Photobucket

Monday, May 5, 2008

အသည်းနှလုံးအားဗုံးကြဲခံရခြင်း

ယုတ်မာပတ်စက်
ဇကောလောက်မှာဇောက်မနက်
မေတ္တာတရားခေါင်းပါးစွာနဲ့
မိစ္ဆာမင်းလုပ်အုပ်ချုပ်နေတဲ့
လူစိတ်မရှိတဲ့လူယုတ်မာတွေ
လုပ်ရက်ကြောင့်
အလွမ်းဆိုတဲ့ တေးကို သီကုံး
မေတ္တာတရားဆိုတဲ့ သံစဉ်ကိုတမ်းတရင်း
ဒုက္ခကိုအံတုကာ
မင်းတို့ခြေရင်းကိုခိုလှုံခဲ့ပေမယ့်
တို့လူမျိုးကို တိရိစ္တာန်အဖြစ်
ပြစား(Human Zoo)လို့ဆိုင်းဘုတ်တပ်ပြီး
လုပ်စားနေတဲ့သူတွေရေးးးး
တလုတ်စားဘူးသူ့ကျေးဇူးဆိုတဲ့စကားပုံနဲ့
ပုံစံခွက်ထဲမှာရှင်သန်နေရတဲ့တို့လူမျိုးတွေကိုကြည့်ပြီး
အသည်းမှာလှံစိုက်
ဓူဝံကြယ်ကိုဒူးနဲ့တိုက်ပြီးသာပြောလိုက်ချင်ပါတယ်…..
ကတုံးပေါ် ထိပ်ကွက် မီးလောင်ရာလေပင့်မလုပ်ကြပါနဲ့လို့
သမိုင်းကြွေးကြောင့်
အပြုံးတုနဲ့အမုန်းတရားတွေအတွက်
ကျွန်ဘ၀နဲ့ပေးဆပ်သူတွေမနည်းပါဘူး
ရာဘာတောမှာသတ်ခံရသူတွေအတွက်
တစ်ချက်ကလေးဘဲငေးကြည့်ပေးပါ……..
တို့နိုင်ငံမှာမိစ္ဆာတွေပျက်သုန်းလို့
အမိမြေကို အခြေချတဲ့တစ်နေ့
မင်းတို့ကျေးဇူးကိုဦးညွတ်လို့
အိမ်းနီချင်းကောင်းအဖြစ် ပေးဆပ်သွားမှာပါ………


မှတ်ချက် - ဤကဗျာလေးသည် မကြယ်စင်ကျော် ထိုင်းနိုင်ငံမြောက်ပိုင်းMae Hong Son ဆိုတဲ့ နယ်စပ် မြို့လေးကို အလည် သွားရင်း သူမ ဖေဖေ မိတ်ဆွေ တစ်ယောက်နဲ့ တွေ့ဆုံဘို့ အသွားမှာ ကြေကွဲစွာ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတစ်ခု အတွက် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူမျိုးတွေအတွက်ရင်ထဲက အက်ကွဲ ထွက်ကျ လာတဲ့ သူမရဲ့ သံစဉ်လေးပါ။ ကဗျာလေးကို ကျွန်တော့်အိမ်တွင် တင်စေချင်သည့် တကူးတက ပေးပို့ပေးသော မမေသူပိုင်အား တီးမှ ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားလိုပါသည်။ အခုလိုပဲ ကျွန်တော့်က ကဗျာတွေ မဖွဲ့တတ်တော့ မမေသူပိုင်လို တခြားသူတွေကလည်း ကဗျာလေးတွေ ပို့လာရင် ကြုံရင်ကြုံသလို တင်တင်ပေးပါမယ်။

Tea

3 comments:

စိုးထက် - Soe Htet ! said...

မေသူပိုင် နဲ့ ကြယ်စင်ကျော် အတူတူပဲ လား ... အရင် ကြယ်စင်ကျော် ဆီမှာ ဖတ်ဖူးတယ် အခု သူ့ ဘလော့ဂ် ပိတ်သွားလို့ :P

Anonymous said...

very good poem!!

Anonymous said...

great poem... plz continue more...and share people that all things are really happening to our people...
(^_^)