Photobucket

Wednesday, May 14, 2008

စစ်အစိုးရ ခွင့်မပေးလဲ US ၀င်ကယ်ရင် သတိထားရန်

ဟုတ်ကဲ့ပါ။ အားလုံးပဲ လေ့လာ သိရှိနိုင်ဖို့ အတွက် တင်ပေးလိုက်တာဖြစ်ပါတယ်။ ကျွန်တော့်ကို ကို စိုင်းဝဏ မှ အီးမေးလ် နှင့် တစ်ဆင့်ပေးပို့ လာတာ ဖြစ်ပါတယ်။ ကိုမျိုးချစ်ဆိုသူ က ရေးထားတာပါ။ သတင်းက မှန်လား မမှန်လားတွေ့ အတိအကျမသိသေးပါဘူး။ ဒါပေမယ့် မြန်မာစစ်အစိုးရ အခုလို ဆက်လက်ပြီး မငှဲ့ညာ မထောက်ထားပဲ ဖိနှိပ်နေမည်ဆိုရင် ဒီလို ဖြစ်လာဖို့ အများကြီး ရှိပါတယ်။



မြန်မာပြည်သူ ပြည်သားများသို့ အရေးပေါ် သတိပေး တားမြစ်ချက်

လေးစား ချစ်ခင်ရပါသော မြန်မာနိုင်ငံသား အပေါင်းတို့ခင်ဗျား။

ပြည်သူအများသိပြီး ကြတ့အဲ တိုင်းစစ်အစိုးရဟာ မုန်တိုင်းဘေးသင့် သူတွေ ကယ်ဆယ်ရေးကို
ညံ့ဖျင်းမှားယွင်းစွာ ကိုင်တွယ်နေပါတယ် ဒါကို ပြည်ပနိုင်ငံတွေက သိလို့ကူညီမယ်ဆိုတော့လဲ ဝင်ခွင့်ချက်ချင်း မပေးခဲ့တဲ့ အတွက် ခုဆိုရင် သေဆုံးသူ အရေအတွက်ဟာ သိန်းကျော်ခဲ့ ပါပြီ။ မုန်တိုင်းပြီးခဲ့ ပေမယ့်လဲ ရေ နဲ့ စားနပ်ရိက္ခာပြတ်လတ်မှု၊ ဆေးဝါးမပြည့်စုံမှု၊ ရေညစ်ညမ်း မှုတွေကြောင့် ပြည်သူ အများအပြား ဆက်လက် သေဆုံး နေကြရှာပါတယ် ဒီအတိုင်း ရှေ့ဆက်မယ်ဆိုရင် နောက်ထပ် သေဆုံး သူများဦးရေဟာ ၆သိန်းနီးပါး ရှိနှိုင်တယ်လို့ နိုင်ငံတကာမှ လေ့လာသူများ၊ ဆေးပညာရှင်များက ခန့်မှန်းထားပါတယ် အခုဆိုရင် ဝမ်းရောဝါနဲ့ အခြားကူးစက်ရောဂါများဟာ မုန်တိုင်းဒါဏ်ခံခဲ့ရတဲ့ နေရာတွေတိုင်းမှာ ကြောက်မက်ဖွယ် ပျံ့နှံ့နေပါပြီ။

