Photobucket

Sunday, May 4, 2008

ယနေ့ ပါတီတစ်ခုမှ တီးခဲ့သည့် စားစရာများ

အယ်.. ဒီတစ်ခါပိုစ့်ကတော့ စားစရာတွေပေါ့။ စားစရာဆိုတော့ အားလုံးစိတ်ဝင်စားမယ်လို့ ယုံကြည်ပြီးသား။ ဒါကြောင့် ဒီကနေ့ည သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်သစ် ပါတီသွားတုံး ရှိတဲ့ အစားအစာတွေထဲက တော်တော်များများကို ဘယ်သူမှ မစားခင် ဦးဆုံး ရှေ့တန်းမှ ဖုန်းတစ်လုံးဖြင့် အားကြိုးမာန်တက် ရိုက်ယူလာပါကြောင်း သတင်းကောင်းပါအပ်ပါသည်။ တစ်ခြားဟာတွေ ဘာညာ သာလကာ တွေတော့ ဘာမှ မရိုက်လာဘူးနော်။ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်တဲ့ စားလို့ရတာတွေပဲ ရိုက်လာတယ်။ ဟဲဟဲ။ ပြီးတော့ ရှိတယ်။

ဒီအောက်က ပုံကတော့ သူတို့ အိမ်မှာ ဘာမှမချက်ခင် ပြန့်ကျဲနေတာကို တွေ့လို့ ကောက်ရိုက်လာတာ။ ဘာမှတော့ မဟုတ်ပါဘူး။ ဗိုက်လဲဆာ ပျင်းနေတာနဲ့ မီးဖိုချောင်ထဲ သွားချောင်းတာ၊ ဘာမှမတွေ့လို့ ရှိတဲ့ အစိမ်းတွေ ကို ပဲ ရိုက်လာတယ်။


ခဏလောက်လဲကြာရော - ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ လေဖုတ်ရတာ အနည်းငယ်ညောင်းလာရာ မီးဖိုချောင်သို့ အလည်တစ်ခေါက် ရောက်ခဲ့ပြန်ပါသည်။ ဒီတစ်ခါလဲ ဟင်းချက်နေတဲ့ ဦးလေးကြီးကို ဘာကူရမလဲ ဘာလဲ ညာလဲ လျှောက်မေးရင်း .. နှိုက်စားလို့ ရတာတွေ စားရင်း.. ဦးလေးကြီးမှ ရပါတယ်ကွယ် ဆိုတဲ့ ကိုယ်လိုချင်တဲ့ အဖြေလဲ ရရော မူလ ဖဲဝိုင်းသို့ ပြန်လည်ကြွချီသွားပါတော့သည်။

စားစရာတွေလဲ တော်တော်စုံ၊ လူတွေလဲ စုံတော့ တီးလည်း ဖုန်းကြီးကို ထုတ်ပြီး ပြင်းပြင်းထန်ထန် ရိုက်လာပါတော့သည်။ တခြား ကိုရီးယား ဆူရှီ တို့ ဂျပန်မုန့်တို့ ဘာတို့ တော့ ရိုက်ဖို့မေ့သွားပါသဖြင့် ရိုက်ခဲ့သမျှ ကို သာ အားလုံးနှင့် ပြန်လည် ကြည့်ရှုဖို့ တင်ပေးလိုက်ပါတယ်။

ဒါကတော့ ဒီကနေ့ အကြိုက်ဆုံး ပုဇွန်ကြား ဆီပြန်ဟင်း၊ သူက ဟင်းကို ဆီအရမ်းမများစေပဲ အနောက်တိုင်း ဆန်ဆန် ချက်ထားတယ်၊ ပုဇွန်ကို အရင်ကြော်၊ ပြီးရင် အနှစ်ကို ကြက်သွန်၊ ခရမ်းချဉ်သီးတွေနဲ့ ဆီပြန်အောင် ချက်ပြီးမှ အပေါ်က လောင်းထားသလိုပဲ။ အရသာမြည်းရင်း မှန်းဆကြည့်တာပါ။ သေချာတော့ မမေးခဲ့မိဘူး။


ယိုးဒယား ဟင်းချိုတဲ့။ အဲ့ဒါချက်တုန်းက မီးဖိုချောင်ထဲ ရောက်လိုက်သေးတယ်။ ဦးလေးကြီးက တော်တော်တော့ လုပ်နေတာပဲ။ ဟိုဟာထည့်လိုက် ဒီဟာထည့်လိုက်နဲ့။ သောက်တုန်းက စားခဲ့ရတာတွေကတော့ ကြက်သား၊ ပုဇွန်၊ ရုံးပလေသီး၊ ခရမ်းချဉ်သီး၊ ဘူးသီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ မျှစ်၊ အစရှိတဲ့ အရာတွေပါ။ သောက်လို့တော့ ကောင်းတယ်။ ပုံမှန် ယိုးဒယား ဟင်းချိုနဲ့ မတူဘူး။


ပုဇွန်မျှစ်ကြော်ပါ။ လွမ်းနေတာကြာလို့ အားရပါးရ တီးခဲ့ပါတယ်။ တစ်ပန်းကန်လုံးနီးပါး မောင်ပိုင်စီးကာ စားခဲ့သည်။ သူငယ်ချင်းတွေက တောင် မေးယူရတယ်။ မျှစ်ချစ်သူလားတဲ့။ မကြားချင်ယောင်ဆောင်ပြီး ဆက်စားတာ။ ဟဲဟဲ။ အခုတော့ အကြောတွေ တက်နေပြီ။ ဇာတ်ကြောတွေ ညောင်းတယ်။ မျှစ်ကြောင့်။


