Photobucket

Friday, January 30, 2009

A Cool Song (12) မျိုးကြီး၏ သီချင်းတစ်ပုဒ်

အရင်တုန်းကလည်း ကျွန်တော် သီချင်းကောင်းလေးတွေ မျှဝေဖူးပါတယ်။ ကျွန်တော် အရင်တုန်းက မျှဝေခဲ့တဲ့ သီချင်းတွေ အားလုံးကို စုစည်းပြီးတော့ Myhome16 ရဲ့ A Cool Song သီချင်း ကောင်းတစ်ပုဒ် ဆိုတဲ့ အစီအစဉ် ကို မိတ်ဆက် ပေးချင်ပါတယ်။ ကောင်းတယ်လို့ ထင်တဲ့ သီချင်း ကောင်းလေး တွေကို မျှဝေ ခံစား သွားမှာပါ။ အရင်က မျှဝေခဲ့တဲ့ သီချင်းတွေကို နားဆင်ချင်ရင်တော့ ဒီနေရာ ကို နှိပ်ပြီး သွားရောက် နားဆင် နိုင်ပါတယ်။ ဒီနေ့တော့ A Cool Song (12) လို့ နာမည်တတ်ပြီး ၁၂ပုဒ်မြောက် အနေနဲ့ မျိုးကြီးရဲ့ သီချင်း တစ်ပုဒ်နဲ့ တင်ဆက် ပါရစေ။
ဒီသီချင်း လေးက အင်မတန်ကို ရိုးစင်းပါတယ်။ ထူးထူးခြားခြား စာသား တွေလည်း မပါဘူး။ ပုံမှန် အချစ် သီချင်းလည်း မဟုတ်ဘူး။ အင်မတန် ရိုးပေမယ့် အဓိပ္ပာယ် ကလည်း အရမ်းကို ကြွယ်ဝ ပါတယ်။ သီချင်းလေး နားထောင် လိုက်တိုင်း စိတ်ထဲမှာ အေးချမ်းမှု တွေ ခံစား ရတယ်။ သီချင်းလေး သွားနေတဲ့ တီးလုံးလေး တစ်လျှောက် မျောပါ သွားရင်း ဘ၀အတွက် အင်မတန် အရေးပါတဲ့ အကြံလေး တစ်ခုကိုလည်း ကြားရမှာ ဖြစ်ပါတယ်။

သီချင်း လေးကို နားထောင် ပြီးရင်း နားထောင် ချင်မိ ပါတယ်။ တစ်ခါ တစ်လေ စိတ်ဓာတ်ကျတဲ့ အချိန် ကျရင်လည်း နားထောင် မိတယ်။ တစ်ခါ တစ်လေ စိတ်ညစ် ရင်လည်း နားထောင် မိတယ်။ ဘ၀ရဲ့ အနှစ်သာရ တစ်ခုကို ဖော်ကျူး ထားတာမို့ နားထောင် လိုက်တိုင်း အားတက် စေပါတယ်။

ပြောနေတာ ကြာပါတယ်။ သီချင်းလေးကို အောက်မှာ IMEEM Player နဲ့ နားဆင် လိုက်ကြပါစို့။



သီချင်း Download လုပ်ရန် အတွက် - Link


သီချင်းစာသား Lyric


တစ်ခါတစ်လေမှာ တစ်ယောက်ထဲနဲ့ .. တစ်နေကုန် ဆုံချည်ဆန်ချည် အလုပ်ကြားထဲ ..
ငါလေ ရှေ့ဆက်ရမယ့် မနက်ဖြန် အားအပြည့် ရချင်တယ် ..

နေရောင်ခြည် မဟုတ်လဲပဲ .. ကြယ်စင် လောက်တော့ ငါ့ရဲ့လက်တစ်ကမ်း အတွေး ..
ကိုယ်တတ်စွမ်း သလောက် အလင်းရောင် အနွေးဓာတ် ပေးခဲ့တယ် ..

ရွှေငွေနဲ့ ဂုဏ်သိမ်ဓာတ် တို့ မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး ..
အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံး နေဖို့ ..

နာရီ စက္ကန့်များက ရှားပါးလွန်းတယ် ..
ကိုယ့်ဘ၀ကို စိတ်ကြိုက်နေလိုက် ..
ရိုးဆန်းလွန်းတဲ့ ဘ၀က အကောင်းဆုံးမို့ ..

Repeating ...

တစ်ခါတစ်လေမှာ တစ်ယောက်ထဲနဲ့ .. တစ်နေကုန် ဆုံချည်ဆန်ချည် အလုပ်ကြားထဲ ..
ငါလေ ရှေ့ဆက်ရမယ့် မနက်ဖြန် အားအပြည့် ရချင်တယ် ..

နေရောင်ခြည် မဟုတ်လဲပဲ .. ကြယ်စင် လောက်တော့ ငါ့ရဲ့လက်တစ်ကမ်း အတွေး ..
ကိုယ်တတ်စွမ်း သလောက် အလင်းရောင် အနွေးဓာတ် ပေးခဲ့တယ် ..

ရွှေငွေနဲ့ ဂုဏ်သိမ်ဓာတ် တို့ မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး ..
အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံး နေဖို့ ..

နာရီ စက္ကန့်များက ရှားပါးလွန်းတယ် ..
ကိုယ့်ဘ၀ကို စိတ်ကြိုက်နေလိုက် ..
ရိုးဆန်းလွန်းတဲ့ ဘ၀က အကောင်းဆုံးမို့ ..

ရွှေငွေနဲ့ ဂုဏ်သိမ်ဓာတ် တို့ မရှိလဲ နေနိုင်ပါတယ် တစ်သက်လုံး ..
အလိုအပ်ဆုံးက ဘ၀ကို အရိုးသားဆုံး နေဖို့ ..

နာရီ စက္ကန့်များက ရှားပါးလွန်းတယ် ..
ကိုယ့်ဘ၀ကို စိတ်ကြိုက်နေလိုက် ..
ရိုးဆန်းလွန်းတဲ့ ဘ၀က အကောင်းဆုံးမို့ ..


သီချင်းကမ္ဘာမှာ ပျော်ရွှင်နေသူ
Tea

ဆက်ဖတ်ရန်...(To Continue)

စောစောပြောပေါ့

ဘွဲ့ရတစ်ယောက်က စူပါမားကတ်တစ်ခုမှာ အလုပ်ရသွား လေသည်။ ယနေ့သည် သူ၏ ပထမဦး အလုပ်တက်ရသော နေ့ ဖြစ်လေသည်။

မန်နေဂျာက နွေးထွေးစွာ လက်ဆွဲနှုတ်ဆက်ပြီး တံမြတ်စည်း တစ်ချောင်းကို ပေးကာ ..

"ဒီနေ့ မင်း ပထမဦးဆုံး လုပ်ရမယ့် အလုပ်က ဆိုင်ကို တံမြတ်စည်း လှည်းဖို့ပဲ ကွ"

"ဗျာ .. ကျွန်တော်က တက္ကသိုလက်က ဘွဲ့ရ တစ်ယောက်ပါခင်ဗျာ။"

"အော်.. မင်းက ဘွဲ့ရလား.. မသိလို့ပါကွာ.. တောင်းပန်ပါတယ်.. စောစောက ပြောရောပေါ့.."

သူသက်ပျင်းချမလို့ ရှိသေး.. နောက်ဆက်တွဲ ပြောလိုက်တာက ..

" ... တံမြတ်စည်း ဘယ်လို လှည်းရမလဲဆိုတာကို သင်ပေးမှာပေါ့ကွ"

:D

Source: mmcp

ဆက်ဖတ်ရန်...(To Continue)

Thursday, January 29, 2009

Comics(5) စိန်မျောက်မျောက် နှင့် ကိုယ်ပျောက်ဦးထုပ်

ဒီ အပတ် ကာတွန်း နံပါတ်(၅) ကိုတော့ စိန်မျောက်မျောက် ကာတွန်းကို တောင်းဆိုချက် အရ တင်ဆက်လိုက်ရပါတယ်။












ဆက်ဖတ်ရန်...(To Continue)

Tuesday, January 27, 2009

FIXING and HEALING

ဒီတစ်ပါတ်တော့ စာဖတ်သူတွေ ငြင်းခုံ (အဲလေ… ဆွေးနွေး) လို့ရအောင် Topic တစ်ခုဖွင့်လိုက်မယ်နော်။ ယနေ့ ကမ္ဘာမှာ Debate စရာ ခေါင်းစဉ်တွေကလဲ အများသား Gay Right ကနေစလို့ Abortion, Stem Cell Research, Gun Right, Bail out bill Issues, Global Warming စုံလို့ပါပဲ။ ဒါတွေကို အကုန်လိုက်ဆွေးနွေးငြင်းခုံနေရင်လဲ ပြီးတော့မှာ မဟုတ်ဘူးလေ။ ကောလိပ်စတက်တည်းက့ အပျက်သဘောဆောင်တဲ့ တစ်ယူသန်ဝါဒတွေကို တစ်ချိန်လုံးကြားနေရတာ စိတ်ကုန်လှပြီ။ အပြုသဘောဆောင်တဲ့ “Fixing and Healing” နဲ့ပဲ စလိုက်ကြရအောင်။

စာဖတ်သူတို့ အင်္ဂလိပ်ဝေါဟာရ Vocabulary တွေဖြစ်တဲ့ Fix, Heal စာလုံးနှစ်လုံး ဘာများကွာသလဲဆိုတာ တွေးကြည့်ဖူးပါသလား။ တွေးကြည့်ရင်တော့ အများကြီးပေါ့နော်။ ပေဖူးတို့ Leadership Training တစ်ခုမှာ ဒီစကားလုံးလေးနှစ်လုံးကို အခြေခံပြီး student leader တွေအနေနဲ့ ဘာတွေလုပ်သင့်တယ်ဆိုတာ အများကြီးဆွေးနွေးခဲ့ဖူးပါတယ်။ ဗမာလိုတော့ ပျက်အစဉ် ပြင်ခဏတဲ့။ ပြင်တယ်ဆိုတဲ့ အပိုင်းမှာ ဘယ်လို Treatment ပေးမလဲပေါ့နော်။ အဓိကအားဖြင့်တော့ Fixing ပြုပြင်မှုအပိုင်းနဲ့ Healing ကုသမှုအပိုင်းပေါ့နော်။ အောက်စာပိုဒ်တွေမှာတော့ ဒီစာလုံးလေးနှစ်လုံးကို လေးလေးနက်နက်တွေးပြီး ဘာလုပ်သင့်တယ်ဆိုတာ ဆက်ကြည့်ကြတာပေါ့။ comment မှာ discussion နဲ့ debate ကို ကြိုဆိုပါတယ်။ အငြင်းလွန်ပြီး လမ်းတော့လွဲမသွားကြနဲ့ပေါ့နော်။

Fixing is temporary while Healing will last longer.
Fixing ကတော့ ခဏပဲ ခံတယ်။ Healing ကတော့ ပိုကြာကြာခံလိမ့်မယ်။

Fixing is physical while Healing is mental.
Fixing ဆိုတာ ရုပ်ဝတ္တုပြုပြင်ခြင်းလို့ ပြောလို့ရတယ်။ Healing ကတော့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ အများကြီးပါတယ်လေ။

Engineers fix when doctors heal.
အင်ဂျင်နီယာတွေကတော့ ပြုပြင်ခြင်းအပိုင်း၊ ဆရာဝန်တွေကတော့ ကုသမှုအပိုင်းပေါ့။

Fixing is forgetting what happened whereas Healing is keeping in mind what happened but marching to the better stage.
Fixing ဆိုတာ ကိုယ်ဘာဖြစ်ခဲ့တယ်ဆိုတာကို မေ့လိုက်တာ။ Healing ကတော့ ကိုယ်ဘာဖြစ်ခဲ့တယ်ဆိုတာကို သတိရပြီး ပိုကောင်းတဲ့ ဘ၀တစ်ခုရအောင် ကြိုးစားတာ

Fixing is quick. On the other hand, Healing needs time.
Fix တယ်ဆိုရင်တော့ မြန်ပါတယ်။ Heal ဆိုရင်တော့ အချိန်လိုတာပေါ့


Fixing is status quo but Healing is starting the brand new process.
Fixingဆိုတာ နဂိုမူလအကောင်းအတိုင်းပြန်ဖြစ်အောင် လုပ်ယူတာ။ Healing ကတော့
အစကနေ ပြန်စတာပေါ့။

ဒီလောက်ဆိုရင်တော့ တော်တော်လေးစုံသွားပါပြီ။ ကဲ စာဖတ်သူတို့ကော အခက်အခဲတစ်ခုကြုံလာတာပဲ ဖြစ်ဖြစ်၊ ကိုယ်အမှားတစ်ခုလုပ်မိတာပဲ ဖြစ်ဖြစ် နောက်ဆက်တွဲအပိုင်းမှာ ဘာဆက်လုပ်သင့်သလဲဆိုတာ တွေးမိပြီပေါ့။

Either Fixing or Healing, You have to do it. Don’t leave your mistakes right there. Don’t ruin your life forever!!!!

ဆက်ဖတ်ရန်...(To Continue)

Monday, January 26, 2009

တာဝန်မကျေတဲ့ အစ်မတစ်ယောက်ရဲ့ မွေးနေ့ဆုတောင်း

မနှစ်က January လ မှာ ညီမလေး ကို မမ ခရီးဝေးကို ရောက်နေပေမယ့် ခြင်္သေ့ကျွန်းလေး ပေါ်က ညီမလေး ကိုတော့ မအားတဲ့ ကြားက အပြေးအလွှား ဆုတောင်းစာ လွှာလေး တစ်စောင် ပို့လိုက် မိသေးတယ်။

ကျမ အတွက် အရမ်း ချစ်စရာ ကောင်းတဲ့ ညီမလေးကို ကျမ ကျောခိုင်း ခဲ့လိမ့်မယ်လို့ ကျမ ဘယ်တုန်းက မှ မတွေးခဲ့မိဘူး။ အစ်မကြီး တစ်ယောက် အဖြစ် ခံယူထားပေမယ့် အစ်မ တစ်ယောက် တာဝန်မကျေခဲ့မိတဲ့ အတွက် တွေးမိ တိုင်းစိတ်မကောင်းဖြစ်ခဲ့မိတာ ပါ ညီမလေးရေ.....

အွန်လိုင်းပေါ်မှာ ကျမ ကိုတွေ့တာနဲ့ လျှာထုတ်ပြီး ပြောင်ပြလိုက် ကျမ စိတ်ရှုပ်နေချိန်တွေမှာ ကျမ ကို ပျော်အောင် ဖန်တီးပေးလိုက် စကားပြောရင် ယောကျာင်္းဆန်တဲ့ အမူအယာ တွေကြောင့် စိတ်ဆိုးလာရင် ယောကျာင်္းလေး တစ်ယောက်လို ဆဲတတ် သေးတဲ့ ညီမလေးရေ... January လ ဆိုတာကို စရောက် ကတည်းက ညီမလေး မွေးနေ့ကို မမ အမြဲ စဉ်းစား နေမိတာပါ။

အသုံးမကျတဲ့ အစ်မ တစ်ယောက်ရဲ့ ရင်ထဲက မွေးနေ့ ဆုတောင်း တစ်ခုမှာ ကြေကွဲခြင်း၊ တမ်းတခြင်း၊ ၀မ်းနည်းခြင်းတွေနဲ့ အတူအဝေး တစ်နေရာ ကနေ ပြီး တောင်းဆု ခြွေလိုက်တယ် ညီမလေးရေ...

အဖေ ကို ချစ်တဲ့ သမီးတစ်ယောက် ဖြစ်တဲ့ ညီမလေး ......
အမြဲတမ်း စာကြိုးစားလို့ စာတော်တဲ့ ညီမလေး...........
ဘာသာစကားကို အလေးထားလို့ ညီမလေး ဒီထက်မက ဘာသာစကားပေါင်း များစွာကို ပြောဆိုနိုင်ပါစေ ညီမလေးရေ..

