Photobucket

Wednesday, May 28, 2008

ကျွန်တော့်အိမ်မှ စကားဝိုင်း - ၁



Tea: အစ်မရေ - ပြောစရာ ရှိတယ်။
May: ဝေး ....တီးေ၇ ...ပြောချင်ရင်လက်ဖက်ရည်ပါယူခဲ့
Tea: လက်ဖက်ရည်ကလား. ရော့.. အိုးလိုက် ပြောရဦးမယ်။ အစ်မရေ
Tea: ဟိုအကြောင်းလေ။ ဘာရယ် ညာရယ်တော့ မဟုတ်ဘူး။ စိတ်ထဲ ပေါ်လာလို့။ ဒါပေမယ့် တော်တော်တော့ စိတ်ဝင်စားဖို့ကောင်းတယ်။
May: အိုကေ လက်ဖက်ရည်ယူလာပေးတဲ့တီးကိုအစ်မက သီချင်းတစ်ပုဒ်ဆိုပြမယ်



ခေါင်းစဉ် - တိုင်းပြည်ခေါင်းဆောင်များ၏ ပညာရေး

Tea: ကျွန်တော်ပြောချင်တာက - တိုင်းပြည်က လူတိုင်း လေးစားရတဲ့ ခေါင်းဆောင်တွေ အကြောင်းလေ - သိပ်တော်တဲ့ လူတွေလေ။ အစ်မသိရင် နာမည်တွေ ရွတ်လိုက်ပါဦး။
May: အော်သိတယ်
Tea: ၁ ကစပြီးရွတ်လိုက်
May: ဂြိုလ်ဂုတ်မှူးကြီး ဂျပိုးရွှေလား
Tea: မှားနေပြီ.. စကားပီဘူးလား ပီအောင် ပြန်ပြော :D
May: ဒါဆိုရင် တစ်ခြားတစ်ယောက်နာမည်ပြောမယ်
Tea: အင်း ဘယ်သူတုန်း ငအ ငကန်းလား
May: တိန်းချိန် သူက တိန်းတာလဲပိုင်တယ်ချိန်းတာလဲပိုင်တယ်
Tea: ငအ ငကန်းရော ငကန်း လား ငါးမန်းလား မသိပါဘူး
May: ငကန်းက ဂျော်နီလမ်းလျှောက်နှပ်နေလို့အခုသူ့အကြောင်းမပြောနဲ့အုံး


Tea: ပြောရဦးမယ်.. ပြောချင်တာက .. သူတို့ရဲ့ တော်ပုံတော်ချက်တွေ
May: ပြောပါအုံးTea: သူတို့က သိပ်ကို တော်တာလေ
May: ဘောင်ဘီလား
Tea: ဘာတဲ့။ ဂိုက်ဆရာမပြောဖူးတယ် အရင်တုန်းကပါ
May: ဘာဒဲ့တုန်း
Tea: ၃ယောက်ပေါင်းမှ ၁၀တန်းအောင်တာတဲ့လေ
:D
ဟီးးး
May: အဲဒါမင်းဆရာမကိုဘယ်သူပြောဒါဒုန်း
Tea: သိပါဘူး သူမှန်းကြည့်တာတဲ့လေ
May: တောက်!! ရာရာစစ
Tea: ဘာလို့တုန်း
May: သူတို့က သုံးယောက်ပေါင်းမှ လေးတန်းဘဲအောင်တာ
Tea: LOL ဟီးး..
ဖြစ်နိုင်တယ်သိပ်တော်တာပဲနော်
ချာမကို ပြန်ပြောပြရဦးမယ် သေချာတယ်နော်.. ၄တန်းဆိုတာ သူငယ်တန်းဖြစ်နေဦးမယ်
May: မင်းဂိုက်ဆရာမက လဲ ဒီလောက်တောင်ညံ့ရလား
Tea: ဟုတ်ပနော်
May: သူလဲအမျိုးတော်လို့ထင်တယ်
Tea: မဟုတ်ပါဘူးနော်..