ဒါကိုလဲမှန်မှန်ကန်ကန်ဝန်ခံခြင်းမရှိခ့တဲ့ အဲ ပြင် UN နှင့် USA တို့မှ လတ်တလော ပေးပို့ခ့တဲ့  လေဘေးကူညီမှုလှုဒါန်းထားတဲ့ ပစ္စည်းတွေကိုပါ စစ်ဂိုဒေါင်တွေထဲထည့်သွင်း သိမ်းဆည်း ထားခဲ့ပါတယ်
ပြီးတော့ ဒီပစ္စည်းတွေကို သူတို့ကိုယ်ကျိုးအတွက် အလွဲသုံးစား အသုံးပြုနေပါတယ် သူတို့ မိသားစုများတွေ ဆီဘဲပေးပို့ ခြင်း၊ ငွေဖြင့်ပြန်လည် ရောင်းချ စီးပွားရှာခြင်းများ ပြုလုပ်နေပါတယ် ဒါကို အခု USA နဲ့ UN ကသက်သေ အတိအကျ ရထားပြီးပါပြီ ဒီတော့ UN ရဲ့ မူလပဋိဥာဉ်စာချုပ်ထဲက အချက်တစ်ချက်ဖြစ်တဲ့
အရေးပေါ် ဝင်ရောက် ကယ်ဆယ်ခွင့်ကို အသုံးပြုတော့မှာဖြစ်ပါတယ် ဒီတော့မကြာခင်ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တွင်းကို USA နဲ့ UN စစ်တပ်က ကိုယ်တိုင်ဝင်ကူညီတော့မယ်လို့သိရပါတယ်။
ဒီလိုဝင်လာမယ့်စစ်သားတွေမှာလဲ အသင့် အနေအထားနဲ့ အထူးသတိထားပြီးဝင်ရောက်ရမှာဖြစ်ပါတယ် သူတို့ဘဝမှာ တစ်သက်မမေ့အောင်သွေးပျက်ခဲ့ရတဲ့ Vietnam စစ်တွင်းအတွေ့အကြုံတွေကြောင့်
ဒီတစ်ခါ အဲဒိလို လုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး၊ သူတို့ကို ပြောက်ကျားစနစ်န့အဲ တိုက်မခံရအောင်
သတိကြီးစွာထားပြီး လှုပ်ရှားမှာဖြစ်တယ် လို့သိရပါတယ် နောက်ပြီး သူတို့ကို တိုက်ခိုက်လာနှိုင်တဲ့သူ တွေထဲမှာ အရပ်ဝတ်စွမ်းအားရှင်တွေ အရပ်ဝတ်ထားတဲ့ စစ်သားတွေလဲပါမယ်လို့ သိထားပါတယ် ဒါကလဲ ပြည်သူတွေန့နဲိုင်ငံတကာရ့အဲ မြင်မှာ မြန်မာတွေကို အမေရိကန်တွေ သတ်နေပါပြီ လို့ထင်ရအောင် ကြိုတင် အကွက်ဆင်ခြင်း ဘဲဖြစ်ပါတယ် အပြစ်မဲ့ပြည်သူတွေကို လုံးဝမထိစေဖို့လဲ အမေရိကန်စစ်သားများကို အထက်မှ တင်းကြပ်စွာ သတိပေးထားပါတယ် ဒါပေမယ့် သူတို့ အသက် အန္တရာယ်ကို ထိခိုက် လာနှိုင်တယ် ဆိုရင်တော့ စစ်ရေး အရလိုအပ်သလို တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ လဲသိရပါတယ်။

ဒါကြောင့် ကျွန်တော် အခု မြန်မာတွေကို UN နဲ့ USA ကသတိပေးချင်တဲ့ အရမ်း အရေးကြီးတဲ့ အချက်တွေကိုပြောပြပါမယ် ပြည်တွင်းကို လက်လှန်းမှီသလောက်ပို့ပေးကြပါ။

အမေရိကန် နဲ့ UN စစ်သားတွေကို မြေပြင်ပေါ်မှာတွေ့ရှိရင်

ရဟတ်ယာဉ်ဖြင့် ဆင်းလာခြင်း တွေ့လျင်သော် လည်းကောင်း


သင်္ဘော ပေါ်မှဆင်းလာခြင်း တွေ့လျင်သော်လည်းကောင်း


စစ်သုံးယာဉ်များ သံချပ်ကာကား (Tank) ဖြင့် တွေ့လျင်သော်လည်းကောင်း


မလိုအပ်ဘဲ အနားကပ်ပြီး ကြည့်ရှုစပ်စုခြင်း၊ နှုတ်ဆက်ရန် ကြိုးစားခြင်း (သို့မဟုတ်) စကားမေးမြန်း ပြောဆိုခြင်း၊ လူစုလူဝေးနှင့် ဝိုင်းရံခြင်းဖြင့် ၄င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်မှုကို တိုးမြင့်စေခြင်း၊ ၄င်းတို့သွားရာလမ်းမများအားပိတ်ဆို့ ဝိုင်းရံပြီးရပ်ကြည့်ခြင်း၊ သံသယဖြစ်စရာ လျှပ်တပြက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း ( ဥပမာ - ကျယ်လောင်စွာ အော်ဟစ် အားပေးရင်း ပန်းကုံးများဖြင့် ပေါက်ခြင်း ) ၊ အစရှိတဲ့ အပြုအမူတွေကိုလုံးဝမလုပ်ကြဖို့ US စစ်တပ်က မျိုးချစ်မြန်မာရဲ့ မိတ်ဆွေတစ်ဦးက တင်းကြပ်စွာ သတိပေးထားပါတယ်။

အဓိက သူတို့မှာ ချင်တာကတော့ တတ်နိုင်သမျှ ဝေးဝေး မှာနေကြပါ။ အနား လုံးဝမကပ်ပါနဲ့ အရမ်း အန္တရာယ်ကြီးပါတယ် လိုအပ်ရင် သူတို့က အရင် ချဉ်းကပ် လာပါ့မယ်။ ပြည်သူတွေ ရှေ့အရမ်း စွတ်မတိုးကြပါနဲ့ ဆိုတာ ပါဘဲ။

ဒီစာနဲ့ ပုံတွေကိုလဲ ပြည်တွင်းမှာ လက်လှန်းမှီ သလောက် အမြန်ဆုံး ပို့ပေး ပြောပေးကြပါ လို့မေတ္တာရပ်ခံ
ပါတယ်။

အားလုံးအဆင်ပြေပါစေ။

Tea

1 comment:

Trading & Investment 2023 said...

Rumour beware, Please visit this url http://radio.un.org/