Photobucket

Tuesday, April 29, 2008

NO နှင့် အားလုံးနောက်တွင် Behind the Scene


လူတွေက နိုးနိုးနိုးနိုး ဆိုပြီး တစ်နိုးထဲ နိုးနေတယ်။ ဘာကြောင့်လဲ လို့ သေချာမေးလာရင် ဘယ်လိုပြောမလဲ? လူတွေမှာ အမြင်အမျိုးမျိုးရှိ ကြမှာပါ။ ကျွန်တော့် အမြင်မှာတော့ အားလုံး ဖြစ်ပျက်နေတာ ကို အပေါ်ထောင့်တစ်နေရာ ကနေ ကျော်တက်ပြီး အကဲခတ် ကြည့်လိုက် လျှင် ကျွန်တော်တို့က အခု သူတို့ မျှားခေါ်ရာ နောက်ကို ပါနေသလိုပဲ။ သူတို့ကပြောတယ်။ အခု မေလမှာ မဲပေးကြပေါ့။ ပြီးရင် တွက်မယ်ပေါ့။ အများသဘောတူ ရင် ၂၀၁၀ ကြရင် သူတို့ရဲ့ အင်မတန်မှ ထူးခြားဆန်းကြယ် ပြီး တန်ဖိုး တစ်ပြားမှ မရှိတဲ့ စပယ်ရှယ် နိုင်ငံတကာ အဆင့်မှီ International ရွေးကောင်ပွဲ ကြီးကို ကျင်းပ ပါမယ်တဲ့။ ဒီတစ်ခါတော့ အတည်ပါတဲ့။

How they will check??
တစ်ခုရှိတယ်။ မေလကျရင် လူတွေအားလုံး တော်တော်များများ အမှားခြစ် သည်ပဲထားဦး။ မဲစစ်ရင်ရော။ ဘယ်သူတွေက ဘယ်လိုတွေ စစ်ကြမှာလဲ။ ဘာညစ်ပတ်ပြီး အဆင့်အတန်း မရှိတဲ့ အကြံအစည်တွေနဲ့ ပြည်သူတွေကို လိမ်ညာဦးမှာလဲ။ ၈၈ ရွေးကောင်ပွဲ လုပ်တုန်းထဲ က အင်မတန် သိကျပြီး အပြတ်အသတ် နိုင်ထားတဲ့ မဲကို ဘာလို့ ထပ်ကောက်ချင်တာလဲ။ ဒီတစ်ခါ မနိုင်နိုင်အောင် လုပ်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာ လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီကောင်တွေ အကြောင်းလဲ သိတယ်မလား။ မကောင်းတာ ဟူသမျှကို ချိချဉ်စားသလို ပြုံးပြုံး ကြီးနဲ့ လုပ်ပြပါဆိုလဲ လုပ်နိုင်ကြတဲ့သူတွေ။ ဘာမဆို အကုန်လုပ်ရဲမှတော့။ အင်း . . . စဉ်းစားစရာ။

yes, we can vote for it!! but??
ထားပါတော့ဗျာ။ အခု ဒီမေလ ကိစ္စနဲ့ ပတ်သက် ပြီး အားလုံးက ဒီကိစ္စကို စိတ်ဝင်စားနေကြတယ်ပေါ့။ နိုင်ငံအနှံ့ ရော ပြည်တွင်းမှာရော။ ငါတို့ တော့ မဲပေးခွင့်ရှိပြီ ဆိုပြီး ဒီကောင်တွေကို အားရပါးရ ရှုံးသွားအောင် ကန့်ကွက်မဲ ပေးကြမယ်ပေါ့။ အစရှိတဲ့ ဦးတည်ချက်ပေါင်း များစွာနဲ့ အားလုံးဟာ အလုပ်တွေရှုပ်နေကြတယ်။ ဒါတွေက လည်း ကောင်းပါတယ်။ မကောင်းဘူးလို့ မပြောဘူးနော်။