Tea: နေဦး နိုင်ငံခေါင်းဆောင် တစ်ယောက်ဆိုတာလေ..
May: မနေဘူးမြန်မြန်ပြော အေး
Tea: ပညာမတတ်ဘူးဆိုတော့ နည်းနည်းတော့ ရယ်စရာမကောင်းဘူးလားလို့ သွားလေရာရာမှာ ဘာသာပြန်ကြီးနဲ့ ရှက်တတ်ဘူးလားမသိ
May: နိုင်ငံခေါင်းဆေင်မှန်ရင် အရက်သောက်တတ်ရတယ် ပါတီသွားတတ်ရတယ် ယူအန်ဘီစကစ်စားတတ်ရတယ် အောင်မယ် ဘာသာပြန်များခေါ်ချင်လို့ခေါ်တယ်မှတ်နေလား
Tea: ဘာလို့တုန်း
May: ကြိုင်ကြိုင်ကိုစိန်နားကပ်လေးလက်ဆောင်ပေးထားလို့ ဘာသာပြန်ရာထူးခန့်ထားတာ ဒီတိုင်းဆိုလို့တော့ ဒီကောင်တွေ အနားတောင် အကပ်မခံဘူး
Tea: ကျွန်တော်ထင်တာကတော့ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်တစ်ယောက်က အနည်းဆုံးတော့ စာတတ်ပေတတ်ဖြစ်ဖို့လိုတယ်
May: လုပ်စမ်းပါအုံး တတ်တယ်လေ သူတို့ရှိနေလို့သမိန်ပေါသွပ်တို့တွတ်ပီးတို့ ကာတွန်းတွေေ၇ာင်းကောင်း နေတာ သူ့ဖတ်တာလေ အဲဒါစာပေဟုတ်ဘူးလား
Tea: US မှာဆိုရင် ကမ္ဘာကျော် Harvard University, Yale University, Standford University, Oxford Unversity ကနေ ထွက်ထွက်နေတဲ့ သူတွေ ပဲ President ဖြစ်ကြတာ ကျွန်တော်တော့ ကိုယ့်တိုင်းပြည်အတွက်ရှက်တယ် အခြေခံ မူလတန်းတောင်
Tea: ရောင်တောင် ကန်းတန်းနဲက အောင့်တာ အောင်တာလို့ပြောတာပါ


May: အဲဒါကြောင့်ရှက်စရာမဟုတ်ဘူးကွ
Tea: ဘာတုန်း မှတ်စရာလား
May: ဒို့နိုင်ငံက ခေါင်းဆောင်တွေကမှပိုတော်တာ
May: ခေါင်းမရှိဘဲအုပ်ချုပ်ရဲတာနဲတဲ့အဆင့်လား
Tea: ဟုတ်ပ :)


May: ချက်ချင်းတောင်းပန်လိုက်စမ်းတီး
Tea: နိုး
May: မင်းခေါင်းဆောင်တွေကို မခန့်လေးစားနဲ့
Tea: သတ်ချင်သတ်ပလိုက် ဒို့ကတော့ သေတောင် နိုးပဲဟေ့
May: ဘာလဲ Vote No ကန်ပိန်းဆင်းနေတာလား နိုးမနေနဲ့အိပ်တော့ နိုင်သွားပြီ
Tea: သိသားပဲတော်တော်မျှတတာကို
May: အလေးခိုးထားတဲ့ချိန်ခွင်နဲ့ချိန်ထားတာလေ မျှတမှာပေါ့



(ခေါင်းစဉ် - Their Public Communication)

