Photobucket

Wednesday, May 28, 2008

က - ကလေးငယ် ချစ်စဖွယ် (တတိယပိုင်း)

အားလုံးချစ်တဲ့ ဘလောခ့်ကာ ကလေးငယ်များကို တတိယပိုင်း အနေနှင့် ပြန်လည် တင်ဆက်ပါတော့မည်။ အပိုင်း - ၁ ရော အပိုင်း - ၂ ပါ ပြင်းထန်စွာ အားပေးခဲ့ကြသော သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါသည်။ (မကြည့်ရသေးသူများ ကြည့်ချင်ရင် မျဉ်းသားထားသော အဲ့ဒီ နာမည်များကို နှိပ်လိုက်ပါ။)

အပိုင်း ၂ ပိုင်းလုံးမှာ မပါလိုက်ရလို့ဆိုပြီး စိတ်ချိုးတဲ့ သူတစ်ချို့ကို ဦးစားပေးပြီး ထည့်ထားပါတယ်။ ဒီတစ်ခါတော့ ထူးထူးဆန်းဆန်း ၁၅ယောက်တောင် ပါတယ်နော်။ ကျွန်တော့်ခမျာ ၁၅ ယောက်လုံးစီ သွားပြီး ဓာတ်ပုံတွေ ရိုက်ရ၊ အင်တာဗျူးရနဲ့ - အရမ်းကို မောတယ်။ ဘယ်ပြောကောင်းမလဲ - ဟိုတစ်ခါ ကောမန့်အပိုင်းမှာ လူတွေကို လိမ်ညာပြီး တီးပါဆိုပြီး ပုံတွေ တင်သွားသော နတ်ရှင်နောင်တော့ အပိုင်း ၃ မှာလဲ ထပ်ပါသေးတယ်။ :P

အပိုင်း - ၃ ပြီးရင် နောက်တစ်ပိုင်း လာချင်လာပါဦးမည်။ ဒုတိယ ပိုင်းကလို စာရင်းသွင်းတဲ့သူ များရင်တော့ လာပါမည်။ ကယ် စလိုက်ကြတာပေါ့။



၁။ ဟီးး - အောက်ကတော့ ဘယ်သူမှ မဟုတ်ပါဘူး။ ကိုတာယာ ပါ။ ကိုတာယာလဲ စာရင်းသွင်းထားတယ်လေ။ သားလဲ ပါမယ်ဆိုပြီးတော့။ အဲ့တော့ သူ့အိမ်ကို သွားရတာပေါ့။ ပြောရမယ်ဆိုရင်တော့ - သူ့အိမ်ရောက်တုန်းပေါ့။ ဒီပိုစ့်အတွက် ဓာတ်ပုံရိုက်မယ်လုပ်တုန်း - ကိုတာယာရဲ့ အထိန်းတော်က နေဦးတဲ့လေ သူပေါင်ချိန်ဖို့ အချိန်ရောက်ပီတဲ့။ ဒီကလေးက ငယ်ငယ်ကထဲက သေးကွေးတာ။ အစားမစားချင်လို့ မနည်း ကျွေးရတယ်တဲ့။ အခုလဲ ၀များ ၀လာပြီလား ဆိုပြီး ချိန်ရမယ်တဲ့။ ကျွန်တော်လဲ ဘယ်ပြောကောင်းမလဲ - အခွင့်ကောင်းရပီဟေ့ ဆိုပြီး အပီအပြင် တွယ်လိုက်တာ။ တစ်ချက်ထဲ မိသွားရော။

၂။ ဒီအောက်ကတော့ ပန်းခရေ ပါ။ အပိုင်း - ၂ ခထဲက စာရင်းကို ထိပ်ဆုံးကနေ လာသွင်းတာ။ သူကပြောပါတယ်။ အဲ့ဒီ အပိုင်း - ၂ ပြီးကထဲက ရန်ကင်းစင်တာ၊ ဒဂုံစင်တာတွေမှာ သွားပြီး ရှော့ပင်လုပ်တာတဲ့။ ဘာအတွက်လဲလို့ မေးတော့၊ သစ်သစ် လှလှ လေးဝတ်ပြီး ဓာတ်ပုံရိုက်ခံ မယ်တဲ့။ နောက်ဆုံး စကော့ဈေးမှာ သွားတွေ့တဲ့ ၀တ်စုံလေးနဲ့ပဲ ရိုက်လာခဲ့ပါတယ်။ သူလေးက ပြောင်နောက်တတ်တော့ လျှာကလေးပါ ထုပ်ပါရစေတဲ့လေ။ ကျွန်တော်လဲ အင်း အင်း ဆိုပြီး ရိုက်လိုက်တာ။

