Photobucket

Wednesday, May 21, 2008

မွန်မြတ်ဆုံးလွန်သော အိမ်မက်အချစ်တစ်ခု

အချစ်ဟာ ဤကမ္ဘာလောကကြီးမှာ အပြင်းထန်ဆုံးနှင့် အစွမ်းထက်ဆုံးသော တန်ခိုး၊ အထိရောက်ဆုံးနှင့် အကြီးမားဆုံးသော စွမ်းအား၊ အရက်စက်ဆုံးနှင့် အနှိုင်းမဲ့ဆုံးသော လက်နက် ဖြစ်တယ်။ ဘယ်သူပဲဖြစ်ဖြစ်၊ ဘာတွေပဲ ဖြစ်နေပါစေ၊ အချစ်မှာ အင်အား အပြည့်ရှိတယ်။ မည်သည့် အရာမဆို အချစ်ဟာ နေရာမရွေး၊ အချိန်မရွေး၊ ရင်ဆိုင် ကျော်လွှားနိုင်တဲ့ အစွမ်းသတ္တိတွေ၊ တန်ခိုး အရှိန်အ၀ါတွေ ပိုင်ဆိုင်ထားတယ်။ အချစ်ဟာ ဘာလဲ? Love is what? လူတိုင်း အချစ်ကို ကြားဖူးတယ်၊ တွေ့ဖူးတယ်၊ ကြုံဖူးတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါ ကမှ အချစ်ကို ပြည့်စုံသော အဓိပ္ပာယ် မပေးနိုင်ဘူး။ ကမ္ဘာပေါ်မှာ အနှစ်နှစ် အလလသော မရေမတွက် နိုင်လေက်သည့် အချိန်စက်ယန္တရားကြီး အောက်မှာ အချစ်ဟာ ပဟေဌိ တစ်ခု အနေနှင့် ယှဉ်တွဲ ရပ်တည်လာသည်။ သက်ရှိလူသားတွေ စွမ်းလှပါဘိ၊ အရာရာကို အံတုနိုင်ပါဘိ၊ တီထွင် နိုင်ပါဘိ၊ ကာကွယ်တားဆီ နိုင်ပါဘိ။ အချစ်ကိုတော့ အံမတုနိုင်ခဲ့။ ကာကွယ်ရန် မတီထွင်နိုင်ခဲ့။ ယနေ့ထိတိုင်..

သူဘယ်လောက် ဆိုးဆိုး၊ ဘယ်လောက်ချာချာ၊ ဘယ်လိုဖြစ်ဖြစ်၊ သူဟာ သင့်ရဲ့ အာရုံ၊ သင့်စိတ်ထဲမှာ ဘာနဲ့မှ လဲယူလို့ မရတဲ့ အရာတစ်ခု။ တခြားသူတွေ သူ့ကို ဘယ်လိုပြောပြော၊ ဘာတွေထင်ထင်၊ သင့်ရဲ့ အတွေး သင့်ရဲ့ အမြင်မှာ ဘာနှင့်မှ လဲယူလို့မရတဲ့ အရာတစ်ခု။ သင့်မှာ သူ့အတွက်ဆို အရာရာကို ပြုမူနိုင်တယ်။ သင့်အသက်ကိုပင် ဂရုမထား၊ သူ့အတွက်နှင့် လောကကြီးကို အံတုနိုင်တယ်။ သင်ဘယ်လောက် ပင်ပန်းခဲ့၊ နာကျင်ခဲ့၊ ထိခိုက်ခဲ့၊ သူ့အပြုံးတစ်ချက်၊ သူ့အထိတစ်ချက်၊ သူ့အပြောတစ်ချက်နှင့်ပင် သင်ပျော့ခွေသွား နိုင်တယ်။ သူ့အတွက်ဆို သင်အားလုံးနှင့် လဲယူနိုင်တယ်။ သင်၏ မျက်လုံးထဲမှာ သူသာလျှင်ရှိတယ်။ သူသာလျှင် သခင်၊ သူသာလျှင် အရှင်ဖြစ်တယ်။ သူသာလျှင် သင့်၏ တစ်ခုထဲသော ဘာနဲ့မှ လဲယူလို့ မရနိုင်တဲ့အရာ။