May: ပြောအုံးမင်းသိတာတွေဆက်ပြောအုံး
Tea: အင်း
သန်းရွှေဂျဖိုး ကြီး ပြည်သူပြည်သားတွေကို မိန့်ခွန်းပြောတာ မြင်ဘူးလား စာတော်တော့ မိန့်ခွန်းတွေ
May: မြင်ဘူးတယ်
Tea: အဟုတ်? ဘယ်မှာတုန်း
May: ဟုတ်ပါတယ်ဆို မယုံသင်္ကာနဲ့လာမေးနေသေးတယ်
Tea: ပြောပါဦး
May: မယုံရင် အပတ်စဉ်၄၆က မင်းသူငယ်ချင်းတွေမေးကြည့်
Tea: ဘာမေးရမှာလဲ
May: မိန်းခွန်းတွေပေါ့ သူတို့က တော်တော်စိတ်ဝင်စားတယ်က
ွTea: သူတို့ကိုလား နိုးနိး ကျွန်တော်ပြောတာက ပြည်သူပြည်သားတွေကို
May: သန်းေ၇ွှမိန့်ခွန်းပြောတုန်းက သူတို့က ရန်ကုန်က ရည်းစားအကြောင်းစဉ်းစားနေတာတဲ့
Tea: ဟားဟား အများပြည်သူတွေကိုလေ။
May: အော်
Tea: ပညာတွေ ပေါလွန်းတော့ မပြောနိုင်ရှာဘူးထင်တယ်
May: ဗိုလ်ချုပ်အောင်ဆန်းတုန်းက ဗိုလ်ချုပ်မိန့်ခွန်းပြောရင် နေရာလပ်မရှိစေရဘူးတဲ့
Tea: သူတို့ကတော့
May: ဒို့ရဲ့ဘဘဂျပိုးေ၇ွှကတော့
Tea: :D
May: ကွပ်လပ်ကြီးဖြစ်အောင်တောင်လုပ်ပစ်တာ ဘယ်လောက်တော်လဲ(ဘောင်ဘီ)
Tea: ဟားဟား.. သိပ်တော်တယ်ကွက်တိ
May: ခါးဆိုဒ်က ဘယ်လောက်လဲ၊


(ခေါင်းစဉ် - His Perfect English Skill)

Tea: နေဦး.. အစ်မ ဟိုတစ်ခါက ကိုယ်တွေ့လေးလုပ်ပါဦး တိန်းချိန်ရဲ့ စပယ်ရှယ် အင်္ဂလိပ်
May: အစ်မကိုယ်တွေ့ဟုတ်ဘူးအစ်မ တူငယ်ချင်းကိုယ်တွေ့ပါ
Tea: သိဘူးလေ အပြစ်မတင်နဲ့ စာမေးပွဲတွေ ပြီးကထဲက နည်းနည်း ချောင်နေတာ အခုထိ
May: သူတို့ကသူတို့ရဲ့အစီစဉ်အတိုင်းသူတို့ကိုအစားစာတွေပေးဘို့အတွက် တိန်းချိန်နဲ့ညှိုနှိုင်းရင်း စကားပြောရသတဲ့
Tea: အင်း
May: ပထမတော့ကြားက ဘာသာပြန်ရှိတယ်တဲ့
May: နောက်အဲဒီ ဘာသာပြန်လဲ ခဏထသွားေ၇ာသူက သူရဲ့ဖုန်းနံပါတ်ကိုေ၇းပြတယ်တဲ့ (ဗယ်သန်ကွ)
Tea: ဘယ်သူလဲ တိန်းချိန်လား
May: ဟုတ်တယ်။ အဲမှာအစ်မ သူငယ်ချင်းက သူ့ကိုမေးခွန်းလေးတွေပြန်မေးတော့သူက ပြန်ပြောတယ်သိလား


Tea: အင် ပြောပါဥိး
May: Are you Understand ? ဟီးး
May: ဘယ်တက္ကသိုလ်ကပြီးတာလဲမသိဘူးနော်
Tea: I am understanding (ဟီးးးး) အဲ့
May: အောက်စဖွတ်ကာလးသိဘူး :P
Tea: ဟားဘက်ကပါ
May: ဟားတဲ့ဘတ်က လား
Tea: အင်း



(ခေါင်းစဉ် - His Realistic Report)