၃။ အောက်ကတော့ တစ်ခြားသူမဟုတ်ဘူး။ ကျွန်တော့်အိမ်က မေသူပိုင် ပါကွယ်။ သူလဲ အပိုင်း - ၃ သတင်းကြားရော၊ ဗီဒိုထဲ က ရှိတာ ကောက်စွပ်ပြီး ထွက်လာတာ။ အောက်ကပုံ ဖြစ်သွားရော။ အင်းး - ဆံပင်ကတော့ ပြောရမယ်ဆိုရင်တော့ ဟဲဟဲ၊ ပြောလဲ ပြောချင်ဘူး။ ဒါပေမယ့် ပြောလိုက်တော့မယ်၊ သူက ခေါင်းယားလို့ဆိုပြီး မနေ့တစ်နေ့ကမှ ကတုံးတုံးလိုက်တာလေ။ ပြီးတော့ ဓာတ်ပုံထဲမှာ ကတုံးမကြီး မဖြစ်ချင်ဘူး ဆိုပြီး ဘေးနားရှိတဲ့ တံမြတ်စည်းကို တုတ်ချွတ်ပြီး စွတ်ထားလိုက်တာ။ အဲ့လို အဲ့လိုတွေ ဖြစ်ကုန်ရော။

၎။ ဘယ်သူလို့ ထင်တုံး။ ကို ပါဂနာလေ။ သူ့အိမ်ရောက်သွားတယ်။ ဘာမှတော့ မဟုတ်ဘူး။ ဓာတ်ပုံသွားရိုက်မလို့ပါ။ အိမ်ရောက်သွားတော့ အိမ်ထဲမှာ လိုက်ရှာတာ လုံးဝ ရှာလို့ မတွေ့ဘူးဖြစ်နေတယ်။ သူ့အိမ်ကလူတွေကလည်း ဒီကလေး ဘယ်ပျောက်မှန်းမသိဆိုပြီး ပြောတော့ ကျွန်တော်လဲ စိတ်ညစ်ညစ်နဲ့ ၁၅ယောက်တောင် ရိုက်ရမယ်ဆိုပြီး အချိန်မရှိတာနဲ့ အပြန်လမ်းကျမှ ပြန်လာတော့ မယ် လို့ ပြောပြီး အထွက်မှာ - ဒင်းက ဘယ်ရောက်နေတုန်းဆိုတော့ သရက်ပင်ပေါ်ရောက်နေတယ်လေ။ ဘာလုပ်နေလဲ ဆိုတော့ ကြည့်လိုက်တော့။ ဇွတ်ပါလားနော်။ နှိုးပြီး မေးကြည့်တော့ ရေချိုးနေတုန်း အိပ်ပျော်သွားတာတဲ့။ ပြီးတော့ ဘယ်လိုမှန်း မသိ သရက်ပင်ပေါ် ရောက်နေတယ်။ ယောင်ယမ်းပြီး လမ်းထလျှောက်တာလား မသိ။ ဖြစ်တတ်တယ် တစ်ခါတစ်လေ။ သေချာလဲ မမေးမိဘူး။ အချိန်မရတော့လို့ အမြန်အဆန် ထွက်လလိုက်တယ်။ သိချင်ရင် သူ့ကိုသာ သွားမေးတော့။

