Photobucket

Thursday, July 24, 2008

အချစ်ကင်ဆာ



ကျွန်မ အတွက် အိမ်မပျော်တဲ့ညတွေမှာ သီးချင်းနားထောင်ရင် အိပ်စက်ဘို့ကြိုးစားပေမယ့် အတွေး တွေက အလွမ်းတွေနဲ့ ပြည့်နှပ်နေတယ်။ အလွမ်းတွေကို ကုစားဘို့ သီချင်းနားထောင်ရင် အိပ်ပျော်ဘို့ ကြိုးစားနေပေမယ့်....... သီချင်းစာသားတွေတိုင်းက ကိုယ့်အတွက် ဖြစ်နေသလို လို။ ကျွန်မ ကိုဘဲ စောင်းပြီး ပြောနေသလားပေါ့ မလုံမလဲ အတွေးတွေနဲ့ ဆက်အိပ်ဘို့မကြိုးစားတော့ဘူး ကွန်ပျုတာကို ဘဲ ဖွင့်ပြီး ကဗျာတွေေ၇းမယ်၊ အွန်လိုင်းပေါ်က သူငယ်ချင်း တွေကို စ မယ်ဆိုတဲ့ အတွေးနဲ့ စတင်လိုက်ပေးမယ်။ ကွန်ပျုတာ က တုပ်တုပ်တောင် မလှုပ် ၊ကွန်ပျုတာ ကို ဖွင့် ဘို့ တတ်သလောက် မှတ်သလောက် ကလိနေပေမယ့်လဲ ဘယ်လိုမှ ဖွင့်မရဘူး ။ တောက်! အေ၇းဆို ဘာမှ မရဘူး။ ကျွန်မ ဘာကို ကြိမ်းမောင်းလိုက်မိမှန်းမသိဘူး။ ဘယ်သူ့ကို တောက်ခေါက် လိုက်တာလဲ ကွန်ပျုတာ ကိုလား? သီးချင်းစာသားတွေကိုလား? ကျွန်မ ကိုယ် ကျွန်မ စိတ်တို နေတာလား? မွန်းကျပ်နေတဲ့ စိတ်တွေကိုလား? ဘာမှန်းမသိတဲ့ အတွေးတွေကိုလား? ဘာမှန်းမသိတဲ့ တောက်တစ်ချက်ကြောင့် မေးခွန်းပေါင်းများစွာနဲ့ အလုပ်ရှုပ်သွားတဲ့ခဏမှာ ဘဲ အိပ်ရာဘေးက စားပွဲပေါ်မှာ တွေ့တိုက်တဲ့" ဒိုင်ယာ၇ီ စာအုပ်ကြက်သွေးရောင်လေးနဲ့ ဘောလ်ပင်လေးတစ်ချောင်း " ကြောင့် ကျွန်မ ရဲ့ အာရုံ က ဒိုင်ယာ၇ီစာအုပ်လေး စီေ၇ာက်သွားပြန်ပြီ။

ဒိုင်ယာရီစာအုပ် ကိုဖွင့်ရင်း ကဗျာတွေေ၇းမယ်။ ပြီးရင် ဘီယာမော့ရင်းဂစ်တာတီးမယ် ။ အတွေးထဲမှာ နေရာချပြီး ခြေလှမ်းတွေကို စတင်လိုက်တယ် ဘီယာပုလင်း သွားယူတယ်။ ဘီယာပုလင်းကို ဖွင့်ပြီး စားပွဲပေါ်မှာ တင်ထားတယ် ။ နံရံမှာ ချိတ်ဆွဲထားတဲ့ ဂစ်တာကို အိပ်ယာ ပေါ်မှာ ထားပြီး ဒိုင်ယာရီစာအုပ်ကို ဖွင့်ပြီး ကဗျာေ၇းဘို့ စတင်လိုက်ချိန်မှာ " ဂလွမ် ဂလွမ် ဂလွမ် !@#$% " ရုတ်တရက် ထမြည်လာတဲ့ အသံကြောင့် ထအကြည့်မှာ ဘီယာပုလင်းကို လက်နဲ့တိုက်မိပြီး ဒိုင်ယာ၇ီစာအုပ်လေး ဘ၀ ဘီယာရနံ့ ပျံ့သင်းလို့ စိုရွှဲသွားတယ်။ ဒေါသ က ငယ်ဒိတ်ကိုေ၇ာက်သွားပြီ။ ကုတင်ပေါ်က ဂစ်တာ ကို လှမ်းဆွဲပြီး အသံလာရာ မီးဖိုချောင်ဆီကို ခြေဦး လှည့်ခဲ့တယ်။ ဟော တွေ့ပြီ "ကြောင်စုတ်"အရင်က ချစ်စနိုးနဲ့ စနောက် ခဲ့တဲ့ မျက်နှာတောင် မထောက်ဘဲေ၇ရွတ်လိုက်မိတယ်။
ကျွန်မ ရဲ့ ဒေါသနဲ့ လှမ်းလာတဲ့ခြေသံတွေကို ကြားတော့ အလန့်တကြားနဲ့ သူကလေး ကို ပါးစပ်မှာ ကိုက်ချီလို့ ပြေးပါတော့တယ်။ ငါ့ရဲ့ဒေါသ တွေ နင့်ဆီမှာ ပုံကြပြီ "nancy" (ကြောင်လေးနာမည်ဒေါသတကြီး တွေ့ရာ နဲ့ ကောက်ထု ပစ်လိုက်တယ်။