ဘယ်သူ တွေကို အဆက်သွယ် ဖြတ်ဖြတ် ညီမလေး ကိုတော့ မဖြတ်ပါနဲ့ ဆိုတဲ့ ညီမလေး ရဲ့ စကားတွေ မမရင်ထဲမှာ ကြားယောင်နေဆဲပါ ညီမလေးရေ ....
ညီမလေး ဘေးနားမှာ ဆက်ပြီး မရှိနေ သင့်တော့တဲ့ အစ်မ တစ်ယောက် ကို ညီမလေး တစ်ယောက် မေ့နေမယ် ဆိုတာ သိပေမယ့် တာဝန် မကျေခဲ့တဲ့ အစ်မ တစ်ယောက် ညီမလေး ဘေးမှာ အရိပ်တစ်ခု အဖြစ်ရှိနေဆဲပါ။
ခြင်္သေ့ကျွန်း ပေါ် ရောက်ခဲ့စဉ် က ညီမလေး နဲ့ များ တွေ့နေမလား ဆိုတဲ့ အသိစိတ်နဲ့ ရှာဖွေနေခဲ့ မိသေးတယ် ညီမလေးရေ...
ဘယ်သူ မပြု မိမိမှု ဆိုတဲ့ စကားအတိုင်း တာဝန်မကျေခဲ့တဲ့ အစ်မ တစ်ယောက် ရဲ့ မွေးနေ့ ဆုတောင်းကို ညီမလေး အသိအမှတ် မပြုမှန်းသိပေမယ့် ဆုတောင်း ပေးချင်သေးတယ်ညီမလေးရေ.......

Belated Happy Birthday ပါ ညီမလေးရေ....
သိပ်ချစ်ခဲ့တဲ့ ညီမတစ်ယောက်ကို တွေ့ဆုံ ဖို့ မမျှော်လင့်သင့်မှန်းသိပေမယ့် မျှော်လင့်နေပါသေးတယ်ညီမလေးရေ...
ချစ်တဲ့
မမ

ဆက်ဖတ်ရန်...(To Continue)

Saturday, January 24, 2009

ရက်စွဲတစ်ခု

အရည်အသွေးတစ်ချို့  ၀တ်ရုံခြုံ
ထမင်းစားလတ်မှတ်တစ်ခု လက်မှာဆုတ်
ဂုဏ်သိက္ခာတစ်ခုကို ခေါင်းပေါ်တင်လို့ 
မီးရောင် ဖျိုးဖျိုးဖျက်ဖျက် အမွှန်းတင်မိန့် ခွန်းတွေကြားမှာ
နှင်ထုတ်ပွဲတစ်ခု စတင်ဖွင့်လှစ်တယ်…


စင်လှေကားထစ်အဆုံးမှာ ပစ်ချရမယ့်
ကျောင်းတော်ကြီးမှာသာ ဖြစ်တည်တဲ့ ပျိုမြစ်တဲ့ရင်ခုန်သံ
ဒီရက်စွဲတွေမှာသာ ရနိုင်တဲ့ လွတ်လပ်ပေါ့ပါးတဲ့ဘဝ
ဒီနေရာမှာသာ ရှိလေ့ရှိတဲ့ အနီးကပ်စာကျက် Conference room
နေ့ စွဲတစ်ခုတပ်
ယတိပြတ် ဆုံးရှူံးတယ်…



ကျောင်းသားဂုဏ်ဒြပ်တစ်ခုအဆုံး
တာဝန်ယူတတ်မှုတွေဖဲကြိုးဖြတ်နိဒါန်းမှာ
လက်ခုတ်သြဘာသံတွေကြားကများ
ချစ်တဲ့သူငယ်ချင်းတွေ , lecture room တွေ , ဆရာတွေ နဲ့ 
ဝေးကွာခြင်းတွေကို ထောပနာ ကိုယ်စားပြုချင်တာလား…



“Graduation” ဆိုတဲ့ Poster အစား
“ ခမ်းခမ်းနားနား နှင်ထုတ်ခြင်း” လို့  နာမည်ပြောင်းကျင်းပမည်…
သူငယ်ချင်းများ မိဘစုံရာနှင့်
ကြွရောက်ချီးမြှင့်လှည့်ပါ….




ဆက်ဖတ်ရန်...(To Continue)

Thursday, January 22, 2009

ပုံမှန် Desktop နဲ့ မတူ၊ တစ်မူထူးတဲ့ Bump Top 3D Desktop

ကျွန်တော်တို့ ဒီလို Computer Desktop မျိုး သုံးလာတာ နှစ်တွေလည်း မနည်းတော့ဘူး။ Menu bar နဲ့ Icons လေးတွေ Screen ပေါ်မှာ စည်ထားပြီး နောက်ခံက ပုံနဲ့။ ပုံမှန် Desktop က ဒါ့ထက် ပိုပြီး ဘာမှ ပို မထူးလာဘူး။ ဒီအောက်မှာ ကျွန်တော်တို့ သုံးတာ ကြာလာပြီဖြစ်တဲ့ Microsoft Window Desktop ဖြစ်တယ်။ အားလုံးနဲ့ ရင်းနီးပြီးသား လို့ ယုံကြည်တယ်။


နောက်တစ်ခါ Microsoft Window ထက် ပိုပြီး နည်းနည်းလေး ထူးခြားပြီး 3D Technology ပိုကောင်းတဲ့ Apple ရဲ့ MAC OS X Desktop လည်း အောက်မှာ ဒီလို တွေ့ရတယ်။ ဒါလည်း ရိုးနေပါပြီ။ ကြာပေါ့။ ပုံမှန် Icons လေးတွေ ရှိမယ်။ ပြီးတော့ Menu Bar ရှိမယ်။ နောက်ခံမှာ ပုံရှိမယ်။ သေချာ တွေးကြည့်ရင် သူလဲ Microsoft နဲ့ အတူတူပါပဲ။

Introducing with the Bump Top
Bump Top ဖြင့် မိတ်ဆက်ပေးခြင်း


အခုတော့ Desktop Prototype လောကကို စိန်ခေါ်မယ့် Bump Top 3D Desktop Prototype တစ်ခု မကြာခင် ထွက်တော့မယ်။ အခုလောလော ဆယ်တော့ Beta Version ပဲ ရှိသေးတယ်။ ပုံမှန် မြင်တွေ့နေကျ Desktop တွေထက် အများကြီးပိုပြီး လက်တွေ့ဘ၀က စားပွဲတစ်ခုလို သုံးလို့ရမယ့် စနစ် တစ်ခုဖြစ်တယ်။ Tablet PCs နဲ့ Palmtops တွေ အတွက်ဆို ပိုပြီး အသုံးဝင်မယ်။ ဒီအိုင်ဒီယာကို University of Toronto မှာ Master တက်နေတဲ့ Anand Agarawala ရဲ့ Thesis အရ တီထွင်ထားတာ ဖြစ်တယ်။


မှတ်ချက် - အောက်ပါ ရှင်းပြချက်များကို Video နှင့် တကွ တွဲပြီး ကြည့်ပါရန်။ Video တွင် ဘယ်မိနစ် ဘယ် စက္ကန့်က အဆိုပါ ရှင်းပြချက် တစ်ခုကို သရုပ်ဖော်နေကြောင်း တွေ့၇မည်။ ဥပမာ - ကျွန်တော်က 2:15 မှာ သွားကြည့်ပါ ဆိုရင် Video မှာ မိနစ် 2:15 ကို ရွေ့ပြီး သရုပ်ဖော်တာကို တွေ့ရမည် ဖြစ်သည်။ ပိုပြီး ရှင်းပြထားတဲ့ စာနဲ့ Video နဲ့ တွဲပြီး ကြည့်ချင်တယ် ဆိုရင်လည်း Window နှစ်ခုခွဲပြီး တစ်ဖက်မှာ Video ကို ဖွင့်၊ နောက်တစ်ဖက်မှာ စာကိုဖတ်လည်း ရတယ်။ Pause လိုက်၊ ရှင်းပြထားတာ ဖတ်လိုက်ပေါ့။
YouTube Link - Click Here

ကျွန်တော် ရှင်းပြထားတဲ့ အချက်တွေနဲ့ တွဲကြည့်ရန် Video



Document Movement (Icons များ ရွေ့လျားခြင်း)

သူက ပိုပြီး သဘာဝကျတယ်။ Document တွေ တစ်ခုနဲ့ တစ်ခု တိုက်မိလိုက်ရင် နောက်တစ်ခုက ရွေ့သွားတယ်။ Desktop ပေါ်မှာ Document ကို Mouse နဲ့ ဖိထားပြီး ဟိုဘက် တွန်းလိုက်၊ ဒီဘက် တွန်းလိုက် အပေါ်ကို တရွက်တိုက် ဆွဲလိုက်၊ ဟိုချောင်ထဲ ပစ်ထည့်လိုက်၊ ဒီချောင်ထဲ ပစ်ထည့်လိုက်၊ ကြိုက်သလို ထားချင်တဲ့ နေရာမှာ ရွှေ့ထားလို့ ရတယ်။ (တွန်းတာ၊ ဆွဲတာ၊ ပစ်တာ၊ စုတာ၊ ပုံတာ တွေ သရုပ်ဖော်တာ ကြည့်ချင်ရင် Video ရဲ့ 0:35 မိနစ် အပိုင်းမှာ ကြည့်နိုင်သည်။)
ဥပမာ PDF ဖိုင်တွေကို ဘယ်ဘက် အပေါ်ဆုံး ထောင့်မှာ ထားချင်တယ်ဆို တစ်ခုပြီး တစ်ခု ဆွဲပြီး ရွှေ့လိုက်ရုံပဲ။ 3D စနစ်မို့လို့ အရိပ်လေးတွေပါ မြင်ရတယ်။ Document တစ်ခုနဲ့ တစ်ခု ထပ်နေရင်လည်း ထပ်နေလိမ့်မယ်။ ပစ်လိုက်တဲ့ အချိန်ပေါ်မှာပဲ မူတည်တယ်။ (PDF Documents တွေကို ထောင့်မှာ သွားပုံတာ ကြည့်ချင်ရင် Video ရဲ့ 0:40 ကို သွားပါ။)
Mouse ကို ဖိထားပြီး တွန်းကြည့်ရင်လည်း Document တွေ ရွေ့တာကို တွေ့ရမယ်။ (at Video 0:50)
တစ်ခုထဲတင် မကဘူး။ Document အများကြီးကို တစ်ခါထဲ ပြိုင်တူ ရွေ့အောင် လည်း လုပ်လို့ရတယ်။ ဆွဲသွားလည်း ရတယ်။ (at Video 0:55)


Pile Creation Techniques
Pile တွေ အများကြီးပါတယ်။ ဥပမာ Tidy Pile ဆိုရင် ကိုယ်လိုချင်တဲ့ ကိုယ်ရွေးချင်တယ် Document အုပ်စုတစ်ခုကို Select လုပ်ပြီး အဲ့ဒီ Option ကို ရွေးလိုက်မယ် ဆိုရင် ရွေးခံရတဲ့ Document တွေက အထပ်လိုက်လေး စနစ်တကျ ဖြစ်သွားပြီး အပုံတစ်ပုံ အနေနဲ့ စုနေတာကို တွေ့ရမှာ ဖြစ်တယ်။ (at Video 1:05)


Pig Tail Drawing
ပုံမှန် Desktop တွေမှာ Mouse Right Click နှိပ်လိုက်ရင် Menu တစ်ခု ပေါ်လာတယ်။ အဲ့ဒီမှာမှ Document တွေကို ဒီလိုစီမလား ဟိုလို စီမလား ဆိုပြီး ရွေးလို့ရတယ်။ ဒါပေမယ့် Bump Top မှာတော့ Mouse နဲ့ ဆက်တိုက် Document တွေကို ၀ိုင်းလိုက်ပြီး ဆုံးခါနီး ကျရင် ၀က်မြီးပုံ အ၀ိုင်းသေးသေးလေး ထပ်ဆွဲ ပေးလိုက်ပါက Pile လေး တစ်ခု ပေါ်လာပြီး ကိုယ်ရွေးချင်တဲ့ Option တွေကို ရွေးလို့ရတယ်။ (Check Pig Tail Drawing at Video 1:50)


Pile Manipulation

  • Pile Widgets စုပုံထားတဲ့ အပုံတစ်ပုံကို ထပ်ပြီး Options တွေနဲ့ ပြုပြင် ချင်သေးတယ် ဆိုရင် သူ့ပတ်လည်မှာ အသုံးလိုတဲ့ အချိန်ကျရင် Widgets လေးတွေ Function တွေ ထပ်ထွက် လာမှာ ဖြစ်တယ်။ (at Video 2:05)
  • Grid Widget ကို နှိပ်လိုက်ရင် ပုံမှန် အစဉ်လိုက် Grid ပုံလို သူ့ဘာသာသူ စီသွားလိမ့်မယ်။ (at Video 2:11)
  • Fisheye Widget ဆိုတာက Document တွေ ဒေါင်လိုက် တန်းဆီထားတဲ့ Function ဖြစ်တယ်။ (at Video 2:17)
  • Compression Browse Widget ဆိုတာက အပုံလိုက်လေး စုထားတဲ့ Documents တွေကို သူ့ဘာသာသူ စနစ်တကျ လှန်ခိုင်းပြီး ကိုယ်လိုချင်တဲ့ ဟာကို ရှာလို့ရတယ်။ (at Video 2:22)
  • Fan-Out Widget ဆိုရင် ဖဲချက်တွေကို စားပွဲပေါ်မှာ ဖြန့်ချလိုက်သလိုမျိုး Documents တွေကိုလည်း ဖြန့်ချ ဖြစ်လို့ရတယ်။ (at video 2:30)
  • Leafer Widget ဆိုတာက စာအုပ်တွေကို စားပွဲပေါ်မှာ ထောင်ထားပြီး သူ့ဘာသာသူ လှန်နေတဲ့ ပုံကို တွေ့ရမယ်။ (at video 2:36)
  • Messy/Tidy Widget ဆိုရင် အပုံလိုက် စုထားတာကနေ ဖြန့်ကြည့်လိုက်၊ ဖြန့်ထားတာကနေ စုသွားလိုက် လုပ်လို့ရတယ်။ (at video 2:44)
  • Pressure Lock ဆိုတဲ့ Function က ကိုယ်ဖြစ်ချင်တဲ့ စတိုင်ရရင် မရွေ့အောင် လုပ်လို့ရတယ်။ (at video 3:06)
  • အဲ့ဒီမှာ ဖျက်ချင်တယ် ဆိုရင်လည်း ကိုယ်ဖျက် ချင်တဲ့ Documents တွေကို Select လုပ်ပြီး ဖျက်လိုက်လို့ရတယ်။ (at video 3:10)
  • File Types အမျိုးအစားနဲ့ Sort By လုပ်ချင်တယ် ဆိုလည်း ရတယ်။ Word Files တွေက တစ်တွဲ၊ PDF တွေက တစ်တွဲပေါ့၊ (at video 3:22)
  • တကယ့် စားပွဲပေါ်မှာ စာအုပ်တွေ တင်ထားသလိုပဲ အပုံထဲမှာ ဟိုတစ်အုပ်က အစွန်းလေး ထွက်နေတာတို့၊ ဒီတစ်အုပ်က စောင်းနေတာတို့ လုပ်ချင်လည်း လုပ်လို့ရတယ်။ (at video 3:30)
  • Pile တစ်ပုံထဲက Document တစ်ခုကို ဆွဲထုတ်ပြီး နောက် တစ်ပုံထဲကို တွန်းပို့ချင်လည်း ရတယ်။ (at video 3:47) သူ့ကို Drag and Cross Function လို့ခေါ်တယ်။

Paper-like Icon
  • ပုံမှန် လက်တွေ့ဘ၀က စက္ကူဆိုရင် ခေါက်ချင်လည်း ခေါက်လို့ရတယ်။ ဒီမှာလည်း ခေါက်လို့ရတယ်။ (at Video 5:32)
  • အရေးကြီးတဲ့ Icon ကို ကြီးထားစေချင်တယ် ဆိုလည်း ကြီးလိုက်လို့ရတယ်။ (at video 5:40) ကြီးသွားပြီဆိုရင် အငယ်လေးတွေနဲ့ သွားတွန်းရင် မရွေ့တော့ဘူး။
  • ဘေးက နံရံမှာ Icon တွေကို သွားချိတ်ထားချင်တယ် ဆိုလား သွားချိတ်ကြည့်လို့ရတယ်။ (at video 5:50)
  • Mouse နဲ့ ကစားပြီး Icons တွေကို Select လုပ်ပြီး ထောင့်မျိုးစုံလှည့်ကြည့်လို့ရတယ်။ (at video 5:58)
  • အခုနက ကြီးထားတဲ့ ဟာကို မလိုချင်တော့လို့ သေးပြီး ကျုံ့လိုက်မယ် ဆိုရင်လည်း လုပ်လို့ရတယ်။ (at Video 6:05)
  • Enforcing Axis-Alignment - Desktop ကြီးက သိပ်ပြီး ရှုပ်တာပဲ လို့ ပြောမှာစိုးရင်လည်း အဲ့ဒီ Function ကို သုံးပြီး စနစ်တကျလေး စီနေအောင် ညှိလို့ရတယ်။ (at Video 6:30)