wait a second!! they are what?? forgot?? BAH!
တစ်ခုတော့ ရှိတယ်။ ကျွန်တော်ကတော့ အဲ့လိုမတွေးဘူး။ ပုံမှန်တိုက်ရိုက်မကြည့်ဘူး။ သူတို့ ချပြတာ ကိုလည်း - အင်း အင်းပေါ့ ဆိုပြီး၊ ခဏလောက် အဲ့ဒီ အပြင်ကို ထွက်ပြီး အားလုံးရဲ့ အတွေးတွေ အစီအစဉ်တွေရဲ့ အပြင်ကို ခဏလောက် ထွက်ပြီး ကြည့်လိုက်တယ်။ ဒင်းတို့ နောက်က ဘာတွေ တွေးနေသလဲ။ ဘာအတွက် နဲ့ ဒါတွေကို လုပ်နေသလဲ။ ဒင်းတို့ လူမျိုး - အာဏာစည်းစိမ် ရစ်မူးနေပြီး ဘာဆိုဘာမှ မသိတော့ တာ။ နှစ်ပေါင်း ဘယ်နှစ်ဆယ်ကျော် တိုင်းပြည်ကြီးကို ချိုးဖျက် နှိမ်ကွပ်ပြီး အခုမှ လာပြီး တစ်ရေးနိုးနေတာလဲ။ ရုတ်တရက်ကြီး ၂၀၁၀ ကျရင် ရှုံးသွားလျှင် ဖယ်ပေးမယ်တဲ့လေ။ အောင်မလေး အရပ်ဆယ့်ရှစ်မျက်နှာက ပုဂ္ဂိုလ်တို့။ နတ်တွေ ဘုရားတွေ ကယ်ပါ။ ကျွန်တော်မျိုးကြီး အိမ်မက်များမက်နေလား မသိဘူးဗျာ။ အိမ်မက်က ကောင်းတော့ ကောင်းတယ်။ မွှေးသလိုလို။ ဟုတ်ကဲ့။ အားလုံးဘဲ နိုဝင်ဘာက ဒင်းတို့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ တွေ၊ ဟိုး ၈လေးလုံး က ပြင်းပြင်ထန်ထန် အမဲဖြတ်တာတွေ၊ များလှစွာသော သတ်ဖြတ်မှုတွေ၊ ဒီပဲယင်း အရေးခင်း အစရှိသည့် သတ်ဖြတ်မှုတွေ၊ ဒါတွေ ဒီလို လူမလုပ်တဲ့ ကိစ္စတွေ အားလုံးကို လုပ်ပြီးသွားမှ - ရုတ်တရက်ကြီး နဂိုက ဆွဲနေဆဲ ကမ္ဘာ့အရှည်ဆုံး ဆွဲခဲ့ရသော ဂရင်းနစ် မှတ်တမ်းတင် ကွန်စတီကျူးရှင်းကြီးကို အားလုံးရှေ့ကို ထုတ်လာပြီး - ရော့၊ ဒါလေးက ဒီလိုရှိတယ်ကွယ် - ဒီအချိန်ကျရင် ဒီလိုလုပ်မယ်ကွယ် - ဘာကွဲ့ ညာကွဲ့ ဆိုပြီး ပြောချင်ရာပြော ပြီး - ရှုံးရင် ဖယ်ပေးမယ် လို့ဆိုကာ လုပ်လာတော့၊ တစ်မျိုးကြီးများ ဖြစ်မနေဘူးလားလို့။


That's how I believe!
ကျွန်တော်ကတော့ ယုံကြည်တယ်။ ဒီလိုလွယ်လွယ်နဲ့တော့ ဒင်းတို့တတွေ ဆင်းမှာမဟုတ်ပါဘူးဆိုတာ။ ဆင်းချင်နေရင် အစောကြီးထဲက ဆင်းသွားပြီ။ သူတို့တတွေ ပြည်သူတွေရဲ့ ဆန္ဒကို လည်း သိပြီးသား။ ဘာမှထပ်ပြီး စိတ်အရင်းနဲ့ လုပ်ပါမယ် ဆိုပြီး ရွေးကောက်ပွဲ ထပ်လုပ်စရာ မလိုဘူး။ တကယ်သာ စိတ်အရင်းဆိုရင် ဒါတွေတောင် အပင်ပန်းခံပြီး လုပ်မနေတော့ဘူး။ ဆင်းသွားတာကြာပြီ။


