Photobucket

Monday, July 14, 2008

ကိုယ်အလေးချိန်နှင့် အရပ်ဖြင့် ကျန်းမာရေးစစ်ဆေးခြင်း

ဒီနေ့တော့ မိမိအရပ်နဲ့ အလေးချိန်ကို တိုင်းပြီး ကျန်းမာသော ကိုယ်ခန္ဓာရှိလား မရှိဘူးလား ဆိုတာ စဉ်းစားကြတာပေါ့။

Healthy Body Weight ပုံမှန် ကျန်းမာသော ကိုယ်အလေးချိန်ကို BMI Body Mass Index 18.5 kg/m2 ကနေ 24.9 kg/m2 ကြားမှာ ရှိတယ်လို့ လေ့လာမှုတွေ အရ သိရပါတယ်။ ဒီကြားထဲမှာ အမြဲတမ်း ရှိနေတဲ့ လူတွေက ကျန်းမာပြီး ရောဂါဖြစ်ဖို့ risk နည်းတာကြောင့် သတ်မှတ်ထားတာပါ။

ပုံမှန် (ကျန်းမာ) = Between 18.5 and 24.9 kg/m2
Underweight (ပိန်) = Below 18.5 kg/m2
Overweight (၀) = Between 24.9 and 30 kg/m2
Obese (အ၀လွန်) = Over 30 kg/m2
Extreme (အရမ်းဝ) = Over 40 kg/m2

ဟုတ်ကဲ့။ မိမိကိုယ်တိုင်က ဘယ်အတွင်းမှာ ရောက်နေလဲ ဆိုတာ သိချင်တယ် ဆိုရင်တော့ ဒီအောက်က ပုံလေးထဲမှာ အလျားလိုက် လိုင်းပေါ်မှာ မိမိရဲ့ ပေါင်အလေးချိန်ကို လိုက်ရှာပြီး ဒေါင်လိုက် လိုင်းပေါ်မှာ အရပ်အမြင့်ကို ရှာပါ။ ပြီးရင် သူတို့ နှစ်ခု ဇယားထဲမှာ စုဆုံနေတဲ့ အမှတ်က ဘယ်ဘောင် အတွင်းမှာ ရှိနေသလဲ ဆိုတာ ကြည့်ပေါ့။ အပေါ်နားလေးမှာ ဂဏန်းလေးတွေကို တွေ့မှာပါ။ 18.5 တို့၊ 25 တို့ 30 တို့လေ။ ပုံမှန် 18.5 နဲ့ 25 ကြားမှာ ဆုံမှတ်လေး ရောက်နေရင်တော့ ပုံမှန်ပါပဲဗျာ။ ဒါမှ မဟုတ် လျော့နေရင်ပဲ ဖြစ်ဖြစ်။ ကျော်သွားလို့ပဲ ဖြစ်ဖြစ် အဆင်မပြေရင် အဆင်ပြေအောင် အစာချိန်ပါလို့ မှာပါရစေ။



ဇယား၏ အားနည်းချက်များ

Muscle တွေ တောင့်တင်းနေပြီး အလေးသမားများ၊ အားကစား သမားများကို ဒါနဲ့ ချိန်လို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ Muscle တွေ နဲ့ ကျစ်လစ်စွာ လေးနေသော သူတို့ ရဲ့ အသားတွေက Fat (အဆီ)ကြောင့် လေးတာ မဟုတ်တဲ့ အတွက် ကျန်းမာရေးပြဿနာ နှင့် မဆိုင်ပါဘူး။ ကိုယ်ဝန်ဆောင် မိခင်တွေ၊ နို့ထိန်းမိခင်တွေ အတွက်လည်း ဒီဇယားက ချိန်လို့ မရပါဘူး။ အသက်တွေ အရမ်းကြီးလို့ Muscle တွေ လျော့ကျနေတဲ့ လူတွေလည်း ဒီဇယားက မထိရောက်ပါဘူး။ ရှင်းရှင်းပြောရရင် ပုံမှန်လူတွေ လူများစုတွေကိုသာ Average Generalize လုပ်ပြီး ဖန်တီးထားတာ ဖြစ်လို့ ပုံမှန်လူတွေကိုသာလျှင် ထိရောက်ပါသည်။ တကယ်လို့ ကျန်းမာရေးအရ ကျကျနန စနစ်များဖြင့် သေချာ Diet ကို စစ်မယ်ဆိုရင်တော့ Body Mass Index (BMI) သာမက တခြား နည်းများဖြင့်လည်း စစ်ရမှာဖြစ်ပါသည်။

ဘယ်အထဲမှာ ၀င်သလဲ ဆိုတာ ပြောရဲရင် ပြောသွားလိုက်ဟေ့။ ;)

ကျန်းမာကြပါစေသား။
Tea

5 comments:

Tea said...

ပြောရဦးမယ်။ ကျွန်တော်ကတော့ ပုံမှန်.. ;)

ကြွားတာ.. ဟတ်ဟတ်

RePublic said...

မပြောဝူးဂျာ ... မပြောပြ၀ူး ..ဒါပဲ ၊၊
နောက်ဆို BMI ကိုမတိုင်းဝူး .. IBM ကိုပဲကြိုက်တယ်ဂျ ၊၊

PP said...

မျဉ်းပေါ်ရောက်နေတယ်။ ဘယ်လိုလုပ်ရမလဲ @.@

လူသား said...

ကျွန်တော်လည်းမျဉ်းပေါ်မှာကျနေတယ်ခင်ဗျ
ဘယ်လိုဆုံးဖြတ်ရမှာလဲဟင် ??? :D

Anonymous said...

I am overweighted -_-