သူကောင်းဖို့အတွက်ဆို သင်တစ်စက္ကန့်မျှ မစဉ်းစားဘဲ ပြုမူနိုင်တယ်။ သူဝမ်းသာဖို့ အတွက်ဆို သင်နည်းလမ်းစုံ သုံးပြီး ပြုမူတယ်။ သင်၏ခေါင်းထဲ၊ သင်၏အတွေးထဲမှာ "သူ" ဆိုတာ ၀င်လာတာနှင့် ဟာလာဟင်းလင်း ဖြစ်သွားပြီး "သူ့အတွက်"၊ "သူ့အဖို့"၊ "သူ့ - - - - - " ဆိုတာတွေတာ ကျန်တော့တယ်။ သင်ဘာကိုမှ မသက်ညှာ။ ဘာကိုမှ မတွေးတော့ဘဲ သင်၏ ကိုယ်ခန္ဓာ၊ အတွေး၊ အပြုအမူတွေ အားလုံးဟာ သူ့အတွက်သာလျှင် ဖြစ်လာတယ်။ သင့်မှာ အရာရာကို စတေးနိုင်တဲ့ စိတ်ရှိတယ်။ အရာရာကို ပေးဆပ်နိုင်တယ်။ အရာရာကို စွန့်လွှတ်နိုင်တယ်။ သင့်မှာ ပေးဆပ်စွန့်လွှတ်ခြင်းတည်း ဟူသော အနှိုင်းမဲ့ မေတ္တာ၊ စေတနာတွေသည် တစ်စနှင့် တစ်စ ကိန်းအောင်း သန္ဓေတည်လာရာမှသည် နောက် ကြီးမားသော အသွင် သို့ တစ်ဖြည်းဖြည်း ကူးပြောင်းသွားသည်။ ဤအရာသည် စွမ်းအင် ပဏမကို ပိုင်ဆိုင်ထားသည်။ ဘယ်အရာနည်း။ LOVE~

သူ့အပေါ်ထားသော သင်၏ စိတ်သည် ကမ္ဘာတစ်ခွင် အာကာ တစ်ပြင်လုံးတွင် မည်သူနှင့်မျှ မတူ၊ မည်သည်နှင့်မျှ နှိုင်းကာမရ၊ ယှဉ်လို့လဲ မရပေ။ သူနှင့် ပတ်သက် လာပြီဆိုရင် သင့်မှာ ငြိုငြင်စိတ် မရှိတော့ပေ။ ညည်းငွေ့ခြင်း၊ ရွံ့ရှာခြင်းကား လုံးဝပင်။ သင်၏စိတ်ကို သူ၏စိတ်နှင့် တစ်ထပ်တည်းထားကာ သူ့အား သင့်ကိုယ် သင် ထက်တောင် ပိုကာ ချစ်သေးသည်။ သင်၏စိတ်သည် ဖြူစင်နေသည်။ စင်ကြယ်နေသည်။ သန့်ရှင်းနေသည်။ ရိုးသားနေလေသည်။ ဤကမ္ဘာပေါ်တွင် သင်သည် မဟာ စိတ်ကောင်းသော အနှိုင်းမဲ့ လူသား တစ်ဦး ဖြစ်လာနိုင်သည်။ ဒါပေမယ့် သူ့တစ်ဦးအပေါ်တွင်သာ။ သူပြုသမျှကို သည်းခံဖို့ သင့်၌ အင်အား အပြည့ှ်ရှိသည်။ သူနှင့် ပတ်သက်လာလျှင် သင့်မှာ အရာရာကို အလျှော့ပေး တတ်လာသည်။ အရာရာကို ပြုမူရာတွင် သူ့ဖို့ စဉ်းစားလာလေသည်။

သင့်၌ အနှိုင်းမဲ့တည်း ဟူသော အချစ်သည် တစ်ဖက်သတ် ဖြစ်နေခဲ့ပါဘိ။ သူ့ဘေး၌ သင်သည် ထာဝစဉ် ပေးဆပ်သွားရန် စိတ်ဓာတ်အပြည့် ရှိသည်။ သင်၏ စေတနာ၊ မေတ္တာ၊ သံယောဇဉ်တွေကို သူက ရက်ရက် စက်စက် ဂရုမပြုသော်ငြား သင့်မှ မငြိုငြင်နိုင်။ သူ့၌ ကြင်သူရှိခဲ့သော်လည်း သင်သည် သူ၏ ဘ၀ လက်တွဲဖော် မဖြစ်နိုင်သော်ငြား ဘ၀ဖြည့်ဖက်တော် အနေနှင့် သက်ထက်ဆုံးတိုင် စွန့်လွှတ် အနစ်နာ ခံသွားဖို့ စိတ်ဓာတ် သင့်တွင် ရှိလေသည်။ သူ့ကိုပင်လျှင် အသိမပေးပဲ သင့်ဘ၀တစ်ခုလုံးကို အနစ်နာ ခံသွားဖို့ သင်မနှောင့်နှေးပေ။ သင့်အတွေးထဲ၌ သူသာလျှင် ရှိသောကြောင့်သာ။