And, BEHIND THE SCENE???? huh?
ကဲ။ ဘာလို့ ဒီလိုလုပ်တာလဲ။ ဘာလို့လဲနော်။ လိုက်ကာကြီးရဲ့ နောက်ကွယ်မှာ ဒင်းတို့ ယုတ်မာနေတာ။ နည်းနည်း သူတို့တွေးနေတာတွေ ကျွန်တော် တွေးပြမယ်။ ကြည့်ထား။ - - -

ဟဲဟဲ ဒီကောင်တွေ ဒီလူတွေ တစ်ကမ္ဘာလုံးက အခု ငါတို့ကိုတော့ ခဏမေ့နေကြပီကွ၊ Pressure
တွေ ဘာရှာတွေလဲ ငြိမ်လို့၊ ဟိုအမေရိကန် အကောင်ဆိုရင် သိပ်တောင် မပြောအားတော့ဘူး။
ကုလသမဂ္ဂ ဆိုတဲ့ ဘဲကြီးတွေလဲ အဟုတ်မှတ်လို့၊ ငြိမ်လို့။ အဲ့၊ အခု ဒီတိုင်းပြည်ထဲက
ကောင်တွေ ထတုံးကြွတုံးက ပုတ်ချ သတ်ဖြတ်ပြီးပြီကွ။ ဒီကောင်တွေ တော်တော်နဲ့ ထရဲ မှာလဲ
မဟုတ်ဘူး။ ခေါင်းဆောင်တွေ တော်တော်များများလဲ ချုပ်ပြီးထားပြီ။ ရှင်းလို့။
တိုင်းပြည်ကြီး အေးချမ်းလို့။ ပြည်ပက လတတွေလဲ အခု မဲပေးကြမယ်ဆိုပြီး အလုပ်ရှုပ်လို့။
ဟို ငါ့အဖေ China ရဲ့ Olympic ကြီးကို လဲ အရင်ကလောက် သွားပြီး ပြဿနာ မရှာတော့ဘူး။
တရုတ်က ဘာညာဆိုပြီး လဲ သိပ်မလုပ်တော့ဘူး။ တစ်ကမ္ဘာလုံး ငါတို့အပေါ်ထားနေတဲ့ Presurre
တွေကို တတ်နိုင်သလောက် မျှူဆွယ်ပြီး လျှော့ချထားမှ တော်ကာကျမှာ။ တော်ကြာ
ဖိအားတွေအရမ်းများလို့ အာဆီယံတွေပါ မတတ်နိုင်ဘဲ ပါကုန်ရင်ဒုက္ခ။ အင်းလေ။
စမ်းကြည့်တာပေါ့။ ကျားကွက်တွေ ရွှေ့ကြတာပေါ့။ ၀ါးဟားဟား ၀ါးဟားဟား။

- - -


Will you enjoy what they entertain? WIL YOU??

ဟဲဟဲ - အားလုံးပဲ ကျွန်တော်ပြောချင်တာ ပေါက်ကြမယ်လို့ ထင်ပါတယ်။ ဟုတ်တယ်လေ။ နေ့တိုင်း ပဲကုလားဟင်း ကြီးပဲ စားနေရင် မရိုးဘူးလား၊ ရောင်းရင်းတို့ - အမေက နေ့တိုင်း ပဲကုလားဟင်းတွေကြီးပဲ ချက်ကျွေးနေရာက ရုတ်တရက်ကြီး ဒန်ပေါက်လာကျွေးတော့ စားလို့ကောင်းလိုက်လေချင်း။ အရသာကို ရှိလို့။ အခုလဲဒီလိုဘဲ။ အားလုံးကို မရိုးရအောင် ဒင်းတို့က နည်းမျိုးစုံနဲ့ ဆက်လက်ပြီး တင်ဆက်ဖျော်ဖြေနေဦးမှာ အမှန်ပါ။ ကဲရော့ - စားဦး ဒန်ပေါက်၊ စားစားစား။။။ ရိုးပီလား.. ရမယ်.. ရော့ ကြက်ဆီထမင်း.. စားစားစား.. ရိုးပြီလား .. လာလေရော့ မုန့်ဟင်းခါးနှင့်ဘူးသီးကြော်။ စားဦး အ၀စား။ ပြီးရင် နန်းကြီးသုတ်က အဆင်သင့်ပဲ။