ကြက်တောင်ပံတွေကို ဘယ်လို ကြော်ထားလဲတော့မသိ၊ စားလို့တော့ ကောင်းပါတယ်။ ရွရွလေး၊ ၄ခုစားခဲ့တယ်။ အိမ်မှာကြော်ရင်တော့ အဲ့လိုပုံမထွက်ဘူး ဖြစ်နေတယ်။


ခေါက်ဆွဲကြော်တဲ့လေ။ တီးက ပုဇွန်ဟင်းနဲ့ အလုပ်ရှုပ်နေတော့ သူ့ကို ကြည့်တောင်လှည့်မကြည့်ခဲ့ပါ။


ဆီချက်ခေါက်ဆွဲပါ။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ အိမ်မှာ လုပ်စားလဲ ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင် မလုပ်ထားတာဆိုတော့ ပိုပြီးစားလို့ ကောင်းသလိုလို၊ ဗန်းကြီးကို ကြည့်ြ့ပီး အရင်ဦးဆုံး ထိပ်ဆုံးမှ ယူကာ စားလာပါသည်။


ထမင်းကိုတော့ ဒီလိုမျိုး ဗန်းကြီးနဲ့ ထည့်ထားရတယ်လေ။ ဘူဖေး စတိုင် လုပ်တော့ ဒီလိုမျိုးပဲ ထည့်ထားကြပါတယ်။ တော်တော်များများ ပါတီတွေက။ ယူရပြုရတာ အဆင်ပြေအောင်လို့ပါ။


ဒါကတော့ ပြင်ရင်းတန်းလန်း စားပွဲရဲ့ တစ်စိတ်တစ်ပိုင်းကို လှမ်းရိုက်လိုက်တာပါ။ Group ပုံလေးပေါ့။


ဟီးဟီး။။ ဒါက တော့ ကောက်ညှင်းပေါင်းဖြစ်ပါသည်။ နှမ်းမုန့် အုန်းသီးချစ် တွေ ဖြူးထားပြီး မစားရတာလဲ ကြာတော့ စားလို့ ကောင်းတာပေါ့။ အိမ်မှာလည်း မချက်တတ်တော့ ၃ခါတိတိ ထပ်ယူကာ စားလာပါသည်။ သူများကြည့်လဲ ကြည့်ပစေပေါ့။ ဂရုစိုက်လို့။ who cares? :)


ဂေါ်လခါးသီး၊ မုန်လာဥနီ၊ ပဲသီးတောင့်၊ ကြက်သွန်နီ အစရှိသည့် ဟင်းသီး ဟင်းရွက်များနှင့် ၀က်သားတို့ကို ကြော်ကာ စားချင်စဖွယ် ကုန်းဘောင်ကြီးဟင်းပဲ ဖြစ်ပါတယ်။ ၀က်သားက နူးနူးနှင့်ကြွပ်ကြွပ်လေးနှင့် ကောင်းသပေါ့။ အိမ်ကျရင် စမ်းချက်ကြည့်မှဆိုပြီး တေးထားခဲ့ပါသည်။



အားလုံး စားလိုရာတွေစားကြရပါစေသတည်း။ :)

Tea

5 comments:

Anonymous said...

don't forget to take pic for tomorrow!

Tea said...

မှတ်ချက် - ဤပါတီပွဲသည် ၃ရက်နေ့ ညနေပိုင်းဖြစ်သည် အခု အချိန်သည် ၁၂နာရီကျော်သွားပါသဖြင့် နောက် ၄ရက်နေ့သို့ ကူးပြောင်းသွားခြင်းဖြစ်သည်။

ဒီဇင်ဘာနှင်း said...

ကိုတီးရေ စားစရာတွေကို သားရည်ကျသွားတယ်နော်

Taungoo said...

တီးရေ
ညီလေးရိုက်လာခဲ့တဲ့ ပုံတွေထဲကအတိုင်း
ချက်ပြုတ်ပြီး ဗန်းကြီးတွေ ဇလုံကြီးတွေနဲ့ထည့် ထမင်းတွေကို တောင်းကြီးတွေထဲ ငှက်ပျောရွက်တွေ ခင်းထည့်ပြီး မြန်မာပြည်က လေဘေးကြောင့် ဒုက္ခရောက်နေရတဲ့ တို့လူမျိုးတွေကို သွားကျွေးလိုက်ရရင် ဘယ်လောက်များဝမ်းသာလိုက်ကြမလဲနော်
သူတို့တွေ အားပါးတရ စားနေကြတာကို စိတ်ကူးနဲ့ပုံဖော်ကြည့်တာနဲ့တင် ပီတိဖြစ်လိုက်တာ

သူငယ်ချင်းမိတ်ဆွေအပေါင်းတို့
မိမိတို့နဲ့ နီးစပ်ရာ အလှူငွေကောက်ခံရေးအဖွဲ့များသို့ တတ်အားသမျှ အမြန်ဆုံးပါဝင်လှူဒါန်းကြပါခင်ဗျား။

Anonymous said...

I totally agree with Taungoo