Photobucket

Tuesday, May 27, 2008

ဗိသုကာ Corner အား ဖွင့်လှစ်ခြင်း



ဟုတ်ကဲ့ပါ။ ကျွန်တော့်အိမ်မှာ ဗိသုကာဆိုင်ရာ တွေကို တင်ပြဆွေးနွေးတော့ မှာဖြစ်ပါတယ်။ အားလုံး ဖတ်ရတာပေါ့။ သိတဲ့အတိုင်း တီးဆိုတဲ့ ကျွန်တော်က ဗိသုကာပညာ ဆိုလို့ကတော့ ဘာမှမသိဘူး။ စာလုံးပေါင်းလောက်ပဲ တတ်တာ။ ဟီးဟီး။ ဒါကြောင့် ကျွန်တော့် သူငယ်ချင်း လင်းစစ်သူ ဆိုသူက ဗိသုကာကို လေ့လာနေသူ တစ်ယောက်ဆိုတော့ သူက ဆောင်းပါးလေးတွေကို တစ်ပတ်တစ်ခါ ရေးပြီး တင်တင်ပေးမှာ ဖြစ်ပါတယ်။ Weekly ပေါ့ဗျာ။

တစ်ခုတော့ ပြောရဦးမယ်။ တီးက တီးပါပဲ။ ဟိုတလောက မေသူပိုင်က တီးပါဆိုပြီး ကောလဟာသ တွေကို အလျင်အမြန် လိုက်ရှင်းရသေးတယ်။ မဟုတ်ရပါဘူးဗျာ။ မမေသူပိုင်နဲ့ ကျွန်တော်က နိုင်ငံရေးမှာ ဘယ်လိုပြောမလဲ၊ လူငယ်ရေးရာ အရ စိတ်တူကိုယ်တူနဲ့ တိုက်ပွဲဝင်နေတာပေါ့။ နိုင်ငံကို ချစ်လို့ လွတ်လပ်စေချင်လို့ စိတ်တူ ကိုယ်တူ မောင်နှမလို ခင်ကြတဲ့ သူငယ်ချင်း တွေ ဖြစ်လို့ မမေသူပိုင်က ကျွန်တော့်အိမ်မှာ အိမ်သား တစ်ယောက်အနေနှင့် နိုင်ငံရေး ဆောင်းပါးများကို ရင်ဖွင့် တင်ပြတာပါ။ အထင်မလွဲပါရန် တောင်းဆိုအပ်ပါသည်။

အခုလည်း လင်းစစ်သူက ကျွန်တော် လုံးလုံးမသိ နားမလည်တဲ့ ဗိသုကာရဲ့ အနှစ်သာရများကို ဆွေးနွေးတင်ပြမှာပါ။ ကြိုဆိုလိုက်ပါစို့။ အင်း။ သူလဲပဲ ကျွန်တော့်အိမ်က အိမ်သားဖြစ်တော့ အဖျော် ကျွမ်းတယ်နော်။ သွားမစမ်းနဲ့။ ဖျော်ခိုင်း။ မြည်းကြည့်။

Tea

2 comments:

Thinzar said...

ပို့စ်တွေရဲ့ အပေါ်မှာ ရောင်စုံလေးနဲ့ (MS paint နဲ့ထင်တယ်) ရေးရေးပြီး တင်တဲ့ idea လေးကို သဘောကျတယ်။

Tea said...

:) thank you.