Don't worry!!
စိတ်မပူပါနဲ့။ သူတို့မှာလဲ သူတို့ အစီအစဉ်တွေနဲ့ ရှိနေပြီးသားလို့ ကျွန်တော်က ရဲရဲကြီး အာမခံရဲပါတယ်။ အားလုံး ဒီအရာတစ်ခုထဲကို ပေါင်းပြီး အပူပေးနေရင် တစ်ချိန်ချိန် Pressure တွေအရမ်း များလို့ တစ်ကမ္ဘာလုံး မနေနိုင်ဘဲ ပါလာကြရင်၊ ရှုပ်ရချည့်ရဲ့ဆိုပြီး - အချိန်မနှောင်းခင် ဟင်းပြောင်းလိုက်ဦးမှ ဆိုပြီး အခုတော့ မေလ မဲပေးခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ယနေ့ အထူးဟင်းလျှာကို တင်ဆက်နေတာ ဖြစ်ပါတယ်။ သိတယ်မှတ်လား အားလုံးက ဟင်းအသစ်ဆိုတော့။ ဟဲဟဲ။


တစ်ကယ်တော့ ရှင်းရှင်းလေးပါ။
တစ်ကယ်တော့လေ။ တွေးကြည့်ရင် ရှင်းရှင်းလေးပါ။ သူတို့မှာ က လက်နက်အပြည့်အစုံနဲ့။ အခု မေလမှာ နိုးအဖွဲ့က နိုင်တယ်ဘဲထားဦး။ ကဲ - ပြည်သူတို့ ရက်စ် အဖွဲ့က နိုင်ပါတယ်ဆိုတော့ရော။ အားလုံး ဘာတတ်နိုင်မှာလဲ။ အားလုံးကတော့ ထားပါတော့လေ။ ၂၀၁၀ မှာတွေ့ကြတာပေါ့ဆိုပြီး တင်းလိုက်ကြမှာပါ။ ထားပါဦး။ ဒီလိုနဲ့ ၂နှစ် ထပ်ပြီး စောင့်ကြပေါ့ဗျာ။ ဒီကြားထဲမှာလဲ ကြားဖြတ် ဟင်းလျှာ အမြည်းကလေးတွေ အချိုပွဲလေးတွေ ၀င်ဥိးမှာပေါ့။ ၂၀၁၀ ရောက်တော့၊ ကဲ ပြည်သူတွေနိုင်သွားပြီပဲ ထားပါဦး။ ဟေ့ကောင်တွေ - ဒီမှာကြည့်စမ်း ငါတို့တွေ ဦးနှောက်ဆေး brainwash လုပ်ထားတဲ့ လက်နက်ကိုင်စစ်သားတွေ အဆင့်သင့်။ အေးဆေးအိမ်ပြန်။ မဟုတ်ရင် တွယ်ပလိုက်မယ်။ ထောင်ထဲပို့ပြီး လေယဉ်ပျံကြီး စီးခိုင်းလိုက်ရ။ ဆွေမျိုးမေ့သွားမယ်။ ဒါက အဖြေ ၁ ပါ။ အဖြေ ၂ ကတော့။ အရှက်မရှိတဲ့ မျက်နှာကြီးတွေနှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွဲ့ဖြိုးရေး အဖွဲ့ က ၆ဂိုး ၃ဂိုးဖြင့် အနိုင်ရရှိသွားပါတယ် ဆိုပြီး ဗြောင်လိမ်ရင်ရော။ ဟဲဟဲ။ အားလုံးဘာလုပ်ကြမလဲ။

