွားလို့ ရပြီလို့တော့ ပါလာတယ်။ ဒါပေမယ့် မသိပါဘူး။ ကျွန်တော့် အထင်တော့ ဒီအစိုးရ ကမ္ဘာကြီးကို သူတို့ စည်းမဲ့ကမ်းမဲ့ စိုးစံ နေတာတွေ သိမှာ စိုးလို့ နည်းမျိုးစုံနဲ့ ဆက်လက်ပြီး လိမ်ညာဦးမယ် လို့ ယူဆပါတယ်။

သတင်းတွေ ကို ဆက်လက်ပြီး မမေနဲ့ စကားပြောပြီးတင်ပြပါဦးမယ်။
Tea

10 comments:

Anonymous said...

အင်း... ကြားရ ကြားရ နားဝမှာ သယ်မသက်သာပါလားနော်...။

ပုတီတိုး said...

Tea ..
ညီရေ .. ဒီသတင်းကလဲ စိတ်မကောင်းစရာပဲ ဒီအစိုးရကတော့ ဒီအချိုးပဲလာမှာပဲ အပြောတမျိုးအလုပ်တမျိုး ဘန်ကီမွန်တို့များ အကြောင်းမသိတာကြနေတာပဲ ဒီကောင်တွေကိုယုံနေသေးတယ် UN လည်း သောက်တလွဲ ဖွတ်ကြားပါ :(

Welcome said...

ကြားရ၊ မြင်ရ စိတ်မချမ်းသာစရာပါ။

Anonymous said...

ဖတ်ရတာအာရုံနောက်တယ် ၊ သွေးတိုးတယ် ကိုတီးရေ….

babygurl said...

ဝမ်းနည်းစရာကောင်းလိုက်တာ.. ):

ခင်မင်းဇော် said...

တီးရေ..နအဖကို လိုက်ကာကွယ်နေတဲ့ ရုရှက ဆိတ်ဗိုလ် အုပ်စု ဖတ်ဖြစ်ပါစေလို့ပဲ ဆုတောင်းတယ်..
ဘယ်သူကမှ မဟုတ်တာကို မပြောဘူး ဆိုတာ သူတို့ သိစေချင်တယ်...

မေသူပိုင် said...

အန်တီခင်မင်းဇော်ပြောသလိုဘဲ ဆိတ်ဘိုတစ်ယောက်တော့လာဖတ်ပြီးဟောင်နေလို့ဝိုင်းသမပေးလိုက်သေးတယ် တီးက အသေသတ်မယ်လုပ်နေလို့ တားနေရတယ်။DSA (Dogs Selfish Academy)က သင်တဲ့ပညာတွေကို ဘလောခ်က စီဘောက်မှာလာကြွားနေလို့ပါ။ဆိတ်ဘိုတိုင်းမပြောပါ လာဟောင်တဲ့ဆိတ်ဘိုကိုဘဲပြောပါတယ်၊

ရွှေဂျမ်း said...

ကြားရမြင်ရတာ စိတ်မကောင်းစရာတွေချည်းပါလားနော်။ နူရာဝဲစွဲ လဲရာ သူခိုးထောင်းဆိုတာမှာ တကယ့်ကို သူခိုးကြီးများ ထောင်းတာ ခံနေရတဲ့ ဒုက္ခသည်တွေအတွက် စိတ်မကောင်းရတဲ့အထဲ သူခိုးတွေ လူစိတ်မရှိပုံကိုလည်း ဒေါသထွက်ရသေးတယ်။ :(

Anonymous said...