၅။ အားရှားပါး။ ဘယ်သူမှတ်တုန်း။ ကိုHeartMuseum လေ။ အညတရ လို့လဲ အမည်တွင်တယ်။ သူက အမြဲလမ်း အားကစားကို လိုက်စားပါတယ်တဲ့။ ကိုယ်လုံး လှအောင် အမြဲတမ်း ဒိုက်ထိုးပါတယ်တဲ့လေ။ တစ်နေ့ကို အခါ ၅၀၀၀ တောင် ဒိုက်ထိုးတာတဲ့။ ကြားတော့ တော်တော်တောင် လန့်သွားတယ်။ ငယ်ငယ်လေးနဲ့ အဲ့ဒီလောက်တောင် လုပ်ရသလားလို့ မေးကြည့်တော့ - ကြီးလာရင် အားကစား ချန်ပလုံ လုပ်မှာတဲ့လေ။ အင်း ချန်ပလုံက ဘာလဲ ဆိုတာတော့ အဲ့ဒီတုံးက မသိလိုက်ဘူး။ ပြီးမှ သူ့အမေကို ပြန်မေးကြည့်တာ။ အော်ာ် သားရယ်။ သူကလေးက စကား မပီရှာဘူးတဲ့လေ။ သူပြောတာ ချန်ပီယံပါတဲ့။ ကျွန်တော်လဲ အင်းအင်း ဆိုပြီး နှုတ်ဆက်ပြီး ထွက်လာလိုက်တယ်။

၆။ သူကတော့ မီးငယ်လေ။ ပူးရုပ် တွေ ကြိုက်ပါတယ် ဆိုတဲ့ မီးငယ်ပေါ့။ အဲ့ဒီတုန်းက ကျွန်တော့်အိမ်ရဲ့ စတူဒီယိုမှာ ရောက်နေတာ။ အိမ်မှာလဲ သိတယ်မလား။ Pooh မပြောနဲ့၊ ၀က်ဝံနဲ့ တူတာဆိုလို့ ဘာမှ မရှိဘူး။ မီးငယ်က မရဘူး။ Pooh ပဲ Pooh ပဲတဲ့။ Pooh မှ မရရင် ထိုင်ငိုမယ်တဲ့လေ။ ဘယ်ရမလဲ။ ကလေးဆိုတော့ ညာပြီး ပန်းအိုး ထဲ ပစ်ထည့်လိုက်တာ သူကလဲ အထူးအဆန်းလေး ဖြစ်သွားတယ်ဆိုပြီး ငြိမ်နေတယ်လေ။ ခေါင်းပေါ်မှာ မြန်မြန် ပန်းတွေ ပစ်တင်လိုက်ပြီး ရှလွက် ရှလွက် ဆိုပြီး ရိုက်လိုက်တာ။ အောက်ကပုံလေး ရရှိလာပါသည်။

၇။ သူကတော့ ဘယ်သူမှ မဟုတ်ဘူး။ ကျွန်တော့်အိမ်က ဗိသုကာ Corner မှ လင်းစစ်သူ ပါ။ ပြောရမယ်ဆိုရင်တော့ မနေ့ နေ့လည်လောက်တုန်းက အိမ်ကို ဧည့်သည်တွေ အများကြီး ရောက်တုန်း။ မေသူရော ကျွန်တော်ရော - မီးဖိုချောင်ထဲ မှာ လက်ဖက်ရည်တွေ အပြင်းအထန်ဖျော်နေရတာ။ ကျဆိမ့်၊ ချိုဆိမ့် တွေ ရော စုံပလုံကို စိနေတာပဲ။ ပေါ့ဆိမ့်လဲ ပါသပေါ့။ ဘာ။ ပြီးတော့ မချို့ မပေါ့ ဆိမ့်ပေးပါတဲ့။ ဘယ်သူလဲတော့ မသိဘူး။ မေ့သွားပြီ။ ကျွန်တော့်အိမ်မှာ အဲ့ဒီလို ဖျော်ဆရာတွေ အလုပ်ရှုပ်နေတုန်း။ လင်းစစ်သူက ဘာလုပ်နေတယ် မှတ်တုန်း။ အိမ်ပေါ်ထပ်မှာ Tom & Jerry ကြည့်နေတယ်။ ဒါနဲ့ မေသူကို အိမ်ပေါ်လွှတ်ပြီး သွားကျိန်းခိုင်းတာ လင်းစစ်သူခမျာ အောက်က ပုံလေး ဖြစ်နေရော။ :)