May: တီး စိုးသာဆိုတဲ့ ငနဲလေးက တင်တဲ့report ကိုပြောပါအုံး အစ်မ ဖတ်ချင်လို့
Tea: သိပ်တော်တာလေ ပညာရှိ
နေဦး ပြမယ်
May: သူ့တို့က11ဘီလီယံတောင်တောင်းထားတာဆိုတော့
Tea: အင်း တော်တော် စာ၇င်းစုံတယ်နော နော် အမျိုးအဆွေတွေ အားလုံးပါတယ်
May: ဒါမှဒို့ဝန်ကြီးကွ
Tea: စိစပ်သေချာတယ် တိုင်းပြည်အတွက်
May: ဟုတ်လား?
Tea: ပြည်သူပြည်သားတွေအားလုံးအတွက် သေချာ ရှေ့တန်းတင်ပြီး စဉ်းစားထားတယ် အင်မတန်တော်တယ် ပညာရှိ နေဦး ပြမယ်
May: အင်းပေါ့ကွယ.်သူတို့လဲစာနာစိတ်နဲ့လူတွေဘဲ(စားရင်းနဲ့နာနေတဲ့သူကိုခေါ်သည် )
Tea: စိုးသာ ၏ တင်ပြချက်အရ မုန်တိုင်းကြောင့် မြန်မာပြည်သည် စုစုပေါင်း ဘဲအကောင်ပေါင်း ၆၆၅၂၇၁ ကောင်၊ နွားပေါင်း ၅၆၁၆၃ ကောင်၊ ကြက်ပေါင်း ၁၆၁၄၅၀၂ ကောင်၊ ငါးကန် ဧကပေါင်း ၃၅၀၅၁ နှင့် အမဲသား အလေးချိန်ပေါင်း ၂၂၂၀၀ တန် ဆုံးရုံးသွားပြီလို့ သိရှိရပါတယ်။
May: တီး မင်းပြောတော့သူ့အမျိုးတွေအကုန်ပါတယ်ဆို
Tea: အင်းလေ ကြက်တွေ ဘဲတွေ
May: ဘယ်မတုန်းသန်းေ၇ွှအမျိုးတွေ
Tea: လင်းတတွေတော့ ကျန်ခဲ့တယ် စောတီး
May: ၀က်မပါဘူး
Tea: မဟုတ်တာ ကျွန်တော်က သန်းရွှေကို လင်းတထင်တာ လက်ချတ်သတ်တော့ ဒင်းက ၀က်ကို ဟဲဟဲ သိပီ သိပီ
May: ကျန်သေးတယ် တိန်းချိန်အမျိုးတွေေ၇ာ
Tea: ပါတယ်လေ။ နွား
May: ဖွတ်လေ
Tea: ဖွတ်လား
May: ဖွတ်တွေမပါဘူးလား
Tea: တော် တန် တိတ် ... သူတို့ အမျိုးတွေတော့ ချန်ထားတယ် ရာရာစစ
May: တော်တန်တိတ်ရင်တော့ငါကြော်ပန်ကန်ငါ့ရိတ်ရလိမ့်မယ်
Tea: သူတို့က ကိုယ်ကျိုး စွန့်ပြီး သူတို့ အမျိုး ၀က်တွေ ဖွတ်တွေ မပါအောင် ချန်ထားတာလဲ ဖြစ်နိုင်တာပဲ
May: အောင်မယ်
Tea: နားလည်ပေးလိုက်ပါ
May: မင်းမဟုတတာတွေလာမပြောနဲ့ ငါ့ကိုရှင်းအောင်ပြော
Tea: အင်းလေ ပြောပြီးပြီ.. ကိုယ့်ဖို့ မကြည့်ဘူးတဲ့
May: အင်းလာ အင်လား
မင်းစာ၇င်းတွေက စိုးသာစာရင်တွေက အင်းလားအင်လား
Tea: ဟီးး
အင်းပါ
အင် :)
May: အင်ပါဆို :P
Tea: :D


(ခေါင်းစဉ် - A Song)