အရှင်းဆုံးက တစ်ခုပဲရှိတယ်။ ဒင်းတို့ကတော့ တတ်နိုင်သရွေ့ အတတ်နိုင်ဆုံး အချိန်ဆွဲကာ ဟင်းမျိုးစုံ နဲ့ တည်ခင်း ကျွေးမွေးမှာ ဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးတင်မက တိုင်းပြည်ထဲက လူတွေ။ ပြည်ပရောက် အင်အားစုတွေ။ ကမ္ဘာပေါ်က မြန်မာကို အကဲခတ်နေတဲ့သူတွ အားလုံး - သူတို့ ကျွေးတာကို မရိုးတမ်။ လိုက်စားနေရင် . . စားရင်း စောင့်ရင်း.. စောင့်ရင်း စားရင်းနဲ့ ... နောက်ဆုံးကျတော့ - ဒုံရင်းက ဒုံရင်းပဲ ဆိုရင်၊ တဖြေးဖြေး လူတွေ အသိတွေ စဉ်းစားတာတွေ တိုင်းပြည်ထဲ မှာ ပညာရေး အချိုးဖြတ်ခံရလို့ နောင်လာနောင်သားတွေ အသိဝေးသွားရင် ... ကမ္ဘာကြီးသွေးပူနေတုန်း နိုဝင်ဘာကိစ္စနဲ့ မြန်မာပြည်ကို စိတ်ဝင်စားနေတုန်း .. အခုလို အားလုံး က ငြိမ်သက်ပြီး သူတို့ကျွေးတဲ့ ဟင်းတွေ ထိုင်မြည်းနေရင်.. ရင်... ရင်.. ရင်... ရင်....


What I want to say is -
အချိန်က အလွန်မြန်ပါတယ်။ အားလုံး အသက်တွေ ကြီးကြီးလာပြီ။ ဒေါ်စုလည်း အိုလာပြီ။ ခေါင်းဆောင်မယ့် ခေါင်းဆာင်တွေလည်း တိုင်းပြည်ကြီးက မမွေးထုတ်ပေးနိုင်တော့ရင် ... အားလုံး အချိန်ဆိုတဲ့ စက်ယန္တရား ကြီးအောက်မှာ လမ်းလျှောက်နေကြရင်း ... အားလုံး .. အဆုံးကျ တော့ ဒုံရင်း ဆိုရင်...

ဒီ NO VOTE တွေ VOTE NO အစရှိတဲ့ သူတို့ ခဏတာ ကျွေးနေတယ့် ဟင်းအသစ်တွေ ခဏမေ့ထားပြီး။ ခဏလောက် စဉ်းစားကြပါ။ အချိန်တွေကုန်သွားလို့ လူတွေ အားလုံး အိုသွားကြရင် ...ကျွန်တော်တို့ ခင်ဗျားတို့ ချစ်တဲ့ မြန်မာပြည်ကြီး ဘယ် အခြေအနေထိ အသက်ရှင်နိုင်ဦးမှာလဲ။ ကမ္ဘာအလယ်မှာ ဘယ်အချိန်ထိ အနှိမ်ခံနေရဦးမှာ လဲ။ အားလုံး ဒီလိုပဲ ဆက်ဖြစ်ပျက်နေရင်.. ဘာတွေဖြစ်လာဦးမှာလဲ။။

အစရှိတဲ့ မေးခွန်းပေါင်းများစွားနှင့် ရင်ထဲ အဖြေရှာမရ ဖြစ်နေသော
Tea


မှတ်ချက်။ လောလောဆယ်တော့ သူတို့ကျွေးတဲ့ ဟင်းကို စားရင်း မေလအတွက် စမ်းကြည့်ဦးပေါ့။ ကျွန်တော် အထက်မှာ ပြောခဲ့တာတွေက အားလုံးကို အပြင်ကထွက်ပြီး စဉ်းစားကြည့်တာပါ။ လောလောဆယ် ဘာမှ မတတ်နိုင်မဲ့အတူတူ - ကြက်ခြေခတ် ခြစ်ကြည့်ဦးပေါ့။ တစ်ဖက်ကလဲ ဒါကြီးကို ပဲ အားကိုးနေပြီး စဉ်းစားစရာတွေ လုပ်စရာတွေ.. မေ့နေကြမှာစိုးလို့ ကျွန်တော်က အားလုံးကို သတိပေးလိုက်တာပါ။


တစ်ခုတော့ မှတ်ထား... BEHIND THE SCENE!!!

