အားလုံးက အခြေအနေ ဘယ်လိုလဲ ဘာလဲညာလဲ လာမေးတော့ ကျွန်တော်လည်း သိပ်မသိဘူးဗျ။ ရန်ကုန်နဲ့လည်း အဆက် အသွယ်ပျက် နေလို့ပါ။ ဒါကြောင့် ဒီကနေ့ လိုက်ပြီး လည်ပတ် ခဲ့တဲ့ ဘလော့ခ် တွေထဲ က ကိုဒီရေ ဘလော့ခ်မှ ရန်ကုန် နောက်ဆုံး သတင်းလေး အကြောင်း ဖတ်ပြီး တော်တော် ကောင်းတာနဲ့ တစ်ဆင့် ပြန်လည် မျှဝေ လိုက်ရပါကြောင်း ...
ကျေးဇူးတင်ချင်ပါက ကိုဒီရေအား သွားပြီး ကျေးဇူးတင်ကြ။ တီးက ပြန်လည် ပိုစ့်ပေးခြင်းသာဖြစ်သည်။ ကိုဒီရေ ရဲ့ ပိုစ့်မှာ ဓာတ်ပုံတွေ ဗီဒီယိုတွေလည်း သွားကြည့်လို့ရပါတယ်။ သွားကြည့်ရန်နှိပ်ပါ။
* ရန်ကုန်တမြို့လုံးဗြောင်းဆန်နေ
* မုန်တိုင်း တော်တော်ဆိုးတယ် မလွတ်ဘူး၊
* နံနက် ၅ နာရီခွဲတွင် အပြင်းထန်ဆုံး အရှိန်အဟုန်ဖြင့် ရန်ကုန်မြို့သို့ တိုက်ခတ
်* မနေ့ည ၁၁ နာရီက စတိုက်တာ ။ အပြင်းဆုံးအချိန်ကတော့ မနက် ၅ နာရီ၊ ၆ နာရီ
* စလောင်းတွေ အားလုံး လွင့်။ သွပ်ပြားတွေ အချပ် လိုက် လမ်းတွေပေါ်ပြေးနေ
* ကမာရွတ်၊ လှိုင်၊ မြေနီကုန်း ၊ ရွှေုဂုန်တိုင် ဝေဠုဝန်တိုက်ခန်း ဟံသာဝတီ ကားပွဲစားတန်း ကျွန်းတောလမ်း
* တက္ကသိုလ်ရိပ်သာလမ်း စမ်းချောင်းမြို့နယ် တော်တော်ဆိုးတယ်။ စမ်းချောင်းက ဆက်သွယ်ရေး ဝန်ကြီးရုံးတော့ ရွဲသွားပီ
* သမိုင်း ခဝဲခြံ အင်းစိန် ပုဇွန်ထောင် နဲ့ မြိုသစ်ဖြစ်တဲ့ ဒဂုံ ရွေပြည်သာ လိုင်သာယာ တော်တော်အခြေအနေဆိုးတယ် ရေအသားကုန် ကြီးနေပီ
* ခဝဲခြံမှာလူနေလို့မရအောင် ရေကြီနေတယ်
* လိုင်သာယာကတဲက အသေးလေးတွေ ဘာမှာမရှိတော့ဘူး ကလေးတွေသနားစရာပါ…
* လူတွေ အလုပ်တွေရူပ်နေကြတယ်
* GSM တွေရော လိုင်းဖုန်းတွေလုံးဝ မရ
* ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုတို့ကို ကြည့်ရှု နားဆင် မရ
* မိုးစဲသွားပြီ်း မြို့တွင်းရှင်းလင်းရေးကို ကိုယ်ထူကိုယ်ထရပ်ကွက်အလိုက် လုပ်
* “မနက် ၁၀ နာရီထိ အရှိန်ပြင်းပြင်းနဲ့ တိုက်နေ
* အိမ်တချို့ ပြိုလဲမှုများ ရှိ
* အပျက်အစီးများ လမ်းများ ပိတ်နေ
* လိုင်းကား ပြေးဆွဲခြင်းလဲ မရှိ
* လေလည်း ငြိမ်သွားပြီ
* ရန်ကုန်မြို့တွင် ပျက်စီးမှု အကြီးအကျယ် ဖြစ်ပေါ်စေခဲ့
* ယနေ့ညဘက် တမြို့လုံး အမှောင်ကျ
* သေဆုံးပျေက်ခန့်မှန်းမရ များနိုင်
* စားသောက်ကုန်များ ဈေးတက် အလုအယက် ၀ယ်ယူနေကြ
* ကား၊ ရထားအားလုံး ရပ်ဆိုင်း
* အင်တာနက် လုံးဝမရ ကျော်ခွ ဇယားတောင်စဉ်းစားမရ..
* ရန်ကုန်မြို့တွင် ယန္ဒရား ရပ်
* လျှပ်စစ် ဓာတ်အားပေး စက်ရုံ အားလုံး ရပ်။ လမ်းတွေပိတ်နေတယ် အိမ်မီးပြောနဲ့ လမ်းမီးတောင်မလာဘူး..
* အပင်များမရှိတော့ဘူး
* လမ်းဘေးရပ် ကားအပျက်စီများ
* ရန်ကုန်မြို့ပျက်စီးမှု အကြီးအကျယ် ဖြစ်
* အမှတ် (၁)၊စမ်းချောင်းမြို့နယ မူးယစ်ဆေးဝါးပြတိုက်ကို လေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်း ဖွင့်
* ဆက်လက် စုံစမ်းနေ
* ရန်ကုန်မိုးတိပ်သွားပြီ မုန်တိုင်းထပ်လာမယ်ဆိုတဲ့အသံတွေထွက်နေ…
ဤပိုစ့်အတွက် ကိုဒီရေအား အထူးကျေးဇူးတင်ပါသည်။
ရန်ကုန်မှ သတင်းများကို ကြားရပြီးနောက် စိတ်မကောင်းဖြစ်သလို စိတ်လည်းပူမိပါသည်။
Tea
4 comments:
စိတ်ပူလိုက်တာနော်။
ဟုတ်ကဲ့ပါ။ ကျွန်တော်လည်း အရမ်း စိတ်ပူမိပါတယ်။
:(
စိတ်ပူနေရုံ၊ အဆိုးတွေထဲက အကောင်းလေးနည်းနည်းပါးပါးကို မျှောင်လင့်နေရုံ မှတပါး အခြားမရှိပြီ။
ဒီနေ့ ညနေ သူငယ်ချင်းတစ်ယောက် Silk Air MI 511 နဲ့ ရောက်လိမ့်မယ်လို့ မျှောလင့်ထားတယ်။ သူရောက်မှ နည်းနည်းထပ်သိရလိမ့်မယ်။
မိတ်ဆွေသူငယ်ချင်းတို့
လေဘေးဒုက္ခရောက်နေသူများအတွက်
မိမိတို့နှင့်နီးစပ်ရာ အလှူငွေကောက်ခံရေးအဖွဲ့များထံ
တတ်အားသမျှ အမြန်ဆုံး အလှူငွေများ ထည့်ဝင်ကြပါ
Post a Comment