May: တီး အစ်မတို့စကားဝိုင်းလေးအမှတ်တရအဖြစ်အစ်မ သီချင်းတစ်ပုဒ်ဆိုပြမယ်
Tea: လုပ်ပါဦးသီချင်းဆိုရင် သိပ်ကြိုက်
May: တပ်မတော်ကြီးကို ဘီစကစ်ကျွေးဘို့UNလာပါဘီ ရဲဘော်အပေါင်းတွေ မျှစားကြဘို့တိုက်တွန်းလိုက်ပါသည်
၇ွာသားေ၇ .......
Tea: အင်:)
May: အင်မဟုတ်ဘူးအစစ်ကွ
Tea: အင်းလို့ပြောတာအင်ဟုတ်ဘူး
May: မင်းလဲ အင်တွေများလာပီနော်စိုးသာအကြောင်းတွေဖတ်လို့ထင်တယ်
Tea: ဖြစ်နိုင်တယ်


(ခေါင်းစဉ် - A Quiz?)

May: တီးမင်းကို ပဟေရိဖွတ်မယ်
Tea: အင်းဖွတ်ဖွတ်
May: ရအောင်ဖြေရမယ်နော်
Tea: တိန်းချိန်အမျိုးတွေ ထွက်လာဦးမယ်ဖွတ်ဆိုလို့
May: တိန်ချိန်နဖူးဘာလို့ပြောင်?
ေ၇ွှမန်းနှုတ်လို့ပြောင်လို့မပြောနဲ့နော်
Tea: ကြိုင်ကြိုင်ကုတ်လို့ပြောင် ?
ဟုတ်လားမှန်းကြည့်တာ
May: ကြိုင်ကြိုင်ကလဲ နဖူးသွားနှုတ်ရသာလားကွာအံ့ပါ့
Tea: ကြိုင်ကြိုင်လေအကုန်ပိုင်တယ်


Tea: အစ်မရေ.. စကားဝိုင်းလဲရှည်နေပြီ
May: အိုကေ
Tea: နောက်အပတ်မှဆက်တာပေါ့ :P


ဟုတ်ကဲ့ - အားလုံး အထူးအဆန်းလေး ဖြစ်သွားအောင် အကြံသစ်ရလို့ ဒီပိုစ့်လေးကို တင်ဆက်လိုက်တာပါ။ အပတ်တိုင်းလိုလို ဆက်လာပါဦးမယ်။ ဘာရယ်ညာရယ် မဟုတ်ပါဘူး။ ကျွန်တော့်အိမ်က အိမ်သားတွေ အလာဘ သလာဘ ပြောတာလေးတွေပါ။ လက်ဖက်ရည်သောက်ရင်း - လက်ဖက်သုတ်လေး စားရင်းနဲ့ပေါ့။ အပိုင်း-၂ လာပါဦးမည်။

Tea

14 comments:

Anonymous said...

wow! you guys are always doing great!

Anonymous said...

Tea: ပြောရဦးမယ်.. ပြောချင်တာက .. သူတို့ရဲ့ တော်ပုံတော်ချက်တွေ
May: ပြောပါအုံးTea: သူတို့က သိပ်ကို တော်တာလေ
May: ဘောင်ဘီလား
Tea: ဘာတဲ့။ ဂိုက်ဆရာမပြောဖူးတယ် အရင်တုန်းကပါ
May: ဘာဒဲ့တုန်း
Tea: ၃ယောက်ပေါင်းမှ ၁၀တန်းအောင်တာတဲ့လေ
:D
ဟီးးး
May: အဲဒါမင်းဆရာမကိုဘယ်သူပြောဒါဒုန်း
Tea: သိပါဘူး သူမှန်းကြည့်တာတဲ့လေ
May: တောက်!! ရာရာစစ
Tea: ဘာလို့တုန်း
May: သူတို့က သုံးယောက်ပေါင်းမှ လေးတန်းဘဲအောင်တာ
Tea: LOL ဟီးး..

tea yal.. haha! and may thu too!!
WELL DONE

Anonymous said...

and hope to see more!
waiting for part-2

Anonymous said...