ကယ်၊ ပုံမှန် သုံးနေကျ Desktop နဲ့တော့ တော်တော် ကွာတယ်နော်၊ ပျင်းနေရင် Desktop ပေါ်မှာပဲ ကလိလို့ ရတော တွေ အများကြီးရှိတယ်။ ပြီးတော့ ကိုယ်လိုချင်တဲ့ Theme တွေကိုလည်း ရွေးလို့ ရဦးမယ်။ ဥပမာ Background ကို Casino အခန်း Theme တို့၊ ငါးပြတိုက် Theme တို့ ကြိုက်တဲ့ Background Image (Theme) ကို ရွေးလို့လည်း ရသေးတယ်။ တော်တော်တော့ သုံးနေကျ Desktop တွေထက် ပိုပြီး Advanced ဖြစ်တယ်။

Presentation
အိုင်ဒီယာကို ထုတ်ဖော်ထားတဲ့ လူရဲ့ Presentation ကို ကြည့်ရှု နားထောင် ချင်တယ် ဆိုရင် ဒီနေရာ မှာ သွားကြည့်နိုင်တယ်။

Wanna Use Beta Version?? Sign Up!
သူက အခုထိ စမ်းသပ်တဲ့ အဆင့် Beta Version မှာပဲ ရှိသေးတယ်။ အပြင်မှာ မထွက်သေးဘူး ဆိုတော့၊ Beta Version ကို သုံးဖို့ စိတ်ဝင်စားတဲ့ လူဆိုရင် ဒီနေရာမှာ စာရင်း သွားပေးနိုင်တယ်။ တန်းစီပြီး စောင့်ရတယ်။ သူတို့ ရွေးလိုက်တဲ့လူက ကံကောင်းပြီး ကိုယ်ဖြစ်နေတယ် ဆိုလို့ကတော့ အလကား သုံးလို့ ရတာပေါ့။ ကျွန်တော်လည်း ဒီနေ့မှာ စာရင်းထဲ ထည့်ထားတာ။ စောင့်လိုက်ဦးမယ်။ ကလိကြည့်ဖို့။ :)

အားလုံးပဲ စိတ်ဝင်စားကြမယ်လို့ ယုံကြည်ပါတယ်။
Tea

ဆက်ဖတ်ရန်...(To Continue)

Wednesday, January 21, 2009

အမေရိကန် SAT-1 စာမေးပွဲ အတွက် ပြင်ဆင်ခြင်း

ကိုရှင်းသန့် လို့ခေါ်တဲ့ မန္တလေးကနေ ရန်ကုန်မှာ ရောက်နေပြီး SAT စာမေးပွဲကို ပြင်ဆင်တဲ့ နေရာမှာ အခက်အခဲ တွေ့နေတဲ့ အမေရိကန်မှာ ပညာလာသင်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသား တစ်ယောက် ကျွန်တော့် Google Talk ထဲလာပြီး အကူအညီ တစ်ခု လာတောင်းတယ်။ SAT-1 စာမေးပွဲကို ဘယ်လို ပြင်ဆင် ရမလဲ ဆိုတာ ပြောပြပါတဲ့။ သူက အဓိက အင်္ဂလိပ်စာမှာ အခက်အခဲ ဖြစ်နေပါတယ်တဲ့။ ကျွန်တော်လည်း ဖြေမယ့် အတူတူ အားလုံး ဗဟုသုတ ရသွားအောင် ဆောင်းပါး လေး တစ်ပုဒ် အမြန်ဆုံး ရေးပေးပါမယ် ဆိုပြီး ကတိပေး လိုက်တယ်။ ဒါနဲ့ပဲ ကျွန်တော် ချက်ချင်း ဒီဆောင်းပါးလေး ရေးဖြစ်တယ်။ အမေရိကန်မှာ စာလာ ဖတ်မယ့် သူတွေ အားလုံး အဆင်ပြေ ကြပါစေ လို့ ရည်ရွယ်ပြီး ရေးသား ပေးလိုက်တယ်။
SAT (Scholastic Aptitude Test) ဆိုတာ ဘာကြီးမှန်း မသိသေးရင်တော့ ကျွန်တော် အရင်တုန်းက ရေးထားတဲ့ အမေရိကန်မှာ ပညာသင်ယူရန်ပြင်ဆင်ခြင်း ဆိုတဲ့ ဆောင်းပါးလေးကို သွားရောက် ဖတ်ရှုစေချင် ပါတယ်။ SAT ဆိုတာ ရှင်းရှင်းပြောရမယ် ဆိုရင် အမေရိကန်မှာ စာလာဖတ်ဖို့ ကျောင်း လျှောက်တဲ့ နေရာမှာ သုံးဖို့ လိုအပ်တဲ့ လိုအပ်ချက်တစ်ခု၊ ပြီးတော့ Scholarships ပညာရည်ချွန်ဆု လျှောက်တဲ့ နေရာမှာ သုံးဖို့ပဲ ဖြစ်တယ်။ ဒီနေ့တော့ SAT-1 စာမေးပွဲကို ဘယ်လို ပြင်ဆင် ရမလဲ ဆိုတာကို အဓိက ထားပြီး တင်ပြသွားမယ်။

ပထမဦးဆုံး SAT-1 မှာ ဘာသာရပ် ၂မျိုး ရှိတယ် ဆိုတာကို SAT ကို လေ့လာနေတဲ့ လူတိုင်း သိထားတဲ့ အချက် တစ်ချက် ဖြစ်တယ်။ သူတို့ကတော့ အင်္ဂလိပ်စာနဲ့ သခ်ျာပဲ ဖြစ်တယ်။ SAT-1 ကို SAT Reasoning Test လို့လဲ သိရှိရတယ်။ SAT-1 မှာ အပိုင်းကြီး ၃ပိုင်း ပါဝင်တယ်။ Math, Critical Reading နဲ့ Writing တို့ပဲ ဖြစ်တယ်။ အမှတ်က အများဆုံး ၁ပိုင်းကို ၈၀၀ ရနိုင်တယ်။ စုစုပေါင်း ၂၄၀၀ မှတ်က အမြင့်ဆုံး ရနိုင်တဲ့ အမှတ်ပဲ ဖြစ်တယ်။ အနည်းဆုံးကတော့ ၂၄၀၀ မှာ ၆၀၀ မှတ် ဖြစ်တယ်။


SAT-I EXAM STRUCTURE

Math - TWO 25mins sections + ONE 20mins section
Writing - ONE 25mins section Essay + 2 to 3 M.C Sections
Reading - TWO 25mins sections +ONE 20mins section


SAT-1 Mathematics

သချာ်ကတော့ မြန်မာကျောင်းသားတွေ အဖို့ ဆိုးရိမ်ရမယ့် ဘာသာ တစ်ခု မဟုတ်ဘူးလို့ ယူဆတယ်။ ပုံမှန်အားဖြင့် မြန်မာပြည်က ကျောင်းသားတွေက သချာ်မှာ အားသာတယ်။ Mathematics အပိုင်းမှာ အပေါ်မှာ ပြောခဲ့ သလိုပဲ TWO 25mins sections and ONE 20mins section ရှိတယ်။

၂၅မိနစ် Section - Multiple Choice အမှန်ရွေး အပုဒ် ၂၀ မေးတယ်။
၂၅မိနစ် Section - တစ်ခုက အမှန်ရွေး ၈ခုနဲ့ grid-in ၁၀ခု မေးတယ်။
၂၀မိနစ် Section - အမှန်ရွေး ၁၆ခု မေးတယ်။

မေးခွန်းတွေကတော့ ပုံမှန် သေသေချာချာ စာကျက် လေ့လာထားပြီး ပုံသေနည်းတွေ ရနေတဲ့ လူက ချတွက် လိုက်တာနဲ့ အဖြေမှန်ကို သိရှိနိုင်တယ်။ ခက်ခဲတဲ့ မေးခွန်းတွေလည်း ပါဝင်တယ်။ စာမေးပွဲခန်းထဲမှာ အရေးအကြီးဆုံးက မိမိမရတဲ့ မေးခွန်းတစ်ခုကို အချိန် အကြာကြီး မဖြုန်းဖို့ပဲ ဖြစ်တယ်။ မရရင် ကျော်သွားပါ။ တခြား အပုဒ်တွေ တွက်ပြီးမှ ပြန်လာပါ။ နောက်ထပ် သတိပေးချင်တာက စာမေးပွဲခန်းထဲမှာ တွက်တော့ တွက်ပြီး အဖြေစာရွက် ပေါ်မှာ အ၀ိုင်းတွေ လုံးဖို့ လည်း မေ့မနေပါနဲ့။ တစ်ခါ တစ်ခါ တွက်တာတော့ တွက်သွားတယ်။ ပြီးမှာ လုံးဖို့ မေ့ခဲ့တာမျိုး ဖြစ်တတ်လို့ သတိပေးချင်တာပါ။

သခ်ျာအတွက် ပြင်ဆင်မယ် ဆိုရင် များများ တွက်ပေးပါ။ အမေရိကန်မှာ ပညာသင်ယူရန်ပြင်ဆင်ခြင်း မှာ စာကြည့်တိုက်တွေ အကြောင်းကို ပြောပြ ထားပါတယ်။ စာကြည့်တိုက်တွေ သွားပြီး SAT-1 စာအုပ်တွေ ငှားပါ။ သချာ်တွေကို တွက်ပေးပါ။ များများ တွက်လေ၊ ပိုပို ရလေ ဖြစ်ပါတယ်။ ပုံသေနည်းတွေ သဘောတရား တွေကိုတော့ အ၇င်ဦးဆုံး နားလည်အောင် လုပ်ထား ပေးပေါ့။ ပြီးတော့ ဖတ်စာအုပ်ထဲက ပုစ္စာတွေ အားလုံကိုလည်း တွက်ပေးပါ။ ဥပမာ မေးခွန်းတွေကိုပါ လေ့လာ ပေးပါ။ လေ့ကျင့်ရင်တော့ ကျူရှင်တက်ရင် ဆရာတွေက Sample Tests တွေ ပေးပြီး လေ့ကျင့်ခိုင်းပါတယ်။ Sample Tests တွေကိုလည်း မိတ္တူ ကူးရင်ကူး မကူးရင် ၀ယ်လို့လဲ ရတယ်။ အင်တာနက် ပေါ်လည်း တက်ပြီး Google မှာ SAT Math Tests ဆိုပြီး ရိုက်ပြီး တွေ့သမျှ မေးခွန်းတွေကို ဖြေကြည့်ပါ။ သချာ်ဆိုတဲ့ ဘာသာရပ်က တွက်လေ ကျွမ်းလေ မို့ များများ တွက်တဲ့ လူက အမှတ် ကောင်းမှာ သေချာပါတယ်။ နောက်ပြီး မရတဲ့ အပုဒ်တွေကို ဆရာကို သွားမေးပါ။ သူငယ်ချင်းတွေကို မေးပါ။ သိတဲ့ လူတွေကို မေးပါ။ တော်ကြာ တွက်တော့ တွက်ပြီး မရတာတွေ ကို ဒီအတိုင်း ထားခဲ့တော့ ဘာမှ မထူးပဲ ဖြစ်ကုန်မှာ ဆိုးလို့ပါ။ ၁၀တန်း အခြေခံ ပိုင်နိုင်ထားတဲ့ လူက SAT-1 သခ်ျာကို လုံးဝ စိတ်ပူ စရာ မလိုပါဘူး။ Sample Test တွေ သေချာ လေ့ကျင့်ပြီး သွားဖြေရင် သချာ်က အဆင်ပြေပါတယ်။


SAT-1 English Writing

Writing အပိုင်းမှာ နောက်ထပ် ၂ပိုင်း ပါတယ်။ ၁ပိုင်းက Essay တစ်ပုဒ် ရေးရတယ်။ သူက Writing Score (800 Marks) ရဲ့ ၃၀ရာခိုင်နှုန်း အမှတ်ရတယ်။ နောက် ၁ပိုင်းက အမှန်ရွေး အပိုင်းပါ။ သူက အမှန်ရွေး မေးခွန်းတွေ မေးပါတယ်။ အမှတ် ၈၀၀ ရဲ့ ၇၀ရာခိုင်နှုန်း အမှတ် ပေးပါတယ်။

အမှန်ရွေး အပိုင်းမှာ အဓိက Grammar မေးခွန်းတွေကို အားထားပြီး မေးတာကို တွေ့ရပါတယ်။ အမှားလေးတွေ မသိမသာ ပေးထားတတ်ပြီး ဘယ်တစ်ခုက မှားလဲ ဆိုပြီး A B C D E ရွေးခိုင်းတာ ဖြစ်တယ်။ တစ်ခါတစ်လေ တစ်ခုမှ အမှားမပါ တာတွေလည်း ရှိတယ်။ ဒီအပိုင်းကို ပိုင်ပိုင် နိုင်နိုင် ဖြေဆိုချင်တယ် ဆိုရင်တော့ Grammar ကို ကျွမ်းအောင် လေ့ကျင့်ပါ။ Grammar အခြေခံ စည်းမျဉ်း စည်းကမ်းတွေရော၊ ပိုပြီး ခက်ခဲတဲ့ စည်းမျဉ်း စည်းကမ်း တွေရော စနစ်တကျ လေ့ကျင့်ပေးပါ။ ပြီးတော့ Sample Tests တွေ ဖြေတဲ့ အခါမှာ ကိုယ်မရတဲ့ အချက်တွေ အမှားတွေကို သတိထားပြီး ဂရုစိုက်ပါ။ နောင်တစ်ခါ အဆိုပါ အပုဒ်တွေ ပြန်တွေ့ရင် အဆင်ပြေ သွားမှာပါ။ ဒီအပိုင်းမှာတော့ အနှစ်သာရက English Grammar မို့ Grammar ကို ပိုင်နိုင်ထားတဲ့ လူက စိတ်ပူစရာ အကြောင်း မရှိပါဘူး။