၈။ အဲ့၊ အောက်က သူတွေ ဘယ်သူလို့ ထင်တုန်း။ သုံးယောက်တောင်။ နိုးအဖွဲ့တော့ မဟုတ်ဘူးနော်။ J P Z တဲ့။ ကောင်မလေး သုံးယောက် လုပ်တဲ့ ဘလောခ့်ကာ လေးတွေလေ။ သူတို့ လဲ သုံးယောက်တွဲလေး ပါမယ်ဆိုပြီး လာပြောတော့ စတူဒီယိုမှာ ရိုက်လိုက်တဲ့ ဓာတ်ပုံလေးပါ။ ရိုက်နေတုန်း J က ဘာမှတ်တုန်း။ P ကို သွား ဆွဲစိတ်တာ။ P က အလယ်ကနေ ရန်တွေ့နေတာလေ။ အဲ့ဒါကို J က မသိယောင်ဆောင်နေတာ။ ခပ်တည်တည်နဲ့။ Z ကတော့ ရတယ် ဒင်းတို့ ၂ ယောက် အလုပ်ရှုပ်နေတုန်း နာကတော့ အလှဆုံး ဖြစ်အောက်ဆိုပြီး ပဲထုတ်နေတာ။ သေချာကြည့်တော့ ဘယ်ဟုတ်မတုံး။ သူ့ခေါင်းပေါ်မှာ P က ဘောင်းဘီတိုကြီး သွားတင်ထားတာ။ ဟီးး Z ကလည်း မသိပါဘူး။ အားလုံး ပြီး သွားမှ သိတာ။ သူတို့ ၃ယောက်ကို မနည်း ဆွဲထားရတယ်။ စတူဒီယို တစ်ခု လုံး ဗြောင်းဆန်သွားပါရော။

၉။ သူ့နာမည်က ကိုအောင်ကောင်း။ ထွေထွေထူးထူး မဟုတ်ပါဘူးတဲ့။ ပျော်ပျော်ပဲ နေတယ်တဲ့လေ။ အခုလဲ အိမ်ရောက်သွားတော့ ဘာလုပ်နေလဲ မှတ်တယ်။ ကြီးလာရင် မင်းသားလုပ်မလို့ လေ့ကျင့်နေတာတဲ့လေ။ ဘာအကွက်လဲ သွားကြည့်လိုက်တော့ လန့်တောင်လန့်သွားတယ်။ မျက်စိ နှစ်လုံးက အလယ်ကို စုလို့ ပြူးလို့။ နှုတ်ခမ်းကို လဲ ချွမ် ထားလို့နဲ့။ ဘာလုပ်နေတာလဲ လို့ မေးတော့။ မျက်နှာ အက်ရှင် အမျိုးမျိုး လုပ်တတ်အောင် ပြင်းပြင်း ထန်ထန် လေ့ကျင့် နေတာပါတဲ့လေ။ အခုလဲ မျက်လုံး နှုတ်ခမ်း အပိုင်းကို လေ့ကျင့်နေတာတဲ့။ ကျွန်တော်လဲ ဓာတ်ပုံတစ်ပုံ မြန်မြန် ကောက်ရိုက်ပြီး ထွက်လာလိုက်တယ်။

၁၀။ ကို အောင်မျိုးဟန် ပါ။ သူပဲ စာရင်းသွင်း ပြီး ပါမယ်ဆိုပြီး လုပ်တာ။ သူ့အိမ်ရောက်မှ မရိုက်ချင်ဘူးဆိုပြီး ဘူးးး ဘူးးးး ဆိုပြီး ဇွတ်ငြင်းနေတာ။ လာမရှုပ်နဲ့တဲ့။ ဒီမှာ နို့သီးခေါင်း ဆော့နေတာတဲ့။ လက်ထဲမှာ ရှိတယ်။ သူ့ကို အော်မေးလိုက်တယ်။ ဟေ့။ ပြောတုန်းကတော့ ပြောပြီးတော့ အခုမှ ရမလားဆိုပြီး။ သူက အမယ် ရုပ်တည်ကြီးနဲ့ မေ့သွားပြီတဲ့လေ။ သူ့နို့သီးခေါင်းကို ဆက်ဆော့နေတုန်း။ ကျွန်တော်က ဘေးက လူတစ်ယောက်ကို ပုလင်းတစ်လုံး ပြခိုင်းလိုက်တာ။ အံမယ်။ ဒင်းကလေးက အဲ့ဒီပုလင်းလဲ မြင်ရော။ မျက်လုံးက ပြုးလို့၊ တောက်လို့၊ ပြောင်လို့။ ကျွန်တော်လဲ အချိန်ကောင်းပဲ ဆိုပြီး ဓာတ်ပုံ မြန်မြန်ရိုက်လိုက်တယ်။ ဟဲဟဲ။ ဒီကလေးနှယ့် နိုင်ကွက်နဲ့ ဆော်မှ ရတယ်။ :P