10 comments:

Anonymous said...

ဟုတ်တယ်..ဒါတွေကိုလည်း သတိထားရမယ်။ သူတို့က အရမ်းယုတ်တယ်.. ဒီလိုတင်ပြပြီး အတွေးဝေမျှတာလဲ ကျေးဇူးပါ။ ကောင်းပါသည်။

ခင်မင်းဇော် said...

အင်း..
ဒီမေရလဒ် ဘယ်လိုရရ တိုက်ပွဲက ဆက်ရမှာပဲ..
တိုက်ပွဲကို မျက်ခြေပြတ်လို့မရဘူး...
ဒီမဲထည့်တာကတော့ အဆင့်တခုအနေနဲ့ လုပ်ကိုလုပ်ရမယ့် အဆင့်ပေါ့။ တကယ်လို့ မဲမထည့်ပဲ သပိတ်မှောက်လိုက်ရင် သူတို့ ဆင်တဲ့ အကွက်ထဲတည့်တည့်ကျသွားမှာမို့ ပိုဆိုးလိမ့်မယ်ထင်တယ်။ ခု ကန့်ကွတ်မဲတွေထည့်ဖို့ များတဲ့အခြေအနေဆိုတော့ သူတို့ ညစ်မှာပဲ ။ ညစ်လေ သူတို့အခြေအနေဆိုးလေ ဖြစ်မှာပါ။ ဒါဆို သူတို့တွင်းကို ပိုပိုနက်အောင် တူးမိတဲ့အခြေအနေကို ဖြစ်စေမှာပေါ့။ အဓိကကတော့ လူတိုင်းဟာ ဒီတိုက်ပွဲမှာ ခေါင်းဆောင်ဖြစ်တယ် ဆိုတာ မမေ့သင့်ဘူး။ ခုတိုက်ပွဲ ဟာ တော်လှန်ရေးကြီးတခုလုံး အောင်မြင်ဖို့ ရှေ့ပြေးတိုက်ပွဲလဲ ဖြစ်နိုင်တာပဲ မဟုတ်လား။ အားမလျှော့ပါနဲ့။

Anonymous said...

တီးရယ်..နင်လုပ်မှ နာတောင်ပိုစိတ်ညစ်လာပီနော်..

Anonymous said...

အောင်မလေး..
"ဟဲဟဲ ဒီကောင်တွေ ဒီလူတွေ တစ်ကမ္ဘာလုံးက အခု ငါတို့ကိုတော့ ခဏမေ့နေကြပီကွ၊ Pressure
တွေ ဘာရှာတွေလဲ ငြိမ်လို့၊ ဟိုအမေရိကန် အကောင်ဆိုရင် သိပ်တောင် မပြောအားတော့ဘူး။
ကုလသမဂ္ဂ ဆိုတဲ့ ဘဲကြီးတွေလဲ အဟုတ်မှတ်လို့၊ ငြိမ်လို့။ အဲ့၊ အခု ဒီတိုင်းပြည်ထဲက
ကောင်တွေ ထတုံးကြွတုံးက ပုတ်ချ သတ်ဖြတ်ပြီးပြီကွ။ ဒီကောင်တွေ တော်တော်နဲ့ ထရဲ မှာလဲ
မဟုတ်ဘူး။ ခေါင်းဆောင်တွေ တော်တော်များများလဲ ချုပ်ပြီးထားပြီ။ ရှင်းလို့။
တိုင်းပြည်ကြီး အေးချမ်းလို့။ ပြည်ပက လတတွေလဲ အခု မဲပေးကြမယ်ဆိုပြီး အလုပ်ရှုပ်လို့။
ဟို ငါ့အဖေ China ရဲ့ Olympic ကြီးကို လဲ အရင်ကလောက် သွားပြီး ပြဿနာ မရှာတော့ဘူး။
တရုတ်က ဘာညာဆိုပြီး လဲ သိပ်မလုပ်တော့ဘူး။ တစ်ကမ္ဘာလုံး ငါတို့အပေါ်ထားနေတဲ့ Presurre
တွေကို တတ်နိုင်သလောက် မျှူဆွယ်ပြီး လျှော့ချထားမှ တော်ကာကျမှာ။ တော်ကြာ
ဖိအားတွေအရမ်းများလို့ အာဆီယံတွေပါ မတတ်နိုင်ဘဲ ပါကုန်ရင်ဒုက္ခ။ အင်းလေ။
စမ်းကြည့်တာပေါ့။ ကျားကွက်တွေ ရွှေ့ကြတာပေါ့။ ၀ါးဟားဟား ၀ါးဟားဟား။"

