Photobucket

Thursday, June 19, 2008

အေးချမ်းမေ၏ သီချင်းများ စုစည်းမှု

အေးချမ်းမေရဲ့ သီချင်းတွေလာပါပြီနော်။ သူငယ်ချင်းဆီက နေ ခွေအဟောင်းတွေ သွားကူးလာပါတယ်။ (သူငယ်ချင်း ဆိုတာက လင်းစစ်သူပါ၊) သူ့ခွေတွေက သီချင်းတွေရဲ့ နာမည်မရေးထားဘူး။ ဒါပေမယ့်လည်း အရေးမကြီးပါဘူး။ နားထောင်လို့ရတာပဲ။ :) အေးချမ်းမေကို လူတွေက လွန်ခဲ့တဲ့ ၈နှစ် လောက်သုံးက သေသွားပြီလို့ ပြောကြတယ်။ တကယ်တော့ အကောင်းပကတိပါပဲ။ ကျွန်တော့်ဘ၀မှာ ပထမ ဦးဆုံး သီချင်းနားထောင် ချင်အောင် ပြုလုပ်ပေးခဲ့တာက အေးချမ်းမေရဲ့ ပျော်ရွှင်ခြင်းကမ္ဘာဆိုတဲ့ သီချင်းလေးပါ။ အဲ့ဒီ သီချင်းလေးကို ကြားပြီးချိန် ဟို ငယ်ငယ်လေးကထဲက သီချင်းတွေကို နားထောင် တတ်လာပါတယ်။ အေးချမ်းမေ သီချင်းတွေဆိုလည်း တစ်ခုမှ အလွတ်မပေးခဲ့ပါဘူး။ သူသိသွားပါပြီ ဆိုတဲ့ သီချင်းလေးက ကျွန်တော် အကြိုက်ဆုံး သီချင်းလေးပါ။ အောက်မှာ ထိပ်ဆုံးကနေ တင်ထားပေးပါတယ်။ နားထောင်ကြည့်ပါ။ :)





သီချင်းကမ္ဘာတွင် ပျော်ရွှင်နေသူ
Tea

6 comments:

မင်းကျန်စစ်။ said...

ဖြစ်နိုင်ရင် အယ်လ်ဘမ်လိုက် ဒေါင်းလုပ် ချလို့ အဆင်ပြေအောင် လုပ်ပေးပါလား ညီလေး။

Tea said...

သီချင်းလိုချင်ရင် Gtalk ဆီလာခဲ့ပါ။ အားလုံးကို တင်ပေးဖို့ မဖြစ်နိုင်လို့ပါ။ သီချင်းများ စုစည်းမှုကမ္ဘာ၏ ရည်ရွယ်ချက်က အိမ်လာလည်တဲ့ ဧည့်သည်တွေ နားထောင်လို့ရအောင် စီစဉ်ပေးထားခြင်း ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။

Anonymous said...

သီချင်းတွေအတွက် ကျေးဇူးတင်ပါတယ်။

Anonymous said...

Hello Ko Tea,

I am facing problem while listing to songs from your blog. It doesnt go to next track by itself. I next to click the next button track by track so that it is very troublesome.
Is there anyway to solve this problem? thanks

မောင် said...

မြန်မာစစ်စစ်

Win Thanda said...

သီချင်းတွေအတွက် ကျေးဇူးပါ။
သီချင်းစာသားနဲ့ cord တွေ ဘယ်မှာဒေါင်းလို့ရနိုင်မလဲ
ဆိုတာလဲ အဆင်ပြေရင်ပြောပြစေချင်ပါတယ်
ကျေးဇူးတင်ပါတယ်