၁၁။ အခုမှ ရမလား။ လာငိုပြမနေနဲ့။ ကြည့်ပါဦး။ နတ်ရှင်နောင်ကို ကြည့်ပါဦး။ ငိုနေလိုက်တာမှ။ ၁၈ ရပ်ကွက်လုံး တောင် ကြားရတယ်။ အသံပြဲပြဲကြီးနဲ့ ငိုတာ မြန်မာတိုင်းစ်ထဲမှာ တောင် ပါလာတယ်။ ဘာရယ်ညာရယ် မဟုတ်ပါဘူး။ အပိုင်း ၁ ရော အပိုင်း ၂ မှာပါ လူတွေ ကို ထင်ယောင်ထင်မှား ဖြစ်အောင် ဓာတ်ပုံတွေကို သူ့ဓာတ်ပုံတွေကို တီးဓာတ်ပုံပါဆိုပြီး ထုတ်ထုတ်ပြနေတာ။ ကျွန်တော်လဲ ဘယ်ရမလဲ။ မှတ်လောက်သားလောက် ဖြစ်သွားအောင် အိမ်က လက်ရွေးစင် ကြောင်ကို သူ့အိမ်လွှတ်ပြီး သူ့အလစ်မှာ ပညာပေးခိုင်းလိုက်တာ။ အိမ်ကကြောင်ကလဲ လာမစမ်းနဲ့တဲ့လေ။ တစ်ကြောင်ထဲရှိတယ်တဲ့။ ပိုတဲ့ကြောင်တွေ အကုန်ရှင်းပလိုက်မယ်ဆိုပြီး ခွက်နဲ့ လှမ်းတွယ်လိုက်တာ။ နတ်ရှင်နောင် ခမျာ သနားပါတယ်။ ငိုနေရှာတာ။ ကြည့်ပါဦး။

ဟုတ်ကဲ့။ အပိုင်း ၃ ကို ဒီတင်ရပ်ပါရစေ။ ဒီပိုစ့်မှာ စာရင်း လာသွင်းမယ့်သူတွေ များဦးမယ်ဆိုရင်တော့ အပိုင်း ၄ကို ဆက်လာပါဦးမည်။ မျှော်။ ပါချင်သူများ - ပါပြီးသူတွေ ထပ်ပါချင်သူများ စာရင်း မြန်မြန်သွင်းကြတော့။

အားလုံးပျော်ရွှင်ပါစေသား။

Tea

မှတ်ချက်။ ။ ဤပိုစ့်တွေကို အရမ်းကြိုက်ပါတယ်ဆိုပြီး နောက်နောင် အပိုင်းများအတွက် ကလေးငယ်များ ဓာတ်ပုံကို တကူးတက ပေးပို့လာသော ကို ပါဂနာကို တီးမှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။

36 comments:

Anonymous said...

နေခြည်ကျတော့ပါဘူး။အဟင့် :( ထားပါတော့ ဘလောခ့်သမားတွေပဲပါတာဆိုတော့။ နေခြည်က ဘလောခ့်မှမရှိတာ။ ဘာပဲပြောပြောဖတ်လို့ကောင်းပါသည်။အရမ်းရီရတယ်။ မမေသူကချစ်ချာလေး။

Anonymous said...

ပါချင်တယ် ပါချင်တယ် စာရင်း ပေးခဲ့တယ်နော့် ပုံကောင်းကောင်းလေး ရှာထားပေး ။ တော်တော်တက်နိုင်တာပဲ ပေးလည်းပေးတက်တယ်း)

Anonymous said...

WOW!! NICE JOB!

Anonymous said...

မီးလည်း ပါမယ်လေ။ ဟီးဟီးဟီးဟီးဟီး။ အိမ်သာမဟုတ်ဘူး။ ဟဲဟဲ

အရာရာ said...

ပါနိုင်ရန်အတွက် စာရင်းလာပေးတာပါဂျား.....ကောင်းသောနေ့လေးဖြစ်ပါစေ...။

Unknown said...

