Photobucket

Tuesday, May 13, 2008

တရုတ် အလှည့် ရောက်ပြီကွယ်


တရုတ်ပြည်က ငလျင်သတင်း အကျင်းချုပ်ပါ။ စာမေးပွဲတွေ အများကြီး တန်းစီနေလို့ အကျဉ်းချုပ်ပဲ တင်ပြလိုက်ပါတယ်။

ဆယ်စုနှစ် ၃ခု မှာ တရုတ်ပြည်မှာ အဆိုးဝါးဆုံး လှုပ်သွားခဲ့သော ငလျင်ကြီးတစ်ခုပါ။ လောလောဆယ် အနည်းဆုံး လူ ၁သောင်း သေဆုံး သွားပါတယ်။ ကျောင်းတွေ အများမှာ ကျောင်းသွားတော်တော် များများကို ဒုက္ခပေးသွားခဲ့သော ငလျင်တစ်ခုလို့ သိရှိရပါတယ်။ ကယ်ဆယ်ရေးတွေကို လည်း အပြင်းအထန်လုပ်နေပါတယ်။ လုပ်လည်း လုပ်ခဲ့ပါတယ်။ စီချွမ်ဒေသ မှ စတင်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အခု လူ၁သောင်း ဆိုတာကလည်း စီချွန်ဒေသ မှာတင် သေတာပါ။ စုစုပေါင်း ဒေသကြီး ၈ခု တိတိမှ လူများကို သေဆုံးစေခဲ့တာ ဖြစ်ပါတယ်။ တစ်ခြားနေရာရာတွေမှာ လည်း ၃၀၀ ကျော် သေဆုံးသွားပါတယ်။ ဘေးချွမ် ဒေသမှာဆိုရင် ကျောင်း တစ်ကျောင်းက ဆရာနဲ့ ကျောင်းသားပေါင်း ၁၀၀၀ ကျော် သေဆုံးတယ်လို့ ပြောနေကြပါတယ်။ နောက်တစ်ကျောင်းက လည်း ၉၀၀လောက် သေသွားတယ် လို့ ခန့်မှန်းထားရပါတယ်။




အခုတော့ တရုတ်ပြည်က လူတွေလည်း ငိုငိုယိုယို ဖြစ်နေကြရပါပြီ။ ဟုတ်ကဲ့။ အခုလို U.N security concil မှာ များများလေး ငြင်းပေးပါ။ မြန်မာပြည်က လူတွေကို ကယ်ဖို့ များများလေး ကန့်လန့်လုပ်ပေါ့။ ဒါဆိုရင် ကိုယ်တိုင် ကိုယ်ကျ ဒီလို ဒီပုံ ခံစားရမှာ ဖြစ်ပါတယ်။ အခု ဟာ က အမြည်းလေး ပေးလိုက်တာပါ။ မြန်တယ်နော်။ သိပ်မကြာဘူး။ သူများတွေ အသက်ကယ်ဖို့ ဆွေးနွေးနေရာ ကြားက ရှုပ်နေတာ့ အခု သူပါ အဆစ်ပါသွားပြီ။ ထပ်လုပ်ရင် ထပ်ပြင်းတဲ့ ငလျင်တွေ ၀င်မှာဖြစ်တယ်။ ဟဲဟဲ။

အလကားနောက်တာပါဗျာ။ ကြားရတာ ကျွန်တော် လည်း စိတ်မကောင်းပါဘူး။ အားလုံးနှင့် ထပ်တူ ၀မ်းနည်းရပါတယ်။ အခုလှုပ်သွားခဲ့တဲ့ ငလျင်ကြီးက ၇.၂ magnitude တောင် ရှိတယ်ဆိုတော့ တော်တော်လေး ပြင်းထန်ပါတယ်။

ကမ္ဘာကြီး ငြိမ်းချမ်းပါစေသား။
Tea

3 comments:

Anonymous said...

ဒင်းအလှည့်ရောက်ပီပေါ့

Anonymous said...

တီးရေ-- မနှစ်က တရုတ်နဲ့မြန်မာ အဖြစ်အပျက်နှစ်ခုတူခဲ့တယ်နော်-တိဘက်ဘုန်ကြီးတွေကိုနှိမ်နှင်းတာနဲ့ မြန်မာဘုန်းကြီးတွေကိုဆုံးမပုံလေ--

Anonymous said...

စာမေးပွဲတွေကြားထဲကနေ ပိုစ့်တွေ တင်ပေးနေသော ကို တီးအား ကျေးဇူးတင်ပါသည်