အက်ဆေး အပိုင်း ကတော့ အားလုံး လန့်တတ် ကြပါတယ်။ အက်ဆေး တစ်ပုဒ်ကို ၂၅မိနစ်အတွင်း Section တစ်ခုအနေနဲ့ SAT-1 စာမေးပွဲရဲ့ ပထမဦးဆုံး Section အဖြစ် အစမှာ အမြဲ ဖြေရပါတယ်။ Prompt တွေ ပေးထားပြီး တစ်ခုခုကို တုံ့ပြန် ပေးရမှာ ဖြစ်တယ်။ ရွေးစရာ ၂ခု ရှိတယ်လို့ ထင်တယ်။ အက်ဆေး အတွက် အကြံပေး ချင်တာက ပြင်ဆင်ဖို့ကတော့ ၁။ စာများများ ဖတ်ပေးပါ။ ၂။ စာမေးပွဲ ဖြေတဲ့ အချိန်ကျရင် စိတ်မလောပါနဲ့။ တစ်ချို့တွေ စာရေးတာတော့ အရမ်း ကောင်းပါတယ်။ စာမေးပွဲခန်းထဲမှာ စိတ်တွေ လှုပ်ရှားပြီး ခြေတုံချတုံတွေ ဖြစ်ပြီး မေးခွန်းတွေ ဖတ်ပြီး ဘာမှ မလုပ်တတ်တော့တဲ့ လူတွေ ရှိပါတယ်။ အရေးကြီးတာက စိတ်ကို ငြိမ်ငြိမ် ထားပေးပါ။ အက်ဆေး မေးခွန်းတွေကို သေချာ ဂရုတစိုက် ဖတ်ပေးပါ။ ဖတ်ပြီးရင် မိမိ အပိုင်နိုင်ဆုံး မေးခွန်းကို ရွေးပါ။ ပြီးရင် စပြီး မရေးပါနဲ့ဦး။ အရင် Plan ချပါ။ Intro + Thesis Statement, Body Paragraphs, Conclusion ဒါတွေကို ဘယ်နေရာမှာ ဘာတွေ ရေးမယ်၊ ဘယ်လို စမလဲ ဆိုတာကို သေချာ စနစ်တကျ ပြင်ဆင် ပြီး အကြမ်းဆွဲပါ။ Thesis Statement လို့ ခေါ်တဲ့ အက်ဆေး တစ်ပုဒ်လုံးရဲ့ Main Idea ကို များသောအားဖြင့် လူတိုင်းက Intro ပထမ အပိုဒ်ရဲ့ နောက်ဆုံးအကြောင်းမှာ ထည့်ရေးပါတယ်။ အဲ့ဒီ စာကြောင်းက အက်ဆေးတစ်ပုဒ် လုံးကို ကိုယ်စား ပြုတဲ့ စာကြောင်းမို့ သေသေချာချာ ရေးဖို့ လိုပါတယ်။ အမှတ်ပေး စည်းမျဉ်းက Essay Structure မရှိသော်လည်း Structure မရှိတဲ့ အက်ဆေး တစ်ပုဒ်ဟာ ဆားမပါတဲ့ ဟင်းကို စားနေရ သလိုပါပဲ။ ပြီးတော့ နောက်ထပ် အရေးကြီးတာက ဥပမာ တွေပါပဲ။ အက်ဆေး ထဲမှာ ဥပမာတွေ ပါဖို့ လိုပါတယ်။ မိမိရဲ့ အတွေးကို ပြောပြပြီးတော့ နောက်ထပ် ဥပမာက ဒီလိုဒီလို ရှိပါတယ် ဆိုတာကို ထည့်ကို ထည့်ပေးရပါတယ်။ အမှတ်ပေး စည်းမျဉ်း အရ ဥပမာတွေကို ၁။ မိမိဖတ်ထားတဲ့ Reading ၂။ လေ့လာနေတဲ့ Studies ၃။ အတွေ့အကြုံ ၄။ လေ့လာ သိရှိမှု တွေထဲက ဥပမာတွေကို ပေးနိုင်ပါတယ်။ အက်ဆေးကို လူနှစ်ယောက်က အမှတ်ပေးတယ်။ ၁ယောက်ကို ၆မှတ် ၂ယောက်ပေါင်း ၁၂မှတ် ပြီးတော့ ၂နဲ့ ပြန်စားပြီး အမှတ်ထွက်လာတယ်။ ၀ ဆိုတဲ့ အမှတ်ကို ဘယ်လို အက်ဆေး တွေ ရမလဲ ဆိုတော့ ခေါင်းစဉ်နဲ့ လွဲချော်ပြီး လမ်းမှားသွားတဲ့ အက်ဆေးတွေ၊ ဘာမှ မရေးပဲ စာနှစ်ကြောင်းလောက် ရေးထားတဲ့ အက်ဆေးတွေ၊ အင်္ဂလိပ်စာနဲ့ မရေးထားတဲ့ဟာတွေ၊ Number 2 pencil နဲ့ မရေးတဲ့ အက်ဆေး ဒါတွေကို စာရင်း မ၀င်ဘူးဆိုပြီး တစ်ခါထဲ သုည ပေးလို့ ရတယ်။ စာများများ ရေးပေးပါ။ စာများများ ဖတ်ပါ။ ဘယ်ခေါင်းစဉ် လာမယ် မှန်း မသိတော့ ပြင်ဆင်ဖို့က စာဖတ်၊ စာရေး လုပ်ပြီး စည်းကမ်းတွေ သိထားအောင် လုပ်ပါ။ ပြီးတော့ စိတ်ငြိမ်နေပါစေ။


SAT-1 English Critical Reading

ဒီအပိုင်းကတော့ ကျွန်တော်တို့ မြန်မာ ကျောင်းသားတွေ အကြောက်ဆုံး အပိုင်းလို့ပဲ ပြောရပါမယ်။ စာမေးပွဲမှာ Section ၃ခု ပါတယ်။ ၂၅ မိနစ် Section နှစ်ခုနဲ့ ၂၀ မိနစ် Section တစ်ခု တို့ပဲ ဖြစ်တယ်။ အထဲမှာ ကွက်လပ်ဖြည့် (Vocab Testing) မေးခွန်းတွေနဲ့ Reading Paragraphs မေးခွန်းတွေ ပါတယ်။ ဒီမေးခွန်းတွေက Critical Thinking Skill ကို စစ်ဆေးတာ ဖြစ်လို့ စဉ်းစား ဖို့တော့ လိုတယ်။ နောက် အရေးအကြီးဆုံးက VOCAB!!! တွေပဲ ဖြစ်တယ်။ ဒီ VOCAB ဆိုတဲ့ အသံကို မြန်မာပြည်က SAT ကျောင်းသား ကျောင်းသူတိုင်း အင်မတန် ကြောက်ပြီး မုန်းတီး တဲ့ အသံပေါ့။ SAT-1 အတွက် လိုအပ်တဲ့ စာလုံးပေါင်း အလုံး ၃၀၀၀ ကျော်ရှိတယ်။ ဒါပေမယ့် ၃၀၀၀ လုံးကို ကျက်နိုင်လား ဆိုတော့ ၉၉% က မကျက်နိုင်ဘူး။ ၃၀၀၀ လုံး မရပေမယ့် ၃၀၀ လောက် တော့ အနည်းဆုံး မရမဖြစ် ရထားဖို့ လိုတယ်။ ဘယ် ၃၀၀က မရမဖြစ် ရထားရမလဲ ဆိုတာ ဒီနေရာ မှာ သွားကြည့်ပါ။ စာလုံးတွေကို မသိပဲနဲ့တော့ Reading အမှတ် ၈၀၀ က ဘယ်လို မှ လွယ်လွယ် ကူကူနဲ့ ရမှာ မဟုတ်ပါဘူး။ နေရာတိုင်းမှာ ထွက်ထွက်လာတဲ့ ဒီစာလုံးတွေကို မသိပဲနဲ့ ဘယ်လောက်ပဲ စဉ်းစားတာ ကောင်းနေပါစေ၊ ဖြေလို့ မရပါဘူး။ တစ်ခုရှိတယ်။ စာလုံးတွေကို ဘယ်လို ကျက်မလဲ? ပထမဦးဆုံး အလုံး ၃၀၀ကို သေသေချာချာ ရအောင် ကျက်လိုက်ပါ။ ရေးကျက်ပါ။ တခြား တစ်ယောက်ကို မေးခိုင်းပါ။ မရ ရအောင် ကျက်လိုက်ပါ။ ပြီးတော့ ၃၀၀၀ လုံးကိုတော့ မကျက်ပါနဲ့။ စိတ်ညစ်ပြီး သေချင်စိတ်တွေ ပေါ်သွားမှာ ဆိုးလို့ပါ။ ဘယ်လို ကျက်ရမလဲ ဆိုတော့ Sample Tests တွေ ဖြေပါ။ ဖြေလိုက်တိုင်းမှာ မရတာ တစ်လုံးတွေ့ရင် မှတ်စုထဲ မှတ်လိုက်ပါ။ ထပ်တွေ့ရင် ထပ်မှတ်ပါ။ ခုနက ၃၀၀ ထဲက အလုံးတွေကို တော့ သိနေပါစေလေ။ တစ်နေ့တစ်နေ့ Practice Tests တွေ လုပ်လိုက်တိုင်း မရတဲ့ အလုံးတွေကို သေချာ ပြန်ပြုစုပြီး အဓိပ္ပာယ်ကို မှတ်ပါ။ ဖတ်ပါ။ ကျက်ပါ။ အကြံပေးချင်တာက English - English Dictionary ကို သုံးပါ။ English - Burmese ကို ဖြစ်နိုင်ရင် မသုံးပါနဲ့။ အင်္ဂလိပ် စာလုံးတွေကို အင်္ဂလိပ်လို မှတ်တာကပဲ ပိုပြီး အဆင်ပြေပါတယ်။ ဒီလိုနဲ့ ကျက်ထားတဲ့ အလုံး ၃၀၀ ရယ်၊ နောက် တွေ့တိုင်း ထပ်ကျက်မယ် ဆိုရင် ဖြည်းဖြည်း မှန်မှန်နဲ့ စာလုံးတွေ ကြွယ်ဝလာမှာ ဖြစ်တယ်။ ဒါဆို၇င် စာမေးပွဲခန်းထဲ ရောက်တဲ့ အခါ အများကြီး အဆင်ပြေ သွားမှာပါ။


Frequently Asked Questions (F.A.Qs)

SAT-1 ကို အချိန် ဘယ်လောက် ယူပြီး ပြင်ဆင် ရမလဲတဲ့?
အနည်းဆုံး ၆လ တော့ လိုမယ် လို့ ထင်တယ်။

SAT-1 စာမေးပွဲ တစ်ခါဖြေရင် ဘယ်လောက် ပေးရလဲ?
$45 (or) $71 International

စာမေးပွဲက ဘယ်လောက် ကြာလဲ?
၎နာရီ ၀န်းကျင်

စားမေးပွဲဖြေတုန်း နားချိန်တွေရှိလား?
ရှိတယ်။ ရေတွေ၊ Juice တွေ၊ မုန့်တွေ ယူသွားပါ။

စာမေးပွဲကို တစ်ခေါက်ထဲ ဖြေလိုက်လို့ အမှတ်မကောင်းရင် လမ်းဆုံးပြီလား?
NO! လုံးဝ မဆုံးပါဘူး။ တစ်ခေါက်ထဲနဲ့ အမှတ် မတရား ကောင်းတဲ့လူ မြန်မာပြည်မှာ အယောက် ၁၀၀မှာ ၅ယောက် မရှိပါဘူး။ နောက် တစ်ခေါက် ထပ် ဖြေပြီး ကြိုးစား နိုင်ပါတယ်။ တော်တော် များများက ပထမ အခေါက်ကို အတွေ့အကြုံ ရအောင် ဖြေလေ့ ရှိပြီး ဒုတိယ အခေါက်ကို အပိုင်ဖြေ ကြပါတယ်။

ဒီလို နှစ်ခေါက် ဖြေရင် ကျောင်းတွေက Impression Down လား?
ဒီလိုရယ်လဲ မဟုတ်ပါဘူး။ ဒုတိယ အခေါက်မှာ အမှတ် ပထမ အခေါက်ထက် သိသိသာသာ ပိုကောင်းရင် အိုကေပါတယ်။ ပထမ အခေါက်ထဲက အရမ်း ကောင်းနေတယ် ဆိုလည်း နောက် တစ်ခေါက် ဖြေစရာ မလိုဘူးပေါ့။

SAT စာမေးပွဲတွေကို မန္တလေးမှာ ဖြေလို့ရလား?
မြန်မာပြည်မှာ ရန်ကုန်က လွဲလို့ ဘယ်နေရာမှ ဖြေလို့ မရပါဘူး။

ဘယ်လောက်ဆိုရင် ကောင်းတယ်လို့ ဆိုလို တာလဲ?
Math ~ 750 , Writing ~ 650 , Reading ~ 600 (Total ~ 2000)

မတရား ကောင်းတာကရော?
Math ~ 800 , Writing ~ 750 , Reading ~ 750 (Total ~ 2300)

အသင့်အတင့် ဆိုရင်ရော?
Total ~ 1800 လောက်ဆိုရင် အသင့်အတင့်ပေါ့။

မတရား ကောင်းဖို့လိုသလား?
ကောင်းနိုင်ရင်တော့ အဆင်ပြေတာပေါ့။ မကောင်းနိုင်ရင်တော့ မလိုပါဘူး :D

SAT-1 အတွက် ကျူရှင်ကရော လိုပါသလား?
လိုတယ်။ ကိုယ်မသိသေးတာတွေ သေချာ သင်ပြမယ့်လူ ရှိတယ်။ မေးစရာ ရှိရင် မေးလို့ ရတယ် လူ ရှိတယ်။ အသိုင်းအ၀ိုင်းနဲ့ အတူ စာအတူ လုပ်လို့ရတယ်။ လေ့ကျင့်ခန်းတွေ ပိုလုပ်ဖြစ်တယ်။

ဘယ် ကျူရှင်တွေကို Recommand လုပ်သလဲ?
အမေရိကန်မှာ ပညာသင်ယူရန်ပြင်ဆင်ခြင်း ထဲမှာ သွားဖတ်ကြည့်ပါ။

စာအုပ်ငှားဖို့၊ လေ့လာဖို့ စာကြည့်တိုက်တွေ သိပါရစေ?
အမေရိကန်မှာ ပညာသင်ယူရန်ပြင်ဆင်ခြင်း ထဲမှာ သွားဖတ်ကြည့်ပါ။

နောက်ဆုံး အရေးကြီးတာတွေကို ပြန် အကျဉ်းချုပ်ပေးပါလား?
၁။ လေ့ကျင့်ခန်း များများလုပ်ပါ။ Sample Tests များများ ဖြေပါ။
၂။ အခြေခံ နိယာမတွေ၊ စည်းကမ်းတွေ ကို နားလည်ထားပါ။
၃။ စာများများ ဖတ်ပါ။ စာများများရေးပါ။ (For Writing)
၎။ စာမေးပွဲခန်းထဲမှာ စိတ်အ၇မ်း မလှုပ်ရှားစေပါနဲ့။
၅။ စာမေးပွဲခန်းထဲမှာ အဖြေတွေကို စာရွက်ပေါ်မှာ လုံးဖို့ မမေ့ပါနဲ့။
၆။ စာမှန်မှန်လုပ်ပြီး မိမိကိုယ်ကို ယုံကြည်ပါလေ။

စာမေးပွဲဖြေတဲ့ နေ့မှာ ဘာတွေ ယူသွားရမလဲ?
၁။ စာမေးပွဲဖြေတဲ့ လက်မှတ်၊
၂။ မှတ်ပုံတင် (ID)၊
၃။ Number 2 Pencils
၎။ ခဲဖျက်
၅။ Scientific Calculator ပြီးတော့
သောက်ဖို့ရေ။ နားတဲ့အချိန်တွေမှာ အပျဉ်းပြေ စားချင်ရင် စားဖို့ Snacks။
ပြီးတော့ ယုံကြည်စိတ်၊ တည်ငြိမ်စိတ် :)

အားလုံးကို အစစအရာရာ အဆင်ပြေပါစေလို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်း ပေးလိုက်ပါတယ်။ ဒီဆောင်းပါး ထဲမှာ အတတ်နိုင်ဆုံး ဘက်ပေါင်းစုံကနေ ဖော်ပြထား ပါတယ်။ အကယ်လို့ သိချင်တာတွေ ထပ်ရှိသေးတယ် ဆို၇င် latphatyay@gmail.com ကို လာပြီးသော် လည်းကောင်း၊ ဒီပိုစ့်ထဲမှာ မေးခွန်းချန်ခဲ့သော် လည်းကောင်း မေးနိုင်ပါကြောင်း။

With Best Wishes!!
Tea

ဆက်ဖတ်ရန်...(To Continue)

Tuesday, January 20, 2009

MUST VISIT လည်ပတ်ရမည့် နေရာများ - (၂) The Leaning Tower of Pisa

ဒီဇင်ဘာလ ဆန်းပိုင်း လောက် တုန်းက ဒီကမ္ဘာကြီးပေါ်က လည်ပတ် သွားရောက် သင့်သည့် နေရာများကို မျှဝေ ပေးမယ် ဆိုပြီး ဒီ အစီအသစ်လေးကို စတင်ခဲ့တယ်။ အပိုင်း(၁) မှာတော့ အမေရိကန် South Dakota ပြည်နယ်က Mt Rushmore အကြောင်းကို တင်ပြခဲ့တယ်။ ဒီနေ့တော့ အပိုင်း(၂) အနေနဲ့ The Leaning Tower of Pisa (ယိုင်စောင်းနေသော ပီဆာ မျှော်စင်) အကြောင်းကို တင်ပြ ပါရစေ။

The Leaning Tower of Pisa (ယိုင်စောင်းနေသော ပီဆာ မျှော်စင်) ဆိုတာ -
အကျဉ်းချုပ် ပြောရမယ် ဆိုရင် ကမ္ဘာ့ အံ့ဖွယ် ၇ခုထဲက တစ်ခု အပါအ၀င်ဖြစ်တဲ့ မျှော်စင်ကြီး ဖြစ်ပါတယ်။ Cathedral, Bapistery and museum, the Church of Santa Catharina, the National Museum of San Matteo တို့ ရှိပါတယ်။

Location
Pisa မြို့၊ အီတလီ နိုင်ငံ

ဘယ်အချိန်သွားသင့်လဲ?
ရာသီမရွေး သွားလို့ရပါတယ်။

ဘာတွေ သိထားသင့်သလဲ?
အထဲဝင်ဖို့ လက်မှတ်စောင့်ရတာ အ၇မ်း ကြာပါတယ်။ ၀င်ရမယ့် လူဦးရေကိုလည်း ပြင်းပြင်း ထန်ထန် သတ်မှတ် ထားတာကြောင့် လတ်မှတ်ကို စောင့်ဝယ်၇တာ အရမ်းကို ကြာတယ်။ အလကားလည်း ၀င်လို့ မရပါဘူး။ ၀င်ကြေးပေးရတယ်။

အခုနက ပြောခဲ့သလိုပဲ ပီဆာမျှော်စင် ကြီးဟာ ကမ္ဘာ့အံ့ဖွယ် ၇ခုထဲက တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ စောင်းနေလို့ အံ့ဖွယ်ထဲ မှာ ပါသွားတယ် လို့လဲ ပြောလို့ မရပါဘူး။ မစောင်းနေလဲ အံ့ဖွယ်ထဲမှာ ပါဦး မှာပါ။ ပီဆာ တာဝါကြီးဟာ Campanile (a free standing bell tower) အမျိုးအစား တာဝါ တစ်ခုပါ။ အဆိုပါ Bell Tower မှာ Steps (အဆင့်) ပေါင်း ၂၉၄ ခု ရှိပါတယ်။ အလေးချိန်အားဖြင့် မက်ထရစ်တန် ၁၄၅၀၀ တန် ရှိတယ်။ အမြင့်ကတော့ စောင်းနေတာ ဖြစ်လို့ အမြင့် ၂ခု ရှိတယ်။ အနိမ့်ဘက် အခြမ်းက 55.86 m (183.27 ft) ရှိပြီး အမြင့်ဘက် အခြမ်းက 56.70 m (186.02 ft) ရှိပါတယ်။ မျှော်စင်ကြီးက တစ်ထပ်ပြီး တစ်ထပ် တစ်ရစ်ပြီး တစ်ရစ် အပေါ်ကို သေးပြီး တက်သွား တာကြောင့် အောက်ဆုံးအထပ်က 4.09 m (13.42 ft) ကျယ်ပြီး အပေါ်ဆုံး အထပ်က 2.48 m (8.14 ft) ရှိပါတယ်။ မျှော်စင်ကြီးက ၃.၉၇ ဒီဂရီဖြင့် တိမ်းစောင်းနေတာ ဖြစ်တယ်။

မျှော်စင်ကြီးကို ၁၁၇၃ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့တယ်။ တတိယအထပ် ကို ၁၁၇၈မှာ ပြီးစီးခဲ့တယ်။ အဲ့ဒီ အချိန်မှာထဲက စောင်းနေတာကို သိနေရပြီ ဖြစ်တယ်။ တတိယအထပ် အပြီးမှာ မျှော်စင်ကြီးကို ဆောက်လုပ်တဲ့ လုပ်ငန်းက ရာစုတစ်ခု စာ (နှစ် ၁၀၀) လောက် စစ်ပွဲတွေကြောင့် ရပ်နားသွားခဲ့တယ်။ ၁၂၇၂ ခုနှစ်မှာ ပြန်လည် စတင်ခဲ့တယ်။ လေးထပ်မြောက်ကို အောက်က အထပ်တွေနဲ့ မတူညီတဲ့ ထောင့် (angle) ကနေ ဆောက်လုပ်ခဲ့တယ်။ ၁၂၈၄မှာ ဆောက်လုပ်မှုကို ထပ်မံ ရပ်နားရပြန်တယ်။ ဘာလို့လဲ ဆိုတော့ ပီဆာမြို့ဟာ စစ်ပွဲမှာ Genoa ကို ရှုံးနိမ့်သွားလို့ ဖြစ်တယ်။ Bell-chamber ကို ၁၃၇၂မှာ စတင်ခဲ့တယ်။

မျှော်စင်ကြီး တိမ်းစောင်းနေတာ အောက်ခြေခံ Foundation မကောင်းခဲ့လို့ မြေကြီးထဲကို နစ်နေတာလို့ သိရှိရတယ်။ ဒါကို ပညာရှင်တွေ ဖြေရှင်းဖို့ နည်းမျိုးစုံ ကြိုးစားခဲ့ကြတယ်။ သူတို့တွေ မအောင်မြင်တဲ့ အပြင် အခြေအနေက ပြင်လေ ဆိုးလေ ဖြစ်ခဲ့တယ်။ ၁၉၉၉ ခုနှစ်မှာ အောက်ခြေကို ခိုင်မာစေဖို့ စီမံကိန်းတွေ စတင်ခဲ့တယ်။ စောင်းပြီး မြင့်နေတဲ့ ဘက်က မြေအချို့ကို ဖယ်ခဲ့တယ်။ တိမ်းစောင်းမှုကို လျော့ချခဲ့တယ်။

မျှော်စင်ကြီးကို မည်သူမည်ဝါ ဒီဇိုင်းဆွဲခဲ့တယ် ဆိုတာတော့ အခုအခါမှာ အငြင်းအခုန် ဖြစ်စရာ ဖြစ်နေတယ်။ နှစ်ပေါင်းများစွာ တိုင်တိုင် မျှော်စင်ကြီးကို ၁၂ရာစု ပညာရှင် ဖြစ်တဲ့ Guglielmo and Bonanno Pisano ရဲ့ ဒီဇိုင်းပါ ဆိုပြီး သိရှိခဲ့တယ်။ သို့သော် လတ်တလော လေ့လာမှုတွေအရ Deotisalvi or Deustesalvet ကသာ တကယ့် မူရင်း ဒီဇိုင်နာ ဖြစ်တယ်လို့ ဆိုကြပြန်တယ်။ ဘာပဲ ပြောပြော ကမ္ဘာ့အံ့ဖွယ် ၁ခုဖြစ်တဲ့ ပီဆာ မျှော်စင်ကြီးကို အီတလီ နိုင်ငံ ပီဆာမြို့ကို ရောက်ဖြစ်ခဲ့ရင် မရောက်မဖြစ် သွားသင့်တဲ့ နေရာ တစ်နေရာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Tea

ဆက်ဖတ်ရန်...(To Continue)

မိခင်နို့ရည်


အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို လာခဲ့သည်။

ဆရာဝန် ။ ။ ကလေးကို မိခင်နို့တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး ။ ။ မိခင်နို့ပါ ..

ဆရာဝန် ။ ။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ ..
အမျိုးသမီး ။ ။ ဟင် ... ဘာလို့လဲ ..

ဆရာဝန် ။ ။ စိတ်မပူပါနဲ့ .... ဒါဆေးရုံပါ .. ကျူးလွန်တာတွေ မရှိပါဘူး ...

အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ် ...
ခဏလောက် စမ်းသပ် ပြီး ဆရာဝန်က

"ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ .. ဒါကြောင့် ကလေးက အာဟာရပြတ်နေတာပေါ့.." လို့ ပြောလိုက်တော့ အမျိုးသမီးက ...

"ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည်ရှိမတုန်း .. ကျွန်မက ကလေးရဲ့ အဒေါ်ရှင့်" လို့ ဒေါသတကြီး ပြန်အော် လိုက်တော့တယ် ...

:D

Source : mmcp

ဆက်ဖတ်ရန်...(To Continue)

Monday, January 19, 2009

Martin Luther King, Jr. Day


Martin Luther King, Jr. Day ဆိုတာ အမေရိကန်ပြည်ထောင်စု ရဲ့ ပိတ်ရက် အားလပ်ရက် တစ်ရက် ဖြစ်ပါတယ်။ အဆိုပါ ရက်ကို Martin Luther King, Jr. (King) ရဲ့ မွေးနေ့ဖြစ်တဲ့ ဇန်န၀ါရီလ ၁၅ရက်နေ့ ပတ်ဝန်းကျင်မှာ သတ်မှတ်လေ့ ရှိပါတယ်။ အမြဲတမ်း ဇန်န၀ါရီလရဲ့ ၃ပတ်မြောက် တနလ်ာနေ့မှာ ပိတ်ရက် အဖြစ် သတ်မှတ်ပါတယ်။ အဆိုပါ Matin Luther King, Jr. Day ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ၃ခုသာရှိသော လူတစ်ဦးထဲ အပေါ် ဂုဏ်ပြုသည့် အနေဖြင့် သတ်မှတ်ထားသော Federal Holidays များမှ ၁ခု အပါအ၀င် ဖြစ်တယ်။

Martin Luther King, Jr က ဇန်န၀ါရီလ ၁၅ရက်နေ့ ၁၉၂၉ မှာ မွေးဖွားခဲ့တဲ့ အာဖရိကန် အမေရိကန် လူမျိုး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ ထင်ရှားသော ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။ King ရဲ့ Civil Rights လှုပ်ရှားမှုတွေကြောင့် King ကို ယနေ့ ကမ္ဘာမှာ လူ့အခွင့်အရေး ရဲ့ သင်္ကေတ တစ်ခုအနေဖြင့် သမုတ်ကြတယ်။ King ဟာ ၁၉၆၈ April ၄ရက်နေ့ ည ၆ရာရီ ၁မိနစ် မှာ Memphis, Tennessee ပြည်နယ်က Lorraine Motel မှာ လုပ်ကြံခြင်း ခံရပါတယ်။ Rifle က ကျည်တစ်တောင့်ဟာ သူ့ရဲ့ လည်ပင်း ညာဘက်ကနေ ဖြတ်သွားပြီးနောက် အာဂေါင်ကို ဖောက်ထွင်းကာ ကျောဘက်မှာ မရပ်ခင် Spinal Cord ထဲကို ထိုးဆင်းသွားပါတယ်။ King ကို St. Joseph's Hospital သို့ အလျင်အမြန် ခေါ်သွားခဲ့ပါတယ်။ ဆရာဝန်တွေက Chest ကို ဖွင့်ပြီး Manual heart massage ကို လုပ်တယ်။ ၇နာရီ ၅မိနစ် မှာ သေဆုံးသွားကြောင်း ကြေညာခြင်း ခံရပါတယ်။

သူ၏ သေဆုံးခြင်းကို ဂုဏ်ပြုတဲ့ အနေဖြင့် Federal Holiday အဖြစ် သတ်မှတ်ပေးဖို့ Campaign ဟာ လုပ်ကြံခံရပြီးနောက် မကြာခင်မှာပဲ စတင်ခဲ့ပါတယ်။ သမ္မတ Ronald Reagan ၁၉၈၃ မှာ အတည်ပြုကြောင်း လက်မှတ် ရေးထိုး ခဲ့ပါတယ်။ ထိုနေ့မှာစပြီး ဇန်န၀ါရီလ ၃ပတ်မြောက် တနင်္လာနေ့ တိုင်းဟာ Martin Luther King, Jr. Day ဆိုပြီး ပေါ်ပေါက် လာတာ ဖြစ်တယ်။ ဒါကြောင့် လည်း www.google.com ကပင် ယနေ့ အဆိုပါ နေ့ကို ဂုဏ်ပြုသော အားဖြင့် သူ၏ ပုံမှန် ရုပ်ပုံမှ အောက်ပါ ရုပ်ပုံလေး သို့ ပြောင်းလဲ ထားခြင်း ဖြစ်တယ်။ ဤနေ့ အကြောင်း ထပ်မံ သိရှိလိုသော စာဖတ်ပရိသတ်များ အဆိုပါ ရုပ်ပုံလေးကို www.google.com မှာ သွားရောက် နှိပ်ကြည့်ခြင်း ဖြင့် လေ့လာနိုင်ပါသည်။

ဆက်ဖတ်ရန်...(To Continue)

Sunday, January 18, 2009

သူတို့အတွေး သူတို့အမြင် (Interview အပိုင်း-၁) လွမ်းဆွတ်ခြင်း

အစီအစဉ် အသစ်လေး တစ်ခုနဲ့ မိတ်ဆက် ပေးပါရစေ။ "သူတို့ အတွေး သူတို့ အမြင်" ဆိုတဲ့ အင်တာဗျူး အစီအစဉ်လေး တစ်ခုပါ။ ဒီအစီအစဉ်မှာ ဒီလောကကြီးမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေ တော်တော် များများကို လူတွေ ဘယ်လို တွေးလဲ၊ လူတွေ ဘယ်လိုမြင်လဲ ဆိုတာကို စာဖတ်သူတွေ အားလုံးနဲ့ ပြန်ပြီး မျှဝေပါမယ်။ အဓိက Target ရယ်လို့ သတ်မှတ် ထားတာမျိုး မရှိပါဘူး။ ဒီလိုပဲ Randomly Targets တွေကို မေးမြန်း သွားမှာပါ။ အခု သူတို့အတွေး သူတို့အမြင် (Interview အပိုင်း - ၁) ကိုတော့ "လွမ်းဆွတ်ခြင်း" ကို အခြေခံပြီး မေးခဲ့ပါတယ်။

သူတို့အတွေး သူတို့အမြင် (Interview အပိုင်း - ၁) တွင် ပါဝင်သူများ
  • လွမ်းတာကို ထိန်းပါ ဆိုတဲ့ အိတာ
  • အရင်ရည်းစားဟောင်း ကိုလွမ်းတဲ့ ဖြူလေး
  • မလွမ်းတတ်ပါဘူးဆိုတဲ့ မောင်အာကာ
  • အချိန်က ကုစားမှာပါ ဆိုတဲ့ ကိုစည်သူ
မှတ်ချက် ။ ။ ဒီအပိုင်း(၁) မှာ ပါဝင်ခဲ့တဲ့လူတွေကို အင်တာဗျူးလုပ်နေတာကို အသိမပေးခဲ့ပဲ သဘာဝ ဆန်အောင် မေးမြန်းခဲ့သည်။ နောက်မှာ အင်တာဗျူးလုပ်နေကြောင်း ပြောပြပြီး ခွင့်တောင်း လိုက်သည်။

x x x x x x x x x x x x x x x x x


ပထမဦးဆုံး အိမ်က အိတာနဲ့ အရင်ဆုံး စပြီး လွမ်းဆွတ်ခြင်း အကြောင်း တီးခေါက် ကြည့်ပါတယ်။

Tea: အိတာ - လွမ်းဆွတ်ခြင်းကို ဘယ်လိုထင်လဲ?
အိတာ: ထင်တာပြောမယ်နော်၊ လွမ်းတော့ လွမ်းပေါ့၊ ဒါပေမယ့် အဲ့ဒီအတွက်နဲ့တော့ အချိန် မကုန်စေနဲ့ပေါ့။

Tea: ဒါပေမယ့် အိတာရယ်၊ လွမ်းနေတာကို ထိန်းချုပ်လို့မှ မရတာ၊ မဟုတ်ဘူးလား?
အိတာ: လူ့ ဘ၀မှာ ဒီထက်အရေးကြီးတာတွေရှိတယ်လေ။ လူတစ်ယောက်ဟာ စိတ်ခံစားချက်ကို ဦးစားပေးသူဟာ လူညံ့တဲ့။ ထိမ်းရခက်တယ် ဆိုတာ ဟုတ်ပေမယ့် ထိန်းရပါတယ်။ ဦးနှောက်မပါရင် လူတစ်ယောက်ဟာ ခွေးတစ်ကောင်နဲ့ မခြားဘူးလေ။

Tea: လွမ်းတာကို တားမရတဲ့ အချိန်တွေ ကျရင်ရော ဘယ်လိုလုပ်သင့်တယ် ထင်လဲ?
အိတာ: နားလည်ပါတယ်။ လွမ်းတော့ လွမ်းပေါ့။ အချိန်တော့ မကုန်စေနဲ့လေ။ အရေးကြီးတာတွေကို မထိခိုက်စေနဲ့ပေါ့။ လူတစ်ယောက်ကို လွမ်းရင် သူ့ကို မေတ္တာပို့ပါ။ ပြီးတော့ ဒိုင်ယာရီရေးပါ။ အချိန်တန်ရင် မေ့မသွားရင်တောင် သက်သာသွားပါတယ်။

Tea: ချစ်သူနှစ်ဦး .. တစ်ဦးနှင့်တစ်ဦး .. မိုင်တွေ ထောင်ချီပြီးဝေးနေရတယ်။ တစ်ဦးနဲ့ တစ်ဦး မတွေ့ရဘူး.. လွမ်းနေတယ်။ ဒါဆိုရင်ရော ဘယ်မေ့နိုင်ပါ့မလဲနော်?
အိတာ: ချစ်သူဆိုမှတော့ ဘယ်မေ့နိုင်မလဲ၊ ဒါပေမယ့် ဖုန်းပြောပေးပေါ့၊ နောက်ဆုံး ဆိုးရွားနေရင်တော့ အချစ်အတွက်နဲ့ ကိုယ့်ဘ၀ကို စွန့်လွှတ်နိုင်လား၊ ဒါပဲမေးချင်တယ်၊ ပြီးတော့ ပြန်မတွေ့ရမှာမှ မဟုတ်တာ၊ နောက်ကျရင် တွေ့ရမှာပဲလေ၊ လွမ်းတယ်ဆိုလည်း လွမ်းလိုက်ပေါ့၊၊ အလွန်အကျွံမဖြစ်အောင်တော့ ထိန်းပေးပေါ့လေ။

x x x x x x x x x x x x x x x x x

အိတာပြီးတော့ နောက်တစ်ယောက် ဖြူလေး ဆိုသူနဲ့ ဆက်လက်ပြီး ပြောဖြစ်ပါတယ်။

Tea: လူတစ်ယောက်ကို လွမ်းတယ် ဆိုတာကို ဘယ်လိုထင်လဲ?
ဖြူလေး : လွမ်းတယ်ဆိုတာ ခံစားချက်တစ်ခုပါ။

