Photobucket

Saturday, May 3, 2008

နတ်မင်းကြီး "မေလကိစ္စ စိတ်ဆိုး - မုန်တိုင်းတစ်ခု ပစ်ထိုး"


ဟုတ်ကဲ့။ စနေနေ့ မှာ ရန်ကုန်ကို တော်တော် ပြင်းသော မုန်တိုင်း တစ်ခု ၀င်ရောက်မွှေနောက်သွားရာ တော်တေ် အဖြစ်ဆိုးကာ ကျန်ခဲ့ပါသည်။ အမိုးတွေလန်ထွက်၊ ဖုန်းတွေပျက်၊ မီးတွေပျက်၊ အားလုံးလဲ ဒုက္ခတွေ ရောက်ကျပြီပေါ့။ ပစ္စည်းတွေလဲ ဈေးတွေမတရား တက်နေတယ်လို့ သိရှိရပါတယ်။ ခုနကပဲ ဖတ်လိုက်ရတယ်။ ဂေါ်ဖီထုပ်တစ်လုံး ၂၀၀၀ ကျပ်တဲ့။ ကျွန်တော်တို့ စန်ဖရန်မှာထက် ဆိုးနေပြီ။ ဒီလိုပြင်းပြင်းထန်ထန် မုန်တိုင်းကြီးဝင်မွှေသွားလို့ အပျက်အစီးတွေ အများကြီးဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ မေလ ကိစ္စကို လည်း ရွှေ့ဆိုင်း မယ် လို့ သတင်းထောက်တွေက ယူဆထားရပါကြောင်း။


မုန်တိုင်းဖြစ်ပုံ

မင်းဆိုးမင်းမိုက်တွေ ရှိရင် သဘာဝကြီးက အငြိမ်မနေတတ်ဖူးတဲ့လေ။ သူတို့ အာဏာအတွက် ထူးခြားပြီး မတရားတဲ့ ကိစ္စတစ်ခုခု လုပ်မယ်ဆိုရင် ဘုရား တွေ နတ်တွေ သဘာဝရဲ့ အုပ်စိုးသူတွေ က ဘယ်ကြည့်နေလိမ့်မလဲနော်။ ဒီလို ဘာသာတရား ထွန်းကားနေတဲ့ မြန်မာပြည်ကြီး မှာ September လက ရဟန်းတော်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီးခါထဲ က စိတ်ဆိုးနေသော သက်ဆိုင်ရာ သဘာဝ နတ်မင်းကြီးတွေက အဲ့ဒီထဲ က ကြုံးဝါး နေကြတာ၊ စာရင်းမှတ်ထားကြတာ။

အဲ့ဒီ လူမဆန်တဲ့ ကိစ္စတွေ ပြီးတော့ အခု ရက်စက်ကောက်ကျစ်ပြီး ယုတ္တိ မရှိသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို ထုတ်ပြကာ ၂၀၁၀ တွင် ရွေးကောက်ပွဲ ထပ်မံလုပ်မယ်လို့ပြောခဲ့တယ်။ အခု မေလ ၁၀ မတိုင်ခင် နိုင်ငံတကာ ရှိ သံရုံးများတွင် တရားမျှတမှုမရှိ မဲကောက်တာကို နတ်တွေ သိသွားတော့။ မေ ၁၀ ကျ ရင်လဲ မြန်မာပြည်မှာ မတရားစွာ မဲကောက်မည်ကို ကြိုသိထားပါတယ် လို့ သိရှိရပါတယ်။

ထို့ကြောင့် ကျွန်တော်လည်း ကောင်းကင် ပေါ်က နတ်မင်းကြီးတွေ ဘာလုပ်သလဲဆိုတာ သိချင်တာနဲ့ အင်တာသွားဗျူးခဲ့ရပါသည်။ အင်တာဗျူးရဲ့ ခေါင်းစဉ်ကိုတော့ - နတ်မင်းကြီး "မေလကိစ္စ စိတ်ဆိုး - မုန်တိုင်းတစ်ခု ပစ်ထိုး" လို့ ပဲ အမည်တပ်လိုက်ရပါကြောင်း။