လန်းတယ်ကွာ..ကြိုက်တယ်..

မလေးမေ said...

တချို့ ကတော့ YES NO အတွက် အချိန်ကုန် ခံမနေနဲ့ တဲ့..
ဟုတ်ကဲ့ .. YES ပဲ ဖြစ်ဖြစ် NO ပဲ ဖြစ်ဖြစ် … ၂ဘက် စလုံးမှာ အမြတ်မရှိရင်
ဘိုးတော်တို့ က အစကတည်းက မလုပ်ဘူးရှင့်
NO တဲ့သူနဲ့  YES တဲ့သူ ( ၂ဘက်စလုံးက တော့ အစိုးရကို သောက်ညှင်ကပ်တယ်)
မတည့်ကြ စကားများကြစရာလဲ မလိုဘူးရှင့် ..
အချိန်တန်လို့ တညီတည်း လမ်းပေါ်ထွက်ဖို့ က လိုရင်းပဲရှင့် ..
အဲဒီကျရင် YES တွေ NO တွေ
အတိတ်မှာ ထားခဲ့ ..

Yan said...

အခု မေလမှာ နိုးအဖွဲ့က နိုင်တယ်ဘဲထားဦး။ ကဲ - ပြည်သူတို့ ရက်စ် အဖွဲ့က နိုင်ပါတယ်ဆိုတော့ရော။ အားလုံး ဘာတတ်နိုင်မှာလဲ။ အားလုံးကတော့ ထားပါတော့လေ။ ၂၀၁၀ မှာတွေ့ကြတာပေါ့ဆိုပြီး တင်းလိုက်ကြမှာပါ။ ထားပါဦး။ ဒီလိုနဲ့ ၂နှစ် ထပ်ပြီး စောင့်ကြပေါ့ဗျာ။ ဒီကြားထဲမှာလဲ ကြားဖြတ် ဟင်းလျှာ အမြည်းကလေးတွေ အချိုပွဲလေးတွေ ၀င်ဥိးမှာပေါ့။ ၂၀၁၀ ရောက်တော့၊ ကဲ ပြည်သူတွေနိုင်သွားပြီပဲ ထားပါဦး။ ဟေ့ကောင်တွေ - ဒီမှာကြည့်စမ်း ငါတို့တွေ ဦးနှောက်ဆေး brainwash လုပ်ထားတဲ့ လက်နက်ကိုင်စစ်သားတွေ အဆင့်သင့်။ အေးဆေးအိမ်ပြန်။ မဟုတ်ရင် တွယ်ပလိုက်မယ်။ ထောင်ထဲပို့ပြီး လေယဉ်ပျံကြီး စီးခိုင်းလိုက်ရ။ ဆွေမျိုးမေ့သွားမယ်။ ဒါက အဖြေ ၁ ပါ။ အဖြေ ၂ ကတော့။ အရှက်မရှိတဲ့ မျက်နှာကြီးတွေနှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွဲ့ဖြိုးရေး အဖွဲ့ က ၆ဂိုး ၃ဂိုးဖြင့် အနိုင်ရရှိသွားပါတယ် ဆိုပြီး ဗြောင်လိမ်ရင်ရော။

