Photobucket

Sunday, May 18, 2008

ဒေါက်တာစိန်ဝင်း ဒေါ်စု ကိုယ်စား ဂုဏ်ထူးဆောင်ဆု ရယူလက်ခံ

ဟုတ်ကဲ့၊ ဤအပတ် စနေနေ့က San Rafael မှာ undergraduate commencement of Domminican University of California က နေ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဆု ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထိုဆုကို ညွှန့်ပေါင်း အစိုးရ ရဲ့ ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်းမှ သွားရောက် ကိုယ်စားလှယ် ယူပေးခဲ့တာဖြစ်ပါတယ်။ အခမ်းအနားမှာ ဒေါက်တာ စိန်ဝင်းမှ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းကို အလျင်မြန်ဆုံး အထိရောက်ဆုံး နည်းနဲ့ မြန်မာပြည် မုန်တိုင်းကိစ္စကို ကူညီဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံနှင့် ဒေါ်စု အတွက် စိတ်မကောင်းကြောင်း စကားတွေလည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက သမိုင်းစဉ် တလျှောက် အမှောင်မိုက်ဆုံး အခြေအနေကို ရောက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ If world waits, 'it will be too late' in Burma ကမ္ဘာကြီးက စောင့်နေမယ်ဆိုရင် မြန်မာပြည်မှာ အရမ်းနောက်ကျသွားမှာ ဖြစ်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ လူပေါင်း ၁ သိန်း ၃သောင်း ကျော်သေဆုံး ခဲ့ပြီး ဒီကိစ္စကို အလျင်အမြန် မကယ်ဆယ်ရင် မုန်တိုင်းဒဏ် ထိခဲ့သူ သန်းချီကာ ဒုက္ခရောက် သေဆုံးမှာ ဖြစ်ပါတယ်။ ပြီးတော့ အခမ်းအနားမှာ မြန်မာ စစ်အစိုးရရဲ့ ယုတ္တိမရှိပြီး ခက်ထန် ကြမ်းတမ်းသော ပြည်ပ ပညာရှင်တွေ၊ အကူအညီတွေ ပေးမှုတွေကို ငြင်းပယ်မှုတွေကို ဒေါက်တာ စိန်ဝင်းမှ ရှုတ်ချဝေဖန်သွားပါသည်။


Tea

No comments: