Photobucket

Tuesday, May 13, 2008

ဘဘ ပြောပြမယ်ကွယ်


အထင်တော့မလွှဲလိုက်ပါနဲ့..

မင်းလဲဒို့နိုင်ငံက သတင်းတွေကို ကြားရ နားဝ မချမ်းသာလို့ မစားနိုင် မသောက်နိုင် ဖြစ်နေမလား လို့ ငါစိတ်ပူမိ သေးတယ်ကွာ။ နောက်ပြီး Media တွေရဲ့ကလဲ မင်းသိတဲ့ အတိုင်း ပုံကြီးချဲ့ ကြသကိုး။။။ ဒို့နိုင်ငံက အကြီးအကဲ တွေကို လဲသပုတ် လေလွင့် သိပ်ပြောချင် ကြသကိုး။ဘဘတို့ကို အစကတည်းက အမြင်က မကြည်လေတော့ စေတနာ ရှေ့ထားပြီး လုပ်နေလဲ အမှန်ကို မမြင်နိုင် ကြဘူးပေါ့ကွာ။ အဲတော့ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ငါ့သူငယ်ချင်း ဖြစ်တဲ့မင်းတို့က ဘဲလက်လှမ်းမှီလောက် ရှင်းပြပေးပါကွာ။

ဒို့နိုင်ငံကဘဘတွေလဲ တစ်နေ့ တစ်နေ့ ပြည်သူတွေကို ကြက်ဆူပင် စိုက်ခိုင်းရ၊ မြတ်နှုတ်ခိုင်းရနဲ့ လက်မလည်အောင်ကို အလုပ်ရှုပ် နေကြတယ်လေ၊ ဟိုတစ်လောက သေနတ်ပစ်နဲ့ လူရိုက် လေးကျင့်ချင် ရအောင်ဆိုပြီး စက်တင်ဘာလက လုပ်ဖြစ်သေးတယ်၊ သူတို့လေ့ကျင့်တာနဲ့ ဘုန်းကြီးတွေနဲ့ လူတွေလဲ ပြေးနေရတယ်၊ တော်သေးတာပေါ့ ငယ်ငယ်က တူတူပုန်းတမ်း အသေအကြေ လေ့ကျင့်ထားလို့ ငါ့တို့ဦးကြီးတော့ မဖမ်းမိသေးဘူးကွ။

အခုလဲ မင်းသိတဲ့ အတိုင်းကွာ ဒို့နိုင်ငံက လူတွေ မီးပျက်တော့ အဲကွန်လဲ မသုံးနိုင် လှောင်ပိတ်ပြီး အသက်ရှုမ၀ ကြလို့ဆိုပြီး Nargis က စေတနာနဲ့ မြန်မာပြည်ကို လာလည်တာ အဲဒါနဲနဲ အရှိန်များ သွားတယ်။ Nargis က လဲ အဲကွန်း မသုံးနိုင်တဲ့ အိမ်တွေ လောက်ဘဲ လေကို ၀၀လင်းလင်း ရှူရအောင် ပေးတာပါ။ အဲဒါနိုက်ဂစ်က အသနား လဲခံ ဒို့နိုင်ငံက ဘဘတွေလဲ ပျင်းနေမှာ ဆိုးလို့ဆိုပြီး UN့ ဘီစကစ်တွေနဲ့ စားစရာတွေပို့ အပျင်းပြေ စားရအောင် ပို့လိုက်တယ်ကွ။ အဲဒါ ဘဘတို့က Quality ကောင်းမကောင်း သူတို့ အ၇င် စားကြည့်တာပါ၊ အဲဒါ စားရာက ဘီစကစ်တွေ သွားချီးကပ်နေလို့ အခုအတော်နေရခက်တာနဲ့ ထိုင်းက ပို့ပေးတဲ့PH7 လေးနဲ့ မျှောနေရတယ်၊ အဲဒါကြောင့် မအားသေးလို့ ပြည်သူတွေကို မကယ်နိုင် သေးတာပါ။

နောက်တစ်ခုက ဆန်တို့ ငပိတို့ အမြဲစားလာတဲ့ ဒို့နိုင်ငံက စားသုံးသူ ပြည်သူတွေ လက်ခံမခံ သိရအောင် စမ်းသပ်တဲ့အနေနဲ့ ဈေးထဲမှာေ၇ာင်းကြည့်တာပါ။ အဲဒါကိုမင်းတို့ပြည်ပက မီဒီယာ အထင် မလွဲကြစမ်းပါနဲ့ ၊ မင်းရဲ့နီးစပ်ရာ သူငယ်ချင်းတွေကိုလဲ ဘဘတွေကို အထင်မလွှဲအောင် ရှင်းပြပေးပါအုံး။ နောက်ပြီး ဘွတ်ဆိုတဲ့ ကလေးကလဲ သိတဲ့အတိုင်းလေ စကားပြောရင် ဒေါင့်မကျိုးတော့ မောင်သန်းရွှေလေးက လက်ခံသေးတာပါ။

ဘန်ကီမွန်းဆိုတဲ့ လူကြီးလဲဖြောင်းဖြပါတယ် ဒါပေမယ့်သန်းရွှေလေးက စိတ်ကောက် နေတယ်လေ။ ကောက်မှာပေါ့ သန်ေ၇ွှက မုန့်ပြား သလက်စားနေကြကို ဂန်ဘာရီဆိုတဲ့ ကုလားက ဟန်ဘာဂါလာ ကျွေးတယ်လေ။ အဲဒါကြောင့် စိတ်ခုနေတာ၊ နောက်ပြီး ဂန်ဘာရီ ပါလာတဲ့ ဟန်ဘာဂါက တစ်ခုထဲရယ် အဲဒါကို မင်းညီမ လေး စု ကို လဲ မျှလိုက်ပါအုံးပြောလို့ တော်တော်စိတ်ဆိုး သွားတယ်။

ဘဘသိန်းစိန်ကတော့ ဟိုနေ့ကမှထိုင်းကပြန်လာပြီး ဆူဝက်ကြီးကျွေးလိုက်တဲ့ထိုင်းအစားစာက စပ်လွန်းလို့ ၀မ်းလျှောနေလို့မအားဘူးလေဒဘဘသိန်းစိန်က မကောင်းတတ်လို့မြှောက်ပြောတာကို အရသာရှိ လိုက်လို့ပြောတာကိုဟုတ်မှတ်ပြီး မြန်မာပြည်ပြန်ပြီး ချက်ကျွေးအုံး မယ်ပြောလို့မနည်း ရှောင်လိုက်ရတယ်။

ဘဘကျော်ဆန်းလဲ မအားရှာပါဘူးကွာ ပြည်ပက ၀င်လာတဲ့ ငနဲလေးတွေ ဗီဒီယိုတွေရိုက်ပြီး သမသွားမှာ ဆိုးလို့က်ပြီး ငေါက်ငန်းနေရတာနဲ့အားတယ်ကို မရှိဘူး သူက အငြင်းကလဲ သန်တယ်လေ။ ဖင်ပိတ်ငြင်းရာမှာ တစ်ဖတ်ကမ်း ကပ်တော်တယ်ကွ။ ဒါကြောင့် ဘဘသန်းရွှေက လက်မလွတ်ချင်ဘူး။ ဒို့နိုင်ငံက ပြည်သူတွေကလဲ မင်းသိတဲ့အတိုင်း လွတ်လွပ်မှုကို ခုံမင်ကြသူတွေဆိုတော့ လွတ်လပ်မှုမရှိဘူး ကျဉ်းကျပ်တယ်ဆိုပြီး ခဏခဏညည်းလွန်းလို့တဲ့ Nargis က လွတ်လွတ်လပ်လပ် နေကြဆိုပြီး စေတနာရှေ့ထားရာက အ၇ှိန်များသွားတာပါ။

နောက်တစ်ခုရှိသေးတယ် သိကြားမင်းနဲ့ ဘဘကြီးတို့က စက်တင်ဘာမှာတုန်းက "မင်းနဲ့ငါဘယ်သူက လူပိုသတ်နိုင်သလဲတဲ့"ဆိုပြီး လူမိုက်လုပ်ရာက ဘဘတို့က ကျုပ်တို့ အရင်သတ်ပြမယ်ဆိုပြီး သတ်လိုက်တယ်။ အဲဒါနဲ့သိကြားမင်းမဲ့ပြုံးလေးပြုံးပြီး Nargis ကို လွတ်လိုက်တာပါ။ အခုတော့ သိကြားမင်းက နိုင်သွားတယ်။

ဲဒါ ရုရှားကလဲ မိတ်ဆွေကောင်း ပီသပါတယ် သူ့ဖအေမတူ မအေမတူက မွေးတဲ့ချာတိတ်လေးတွေ အုပ်ချုပ်နေတဲ့နိုင်ငံမှာ ရှုပ်ပွနေလို့ဆိုပြီး သဘော်နှစ်စီး လွှတ်လိုက်တယ် ထင်း သယ်ရအောင်လို့၊ သူတို့ရုရှားမှာ စွမ်းအင်ချွေတာတဲ့ အနေနဲ့ heater မသုံးဘဲ မီးလှုံရအောင်လို့ပါ။ အထင်တော့ မလွှဲကြပါနဲ့ ငါ့ထပ်ပြီး ပြောချင်တယ်ကွာ တရား အားထုတ် တရုတ်အားထားနေတဲ့ ဒို့ဘဘတွေကို မပစ်မှားကြပါနဲ့ကွာ။

ဒီလောက်ဆိုလဲ သိကရောပေါ့အေ။ မောလို့ ဘီစကွတ်လေး ဆက်မြည်းလိုက်ဦးမယ်ကွယ်။ နောက်မှ ပြောတာပေါ့။ ဟုတ်ပလား။
အားလုံးပဲ ရယ်မောနိုင်ကြပါစေသား။
Tea
မှတ်ချက်။ အခု သရော်စာကို မမေသူက နေ တဆင့်ပေးပို့လာတာ ဖြစ်တယ်။ သူက စကားမများချင်လို့ အပြစ်မတင်ပါဘူးတဲ့။ သရော်တော့ သရော်ပါမယ်တဲ့။ ဖတ်လို့ ကောင်းတယ်နော်။ ဟဲဟဲ။ နိဂုံးကိုတော့ ကျွန်တော် က ချုပ်ပေးလိုက်တာ ဖြစ်ပါတယ်။

5 comments:

CrazyCAT said...

lol
too harsh!

Anonymous said...

i know its funny.
but my spirit is too down to laugh it off.
when will they end?

Anonymous said...

ညီလေး“တီး” ရေ..
ပြင်လက်စနဲ့ ဆက်ပြင်လိုက်ပါအုံး..
သိကြားမင်း.ဆိုတာ သာ့ဿနာ အကျိုး၊
လူ၊နတ်၊ဗြမ္မာ အကျိုး..သယ်ပိုးပေးနေတဲ့.
“သိ၊ကြား နေသော နတ်မင်းကြီးပါ”.
သူတစ်ပါး အသက်ကို ဘယ်သောအခါမှ မကြံစည် ပါ.
(ဒေဝဒတ်) (စင်္ကြဝတေးမင်း)
ဆိုလျှင် လက်ခံပါတယ်..
နောက်လူများ အမှတ်မှား နိုင်ပါတယ်..
အပြုသဘော ထောက်ပြတာပါ...

Tea said...

ဟုတ်ကဲ့ပါ ကိုပါဂနာရေ..
ကျွန်တော် ကိုယ်တိုင်ရေးတာ မဟုတ်လို့ မပြင်ပါဘူး. ပြီးတော့ မမေသူ က လည်း သရော်ြ့ပီး ရေးထားတာပါ။ ဒါကလည်း သူက စစ်အာဏာရှင်တွေ လူတွေရဲ့ အသက်ကို မထောက်ထား မငှဲ့ညာတာတွေကို မျက်စိနဲ့ မြင်တွေ့နေရလို့၊ သူများ အကူအညီပေးတဲ့ ပစ္စည်းတွေ ပြန်ရောင်း တာတွေ မြင်ရလို့ သူမရဲ့ ရင်ထဲ က ထွက်ကျလာတဲ့ စာတွေကို ကျွန်တော်တော့ လက်ခံပါတယ်ဗျာ။
စိတ်မကောင်းဘူး - သူတို့တွေ ဒီလို လုပ်ရက်မယ်လို့...

ပါဂနာ said...

O.kee.Yo.kee..!