မောင်တီး..... နာကမြင်းတာ ဘူလိုတိ.... တိုက်တိုက်ဆိုင်ဆိုင် ဆံပင်က ငါအခု ညှပ်ထားတဲ့ ပုံကွ။ D;

ပန်းခရေ said...

ဟီးး ပျော်လိုက်တာဂျာ...
အနော့်ပုံလေးကလှလိုက်တာ
ကိုတီးရေတစ်ကယ်ပျော်တာဂျ ...
အဲလိုလှလှလေးလုပ်ပေးတာ ..
မဆိုးဘူး အလှပြင်ရကျိုးနပ်ပီ..ဟိဟိ
ကျေးဇူးတင်တယ်ဂျ

အောင်မျိုးဟန် said...

မျက်လုံးကတော့ တကယ်တူတာပဲ ဟတ်ဟတ်ဟတ်

Anonymous said...

ကောင်းတယ်ဟေ့ ဆက်လုပ်ဆက်လုပ်

Anonymous said...

haha!
Very very funny and amazing! Nicely done! Will wait to see more of it!

Anonymous said...

ကိုတီးရေ…ကျွန်တော်လည်းပါမယ်ဗျို့၊ မချန်ခဲ့နဲ့ဦး ဗျ ၊

သက်မီမီထိုက် said...

ဟဲ့ သူငယ်ချင်း

ငါလည်းပါချင်တယ်....စာရင်းသွင်းလိုက်ပြီနော်..

မပါရင် ခေါ်တော့ဘူးးးးးးးးးးးးးး

ဟင့်

Anonymous said...

I want to be in part-4 too! :)

Anonymous said...

ကောင်မလေးလည်း ပါမယ်နော်..
စာရင်းလာသွင်းတာ.. အပဲာ..
မပါလို့ကတော့ အလွတ်မပေးဘူးမှတ်.. :P

ပါဂနာ said...

အဟိ...လူကြီးတွေ ပြောပြောနေတဲ့
“ငှက်သိုက်” ဆိုတာ. ဒီအပင်ပေါ်မှာ မှတ်လို့ ...
ကိုရင်“နာဂစ်.” နဲ့ လိုက်သွားတာ.
(မာရဇ္ဇ နှင့် ဘာမှ မတော်ပါ)

အံမယ်..မယ်.. “Heart” ကြီးက
သူ့ ဆံပင်သူလက်နဲ့  မစမ်းအားသေး
တော့ မာန်တက်နေတယ် ပေါ့..
(တော်ပါသေးရဲ့ .အောက်ကို ဆက်“မစီး”လို့ 
သူ့ ဆံပင်က“လွှတ်”ကောင်းတာ)..

ရေသူမလေး. “မေသူ” ရေ.
တံမြက်စည်း ကြီးနဲ့  မလှရှာဘူး..
ကတုံးလေးနဲ့  ကမှ ကြည့်ရ “ဆိုး” သေးတယ်..:P

“နတ်” ကြီးခင်ဗျာ.မလဲ.
ဒီတစ်ခါတော့ ငိုပါငိုရရော...
ငိုတာပေါ့..ဓါးချည်းလှိမ့်သွေးနေလိုက်တာ
“အပ်” သာသာပဲ ကျန်တော့လို့ တဲ့.


အားလုံးနဲ့  အတူ..
ပျော်ပါတယ်. ညီညီ “တီး” ရေ...♪.♫♪.♫.

ဒါနဲ့ ..ဟိုသုံးယောက် ဆီက ဘောင်းဘီပြန်တောင်း
ပေးဦး...“အေး..လှပီ”... ^_*

NatShinNaung said...
This comment has been removed by the author.
NatShinNaung said...

နတ်သျှင်နောင်အား ဒုက္ခပေးသော တီးရဲ့ဓါတ်ပုံအား chatting ၀င်နေတုန်း ခိုးရိုက်ထားပါသည်။ ရှုစားတော်မူကြရန် click here

Tea said...

OH MY GOSH!! KO NAT SHIN NAUNG!!!

>_<

>_<

>_<

>_<

>_<

>_<

>_<

>_<

>_<

>_<

>_<

>_<

>_<

>_<

>_<

>_<

I am not that fat! ;)

Tea said...

thx so much for the poem, ko paganar! :)

Anonymous said...

nat shin naung's pic is very very funny! =P

Soe Mya Nandar Thet Lwin (Borros Roxo) said...

