Photobucket

Sunday, May 11, 2008

ဘိုကလေး အခြေအနေ ဆိုးမှဆိုး



ဟုတ်ကဲ့ - မမေ က အခု အားလုံးသိတဲ့ အတိုင်း မြန်မာပြည် ရောက်နေတာလေ။ သူက ဟိုတလော က ဘိုကလေးကို ကိုယ်တိုင် သွားပြီး လှူလာတာ။
မမေရဲ့ ပြောပြချက်အရ ဘိုကလေးမှာ တော်တော် အခြေအနေ ဆိုးပါတယ်တဲ့။ စားစရာဆို မရှိလို့ ငတ်နေပြတ်နေပါတယ်ဗျာ။ ကလေးတွေ အများကြီး ငိုနေကြတာ။ ဗိုက်ဆာလို့ ငိုနေကြတာပါ။ ခေါက်ဆွဲခြောက် တွေလည်း ပေးလိုက်ရော။ ပြုတ်တောင် မစားကြဘူးတဲ့။ ကမန်းကတမ်းကို ဖောက်ပြီး စားကြတာ။ အသဲအသန် ပါပဲဗျာ။ လူသေကောင် တွေကလည်း မြစ်တွေ ရေတွေပေါ်မှာ ဘောလောကို ပေါ်နေတာ။ ဘယ်သူမှလဲ မဆယ်ကြဘူး၊ လူတွေလည်း မဆယ်နိုင်ဘူး။ သောက်ဖို့ ရေတောင်မရှိဘူး။ ငါးတွေလည်း ဒီလိုပဲ ဖမ်းစားနေရတာ။ အရိုးတောင် မချန်ပါဘူးတဲ့။ လူသေတွေ မျှောနေတဲ့ ကန်တွေထဲ ရေတွေထဲကနေပဲ ငါးတွေကို ဖမ်းစားနေရတာ။ ဟိုးကျောက်ခေတ်ကို ရောက်နေသလိုပါပဲ။ လူတွေ ဒုက္ခတွေ ရောက်နေလိုက် ကြတာ။ တစ်ချို့ကလေးတွေ မိဘတွေ မရှိတော့ဘူး။ အိမ်တွေတော်တော် များများ တစ်ယောက်ထဲ ကျန်တာတွေ ရှိတယ်။ သူတို့က သစ်ပင်ကို ဖက်ထားကြတာတဲ့။ သနားပါတယ်။ မေလည်း ငိုကို ငိုပစ်တာတဲ့။ အခြေအနေတွေကို မျက်မြင်လဲ တွေ့ရော။ ပြီးတော့ အကူအညီတွေကို တကယ် ဒုက္ခရောက် တဲ့ နေရာတွေကို မရောက်ဘူး ဖြစ်နေတယ်။ ပိတ်ပင်ထားတာတွေ ကို ဖွင့်ပေးဖို့ သင့်ပြီ။
လေ့လာလို့ ပြုလို့ ပြီးရင် လှူဖို့ တန်းဖို့ စဉ်းစားပါ။ မြန်မာ ပြည် အတွင်းမှာ ရှိရင်လဲ သက်ဆိုင်ရာ အဖွဲ့အစည်း တွေကို ဆက်သွယ်ပြီး လှူဒါန်းပါ။ ဦးကျော်သူတို့ လဲ ရှိပါတယ်။ ဘုန်းကြီးကျောင်းတွေ ကိုလည်း လှူ ဒါန်းပါ။ ဘိုကလေးတို့ ဘာတို့ ဆီသွားပြီး ကိုယ်တိုင် ထိထိရောက်ရောက် သွားလှူရင်တော့ ပိုကောင်းပါတယ်။ ပြည်ပက ဆိုရင်တော့ ကိုယ့်နိုင်ငံတွေ ကိုယ်စီကိုယ်စီမှာ အဖွဲ့အစည်းတွေ ရှိကြပါတယ်။ ဆက်သွယ်ပြီး တတ်အားရှိသရွေ့ ကူညီကြပါဗျ။ အခြေအနေတွေက တော်တော်လေးကို ဆိုးရွား ပြင်းထန်နေတယ် လို့ သိရှိရပါတယ်။
အစိုးရကလည်း ပြည်ပ က အကူအညီပေးမယ့် သူတွေ၊ နည်းပညာရှင်တွေ၊ ဆရာဝန်တွေ၊ လုပ်အားပေးမယ့် သူတွေကို ပိတ်ထားတုန်းပဲ ဗျ။ လုံးဝ မပေးဝင်ဘူး။ တိုင်းပြည်က အခြေအနေတွေကို ကမ္ဘာကို အခုထိ ထင်းထင်းရှင်းရှင်း မသိစေချင်ဘူး။ စပိုင် တွေ ၀င်မှာလဲ ကြောက်တယ် ထင်ပါတယ်။ ဒါပေမယ့် အခု အခြေ အနေက ဒါတွေကို စိတ်ပူဖို့ မမှီတော့ဘူးလေ။ လူတွေ အသက်တွေ နဲ့ ရင်းပြီး ဒုက္ခရောက်နေကြတာ။ ဒီအချိန်မှာ အာဏာမြဲဖို့ အတွက် ဒါတွေ ဂရုစိုက်နေဦးမယ် ဆိုရင် အားလုံး ငတ်ပြီး သေကြရမှာ။ ကြားရတာတွေ၊ ဖတ်ရတာတွေက လုံးဝကို စိတ်မကောင်းဘူးဗျာ။
အခုအောက်မှာ မမေ ကိုယ်တိုင် ဒုက္ခသည် စာရင်းကို ဘိုကလေးက ရယူလာတာပါ။ လေ့လာနိုင် တာပေါ့။





