Photobucket

Wednesday, May 21, 2008

မုန်တိုင်းအတွက် အံဖွယ် ရုပ်ရှင်တို



ဟုတ်ကဲ့၊ မြန်မာပြည် နာဂစ်မုန်တိုင်းအတွက် ဇာတ်လမ်းတို မိနစ်ပိုင်းလေး တစ်ခုကို Shilo and Ogivy & Mather/Amersterdam ကနေ "Burma Viral" ဟုအမည်ပေးကာ ပြုလုပ်ခဲ့ပါတယ်။ အဓိကအားဖြင့် MTV's Tiems Square Jumbotron နဲ့ ကမ္ဘာတစ်ဝှမ်းမှာ ပြသဖို့ပါ။

အထဲမှာ ကမ္ဘာတစ်လွှားက စစ်လေယဉ်တွေကနေ မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်တယ်။ ကြည့်နေတုန်းမှာပဲ၊ ၀ါးးး ဗုံးကြဲတော့မယ် လို့ အထင်မှာ လန့်နေတုန်းမှာ လူတွေ သေကြေတော့မယ်လို့ ထင်နေတုန်းမှာ - မမျှော်လင့်ပဲ များလှစွာသော ပန်းပွင့်တွေကို မြို့အနှံ့ ကြဲလိုက်တာ ဖြစ်ပါတယ်။

အားလုံးလဲ မြေပြင်ပေါ်ကျသွားရော၊ စာလုံးတွေ ပေါ်လာတယ်။ "To the peace loving people of Burma, we support you in this time of crisis. From your friends around the world" ငြိမ်းချမ်းရေးကို ခုံမင်ကြသော မြန်မာလူမျိုးတို့၊ အခုလို ဒုက္ခရောက်နေချိန်မှာ၊ ကျွန်တော်တို့ ကမ္ဘာတစ်ရပ်လုံးမှ သူငယ်ချင်းတွေ သင်တို့နှင့်အတူ ရှိနေပါသည် - အဲ့ဒီ စာတွေ ပေါ်လာသည်။

အရမ်း အရမ်းကို ပြောင်မြောက်သော လက်ရာပါပေတည်း။
Tea

6 comments:

ATN said...

တီး မင်းကို ငါတီးချင်တယ်။ အဲလို ကောင်းတဲ့ ဗစ်ဒ် တခုကို ဘာလို့ စောစောက မတင်တာလဲ၊ အားလုံးက စိတ်ညစ်နေကြတာ။

ကျော်လင်းထွန်း said...

ကောင်းလိုက်တဲ့ စိတ်ကူးလေးဗျာ ကျွန်တော်တာလုပ်တတ်ရင် ဒီထက်သာအောင်လုပ်ပြီး စိတ်တွေကို ပေးဖြေလိုက်မယ်

Lin Sit Thu said...

he he...you should thank me for giving that video...:D

Tea said...

ahah!

Thank you so much! lol

ဝိညာဉ်စေတမာန် said...

တီးရေ..... ကြိုက်လွန်းလို့ ကျွန်တော်တို့ forum နဲ့ Blogမှာ တင်ခွင့်ပြုပါဗျာ.....။

Anonymous said...

ဒီ video လေးကို တင်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အရမ်းလိုချင်နေပြီး ဘယ်မှာ ရှာရမှန်းမသိဖြစ်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ ဒီမှာ လာတွေ့တာပါ။ ဒီအိမ်လေးကို တစ်ခါမှ မရောက်ဘူးသေးပါဘူး။ မလုလုရဲ့ မီးဖိုချောင်စားပွဲဝိုင်းက တွေ့လို့ မတော်တဆရောက်လာတာပါ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။

ပန်းအိ