Tea ရယ်

နတ်သျှင်နောင် က Tea ကို ပြန်ရိုက်တဲ့ ပုံတွေက ၃ပုံလုံး လန်ထွက်နေတာပဲနော်.. Very good snaps indeed.

နတ်သျှင်နောင်က လဲ Tea က သူ့ပုံကျ လှလှ လေးတင်ပေးရတယ်.., Not fair!! ^ _ ^

ဒါပေမယ့် Tea ရယ် လှလို့ဝလို့ ဆိုတာပဲ ရှိပါတယ်... ဟုတ်ဘူးလား??? ဆက်သာဝ.. ခွီ ခွိ :))

ရီအောင်လုပ်နိုင်တဲ့ Tea နဲ့ နတ်သျှင်နောင် ကို Thanks a lot ပါ..., :)))

နတ်သျှင်နောင် ရေ နောက်လဲ Tea အတွက် Special လေးနော်.. ဟိ ဟိ :))

စိုးမြနန္ဒာသက်လွင်

အောင်ကောင်း said...

ကို တီး. . . ကိုနတ်လျှင်နောင် တင်ထား တာ ကိုတီး ပုံလားဟင် . . . :D စိတ်ဆိုး နဲ့နော် . . တကယ်ထင်သွားလို့ . . ဟီး . .
ကိုတီး post များအားကြိုက်ပါသည်။ :P

Anonymous said...

ကိုတီးရေ ဓာတ်ပုံတွေက အမိုက်စားတွေဘဲနော်။ နတ်သျှင်နောင်ပုံကို အကြိုက်ဆုံးဘဲ။ ရှင်ဘဲ သူ့ကို ဒီလို ငိုအောင် လုပ်နိုင်တာ ထင်ပါရဲ့နော်။ တော်တယ် ဟေ့... ဟီးဟီး။ ကလေးလေးက သနားစရာလေးနော်.. ဒီလောက်လေးစတာ ငိုရတယ်လို့... ကျွတ်ကျွတ်..ကျွတ်..။ ကိုတီး hi5 နော်...။

ညမီးအိမ် said...

ဪမောင်တီးကအဲလောက်တောင် ၀တယ်လားအထင်ဘူးအစကအဲလိုလို့။ :P ကိုနတ်သျှင်နောင်ရေ တီးကအဲလောက်တောင်ဝတော့ သူမိန်းမတော့ အလွယ်ဘူးဂျ ထမင်းဖိုးက တစ်နေ့တစ်နေ့နည်းမှာဟုတ်ဘူးနော်။ ဂျစ်လို့ချဒီချိတ်ချိုးပါနဲ့ တီးရယ်။ ဟဲဟဲ

Anonymous said...

တို့လဲ..ပါချင်တယ်ကွယ်။ ဘယ်နား ..ပါ..ရမှာလဲ။ လာမ ကြည့်ကြပါနဲ့။ရှက်လို့။ ပြီးရင် အကြွေပြန်အမ်း။ ဒေါ်လာ200 တန်ပေးထားတာ။

Anonymous said...

သားလည်းပါချင်တယ်ကွယ်.. ဦးဦးသီးရေ အိမ်သာအားလား အဲဟုတ်ပါဝူး အပိုင်းလေး ပါမယ်ဗျို့

Anonymous said...

လာလည်သွားပါတယ်ဗျ .. ကျနော့်ကို လည်း က-ကလေးငယ်မှာ ထည့်ပေးအုံးလေ ..

Tea said...

ကိုကိုဖရီး၊ ရှမ်းကလေး နှင့် ပုတို တို့ ပြောတာတွေကို ဒီဘက်မှာ ပြန်ကူးထားလိုက်ပါတယ်။ စီဘောက်က ကျွန်တော် အပိုင်း ၄ လုပ်ရင် အဟောင်းတွေ မြင်မှာ မဟုတ်တော့လို့ပါ။

ဒဏ္ဍာရီည ရေ ထောက်ခံတာ ကျေးဇူးတင်တယ်။

နန္ဒာရေ - အပိုင်း ၄ မှာ နတ်ရှင်နောင်နဲ့ အတွဲကလေး လုပ်မလား .. ပုံကောင်းကောင်းတွေ ရှိတယ်နော်.. ဟဲဟဲ

