Photobucket

Tuesday, July 15, 2008

QUEST DANCE CREW


Hip Hop လို့ ပြောလိုက်ရင်တော့ Rap စာသားတွေ, DJ သီချင်းတွေ, Graffiti အရုပ်ပုံတွေနဲ့ B-Boy Dance တို့ကို သွားမြင်မှာပါ။ အခု ခေတ်ဘက်မှာတော့ Hip Hop Dance Style တွေ အများကြီးရှိလာပါပြီ၊ Popping, Slick Style, Lyrical နဲ့ Krump တို့ကိုပါ ကလာကြပါတယ်။ ဒါပေမဲ့ ပရိသတ်အများဆုံးကတော့ B-boy Dance ပါပဲ။ B-Boy မှာတင် အကစတိုင် Toprock, Downrock, Freeze နဲ့ Power ဆိုပြီး စတိုင် အမျိုးမျိုးထပ်ခွဲပါသေးတယ်။ Dancer တယောက်ဟာ အကုန်လုံးကောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ B-Boyအကမှာ သုံးရတဲ့အားကလဲ မနည်းဘူးကိုး။
ဒါတွေကို အကုန်ပေါင်းစုထားတဲ့ အဖွဲ့တွေ အများကြီးပါ။ Performance တွေလည်း အများကြီးပေါ့။ ပရိသတ်တွေကလဲ ကိုယ်ကြိုက်တဲ့ အဖွဲ့နောက်လိုက်ကြတာပဲ။ ပေဖူးလွှာကလဲ ကိုယ်ကြိုက်တဲ့ B-Boy အဖွဲ့ “Quest” အကြောင်း ပို့စ်တင်လိုက်တာပေါ့နော်။
ဒီ Video Clip လေးကတော့ So You Think You Can Dance Result Show မှာ ကသွားတာပါ။ ပျော်တော့ ပျော်စရာကြီး။ Chemist ပုံစံ Prop တွေကို ယူပြီး ကသွားတာပါ။ တယောက်ချင်းစီရဲ့ စွမ်းရည်ကို မြင်ရသလို စုပေါင်းက ရတဲ့ အကွက်တွေမှာလဲ 100 percent Entertainment ပဲ။ Presenter Cat Deeley ပြောသွားသလို သူတို့ထဲက သုံးယောက်က SYTYCD မှာ ၀င်ပြိုင်ဖူးပါတယ်။ သူတို့ရဲ့ solo တွေကိုလဲ တင်ထားတယ်နော်။ ဆက်ဖတ်သွားဦး။




ဒီအဖွဲ့မှာ တစ်ခုထူးခြားတာက ဘိုအဖြူတွေ မပါဘူး။ Asian နဲ့ Pacific Islander တွေ ကြီးပါပဲ။ တချို့ကတော့ USA မှာ မွေးတဲ့လူတွေပါတဲ့။ Quest အဖွဲ့မှာ Ryan Conferido, Ryan Feng, Brian Hirano, Victor Kim, Hokuto Konishi, Andy Luo, Lydia Paek, Aris Paracuelles, Dominic Sandoval, Steve Terada တို့ ပါပါတယ်။ ဒါကတော့ Myspace က ရယူထားတဲ့ နောက်ဆုံးလူစာရင်းပါ။ အ၀င်အထွက်တွေတော့ ရှိပါတယ်။ ပေဖူးအကြိုက်ဆုံး Dancer Sara Von Gillern ကလဲ သူ Avril Lavinge နဲ့ Tour လိုက်သွားပါတယ်။ Tour ပြီးရင် သူလဲ QUEST ကို ၀င်မယ်လို့သတင်းရထားတယ်။

ဒါကတော့ So You Think You Can Dance မှာ ပြိုင်ခဲ့ဖူးတဲ့ အဖွဲ့ဝင်သုံးယောက်အကြောင်းပါ။

Dominic Sandoval
D-Trix လို့ အသိများပါတယ်။ သူက Season 3 မှာ ၀င်ပြိုင်ပြီး Top 8 ချိတ်ပါတယ်။ သူ့Soloအကောင်းစားလေးတွေ Youtube မှာရှိပါတယ်။ အရမ်းများနေမှာစိုးလို့ တခုပဲ တင်လိုက်ပါတယ်။ ဒီမှာ Solo 2 နဲ့ Solo 3 ကို လင့်ခ်ပြန်ချိတ်ပေးထားတယ်။