Tea: ဘ၀မှာ လူတစ်ယောက်ယောက်ကို လွမ်းခဲ့ဖူးလား?
ဖြူလေး : လွမ်းခဲ့ဖူးပါတယ်၊ အခုလည်း လွမ်းနေပါတယ်။ တစ်ယောက်တင် မဟုတ်ပါဘူး၊ လွမ်းတဲ့ လူတွေ အများကြီး ရှိပါတယ်။ အဖေ၊ အမေ၊ သူငယ်ချင်း အစရှိသဖြင့်ပေါ့၊ အရင်ရည်းစားဟောင်း ကို လွမ်းပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက်ကို တော့ လွမ်းပုံခြင်း မတူပါဘူး။

Tea: အရင်ရည်းစားကို ဘယ်လောက် ကြာကြာ တစ်ခါလွမ်းလဲ?
ဖြူလေး : အသေအချာတော့ မသိပါဘူး။ စိတ်ပေါ် မူတည်ပါတယ်။ သူကြိုက်တတ်တဲ့ ပစ္စည်းလေးတွေ မြင်လိုက်မိတိုင်း သတိရတယ်။ အရင်က တူတူနေခဲ့တဲ့ အချိန်တွေကို လွမ်းတယ်။ ဓာတ်ပုံတွေကိုတောင် ပြန် မကြည့်ချင်လောက် အောင် ဖြစ်ပါတယ်။ အဲ့လို အချိန်ကျရင် သူလည်း ငါမရှိပဲနဲ့ ပျော်နေမှာပဲ ဆိုတာကို တွေးကြည့်ပြီး မေ့ဖို့ ကြိုးစားပါတယ်။

Tea: အရမ်းလွမ်းနေလို့ အခြေအနေဆိုးတဲ့အခါကျရင် ဘာတွေ ဖြစ်သလဲ? ဘ၀ကို ထိခိုက်မှုတွေ ရှိသလား?
ဖြူလေး : တစ်ခါတစ်လေ ထိခိုက်ပါတယ်။ စာကျက်နေတုန်း သူ့ကို ရုတ်တရက်ကြီး လွမ်းလာရင် စာမလုပ်ချင်တော့ပါဘူး။ ဒါပေမယ့်လည်း ငါလည်း ဒီအချစ်ကို ငါ့ဘက်က အတတ်နိုင်ဆုံး ကြာရှည်ခံဖို့ ကြိုးစားခဲ့တာပဲ၊ ငါလည်း ဒါကို ဘာမှ လုပ်နိုင်မှာလည်း မဟုတ်ပါဘူး လို့ စဉ်းစားပြီး ငါ့စိတ်ထဲက သူ့ကို ထုတ်ပစ်ဖို့ ကြိုးစားပါတယ်။

Tea: လွမ်းဆွတ်ခြင်းကို ဖျောက်ဖျက်ဖို့ နည်းလမ်းတွေ ရှိပါသလား?
ဖြူလေး : လူဆိုတာကို စိတ်က ခံစားသလို ခံစားနေကြတာပါ။ အတင်းကြီး ဖိအားပေးလို့လဲ မရပါဘူး။ ဖိအားလဲ မပေးပါနဲ့။ သဘာဝအတိုင်းပဲ ကောင်းပါတယ်။ ဒါက အကောင်းဆုံး နည်းလမ်းလို့ ထင်ပါတယ်။

x x x x x x x x x x x x x x x x x

နောက်ပြောဖြစ်တဲ့ တစ်ယောက်ကတော့ ကျွန်တော်က သံမဏိလူသားလို့ သတ်မှတ်လိုက်ပါတယ်။

Tea: လူတစ်ယောက်ကို လွမ်းဖူးလား? လွမ်း၇င် ဘယ်လိုလုပ်ရမလဲ?
မောင်အာကာ: မလွမ်းဖူးပါဘူး။ ကျွန်တော့်အသက် ၁၈နှစ်ရှိပြီ၊ အခုထိ ဘယ်သူ့ကိုမှ မလွမ်းဖူးသေးပါဘူး။ မောင်နှမ၊ မိဘ၊ သူငယ်ချင်း၊ ချစ်သူကောင်မလေး၊ ဘယ်သူ့ကိုမှ မလွမ်းဖူးပါဘူး။ မိန်းကလေးတွေကိုလည်း မယုံကြည်ဘူး။ ဘယ်မိန်းကလေးကိုမှ အယုံအကြည်မရှိပါဘူး။

Tea: အကယ်လို့ အနာဂတ်မှာ လွမ်းလာရင် ဘယ်လို ရင်ဆိုင်မလဲ?
မောင်အာကာ: အဲ့ဒီအချိန်ကျရင်တော့ မီးစင်ကြည့်က ရမှာပဲလေ။

Tea: နောက်ထပ် အလွမ်းနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်သေးလဲ?
မောင်အာကာ: ထူးထူးဆန်းဆန်းတော့ မရှိပါဘူး။ ကမ်းခြေတို့ တောင်ပေါ်တို့ ရောက်ရင်တော့ တစ်နေရာရာကို ငေးပြီး ဆွေးနေတတ်တယ်၊ အဲ့လိုအရသာကို လည်း ကြိုက်တယ်။ ဘာမှတော့ မဟုတ်ဘူး။ ဘယ်သူ့ကိုလွမ်းမှန်း မသိ၊ ဘာကို ဆွေးမှန်း မသိပဲနဲ့ကို ဖြစ်နေတာပါပဲ။ လွမ်းတယ် ဆိုပြီးတော့ သီးခြားကြီး လွမ်းတာတော့ မရှိဖူးပါဘူး။

x x x x x x x x x x x x x x x x x

ပြီးတော့ အဖေ့ကို လွမ်းနေတဲ့ ကိုစည်သူ နဲ့လည်း စကားပြောဖြစ်ပါတယ်။

Tea: ကိုစည်သူက အဖေ့ကို ဘာလို့သတိရတာလဲ?
စည်သူ: တစ်ခါတစ်လေ ပင်ပန်းလွန်းတော့ အဖေ့ကို သတိရပါတယ်။ အဖေဆုံးတာ ခြောက်လ ပြည့်တော့မယ်။ အဖေက ကင်ဆာနဲ့ ဆုံးသွားတာလေ။ မဆုံးက တစ်နှစ်လုံးလုံး တစ်အိမ်ထဲမှာ အတူ ရှိနေခဲ့တာပါ။ အဖေ မဆုံးခင်ကထဲက သူ့အတွက် စိတ်ပင်ပန်းရတယ်လေ။

Tea: စိတ်မကောင်းပါဘူး ကိုစည်သူ၊ ဒါဆိုရင် အမေကိုတော့ ပိုဆိုးမှာပေါ့နော်။
စည်သူ: ကျွန်တော့်အမေကတော့ စိတ်အရမ်းမာပါတယ်။ အဖေဆုံးသွားတုန်းကတောင် မငိုခဲ့ပါဘူး။ အဖေ အသက်ရှိစဉ်တုန်းကလည်း အဖေ့ရောဂါက ကင်ဆာဖြစ်သွားတာ၊ နှားခေါင်းအနောက်မှာ ဖြစ်တာပါ။ သူက ဦးနှောက်ကို သွားဖိပြီး အာရုံကြောတွေကို ဖိပစ်တာ အောက်ပိုင်းတစ်ခုလုံး ဘာမှ မသိတော့ဘူးလေ။ အမေလည်း ဆေးကုစရိတ်တွေက ဈေးအရမ်းကြီးတော့ ပိုက်ဆံရှာရတာ အ၇မ်းပင်ပန်း ခဲ့ပါတယ်။ သူလည်း အတတ်နိုင်ဆုံး လုပ်ပေးခဲ့တာပဲ ဆိုပြီး စိတ်ကို ဖြေလိုက်တယ်လေ။

Tea: ကိုစည်သူက အဖေ့ကို အမြဲလိုလိုလွမ်းလား? ဘယ်လိုအချိန်မှာ လွမ်းတတ်သလဲ?
စည်သူ: တိုက်ဆိုင်မှပါ အလုပ်လုပ်နေရတော့ အချိန်တိုင်း သတိရတယ်လို့တော့ မရှိပါဘူး။ ဥပမာ သူ ကြိုက်တဲ့အစားအစာတို့ ကြိုက်တတ်တဲ့ဟာတွေကို တွေ့ရင်တော့ ပိုသတိရတယ်။

Tea: အမေကရော အလွမ်းကို ဘယ်လို ဖြေသိမ့်ပါသလဲ?
စည်သူ: အမေကတော့ တရားနာနေတာ များပါတယ်။ အိမ်အလုပ်တွေလည်း ပိုလုပ်နေတတ်တယ်။ အချိန်ကြာလာတော့ အချိန်ရဲ့ ကုစားမှုနဲ့ ပုံမှန်ပြန် ဖြစ်လာမှာပါ။ သေတဲ့ လူက ပြန်ရှင်လာမှာမှ မဟုတ်ပဲလေ။ မသေခင် သူ့ကို အကောင်းဆုံး လုပ်ပေးနိုင်ဖို့သာ အဓိကပါ။

x x x x x x x x x x x x x x x x x

ကဲ.. သူတို့အတွေး သူတို့ အမြင် (Interview အပိုင်း-၁) လွမ်းဆွတ်ခြင်း ကို ဒီတင်ပဲ ရပ်နားလိုက်တာပေါ့။ ဒီလောက် ဆိုရင် စာဖတ်သူတွေ အားလုံးလည်း စိတ်ထဲမှာ လွမ်းတယ် ဆိုတာ ဘာလဲဆိုတာ ရှိလောက် ရောပေါ့။ ဘယ်လို ပြင်ဆင်ထားရမယ် ဆိုတာလည်း ရှိထား သင့်ပါတယ်။ စာဖတ်သူတွေရဲ့ အတွေးတွေ အမြင်တွေကိုလည်း ကောမန့်ထဲမှာ မျှဝေ နိုင်ပါတယ်။

လွမ်းတယ်ဆိုတာ တကယ်တော့ အချစ်ရဲ့ အပိုင်း သေးသေးလေး တစ်ခုပါ။ အချစ်လိုပဲ နာကျည်း ရတတ်ပါတယ်။ အချိန်ရဲ့ ကုစားမှုကြောင့် လူတွေ သက်သာ သွားပေမယ့် ထာဝရ မသက်သာတဲ့ လူတွေလည်း အများကြီး ရှိပါတယ်။

Tea

ဆက်ဖတ်ရန်...(To Continue)

Saturday, January 17, 2009

လောက အစပ်ဆုံးသော ဟင်းလျာများ (Szechuan Style)

ဒီနေ့ စနေနေ့ (Weekend) မှာ စာဖတ်သူတွေ အားလုံးကို ဒီလောကမှာ ရှိတဲ့ အစပ်ဆုံး (very spicy) အစပ်ဟင်း တွေနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ စပ်တာကို ကြိုက်ကြလားတော့ မသိဘူး။ အခုပြောပြမယ့် ဟင်းတွေက စပ်တာမှ ရေရေလည်လည်ကို စပ်တာပါ။ မတရား စပ်လို့ စားပြီးရင် လျှာတွေပါ ထူသွားလောက် ပါတယ်။ ရေခဲရေတွေ၊ ရေနွေးကြမ်းတွေ၊ ရိုးရိုးရေတွေ ပတ်လည်မှာ ထားပြီး စားသင့်ရင်လည်း စားရပါတယ်။ ပထမဦးဆုံး အကြိမ်ဆိုရင်တော့ သတိထားပြီး စားရပါတယ်။ ၀မ်းမကောင်း တာတို့ ဘာတို့ ရှိရင်လည်း ရှောင်ရပါမယ်။

Cuisine Background and Information

ဟင်းတွေက တရုတ်ပြည် Szechuan 四川菜 ဒေသက ဟင်းလျာတွေပါ။ Szechuan ရဲ့ ရိုးရာ ဟင်းတွေပါ။ အဆိုပါ ဟင်းလျာတွေက chilis and "numb" or "tingling" flavor Chinese: 麻 of the Sichuan peppercorn (花椒) အမျိုးအစား ငရုတ်သီးတွေကို အဓိက သုံးပြီး ချက်ထားတဲ့ ဟင်းလျာတွေပါ။ အဆိုပါ Szechuan ဒေသမှာ ဆိုရင် အိမ်တွေမှာ ငရုတ်သီးတောင့်တွေကို ချိတ်ထား လေ့ ရှိပါတယ်။ အသုံးလိုတဲ့ အခါကျရင် အလွယ်တကူ ဖြုတ်ပြီး လှော်ပြီး စားရုံပါပဲ။ အစပ်ဟင်းလျာတွေ ထဲမှာဆိုရင် နာမည်ကြီးလို့ ကမ္ဘာပေါ်က နေရာ အနှံ့မှာ Szechuan Style Spicy Restaurants စားသောက်ဆိုင်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ကျွန်တော်လည်း "အစပ်" အရသာကို ကြိုက်လို့ သွားစားဖြစ်ပါတယ်။ စားရင်လည်း သောကြာနေ့ (သို့) စနေနေ့ တို့မှာသာ စားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေးကြုံရင် ပိတ်ရက် အားရက်နဲ့ ကြုံတော့ ၀မ်းမကောင်း တာတို့ ဘာတို့ ဖြစ်ရင် အချိန်ရှိအောင်လို့ပါ။ "အစပ်" ကို မခံစားနိုင်တဲ့ လူတွေ ဆိုရင်တော့ Szechuan Style Restaurants တွေဆို၇င် ဝေးဝေး ရှောင်သင့် ပါကြောင်း . . .