တပ်မတော်မှာ စစ်စည်းကမ်း ရှိတယ်
အဲနာမလည်းတဲ့ သူတွေသာ
ပြည်ပပြောရေးဆိုခွင့်ရှိတဲ့ နိုင်ငံခြားရေ ၀န်ကြီးတောင် မပြောရဲတဲ့ သတင်းတွေ ၊ နိုင်ငံတော်အဆင့် သုံးသပ်လေ့လာ ဝေဖန်ချက်တွေကို
မနေ့တနေ့ကမှ စစ်တဲရောက်တဲ့ စစ်စည်းကမ်းနားမလည်းတဲ့ စစ်မိန့်မနားခံတက်တဲ့
လက်ရှိ နိုင်ငံတော်ရဲ့  သတင်းဌာနကို သူကိုတိုင်းအရုံအကြည်မရှိတဲ့ စစ်သားပေါက်စကလေးတွေက
သူတင်ရာမြင်ရာ သူ ဘလောစ်မှာ တင်နေတယ် အဲဗျာ ခက်ရော . . . .
သူလိုလူမျိုးကြောင့် မရှိတော့တဲ့ စစ်တပ်သိပ်ခါ အတွက်
စစ်စည်းကမ်း စစ်ကျင့်ဝတ်ကို နာခံတက်တဲ့ အမျိုးကောင်းသားစစ်သား တွေ အတွက် ရှက်စရာကောင်းလိုက်တာနော်
တီးအိမ်ကနေပြောလိုက်ပရစေ စားကြိုးစာပါ မင်းတို့ရဲ့ နှစ်စဉ်ပညာရေးတိုးတက်မှု မှတ်တမ်းမှာ မြန်မာ ထိပ်ဆုံးရောက်အောင်လုပ်ပါ
ပြည်ပကို ထွက်ပြီး ပညာမသင်နိုင်တဲ့ စစ်သားညီအကိုတွေအတွက် မင်းတို့ ဗဟုသုတတွေကို မျှဝေပါ
အွန်လိုင်ပေါ လာလာ ပြီး တိုင်းပြည်ထာဝန်းထမ်းရမဲ့ အချိန်တွေကို အလွဲသုံးစားမလုပ်ပါနဲ့
ထင်ရာမြင်ရာ ရှောက်ရှောက်မအော်ပါနဲ့ မျှဝေခြင်တဲ့ ဆန်ဒလေးများရှိရင် နိုင်ငံတော်လုပ်ပုံ လုပ်နည်းအတိုင်း
မြန်မာနိုငငံစာပေ စိစစ်ရေး ကိုတင်ပြ သက်ဆိုင်ရာ ဌာနကြီးမှူးရဲ့ ခွင့်ပြုမိန့်ကို ယူပြီး
ခွင့်ပြု သတင်းဌာနကနေပြီး ပြည်သူကို တင်ပြပါ အားပေနေပါမယ်

Anonymous said...

ဟုတ်ပခင်ဗျာ
လက်ရှိနိုင်ငံတော် အကြီးအကဲထဲမှာ စာပေပညာ ကလောင်အစွမ်း ထက်တဲ့ သူတွေ
ဝန်ကြီးအဆင့် ကလောင်အစွမ်းထက်တဲ့ သူတွေ အမြောက်အများ စာပေလောကမှာ ရှိပါတယ်
ကလောင်နာမည်တွေတော့ မဖော်ပြတော့ပါဘူး
ဒီ စစ်သားပေါက်စကလေးလို ပရပ်ပတာမဟုတ်ဘူး
မြန်မာနိုင်ငံ ပြန်ကြာရေးဝန်ကြီးဌာန စာပေစိစစ်ရေးရဲ ခွင့်ပြုချက်ကို ရယူပြီး
တရားဝင် ပြည်တွင်းပြည်ပ ကို သတင်း ဗဟုသူတပေးနေတာပါ ။
ကာကွယ်ရေးဝန်ကြီးဌာန လေ့ကျင့်ရေးဌာနကြီးမှူးချုပ် က
ရှရှား ပညာသင်းကျောင်းသားများကို ဒီလိုပြောပါတယ်
ပြည်ပရောက်ကျောင်းသား တွေဟာ ပြည်ပမှာ တိုင်းပြည်ကို ကိုယ်စားပြု စေလွတ်လိုက်တာပါ
ပြောတာဆိုတာ ပြောဆိုဆက်ဆံတာ တွေ အားလုံးဟာ တိုင်းပြည်အတွက် တာဝန်ရှိပါတယ်တဲ့
ကဲမင်းညီမင်းသား မင်းလောင်အပေါင်းတို့ နေတာထိုင်ထာ လေးတွေ စစ်စည်းကမ်းနဲ့ ညီပါစေနော်