မှတ်ချက်။ ပေဖူးလွှာ SYTYCD ကို Dominic မထွက်ခင် အပတ်အထိ TVမှာ ကြော်ငြာတွေကို သည်းခံစောင့်ပြီး ထိုင်ကြည့်ပါသည်။ သူလဲ ထွက်သွားကော online ကပဲ နောက်ကျမှ ကြည့်တော့သည်။ အဲလောက်ကို Dominic ကို ကြိုက်တာ။ :P



Hokuto Konishi
Hok လို့ လူသိများပါတယ်။ Season 3 Top 12 ချိတ်ပါတယ်။ ဂျပန်မှာ မွေးပြီး England မှာ ကြီးပါတယ်။ အခု USA မှာ စာလာသင်နေတာပါတဲ့။ တော်တော်ကမ္ဘာပတ်တဲ့ လူပဲ။ :P :P သူ့ Video တွေတော့ မတင်တော့ပါဘူး။ လင့်ခ်ပဲ ချိတ်တော့ လိုက်မယ်။ ပြီးရင် ပြန်လာခဲ့ဦးနော်။ ကျန်သေးတယ်။ :D ကြည့်မယ်ဆို ဒါကို နှိပ်

Ryan Conferido
Ryan ကတော့ US born Filipino ပါ။ သူ့အိမ်က သူ့ကို ပေးမကပါဘူး။ သူက ကျောင်းမှာ ခိုးကရင်း Dancer ဖြစ်လာတာပါတဲ့။ သူ့ကကွက်တွေအတွက် ဘယ်အကသင်တန်းမှ မတက်ဖူးပါဘူးတဲ့။ Self Taught ပါ။ သူကတော့ SYTYCD Season 1 မှာ ၀င်ပြိုင်တာပါ။ သူ့ Solo ကို ကြည့်ရင်တော့ တခါမှ မမြင်ဖူးသေးတဲ့ အကွက်ကို မြင်ရမှာပါ။ တံတောင်ဆစ်တစ်ခုတည်းပေါ်မှာ အားပြုပြီး လှည့်သွားတာပါ။ နောက် Solo တစ်ခုကို ဒီမှာ Link ချိတ်လိုက်တယ်နော်။

Kollaboration
Kollaboration ဆိုတာကတော့ USA West Coast မှာ ရှိတဲ့ အဖွဲ့အစည်းတခုပါ။ ရည်ရွယ်ချက်ကတော့ Asian American လူငယ်တွေ သူတို့ရဲ့ အရည်အချင်းကို ထုတ်ပြပြီး ရှေ့ကို တက်လှမ်းနိုင်ဖို့ စင်တင်ပေးတာပါ။ အဲဒီမှာ ကသွားတဲ့ QUEST ရဲ့ Group Routine လေးနဲ့ Post ကို သိမ်းလိုက်တော့မယ်။ ပေဖူးအကြိုက်ဆုံးအကွက်ကတော့ 1:05 မှာရှိတယ်။ Quest ကို ဘာလို့ ကြိုက်လဲဆိုရင် “They make hard choreography really easy and this group is 100% entertainment” :D


ဘလော့ဂါတွေ လိုက်ကလို့ ဇက်ကျိုးရင် တာဝန်မယူပါ။ :P ကမယ်ဆိုလည်း ကြိုပြောကြပေါ့နော်။ Emergency Room ကနေ စောင့်နှင့်မယ်။ အထူးသဖြင့် ‘တီး’။ တီးရေ ကမယ်ဆို သေတမ်းစာအရင်ရေးသွား Mac Pro နဲ့ Iphone ကို ပေဖူးလွှာ နာမည်ဖြင့် ထားခဲ့ရန်၊ ကျန်တဲ့ အကြွေးတွေတော့ မေသူပိုင်၊ လင်းစစ်သူနဲ့ အိမွန်တာတို့ကို ခွဲပေးရန်။ ;)

ပျော်ရွှင်ကြပါစေ။
ပေဖူးလွှာ

5 comments:

RePublic said...

အကုန်လုံးကို ကြိုက်တယ် ..ပေဖူးရေ ၊၊
သူတို့လို ကဖို့ဆိုတာ တော်တော်မလွယ်တဲ့ ပညာရပ်တစ်ခုပါ ၊၊ ရင်းနှီးပေးဆပ် လေ့ကျင့်ထားရတာ အကြိမ်ပေါင်း မြောက်မြားစွာပါပဲ၊၊

Anonymous said...

ကယ်.. ပေဖူးရေ.. အဖွဲ့ဖွဲ့တော့ ကကြမယ်.. :P

Tea said...

ပေဖူးခွာရယ်.. ဒီလိုမျိုးများ လွယ်လွန်းလို့

Anonymous said...

Thank you for the post =)

Anonymous said...

spectacular dances