Tea - နတ်မင်းကြီးခင်ဗျာ၊ အခုလို ရန်ကုန်ကို ဘာလို့ မုန်တိုင်းကြီး လွှတ်ပေးလိုက်ရပါသလဲ၊
NatMin - အော် မောင်တီးရယ်၊ မေ ၁၀ ကျရင် သူတို့တွေ က ယုတ်မာစွာ မဲကောက်ကြတော့မှာ လေ။
Tea - နတ်မင်းကြီးခင်ဗျာ၊ ဘယ်လိုလုပ်များ ကြိုတင်သိနေသလဲ ခင်ဗျာ။
NatMin - အော် မောင်တီးရယ်၊ ကျုပ်လည်း နတ်ပြည်က အင်တာနက်ကို သုံးပြီး သူတို့ ဘာလုပ်နေလဲ ဆိုတာ ဘာကြံစည်နေလဲ ဆိုတာ ရှာပြီးသားပါကွယ်။ ဒါကြောင့် သိနေတာပါ။
Tea - နတ်မင်းကြီးခင်ဗျာ၊ ဒါဆို ဒီဟာတွေ အားလုံး ရွေးကောက်ပွဲတွေဘာတွေ အားလုံးက လိမ်ညာမှုတွေပေါ့
NatMin - အော် မောင်တီးရယ်၊ သူတို့တွေ ဘယ်တုန်းကများ အမှန်လုပ်ဖူးလို့လဲ။ ဘာတုန်း မောင်တီးတို့ က ယုံနေကျတလား။
Tea - နတ်မင်းကြီးခင်ဗျာ၊ မယုံဝံ့ပါဘူးနတ်မင်းကြီးရယ်၊ ဟုတ်ရင်ကောင်းမှာပဲလို့ တွေးကြည့်တာပါ။
NatMin - အော် မောင်တီးရယ်၊ အခုလဲ နတ်မင်းကြီးမှနေ မြန်မာတစ်နိုင်ငံလုံးရှိ လူတွေအားလုံးကို စည်းရုံးကျလော့ ဟု ဆိုပြီး သတိပေးလိုက်တာပါ။ သူတို့တွေ ဒီတစ်ခါလဲ ညာနေဦးမှာ ပါဆိုပြီး မုန်တိုင်းမှတစ်ဆင့် ပြင်းပြင်းထန်ထန် သတိပေးလိုက်တာပါ။
Tea - နတ်မင်းကြီးခင်ဗျာ၊ မေလ ကိစ္စကို တော့ ဟုတ်ပါပြီ။ ဒါဆိုရင် ၂၀၁၀ ရော၊
NatMin - အော် မောင်တီးရယ်၊ နတ်မင်းကြီးက မောင်ရင့် ကို ထက်တယ်လို့ ထင်တာ၊ အခုတော့ တော်တော် ဒုံးဝေးပါလားနော်။ အဲ့ဒါက လည်း လိမ်နေတာလေ။ သူတို့ပဲ နိုင်အောင် နည်းမျိုးစုံနဲ့ လုပ်မှာ။
Tea - နတ်မင်းကြီးခင်ဗျာ၊ အခုလို မုန်တိုင်းကြီး ဖြတ်သွားတော့ တိုင်းပြည်က လူတွေ ဒုက္ခရောက်နေပါတယ်။ ဒါကို မသနားဘူးလား။
NatMin - အော် မောင်တီးရယ်၊ မင်းဆိုးမင်းမြတ်ရှိတဲ့ တိုင်းပြည်က ပြည်သူပြည်သားတွေ ဆင်းရဲဒုက္ခ ရောက်တယ် ဆိုတာ ဓမ္မတာ ပါ မောင်တီးရယ်။ ဒီလို များများ ဖြစ်မှ လူတွေ နားလည်လာကြမှာ။ နတ်မင်းကြီးကတော့ လူတွေကို ဒုက္ခ မခံစေချင်ဘူး၊ ဒါပေမယ့် စောင့်လည်း မစောင့် နိုင်တော့ဘူး။ အခုလို ဒါကြောင့် သတိပေးလိုက်ရတာပါ။
Tea - နတ်မင်းကြီးခင်ဗျာ၊ နတ်မင်းကြီးက အခုမှ မြန်မာပြည်က ပြန်လာတာပေါ့၊ အခြေအနေလေး သိရအောင် အားလုံး နဲ့ ရှဲပါဦး နတ်မင်းကြီး။
NatMin - အော် မောင်တီးရယ်၊ တော်တော်ဆိုးပါ့။ နတ်မင်းကြီးလဲ အိပ်ငိုက်တာနဲ့ ကော်ဖီသောက်မယ်လုပ်တော့ ထိုင်လိုက်ရာ ဈေးကြီးလွန်းလို့ ပါလာတဲ့ နတ်ပြည်က လဲလာ တဲ့ ပိုက်ဆံ မလောက်တာနဲ့ ထပြန်လာရတယ် မောင်တီးရေ။
Tea - နတ်မင်းကြီးခင်ဗျာ၊ အခုလို ကြားရတာ စိတ်မကောင်းပါဘူး ခင်ဗျာ။
NatMin - အော် မောင်တီးရယ်၊ ရပါတယ်။ နတ်မင်းကြီးလဲ ဒီလို ဈေးတက်တာနဲ့ ကြုံတာ မြန်မာပြည် သွားတိုင်းပါ။ ရိုးနေပါပြီကွယ်။ အခုတခါ အမှတ်မရှိ ပိုက်ဆံ ပိုမထည့်လာတာ နတ်မင်းကြီးအမှားပါ။
Tea - နတ်မင်းကြီးကို အခုလို အားလုံးကို ရှင်းလင်း ဖြေကြားပေးသည့် အတွက် မောင်တီး ဘလော့ခ်မှ အထူးကျေးဇူးတင်ပါကြောင်း . . . .

အားလုံး အဆင် ပြေ ကြပါစေ။ ကျန်းမာ ကြပါစေ။
Tea

3 comments:

Anonymous said...

တီးထားတာ လှတယ်။ အင်တာဗျူး

Anonymous said...

“ စက်တင်ဘာ” ညီလေးရေ...“ နိုဝင်ဘာ” မဟုတ်.

Tea said...

oh ya..i'm so sorry.. :) fixed.
i always have a problem that i'm calling september .. the november.. >_<