Suggested Cuisine at Szechuan Style Restaurants:
Szechuan Style Restaurants များတွင် အကြံပြုချင်သော ဟင်းလျာ (၆မျိုး)-

ဟင်းနာမည် - HOT POT COMBINATION (Size Large)
Spicy အဆင့် - 4 out of 4 (အမြင့်ဆုံး)
Description - Seafood + သိုးသား + အမဲသား + ကြက်သား + ၀က်သား အစရှိတာတွေကို အရွက်တွေ၊ မျှစ်တွေ၊ မှိုတွေ၊ သစ်ဥတွေ အားလုံး ရောပြီး ငရုတ်သီး အမှုန့် + ငရုတ်သီး အဆီ + ငရုတ်သီး တောင့်တွေ ကို လှိုင်လှိုင်မြိုင်မြိုင် သုံးကာ အိုးအောက်ကနေ ဂက်စ်မီးဖြင့် စဉ်ဆက်မပြတ် ပူနေအောင် စီစဉ်ထားတဲ့ ရှူကနဲ ရှူကနဲ စပ်လှတဲ့ ဟင်းလျာ တစ်မျိုးပါ။ ဟင်းရည် အနေဖြင့် အရည်ကို တစ်ဇွန်းလောက် သောက်လိုက်တာနဲ့ လည်ခေါင်း တစ်လျှောက် စပ်လွန်းလှတဲ့ အရသာကို ခံစား ရမှာဖြစ်ပါတယ်။

x x x x x x x x x x x x x x x x x x x x x

ဟင်းနာမည် - Spicy Chicken Curry
Spicy အဆင့် - 4 out of 4 (အမြင့်ဆုံး)
Description - ကြက်သား (အဓိက ပေါင်သား) တွေကို အလွှာလိုက် လှီးထားပြီး Curry စတိုင်နဲ့ ငရုတ်သီးအမှုန့်နဲ့ အဆီ တွေကို အင်အား အပြည့် သုံးကာ လှော်ပြီး ချက်ထားတဲ့ ဟင်းတစ်မျိုးပါ။ ကြက်သား ဖတ်လေးကို မြည်းလိုက်တာနဲ့ ကြက်သားထဲက ငရုတ်သီး အရသာကိုပါ တပြိုင်ထည်း ခံစား ရမှာ ဖြစ်ပါတယ်။


x x x x x x x x x x x x x x x x x x x x x

ဟင်းနာမည် - Spicy Fried Sliced Beef Kaung Bao
Spicy အဆင့် - 3 out of 4 (ဒုတိယ အမြင့်ဆုံး)
Description - အမဲသား ကို အလွှာလိုက် ပါးပါးလေး လှီးထားပြီး ငရုတ်သီး တောင့်တွေ၊ ငရုတ်ပွတွေ၊ ကြက်သွန်တွေ၊ ကြက်သွန်မြိတ်တွေ ကို ကုန်းဘောင် (Kaung Bao) ကြောက် စတိုင် လှော်ထားတဲ့ ဟင်းတစ်မျိုးပါ။ အမဲသားတွေက ငရုတ်သီး အမျိုး ၃မျိုး ၃မျိုးလောက်ရဲ့ ရနံ့နဲ့ အရသာကို တပြိုင်တည်း ပေးစွမ်း နိုင်ပါတယ်။ ဟင်းအိုး အောက်မှာလည်း မီးမြှိက်ထားလို့ တစ်ချိန်လုံး ပူပြီး စပ်နေမှာ ဖြစ်ပါတယ်။

x x x x x x x x x x x x x x x x x x x x x

ဟင်းနာမည် - Spicy Fried Noodle
Spicy အဆင့် - 3 out of 4 (ဒုတိယ အမြင့်ဆုံး)
Description - ကြက်ဥ ခေါက်ဆွဲတွေကို ကြက်သား၊ Seafood နှင့် အမဲသား သုံးပြီး အဓိက ငရုတ်သီးမှုန့်နဲ့ ငရုတ်သီးတောင့်တွေကို သုံးက ကြော်ထားသော ဟင်းတစ်မျိုးပါ။ ဒယ်အိုးချ ချိန်မှာ အပေါ်က ဆီအနည်းငယ် ဖြူးပြီး ကြက်သွန်မြိတ်နဲ့ ဖုံးလိုက်ပါတယ်။ ခေါက်ဆွဲအမျှင်တိုင်းဟာ စပ်နေမှာ ဖြစ်တယ်။

x x x x x x x x x x x x x x x x x x x x x


ဟင်းနာမည် - Seafood HOT POT (Size medium)
Spicy အဆင့် - 4 out of 4 (အမြင့်ဆုံး)
Description - HOT POT တစ်မျိုးပါ။ ငရုတ်သီး အဆီ၊ ငရုတ်သီး အမှုန့်၊ ငရုတ်သီး တောင့် တွေကို အင်အား အပြည့် သုံးပြီး Seafood မျိုးစုံ၊ သစ်ရွက်သစ်ဖု၊ ဟင်းသီးဟင်းရွက်၊ မှို၊ မျှစ် တို့ဖြင့် ရောနှောကာ ချက်ထားတဲ့ ဟင်းလျာ တစ်မျိုးပါ။ HOT POT ဖြစ်သောကြောင့် အိုး အောက်ကနေ ဂက်စ် မီးဖိုဖြင့် အဆက်မပြတ် အပူပေး နေသောကြောင့် ပူလည်း ပူ၊ စပ်လည်း စပ်လှပါတယ်။

x x x x x x x x x x x x x x x x x x x x x


ဟင်းနာမည် - Sliced Lamb Spicy
Spicy အဆင့် - 3 out of 4 (ဒုတိယ အမြင့်ဆုံး)
Description - သိုးသား တွေကို ပါးပါး လေး လှီးထားပြီး ပဲသီး၊ ကြက်သွန်နီပါး၊ တို့ဖြင့် ငရုတ်သီး မှုန့်၊ ငရုတ်သီး တောင့်ကို ရောကာ ကြော်ထားသော ဟင်းတစ်မျိုးပါ။

x x x x x x x x x x x x x x x x x x x x x

ဒီအပတ်တော့ ဒီလောက် စပ်ရင် ကျေနပ်ကြပြီလို့ ထင်ပါတယ်။


လေးစားလျှက်
Tea

ဆက်ဖတ်ရန်...(To Continue)

Friday, January 16, 2009

သိုင်းလောကရဲ့ လေလှိုင်းများ (၁)


လူတွေ အားလုံး သိုင်းပညာဆိုရင် စိတ်ဝင်စားကြမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်လည်း တစ်ချို့လူတွေ သိုင်းပညာ အကြောင်း ဆွေးနွေးနှီးနှောတာ မြင်ဖူး ကြားဖူး ပါတယ်။ စိတ်ဝင်စားစရာ လည်း ကောင်းပါတယ်။ ကျွန်တော်လည်း သိုင်းလောက က လူတစ်ချို့အကြောင်း ပြောပြချင်လို့ပါ။

လူတစ်ချို့ရှိတယ်။ သူတို့က သိုင်းလောက က အမှောင်ဂိုဏ်းကို မုန်းတယ်။ သူတို့တွေက သူတို့ကို သူတို့ သူတော်ကောင်းလို့ သတ်မှတ်ထားတယ်။ သူတို့က တယူသန် လွန်းတယ်။ ငါတို့ပဲ ကောင်းတယ်၊ ငါတို့ပဲ မှန်တယ်၊ ငါတို့နဲ့ ဆန့်ကျင်တဲ့ လူမှန်သမျှက မှားပါတယ် ဆိုပြီး သတ်မှတ်တယ်။ ဒါပေမယ့် သူတို့မှားတဲ့ အချိန်ကျရင်လည်း သူတို့က မသိသလိုပဲ နေတယ်လေ။ ပါးစပ်ကနေရော လက်ကနေရော အမြဲတမ်း အမှောင်ဂိုဏ်းက ယုတ်မာပါတယ်။ အမှောင်ဂိုဏ်းက မတရားပါဘူး။ အမှောင်ဂိုဏ်းသားတွေ အားလုံးက ရိုင်းလှပါတယ် ဆိုပြီး ခိုင်ခိုင် မာမာ ယုံကြည် ထားတယ်။

နောက် လူတစ်ချို့ရှိတယ်။ သူတို့က အမှောင်ဂိုဏ်းသားတွေ။ သူတို့က သိုင်းလောကကြီးမှာ နေရာ အနှံ့ရှိနေတယ်။ သူတို့ရဲ့ ဂိုဏ်းတည်ရှိရာ နေရာမှာလည်း အများကြီးရှိတယ်။ ပြီးတော့ သိုင်းလောကရဲ့ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း ဖြန့်ကျက်ပြီး ကျင်လည် ကျက်စားတယ်။ တာဝန်အရ လှုပ်ရှားနေကြတာပါ။ သူတို့ အမှောင်ဂိုဏ်းကနေ ထောက်ပံ့မှု တွေ ရတယ်။ ဒါပေမယ့် သူတို့က တာဝန် ဆိုတာ အပြင် သူတို့မှာ ပြင်းထန် တဲ့ ခံယူချက်တွေ ရှိတယ်။ အရမ်းပြင်းထန်တယ်။ သူတို့ က အမှောင်ဂိုဏ်းက လုံးဝ မမှားပါဘူး ဆိုပြီး ခံယူ ထားတယ်။ သူတို့ လှုပ်ရှားနေတာတွေ အားလုံးက အမှန်တရား အတွက် လုပ်နေတာပါ ဆိုပြီး နားလည်ထားတယ်။

ဒါပေမယ့်လေ မိမိကိုယ်ကို သူတော်ကောင်းလို့ သတ်မှတ်ထားတဲ့ လူတွေ ပဲ ဖြစ်ဖြစ်၊ အမှောင်ဂိုဏ်းသား တွေပဲ ဖြစ်ဖြစ်၊ အမှန်စင်စစ် သူတော်ကောင်းတွေပဲ ဖြစ်ဖြစ်၊ ကြားခံက ဘယ်ဘက်ကိုမှ စိတ်မ၀င်စားတဲ့ လူတွေပဲ ဖြစ်ဖြစ်၊ တကယ်တော့ အားလုံးဟာ သိုင်းလောက ကို ချစ်မြတ်နိုးကြပါတယ်။ အားလုံးဟာ သိုင်းလောကကို ခုံမင်ပြီး မိမိခံယူချက် ကိုယ်စီနဲ့ လှုပ်ရှားနေကြတယ်။ ဒါပေမယ့် တစ်ချို့တွေကလည်း မိမိတို့ အသုံးချ ခံနေရတာ မသိကြရှာဘူး။ တစ်ချို့တွေကလည်း တစ်ဖက်သက် ဆန်လွန်းတော့ တစ်ခါတစ်ခါ အမှန်ကနေ အမှားတွေ ဖြစ်ကုန်တာ မသိပြန်ဘူး။ တစ်ချို့ကတော့ ငါဆိုတဲ့ လူက ဒီသိုင်းလောကမှာ ဘာမှ ဟုတ်တာမှ မဟုတ်တာ၊ ငါ ၀င်ပြီး ပတ်သက်လည်း ဘယ်လောက် မှ သိုင်းလောကကြီး ကောင်းသွားမှာ မဟုတ်ပါဘူး ဆိုပြီး ဘာမှ မပတ်သက်ပဲ နေတယ်။ တစ်ချို့တွေ ကျပြန်တော့လည်း သိုင်းလောကက အမှောင်ဂိုဏ်းကို ကြောက်လွန်းတော့ တိတ်တိတ် ဆိတ်ဆိတ်နေတယ်။ ဒီကြားထဲမှာ တစ်ချို့တွေကလည်း သိုင်းလောကက အမှန်တရားအတွက် မိမိတို့ အသက်တွေကို စတေးသွားကြတယ်။

ဒီလိုနဲ့ပဲ သိုင်းလောကကြီးဟာ အင်မတန် ရှုပ်ထွေးလှပါတယ်။ သိုင်းလောကကြီးရဲ့ ရှုပ်ထွေးမှုတွေ ကြားမှာ လူတွေ အားလုံးက လည်း ရှုပ်ထွေး များပြားလှပါတယ်။ တစ်ခါတစ်ခါ ဘယ်သူက ဘယ်ဝါမှန်းတောင် ခွဲခြားလို့ မရပါဘူး။ အလင်းနဲ့ အမှောင်၊ သူတော်ကောင်းနဲ့ သူတော်ယုတ် ဆိုပြီး အင်အား ပြိုင်ဆိုင်မှုတွေ၊ ငါမှန်တယ် ဘယ်သူမှ မမှန်ဘူးဆိုတဲ့ သဘောတရားတွေ၊ ခံယူချက် ကိုယ်စီတွေ နဲ့ ရှုပ်ထွေးလှပါတယ်။

ဒီနေ့တော့ သိုင်းလောကရဲ့ လေလှိုင်းများ (အပိုင်း-၁) ကို ဒီတင်ပဲ ရပ်နားလိုက်ကြတာပေါ့။

ဆက်ဖတ်ရန်...(To Continue)

မီမီဝင်းဖေ၏ သီချင်းများစုဆောင်းမှု



ဆက်ဖတ်ရန်...(To Continue)

နှုတ်ခမ်းနီ

ယနေ့ရာသီဥတုသည် အင်မတန်မှပင် အေးချမ်းလှပေသည်။ ကိုအောင် တစ်ယောက် ရုံးသို့ သွားနေလေသည်။ ရုံးသွားနေစဉ် ရာသီဥတုကြောင့် နှုတ်ခမ်းများ ခြောက်လာသဖြင့် နှုတ်ခမ်း ခြောက်ရင် သုံးလေ့ရှိသော နှုတ်ခမ်းနီ (အဖြူ) ဆိုးရန် နှုတ်ခမ်းနီ ဘူးကို ရှာလေသည်။

ဘောင်းဘီ အသစ်လဲလာခဲ့သောကြောင့် နှုတ်ခမ်းနီဘူး ဘောင်းဘီဟောင်းထဲတွင် ကျန်ခဲ့မှန်း သတိရသည်။ ထိုအခါ ကိုအောင် တစ်ယောက် ရှေ့မှလျှေက်လာသော နှုတ်ခမ်းနီဆိုးထားသည့် အမျိုးသမီးတစ်ယောက်ထံ အကူအညီတောင်းရန် စဉ်းစားမိသည်။

"ကျေးဇူးပြုပြီး ခင်ဗျားရဲ့ နှုတ်ခမ်းနီတောင့်လေးများ ခဏလောက် ငှားနိုင်မလား၊ ကျွန်တော် နှုတ်ခမ်းတွေ အရမ်း ခြောက်ကပ် နေလို့ပါ"

"အင်း၊ ကျွန်မမှာ နှုတ်ခမ်းနီတောင့်တော့ မပါဘူး။ ဒါပေမယ့် ကျွန်မ ရှင့်ကို ကူညီနိုင်ပါတယ်"

x x x x x x x x x x x x x x x

သို့နှင့် ကိုအောင် ရုံးသို့ ရောက်သွားသည်။ ကိုအောင့်ကို မြင်သော် သူငယ်ချင်း ကိုလှဦး က ရယ်ရင်း မေးသည်။

"ဘယ်လို ဖြစ်လာတာတုန်း"

ထိုအခါ ကိုအောင် က ဇာတ်စုံခင်းပြလေတော့သည်။

တနင်္ဂနွေ ရုံးပိတ်ရက်တွင် ကိုအောင်က ကိုလှဦးကို ညစာစားရန် ဖိတ်သည်။ ညစာစားပြီး တစ်ယောက် တ၀ိုင်းစီ သောက်ပြီးချိန်တွင် ကိုလှဦး ပြန်ရန် ပြင်သည်။

မပြန်ခင် . . .

"သူငယ်ချင်းကိုအောင် ငါ့နှုတ်ခမ်းနီဘူးကျန်ခဲ့ပြီဗျာ။ အပြင်မှာလည်း အရမ်းအေးတယ်။ နှုတ်ခမ်းတွေ ခြောက်ပြီး ကွဲကုန်မှာဆိုးလို့၊ မင်း မိန်းမဆီမှာ အကူအညီတောင်းဦးမှပဲ .. "

ထိုအခါ ကိုအောင်က -

"မာမီရေ ဟော့ဒီမှာ ကိုလှဦးက ပြန်ခါနီး နှုတ်ဆက်ချင်လို့တဲ့" ဆိုပြီး ယောက္ခမကြီးအခန်း တံခါးကို ခေါက်ပေးလိုက်လေသည်။

:D

Source : mmcp (လူနာမည်များအား ပြုပြင်ထားသည်။)

ဆက်ဖတ်ရန်...(To Continue)

Thursday, January 15, 2009

Myhome16 မှ နှစ်သက်မိသော ဆောင်းပါးများ


အားလုံးပဲ နှစ်သစ်မင်္ဂလာပါ။ ၂၀၀၈ တစ်နှစ်လုံး myhome16 ကို ခဏလေးပဲ ဖြစ်ဖြစ်၊ တစ်ချိန်လုံးပဲ ဖြစ်ဖြစ် စာတွေ လာဖတ်ခဲ့ကြတဲ့ စာဖတ်သူတွေကို အိမ်သားအားလုံးရဲ့ ကိုယ်စား ကျေးဇူးတွေ အများကြီး တင်ပါတယ်။

၂၀၀၈ဆိုတာ ပေဖူးရဲ့ စာတွေ sketchတွေကို ပထမဆုံး public ကို ထုတ်ဖြစ်တယ်လို့ ပြောရမှာပဲ။ high school မှာတည်းက idea တွေကို ရေးချခဲ့မိတယ်။ ဒါပေမဲ့ ဘယ်တော့မှ အချောကိုင်ပြီး ဘလော့တွေ ဘာတွေမှာ မတင်ဖြစ်ပါဘူး။ တီးနဲ့ စကားပြောဖြစ်မှပဲ ဘလော့မှာ လာရေးပါလားဆိုတာနဲ့ ဘာမသိ ညာမသိနဲ့ ရောက်လာတဲ့ တစ်ယောက်ပါ။ ပေဖူးကိုယ်တိုင်တော့ ဘလော့ဂါလို့ မဆိုသာပါဘူး။ ဒါပေမဲ့ စာဖတ်သူတစ်ယောက်ဆိုတာတော့ အသေအချာပါပဲ။

