Photobucket

Thursday, July 3, 2008

အတိတ်ကချစ်သူ



အတိတ်က ချစ်သူရေ . .
ငါမင်းကို သိပ်ပြီး ချစ်မိနေပေမယ့်
ချစ်ပါတယ်လို့ တစ်ခါမှ ဖွင့်မပြောခဲ့ဘူး။

အတိတ်က ချစ်သူရေ . .
ငါမင်းကို အရမ်း ဖက်ထားချင်ပေမယ့်
ဖက်ပါမယ်လို့ တစ်ခါမှ ဖွင့်မပြောခဲ့ဘူး။

အတိတ်က ချစ်သူရေ . .
ငါမင်းကို အနမ်း မွှေးရှိုက်ချင်ပေမယ့်
နမ်းပါမယ်လို့ တစ်ခါမှ ဖွင့်မပြောခဲ့ဘူး။

ဒီလိုနဲ့ ကြာလာတော့ ငါတို့ နှစ်ယောက် ဝေးပြီးရင်း ဝေးသွားခဲ့တယ် . . .

အတိတ်က ချစ်သူရေ . . .
အချိန်တွေသာ ကုန်သွားပေမယ့် . .
အရာအားလုံးဟာ မပြောင်းလဲခဲ့ဘူး။
နေရာတွေသာ ဝေးကွာသွားပေမယ့် . .
လွမ်းတဲ့စိတ်က မပြေလျော့သေးဘူး။
အသက်တွေသာ အိုမင်းလာပေမယ့် . .
ချစ်တဲ့စိတ်က မကုန်ဆုံးနိုင်ဘူး။

အတိတ်က ချစ်သူရေ . . . .
တစ်ခါတစ်လေ သတိရတယ်
မကြာခဏ တမ်းတမိတယ်
အမြဲလိုလို ကြေကွဲတတ်တယ်
သတိရခြင်း၊ တမ်းတခြင်း၊ ကြေကွဲခြင်း တွေကြားမှာ . . .
ကူးခတ်၊ ရှင်သန်၊ ရင်ဆိုင်း ရင်း . . .
ငါဟာ . . အချစ်ဆိုတာကို နားလည်လာခဲ့ပြီ။

သက်ရှိမဟုတ်သော အတိတ်ကချစ်သူ ထံသို့ ပေးစာ
Tea (ရင်တွင်းဖြစ်)

16 comments:

Tea said...

ဒီကဗျာလေးက ကျွန်တော် ဒီနေ့ မနက် အလုပ်မှာ ခဏအားနေလို့ .. စာအုပ်တစ်အုပ်ကိုဖွင့်ပြီး ကောက်ရေးလိုက်တာပါ။

လေးစားလျှက်
Tea

Anonymous said...

အရင်ကပြောတာကိုပြန်ရုပ်သိမ်းလိုက်ပီ..အခုကိုတီးက
ကဗျာဖန်တီးရှင်ဖြစ်သွားပါပြီ .ဆက်ရေး..ဆက်ဖတ်မယ်

Cherry said...

ကဗျာလေးက အရမ်းဖတ်လို့ကောင်းပါတယ်။ ခံစားရတယ်။

Cherry said...

ဆက်ရေးပါ။ စောင့်နေပါ့မယ်။ :)

Anonymous said...

Man! You improved a lot at writing poems! Good Job!

Anonymous said...

ဟယ်
ကဗျာတွေစပ်လို့ပါလား
အချစ်သမားကြီးပေါ့
ဟိ
ဟိ

PP said...

တီးတို့ခမျာလဲ ကွဲလိုက်ရတဲ့ အသဲ။ Spare parts လေး ဘာလေးဆောင်ထားပါလား။ :P

Tea said...

ဘယ်သူပြောလဲ.. အသဲကွဲတယ်လို့..
အဟွတ်..
အသဲကွဲတာဘာဆိုလာလဲတောင် မသိဘူး..
အဟွတ်..
နားမလည်ဘူးနော်..
အဟွတ်..
အဟွတ်..
အဟွတ် ဟွတ် ဟွတ်...

PP said...

အဟွတ် အဟွတ် ဆိုပါလား
ကြည့်ရတာ အဆုတ်ပါကွဲ သွားပြီထင်တယ်။
:P

Tea said...

ပေဖူးခွာနော်... ခွာမရှိရင် ခွာသွားဝယ်.. :P

Anonymous said...

ယောက်ျားလေးတွေ.. အဲဒါတွေခက်တာပေါ့။ သူတို့ကမှ ဖွင့်မပြောရင် မိန်းကလေးက ဘယ်လိုလုပ်ရမလဲ။ လွမ်း.. လွမ်း.... တစ်ယောက်ထဲကြိတ်လွမ်း.... မိန်းကလေးစိတ်ရော ဘယ်လိုရှိမလဲ မစဉ်းစားနဲ့... *o*

thandar

Tea said...

Thandar ရေ.. အဖြစ်အပျက်အမှန်က အဲ့ဒီလို ဖြစ်ချင်မှလည်း ဖြစ်မှာပါ.. ဟိဟိ

Anonymous said...

အဲ့လေ
တီးရေ
ကဗျာတွေတောင်စပ်လို့ပါလား
ဟုတ်နေတယ်ပေါ့လေ
ဖတ်လို့ကောင်း၏

နေခြည်

Anonymous said...

ကောင်းတယ်..ကဗျာလေးကမိတယ်နော်.......

အိတာ said...

ဂယ်ကြီး ခံစားချက်နဲ့ လား...

ဆက်ရေးနော် အားပေးတယ် ...:D

Anonymous said...

just have a chance to give them warmth hug when they r sad or feel disappointed is really meaningful and really proud of...

(^_^)

and be always with them...indeed...