အဲဒါမှန်တယ် ကိုတီး... ကျွန်တော်တို့က အမှန်တကယ်တော့ ကြိုးဆွဲဆရာဖြစ်ဖို့မှန်းမျှော်နေရင်းက ကြိုးအဆွဲခံနေရတဲ့ ရုပ်သေးရုပ်တွေ ဖြစ်နေတယ်. ဖောက်ထွက်တတ်ဖို့ အတွေးအခေါ်လည်းလို၊ အင်အားနဲ့ ညီညွတ်မှုလည်းလိုနေတော့ စနစ်တကျ ဖွဲ့စည်းထားတဲ့ နအဖရဲ့ ခြယ်လှယ်မှုအောက်မှာ ဆီးဖြူသီး စကောထဲလှိမ့်ခံနေရသလို ဖြစ်နေတယ်ဗျာ. အကောင်းဆုံးကတော့ ကိုယ့်အရည်အချင်းကို အမြင့်ဆုံးထိရောက်အောင် တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ မြှင့်တင်ထားဖို့ပဲ...

ခင်မင်လေးစားလျက်

ရန်အောင်

Anonymous said...

တီးရယ် .. နွယ်အရမ်းကြိုက်တယ်.. အတွေးအခေါ်တွေကို။

Anonymous said...

တီးရေ
နင်မခေါ်လဲငါလာတယ်ကွ…
နင်ရေးထားတာ..ေ---ာက်ရမ်းကြိုက်တယ်ကွာ..(ဆောတီး)..
ဟတ်ထိအောင်လဲရေးတတ်တယ်ကွာ….
အလေးကြီးတွေထက်စာရင်…ဒါမျိုးလေးတွေကပိုမိုက်တယ်ကွ…
ကွက်ကွက်ကွင်းကွင်းဥပမာပေးတာတွေလဲလန်းတယ်ဟေ့ေ၇ာင်..
ခဏခဏလာမယ်ကွ…

ဒီဇင်ဘာနှင်း said...

ကိုတီးပြောသလိုပါပဲ နိုး ပဲပေးပေး ရက်စ် ပပြေးပေး အားလုံးက သူတို့လက်ထဲမှာပါပဲ အခုတော့ လူတွေဒုက္ခရောက်နေရတယ်နော်

Anonymous said...

"ဆင်းချင်နေရင် အစောကြီးထဲက ဆင်းသွားပြီ။ သူတို့တတွေ ပြည်သူတွေရဲ့ ဆန္ဒကို လည်း သိပြီးသား။ ဘာမှထပ်ပြီး စိတ်အရင်းနဲ့ လုပ်ပါမယ် ဆိုပြီး ရွေးကောက်ပွဲ ထပ်လုပ်စရာ မလိုဘူး။ တကယ်သာ စိတ်အရင်းဆိုရင် ဒါတွေတောင် အပင်ပန်းခံပြီး လုပ်မနေတော့ဘူး။ ဆင်းသွားတာကြာပြီ။"

မဗေဒါလဲ အဲလိုပဲယုံကြည်တယ်.. ဘာတွေဆကဖြစ်မလဲသိပါဘူး.. မနေ့ကမဲပေးမယ်ဆိုပြီး သံရုံးခြံစည်းရိုးအပြင်မှာတနေကုန်သာ စောင့်လိုက်ရတယ်.. နောက်တော့ ၂၀၀၇ခုနှစ်အတွင်း အခွန်ဆောင်ထားတဲ့ ချလံမပါလို့ ဆိုပြီးပြန်ခဲ့ရတယ်.. မဲပေးဖို့လာတဲ့သူတော်တော်များကို ဒီလိုပြန်လွှတ်တာ.. အဲဒိလူတွေ "နိုး"ပေးမယ်ဆိုတာ သူတို့ကို သူတို့တော်တော်ယုံကြည်ထားတာပဲ.. ကြောက်ဒူးတုန်ပြီး ရှုံးမဲမဲတာလဲ သူတို့လုပ်နေကျပဲ.. သနားစရာ နအဖပေပဲ..