ဒီတစ်ပါတ်တော့ ကျောင်းပိတ်ထားတုန်း အိမ်၁၆က ပို့စ်အဟောင်းတွေ ပြန်ဖတ်ကြည့်ရင်းကနေ ကိုယ့်partner ဘလော့ဂါတွေရဲ့ နှစ်သက်မိသော ပို့စ်လေးတွေကို ပြန်စုပြီး တင်ပေးလိုက်ပါတယ်။ ပို့စ်တစ်ခုရအောင် ဘော်ချက်တာတော့ မဟုတ်ဘူးနော်။ ပေဖူးတို့ ကျောင်းက programတွေမှာ နှစ်တစ်ခုပြောင်းရင် သူငယ်ချင်းတွေရဲ့ ကောင်းတဲ့ အချက်လေးတွေကို ကဒ်လေးနဲ့ ရေးပြီး လက်ဆောင်ပေးကြပါတယ်။ friendship ကို ပိုခိုင်မြဲစေသလို ကိုယ်လုပ်ခဲ့တဲ့ အပြုအမူလေးတစ်ခုကို တစ်ပါးသူက မှတ်မိနေတယ်ဆိုတာလေးနဲ့တင် ထိုသူမှာ စိတ်ချမ်းသာသွားစေတယ်လေ။ ဒီရည်ရွယ်ချက်နဲ့ ပေဖူး ကြိုက်ခဲ့တဲ့ပို့စ်လေးတွေကို ပြန်တင်ပေးလိုက်တယ်နော်။ Blogger Appreciation ပေါ့။

Tea
Mr. Tea နဲ့ပဲ စလိုက်ကြတာပေါ့။ တီးကို စသိတာက လွန်ခဲ့တဲ့သုံးနှစ်လောက်ထဲကပါ။ သူပဲ ပေဖူးကို ဒီဘလော့လောကနဲ့ မိတ်ဆက်ပေးခဲ့တာပေါ့နော်။ ကျေးဇူးတင်ပါတယ်…တီးရေ။

ဘန်းကျော်မြို့မှ ကျွန်တော်လွမ်းသော ....
ဒီပို့စ်လေးနဲ့ myhome16ကို စသိတာပါ။ အဲဒီတုန်းက ပေဖူးဆီမှာ စာရိုက်ဖို့ ဗမာfontတောင် ရှိဘူး။ တီးကိုတော့ အဲဒီပို့စ်ရေးတဲ့အတွက် နာနာလေးကို တီးပလိုက် ချင်တာ။ ဘယ်နှယ့်ဗျာ… ကျောင်းက dorm ထဲမှာနေလို့ အစားဆင်းရဲရတဲ့ကြားထဲ အဲဒီပို့စ်က ကုန်းဆင်းမှာ ဘီးတပ်ပေးလိုက်ပေးသလိုပဲ ငိုချင်စိတ်ပါ ပေါက်သွားတယ်။ တော်တော်လေးကို စားနိုင်တဲ့ တီး။ ဟွန်း…။

က - ကလေးငယ် ချစ်စဖွယ်
အပိုင်း(၁) အပိုင်း(၂)၊ အပိုင်း(၃)၊ အပိုင်း(၄)
ဒီပို့စ်လေးတွေက တော်တော်လေးကို လူသိများခဲ့တဲ့ ပို့စ်တွေပါ။ တစ်ချို့ တစ်ချို့သော ဘလော့ဂါတွေလဲ ပို့စ်မရေးတော့တာတို့၊ blogကို privateလုပ်လိုက်ရတာတော့၊ တစ်ချို့ဆို ဘလော့လောကထဲကနေ အပြီးအပိုင် ထွက်သွားတာတို့ လုပ်လိုက်ရတာပါပဲ။ ပေဖူးတို့ ဘလော့လောကလေးဟာ တိုက်သူခိုက်သူတွေ အပြိုင်အဆိုင်တွေ မရှိခင်တုန်းက တော်တော်လေးကို ပျော်ဖို့ကောင်းခဲ့တယ်ဆိုတာ ဒီပို့စ်လေး တွေက သက်သေပြနေပါတယ်။

ကျွှန်တော်ပြောချင်သော ကျွှန်တော့်တိုင်းပြည်အကြောင်း။
အမှတ်(၁) ပညာရေး၊ အမှတ်(၂) စီးပွားရေး၊ အမှတ်(၃) စားဝတ်နေရေး။
ဒီပို့စ်သုံးခုလုံးကို ပေဖူးအရမ်းနှစ်သက်ပါတယ်။ ဒီထက်တော့ ဘာမှ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ ဖတ်ကြည့်ရင် သိမှာပါ။


လင်းစစ်သူ
လင်းစစ်သူဆိုတဲ့ ကလောင်နာမည်ကို ကြားလိုက်တာနဲ့ ဘယ်သူလဲဆိုတာ ပေဖူးလွှာတို့က တန်းသိတာ။ မယုံရင် တီးကို မေးကြည့်။ :P ကိုယ်သင်ယူနေတဲ့ ပညာတစ်ခုကို ပေဖူးတို့လို Architecture Illiterate တွေကို ပြန်မျှဝေတာ ကျေးဇူး။

ဗိသုကာဆိုတာ ဘာလဲ။
ပေဖူးက civil engineering မှ civil ပဲလေ။ သိတယ်မှတ်လား။ archi နဲ့ civil ဆိုတာက အမြဲ fight နေကြတာ။ သူ့ရဲ့ ဒီပို့စ်လေးကို ဖတ်မိမှပဲ အမြင်နည်းနည်းလေး ပိုကျယ်လာတယ် ဆိုပါတော့။

The Dynamic, Rotating Dubai Tower
ဒီပို့စ်ကတော့ လင်းဂျစ်တူတင်သမျှထဲမှာ အကြိုက်ဆုံးပဲ။ ကမ္ဘာအရပ်ရပ်က အဆောက်အအုံတွေ အကြောင်း အတွင်းကျကျ သိရတော့လဲ ဗဟုသုတတိုးတာပေါ့နော်။ ပေဖူးကတော့ ကြည့်တာနဲ့တင် မူးသွားပြီး။


မောင်ပိန်
မောင်ပိန်ကို စာမရေး,ရေးအောင် အတင်းတိုက်တွန်းတဲ့နေ့တွေကို မှတ်မိနေသေးတယ်။ လက်ကွက်ကို ညတွင်းချင်းကျက်လို ကျက်ခိုင်းပေါ့။ အဟိ။ အလုပ်တွေ များတဲ့ကြားကနေ ရေးပေးနေတာကိုပဲ ကျေးဇူးတင်ရဦးမယ်။

ပြောင်းလဲနေသော ကင်မရာလောက - မျက်လုံးကင်မရာ

ဒီပို့စ်လေးကတော့ မှတ်မှတ်ရရပါပဲ။ ကိုပိန်က အဲဒီညပို့စ်တင်လိုက်တော့ ဖတ်ဖြစ်တယ်။ နောက်မနက် ကျောင်းမှာ အဲဒီအကြောင်းပြောဖြစ်တယ်လေ။ ပေဖူးက သိနေတော့ ဆရာကြီးပေါ့။ ငဲ ငဲ :P

Black Hole ဖန်တီးနိုင်သည်ဟု ယူဆကြသော Large Hadron Collider
Honestly, Physics rocks my life. ကိုပိန်ရဲ့ ဒီပို့စ်လေးကို ဖတ်ပြီး နောက်ဆက်တွဲ လိုက်,လိုက်တာ library မှာတင် တော်တော် အချိန်ကုန်သွားတယ်။ ဟူး…. ကိုပိန်ရေ science and engineering ပို့စ် အသစ်တွေ မျှော်နေကြတယ်လေ။


အိတာ
အိတာနဲ့ တစ်ကျောင်းတည်းတူတူတက်ရရင် သိပ်ကောင်းမှာ။ အဲဒါဆိုရင်
ဒီဆရာမကြီးဆီက ကဗျာစပ်နည်းတွေ သင်ခိုင်းလို့ ရတယ်။ :P

မပေးဖြစ်တဲ့စာ
မပေးဖြစ်တဲ့စာကိုပဲ အကြိုက်ဆုံးကဗျာလို့ တင်လိုက်တော့မယ်နော်။ ပျော့ညံ့ခဲ့တဲ့နေ့ရက်တွေကို ယူကြုံးမရဖြစ်နေတဲ့ ကောင်မလေးနေရာကပဲ အခါတစ်ရာမက ၀င်ခံစားသွားတယ်။

အာဇာနည်ဖွား
နိုင်ငံရေးကဗျာတွေ စပ်တတ်တဲ့ အိတာကို လေးစားပါတယ်နော်။

ကိုရမ်းကု
ကိုရမ်းကုနဲ့ Christmas break တုန်းက တွေ့ပြီး Diet နည်းလေး,ဘာလေး တောင်းမလို့ကို ကိစ္စတစ်ခုနဲ့ ကြုံပြီး ခရီးမထွက်ဖြစ်လိုက်ဘူး။ ပေဖူးက Medical အကြောင်းဆို အလွတ်ကျက်မတတ် အခေါက်ခေါက် အခါခါပြန်ဖတ်တယ်နော်။ ဟင်း ဟင်း

ကြောက်စရာ AIDS ရောဂါ
အပိုင်း(၁)၊ အပိုင်း(၂)
ပေဖူးကိုယ်တိုင်ကလဲ ကျောင်းက Campus Aids Project မှာ ပါနေတော့ ဒီပို့စ်လေးကို နှစ်သက်မိတာပါ။

MSG နှင့် Chinese Restaurant Syndrome

မှတ်သားမိတာလေးကို သတိရလို့။ တို့ဗမာတွေကတော့ သိတယ်မှတ်လား။ အချိုမှုန့်ဆိုကြိုက်မှကြိုက်လေ။ :O

မေသူပိုင်
တို့အမကြီး မမေသူကတော့ စံထားလောက်ပါတယ်။ ပြတ်သားတဲ့ နေရာမှာတော့ ဆရာကြီးတစ်ဆူပေါ့။ အပြင်မှာ မမြင်ဖူးပေမဲ့ ကိုယ့်အမကြီးတစ်ယောက်လိုပဲ ခင်ပါတယ် အမရေ။

မေသူပိုင်နှင့် Google Talk အရှုပ်တော်ပုံမျာ
ဒီပို့စ်က ဂျီတော့ခ်မှာ ချက်ဖြစ်တိုင်း သတိရတယ်။ မမေသူတို့ကတော့ ဖြစ်ရမယ်လေ။

မဲရီး ခရစ်စမတ် အန် ဟက်ပီးနယူးရီးယား တူယူအော
မမေသူတို့လုပ်ချလိုက်တာလေ။ အကုန်လုံးနားလည်အောင် နှစ်ခါ သုံးခါလောက် ပြန်ဖတ်ယူလိုက်ရတယ်။ ဟွန်း…. မမေသူတို့ sense of humor ကတော့ လေးစားလောက်ပါတယ်။

ဂျော်နီဝါကာကြောင့် အသဲကွဲကြသူများ
မမေသူတို့ ပေါက်ကွဲရင်တော့လား…. :P



ကဲ တက်tagပြီ။
ကျန်တဲ့ အိမ်သားအားလုံးလဲ ကြိုက်တာလေးတွေ ပြန်ရေးပေးကြပေါ့။
စာလာဖတ်ကြတဲ့ လူအားလုံးလဲ မှတ်မိတဲ့ပို့စ်လေးများရှိရင် ကော်မန့်မှာ ထားခဲ့ကြနော်။
အားလုံးပဲ happy new year!
ပေဖူးလွှာ

ဆက်ဖတ်ရန်...(To Continue)

Tuesday, January 13, 2009

Quotes (အခန်း - ၃) အလွမ်း

Quotes အဓိပ္ပာယ်ရှိသော စကားလုံးများ စုထားသော စကားစုတွေကို စုဆောင်းရတာ ၀ါသနာပါလွန်းလို့ အရင်တုန်းက Quotes အချို့တွေကို အခန်း (၁) နဲ့ (၂) ဆိုပြီး စုဆောင်း တင်ပြခဲ့ဖူးပါတယ်။ ဒီနေရာ မှာ သွားဖတ်နိုင်ပါတယ်။ အခုလည်း အခန်း(၃) အနေနဲ့ အလွမ်းနဲ့ဆိုင်တဲ့ စကားစုတွေကို တင်ပြချင်ပါတယ်။


I think about you constantly, whether it's with my mind or my heart. ~Albany Bach Reid
ငါရဲ့ နှလုံးသားနဲ့ပဲဖြစ်ဖြစ်၊ ငါ့ရဲ့ စိတ်နဲ့ပဲဖြစ်ဖြစ်၊ ငါမင်းအကြောင်းကို အချိန်တိုင်း စဉ်းစားနေတယ်။


Sometimes, when one person is missing, the whole world seems depopulated. ~Lamartine
တစ်ခါတစ်လေ .. လူတစ်ယောက် မရှိနေရင် တစ်လောကလုံးက ခြောက်ကပ်နေသလိုပါပဲ။


I dropped a tear in the ocean. The day you find it is the day I will stop missing you. ~Author Unknown
ငါရဲ့မျက်ရည်စက် တစ်ပေါက် ပင်လယ်ထဲကို ကျသွားတယ်။ အဲ့ဒီမျက်ရည်စက် တစ်ပေါက်ကို မင်းပြန် ရှာတွေ့တဲ့နေ့ဟာ ငါမင်းကို မလွမ်းတော့မယ့် နေ့ပဲ။


If I had a single flower for every time I think about you, I could walk forever in my garden. ~Claudia Ghandi
ငါမင်းကို စဉ်းစားမိ တိုင်းတာ ပန်းတစ်ပွင့် ရခဲ့မယ် ဆိုရင်၊ ငါ့ပန်းခြံထဲမှာ ငါ ထာဝရ လမ်းလျှောက်နေလို့ရပြီ။


Time goes by a lot slower when you miss the one you love. ~Author Unknown
သင်ချစ်တဲ့ တစ်စုံတစ်ယောက်ကို လွမ်းနေပြီဆိုရင် အချိန်စက်ယန္တာရားကြီးက အများကြီး နှေးသွားသလိုပဲ။


Missing you could turn from pain to pleasure, if I knew you were missing me too. ~Author Unknown
မင်းကို လွမ်းဆွတ်တာဟာ နာကျင်မှုကနေ ပျော်ရွှင်မှုသို့ ပြောင်းပေးစေနိုင်မယ်။ အကယ်၍ မင်းလဲ ငါ့ကို လွမ်းနေတယ်ဆိုတာ သိခဲ့ရင်ပေါ့။


You may be out of my sight... but never out of my mind... I Miss You! ~Anonymous
မင်းက ငါ့မြင်ရတဲ့ နေရာမှာ မရှိနေပေမယ့် ငါ့စိတ်ထဲမှာတော့ အမြဲတမ်းရှိနေပါတယ်။ ငါမင်းကို လွမ်းတယ်။


I did three things today; miss you, miss you, and miss you.
ငါဒီနေ့ ကိစ္စသုံးခု ပြုလုပ်ခဲ့တယ် - မင်းကို လွမ်းတယ်၊ မင်းကိုလွမ်းတယ် နှင့် မင်းကို လွမ်းတယ်။


A day without you is like a day without sunshine… I miss you…
မင်းမရှိတဲ့ နေ့ရက်တစ်ရက်ဟာ နေမသာတဲ့ နေရက်တစ်ရက်ပါပဲ။ ငါမင်းကို လွမ်းတယ်။

ဆက်ဖတ်ရန်...(To Continue)

Sunday, January 11, 2009

Comics(4) ရွှေအိ ရွှေဘုတ် - စင်ဒရဲလား ရွှေအိ

ဒီ အပတ် ကာတွန်း နံပါတ်(၄) ကိုတော့ ရွှေအိရွှေဘုတ် ကာတွန်းကို ယခင် နံပါတ်(၃) အပြီးမှာ လူအများ တောင်းဆိုချက် အရ တင်ဆက်လိုက်ရပါတယ်။ နောက် အပတ် ကျရင် ပြာဂလောင် ပြာလချောင် (သို့) စိန်မျောက်မေ ကို တင်ဆက် ပေးပါမယ်။ မဲပေးပြီး ဆန္ဒ ပေး နိုင်ပါတယ်။ တင်စေချင်သော ကာတွန်း နာမည်ကို ပြောခဲ့ပါ။











နောက်အပတ်ကျရင် ပြာဂလောင် ပြာလချောင် (သို့) စိန်မျောက်မျောက် ကို တင်ဆက် ပေးပါမယ်။ မဲပေးပြီး ဆန္ဒပေး နိုင်ပါတယ်။ တင်စေ ချင်သော ကာတွန်း နာမည်ကို ပြောခဲ့ပါ။

ဆက်ဖတ်ရန်...(To Continue)