Hey Tea,

Wonderful talk show :)

RePublic said...

အရေးအသား စကားဝိုင်းကပြောင်မြောက် ပါဘိ..ကိုတီး နဲ့ မမေသူ :) :)

Anonymous said...

မင်းတို့ ထက်သာနေလို့ မင်းတို့ကို အုပ်ချုပ်နေတာပေါ့၊ မင်းတို့ကို လုပ်ချင်သလို လုပ်နေတာပေါ့၊

မေသူပိုင် said...

Anonymous ရေ ...မှန်သပေါ့ အားလုံးထက်လိမ်တဲ့ညာတဲ့နေရာမှာတော်လွန်းလို့ ဘယ်သူမှမတင်မြှောက်ဘဲတိုင်းပြည်အုပ်ချုပ်နိုင်တာပေါ့၊ ပြည်သူတွေထက်သာတာက တော့ နားလှည့်ပြီးပါးရိုက်တဲ့နေရာမှာရယ် အလိမ်အညာ ကတော့ ကမ္ဘာစံချိန်တင်လောက်အောင်ကိုတော်ပါပေတယ် တော်ရှာပါတယ်အေ့တော်ေ၇့

Anonymous said...

great!!1

Tea said...

မင်းတို့ ထက်သာနေလို့ မင်းတို့ကို အုပ်ချုပ်နေတာပေါ့၊ မင်းတို့ကို လုပ်ချင်သလို လုပ်နေတာပေါ့၊

- - - -
ကျွန်တော် နည်းနည်း ပြင်လိုက်မယ်။
အားလုံးထက် ယုတ်မာလို့ပါ။ :P

Anonymous said...

၃ယောက်ပေါင်း ၄တန်း :P

Lin Sit Thu said...

မင်းတို့ထက်သာလို့မင်းတို့ကိုအုပ်ချုပ်နေတယ်၊ ဟုတ်လား? လက်နက်အားကိုးပြီးေ-ာက်ရှက်မရှိပြောရဲတယ်။ ဘယ်သူက AK-47 ကိုင် ပစ္စတို ခါးကြားထိုး မင်းလုပ်အုပ်ချုပ်နေတဲ့ ငမိုက်သားတွေကို လက်ဗလာနဲ့ပုန်ကန်ရဲမလဲ။ ဒါကြောင့်မလို့ သင်္ကန်းတစ်စုံ မေတ္တာနှလုံးသားတစ်ခု နဲ့ သေနတ်ကိုအံတု လမ်းပေါ်ကိုထွက်လာတဲ့ ဘုန်းဘုန်းတွေကို လေးစားကြတာပေါ့။ တိုင်းပြည်တည်ငြိမ်ရေးဆိုပြီး တွေ့တွေ့သမျှ ပစ်သတ်နေသတ်၍တော့ မင်းတို့ပြောတဲ့ စည်းကမ်းပြည့်တဲ့ ဒီမိုကရေစီ ဆိုတာဒါလားလို့မေးချင်ပါ၏။ ဒီမိုအ၀ီစိပဲဖြစ်ရမယ်၊ ပြည်သူတွေကို သေတွင်းပို့နေလို့လေ။

Tea said...

ကောင်း၏။ ထောက်ခံသည်။ :P

မေသူရေ။ ဒုတိယပိုင်း အတွက် လင်းစစ်သူကို ပါ ကျွန်တော့်အိမ် စကားဝိုင်းထဲ ပါဝင်ဖို့ ခေါ်ထားတယ်။ :P

alikethink said...

very good par byar
part two ko wait nay mal

Kaung Kin Ko said...

စကားဝိုင်း ဒီအပိုင်း ၁ ကော အပိုင်း ၂ပါ ဖတ်သွားတယ်ဗှာ။
အပိုင်း ၂ မှာ အမြင်မတူတဲ့သူနဲ့ အဆင်ပြေပြေ စကားပြောနိုင်တာ ချီးကျူးတယ်ဗျာ