မြန်မာပြည်ကြီး အမြန်ဆုံး နလန်ထူလာနိုင်ပါစေသား။
Tea

3 comments:

Unknown said...

မမေရဲ့ ဘလော့မှာလည်း ဖတ်ပြီး သာဓုခေါ်ပြီးပြီ Tea ရေ...။ အခုလို မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်..။

Unknown said...

ကို တီရေ ကျွန်တော်က မိတ်ဆွေသစ်ပါ။
ကျော်ရှိုင်းသူလို့ခေါ်ပါတယ်။
ကို တီး blog ကို သိပ်ကြိုက်ပါတယ်။
ဒီမှာတော့ အကိုတို့လို လွှတ်လွှတ်လပ်လပ်ဖတ်လို့ရေးလို့
သိပ်မရဘူးဗျ။
မမေကိုလည်းကျေးဇူးပါဗျာ။
ကျွန်တော်တို့က ပြည်တွင်းကဆိုပေမည့်
ကိုတီးတို့လို blog တွေဖတ်မှ အလုံးစုံသိရတာပါ။
အဲဒိအတွက် ကျေးဇူးထပ်ဆင့်ပါ။
နောက်လည်းမျှဝေပါဦး။

Unknown said...

ကို တီးရေ ကျွန်တော်က မိတ်ဆွေသစ်ပါ။
ကျော်ရှိုင်းသူလို့ခေါ်ပါတယ်။
ကို တီး blog ကို သိပ်ကြိုက်ပါတယ်။
ဒီမှာတော့ အကိုတို့လို လွှတ်လွှတ်လပ်လပ်ဖတ်လို့ရေးလို့
သိပ်မရဘူးဗျ။
မမေကိုလည်းကျေးဇူးပါဗျာ။
ကျွန်တော်တို့က ပြည်တွင်းကဆိုပေမည့်
ကိုတီးတို့လို blog တွေဖတ်မှ အလုံးစုံသိရတာပါ။
အဲဒိအတွက် ကျေးဇူးထပ်ဆင့်ပါ။
နောက်လည်းမျှဝေပါဦး။