သူမှတစ်ပါး သင်မည်သူကိုမှ လက်မခံတော့ပြီ။ သင်ဘယ်သူ့ကိုမျှ မျက်စိထဲ မရှိတော့ပြီ။ သင်၏ စိတ်သည် သူ့အတွက်သာ ဖြစ်သည်။ သူသာလျှင် သင့်ကို စိုးမိုးနိုင်သူ၊ ခြယ်လှယ်နိုင်သူ ဖြစ်သည်။ သင်၏ အသက်ရှုချက်တိုင်း သည် သူ့အတွက်သာဖြစ်သည်။ သူ့အကြောင်းသာ သင်မိနစ်တိုင်း စဉ်းစားနေသည်။ သူနှင့် မတွေ့ရလျှင် သင်မနေတတ်၊ စကားမပြောရလျှင် အောင့်သက်သက်။ သူ့ကိုလျှင် အချိန်တိုင်း တမ်းတ သတိရနေသည်။ စားလဲ သတိရသည်။ သောက်လဲ သတိရသည်။ လမ်းလျှောက်လဲ တမ်းတသည်။ အိပ်လဲ လွမ်းသည်။ ထိုင်လဲ ဆွေးသည်။ သင်ဘာလုပ်လုပ် ဘာကိုင်ကိုင်၊ သင်အသက်ရှု နေသမျှ ကာလပတ်လုံး သင်၏ အတွေးထဲမှ သူထွက်သွားလိမ့်မည် မဟုတ်။ သူမှ တစ်ပါး အခြား ဒုတိယ သူသည် လည်း ဘယ်သော အခါမှ ၀င်မလာနိုင်တော့။ သင်၏ နှလုံးသား သစ္စာ အချစ် ဂေဟာ သည် ပြင်းထန်ကြီးမားသော အချစ်တံခါးကြီများဖြင့် ဂျုံးဂျုံး ချတ်ချတ် ပိတ်ခတ်သိုလှောင်ထားရာ သူသာလျှင် ၀င်နိုင်ထွက်နိုင် သော သူဖြစ်သည်။ ဤအနှိုင်းမဲ့ အချစ် တံခါးကြီးသည် ဘယ်သူ့ကိုမျှ ၀င်ခွင့်လဲ မပေး။ ထွက်ခွင့်လဲ မပေးပါချေ။ သင်၏စိတ်သည် သင့်ခန္ဓာပေါ်တွင် ရှိနေသမျှ၊ သင်နှလုံးခုန်နေသမျှ၊ သင်အသက်ရှုနေသမျှ၊ ကာလတစ်လျှောက်၊ အချိန်တစ်ခုလုံးတွင် သင့်၌ စွန့်လွှတ်ခြင်း ပေးဆပ်ခြင်း တည်းဟူသော အစရှိသည့် အချစ်တို့ဖြင့်သာ ရှေ့ဆက်သွားရန် သာ။ အချစ်သာလျှင် - - - - - ။ ။

မှတ်ချက်။ ။ ဤဆောင်းပါးလေးကို ကျွန်တော့် ဒိုင်ယာရီစာအုပ်ကြီးအား လှန်ကာ တစ်ခုမှ မပြောင်းလဲပဲ ပြန်လည် စာစီစာရိုက် လုပ်လိုက်တာပါ။ နေ့ရက်က ၁၄ရက် ၄လ ၂၀၀၆ ခုနှစ်တဲ့။ မှတ်တောင် မမှတ်မိတော့ပါဘူး။ တော်တော် ကြာနေပါပြီ။ မေ့တောင် မေ့နေပြီ။ ရေးတုန်းကတော့ .. ဟဲဟဲ ပြောတော့ဘူး။ ဘာမှဟုတ်ပါဘူး။ အချစ်အကြောင်းကို သီကုံးမယ်ဆို ပြီး ရေးလိုက်တာပါ။ မထင်မှတ်ပဲ နည်းနည်းရှည်သွားတယ်။

အကျဉ်းချုပ်ဆိုသော် အင်မတန်မှ မွန်မြတ်ပြီး မဖြစ်နိုင်လောက်သော ၂ယောက်မရှိ ၂ခု မရှိတဲ့ အချစ်မျိုး ဖြစ်ပါသည်။။ တော်တော်တော့ ရှားပါသည်။ ကျွန်တော့်တစ်သက်တော့ အဲ့လို အချစ်မျိုး မတွေ့ကြုံဖူးသေးပါ။ တွေ့လည်းမတွေ့ ချင်ပါ။

Tea

10 comments:

Tea said...

Anonymous said...

What an innocent and marvelous love!!! good job!

Anonymous said...

heart ထိသွားပီကွယ်။

Anonymous said...

OPPSS!!