နတ်ရှင်နောင် ကမြင်းသွားတာ လူတွေ တစ်မျိုးထင်ကုန်ပြီ။

ဒီတစ်ယောက်တော့ အပိုင်း - ၄ ကြရင် မြင်ကြရဦးမယ်နဲ့တူတယ်။

တစ်ကယ်ထင်သွားသော ကိုအောင်ကောင်းလဲ သတိထားဟေ့.. ဟီးဟီး။။

ညမီးအိမ်တော့ အဟုတ်ကို တီးသွားတာ။ သူလဲ သတိထား။ ဒီလူတွေ အားလုံးကို ဂရုပုံ လေး လုပ်လိုက်မှ ထင်ပါတယ်။ ဟဲဟဲ။။ :P

Thank you everyone!
Tea

Anonymous said...

တို့လည်းလိုက်မယ်ချန်မထားနဲ့၊ ချစ်သူသွားတော့ပျင်းလှတယ်။တို့လဲလိုက်မယ်ချန်မထားနဲ့ကွယ်။

အပိုင်း-၄ကိုမျှော်နေလျှက်

မေသူပိုင် said...

မေသူဆံပင်က နာဂစ်လက်ချက်ကြောင့်အုန်းပင်နဲ့ညှိပြီးကျွတ်သွားလို့ကတုံးတုံးလိုက်ရတာ၊အကျီကလဲ နာဂစ်နောက်တစ်ခေါက်ထပ်လာရင်ေ၇ထဲဆင်းပြေးမလို့တစ်ခါထဲဝတ်ထားတာ:P
တီး(မိုက်တီး)ရေ ကျေးဇူးနင့်ကိုလဲငါပြန်ရိုက်မယ်
လင်းစစ်သူပုံက လဲမိုက်တယ်နော် ငါလက်ချာပေးခဲ့လို့ထင်တယ်၊
ကိုပါဂနာရေ ကျေးဇူးပါ ကဗျာအတွက် ၊
နတ်သျှင်နောင်းေ၇ တီးပုံအတွက်ကျေးဇူးဘဲ တီးဝတာ တော့ ကမ္ဘာစံချိန်တင်တော့မယ် စားတာတွေသာကြည့်ပေတော့၊
ကိုကောင်းအောင်ပုံကိုတော့အကြိုက်ဆုံးဘဲ
:P

Anonymous said...

ဟားဟား.....တကယ်ရီရတယ်။ နတ်ရှင်နောင် နဲ့ တီးတို့ ရဲ့ photo တွေကိုအပိုင်း ၄ မှာလာကြည့်အုံးမယ်.......:P

အိတာ said...

အောင်ကောင်းပုံနဲ့ နတ်ရှင်နောင်ပုံက ရုပ်အဆိုးဆုံးပဲ...ဟီးဟီး

NatShinNaung said...

ဘွာ မခတ်ဘူးဗျို့။ စိန်လိုက် ကိုတီး။ ကြိုတင်ပြီး စိတ်ကူးထဲမှာ ပုံဖော်ထား။ ဒီတစ်ခါ ဘာလာမလဲလို့။ ချိုကျပေါ့လေး သတိပေးပြီးပြီမို့ ပေါ့ဆိမ့် ရိုးရိုးလေးပဲ လုပ်ဗျာ။ LoL

Tea said...

သေချာတယ်နော်။။ ဟွန်း။။ တစ်စုံတစ်ယောက်က ကိုနတ်ရှင်နောင်ဖို့ ဆိုပြီး စပယ်ရှယ်တွေ လာပို့ထားတာ။ ဟဲဟဲ

ဒီဇင်ဘာနှင်း said...

အပိုင်း ၄ လေးမှာ နှင်းလေး လဲပါမယ်နော် စာရင်းလာသွင်းတာ ကိုတီးရေ ဘလော့ဂါကလေးတွေအားလုံး ချစ်စရာလေးနော် ဒါပေမယ့် ကိုတီးကိုတော့ ဘယ်မှီပါ့အလဲနော် ဖားထားတာ ထည့်ပေးအောင်လို့

မီးငယ် said...

ကိုတီးရေ.. မြန်မာပြည်ကနေခုမှပြန်ရောက်လို့ လာလည်တာနော်..ချိတ်ချိုးနဲ့..အဟီး