သူမှ တစ်ပါး အခြား ဒုတိယ သူသည် လည်း ဘယ်သော အခါမှ ၀င်မလာနိုင်တော့။ သင်၏ နှလုံးသား သစ္စာ အချစ် ဂေဟာ သည် ပြင်းထန်ကြီးမားသော အချစ်တံခါးကြီများဖြင့် ဂျုံးဂျုံး ချတ်ချတ် ပိတ်ခတ်သိုလှောင်ထားရာ သူသာလျှင် ၀င်နိုင်ထွက်နိုင် သော သူဖြစ်သည်။ ဤအနှိုင်းမဲ့ အချစ် တံခါးကြီးသည် ဘယ်သူ့ကိုမျှ ၀င်ခွင့်လဲ မပေး။ ထွက်ခွင့်လဲ မပေးပါချေ။ သင်၏စိတ်သည် သင့်ခန္ဓာပေါ်တွင် ရှိနေသမျှ၊ သင်နှလုံးခုန်နေသမျှ၊ သင်အသက်ရှုနေသမျှ၊ ကာလတစ်လျှောက်၊ အချိန်တစ်ခုလုံးတွင် သင့်၌ စွန့်လွှတ်ခြင်း ပေးဆပ်ခြင်း တည်းဟူသော အစရှိသည့် အချစ်တို့ဖြင့်သာ ရှေ့ဆက်သွားရန် သာ။

Anonymous said...

အချစ်သည်ဆင် ကိုတီးသည် မျက်မမြင်ပုဏ္ဏား... အဲလေ ... လူသည်မျက်မမြင်ပုဏ္ဏား...
(ခင်မင်မှုနဲ့ စတာပါ၊ စိတ်မဆိုးပါနဲ့)
ကိုတီး စမ်းမိတဲ့ အချစ်ရဲ့ အစိတ်အပိုင်းကို အခုလို စိတ်ရှည်လက်ရည်ရှင်းပြတာကို စိတ်ပါဝင်စားစွာ ဖတ်ရှုသွားပါတယ်ခင်ဗျာ...
လက်ဖက်ရည်ကလည်း အရသာရှိလွန်းတယ်ဗျာ ... :)

CrazyCAT said...

TEA, you make me smile. :)
this love seems hard!!!

Anonymous said...

was u in love, TEA?

Anonymous said...

သူဘယ်လောက် ဆိုးဆိုး၊ ဘယ်လောက်ချာချာ၊ ဘယ်လိုဖြစ်ဖြစ်၊ သူဟာ သင့်ရဲ့ အာရုံ၊ သင့်စိတ်ထဲမှာ ဘာနဲ့မှ လဲယူလို့ မရတဲ့ အရာတစ်ခု။ တခြားသူတွေ သူ့ကို ဘယ်လိုပြောပြော၊ ဘာတွေထင်ထင်၊ သင့်ရဲ့ အတွေး သင့်ရဲ့ အမြင်မှာ ဘာနှင့်မှ လဲယူလို့မရတဲ့ အရာတစ်ခု။ သင့်မှာ သူ့အတွက်ဆို အရာရာကို ပြုမူနိုင်တယ်။ သင့်အသက်ကိုပင် ဂရုမထား၊ သူ့အတွက်နှင့် လောကကြီးကို အံတုနိုင်တယ်။ သင်ဘယ်လောက် ပင်ပန်းခဲ့၊ နာကျင်ခဲ့၊ ထိခိုက်ခဲ့၊ သူ့အပြုံးတစ်ချက်၊ သူ့အထိတစ်ချက်၊ သူ့အပြောတစ်ချက်နှင့်ပင် သင်ပျော့ခွေသွား နိုင်တယ်။ သူ့အတွက်ဆို သင်အားလုံးနှင့် လဲယူနိုင်တယ်။ သင်၏ မျက်လုံးထဲမှာ သူသာလျှင်ရှိတယ်။ သူသာလျှင် သခင်၊ သူသာလျှင် အရှင်ဖြစ်တယ်။ သူသာလျှင် သင့်၏ တစ်ခုထဲသော ဘာနဲ့မှ လဲယူလို့ မရနိုင်တဲ့အရာ။

သေချာလို့လား..တီးရ

အိတာ said...

အရမ်းကြိုက်ပါတယ် ..တီးရေ ဆက်ရေးနော် ..
အားပေးတယ်နော်..

ခင်မင်စွာဖြင့်
အိမွန်တာ

Anonymous said...

ကျွန်တော် နည်းနည်း လောက် သူများ ကို ပြချင်လို့  ရှယ်လိုက်ချင်လို့ ဒီစာသားလေးတွေကိုကြိုက်လို့ မလို့ ..း)