တိတ်ဆိတ်လွန်းတဲ့ သန်ခေါင်ယံညကြောင့် အသံတွေက လိုအပ်သည်ထက်ပိုပြီး ဆူညံသွားတယ် ။
"ဒုန်းဒုန်းဒုန်း" ဟော ကြားရပြန်ပြီ တံခါးခေါက်သံ ဟိုဘက်က အိမ်က ကျွန်မ အဒေါ် " ဟဲ့ ဘာဖြစ်နေတာဒုန်း ညကြီး သန်ခေါင် ဆူညံနေတာဘဲ သူများတွေအိပ်နေတာကို မအိပ်သေးဘူးလား အလန့်တကြား ရှိလိုက်တာ"ကျွန်မလဲ nancy " ကို သာ အပြစ်ပုံချလိုက်တယ်။" ဟိုမှာ လေ နန်စီပေါ့ ညကြီးသန်းခေါင် ကလေးတွေကို ချီးပြီး ဘယ်ကြွမှန်း မသိဘူး အဲဒါ ဟိုဘက်ကို ခုန်ပြီးတတ်ပြီး ကျော်လွှားနေတာ ဆူညံနေလို့ ပေါက်ကွဲပြီး သမ နေတာလို့ဒေါသတကြီး နဲ့ ကျွန်မ အဒေါ်ကို ပြန် ပြောလိုက်တယ်။
'"ဘာ ... နန်စီက နင်တို့အိမ်က နေကလေးတွေကို ချီပြီး ရွေ့နေတာကို ပြောတာလား"
"င်တာဘဲ" သိချင်ရင် တီတီဘာသာ သွားကြည့်ချေတော့ ဆိုပြီး ဘုတောတောလိုက်တယ် ။
ကျွန်မ အဒေါ် ဒေါ်စပ်စုက မီးဖိုချောင်ဘက် ခဏ၀င်သွားပြီး ပြတင်းပေါက်ကနေစူးစမ်းစစ်ဆေးပြီး ကျမ ဘက်ကို ဦးတည်ပြီး" ဟဲ့ နန်စီက အိမ်ပြောင်းသွားတာ ဟဲ့ ကြောင်တွေက အိမ်တစ်အိမ်မှာ လူတွေနေမကောင်းဘူး အသဲအသန်ဖြစ်တယ်ဆိုရင် သူတို့က နေလေ့မရှိဘူး အိမ်ပြောင်းတဲ့အလေ့အထရှိတယ်သမီးရဲ့"
"သမီးတို့အိမ်မှာ အသည်းအသန် ဖြစ်နေတဲ့လူလဲ မရှိတော့ဘူး"
ကျွန်မ ဘုတောတောနေတာကိုသတိထားမိသွားတဲ့ကျမ အဒေါ်က ကျွန်မရဲ့ ကပိုကရိုဖြစ်နေတဲ့ ဆံပင်တွေကို သပ်တင်ပေးရင်း " သမီးရယ် နေေ၇ာကောင်းရဲ့လား သမီးကြည့်ရတာ ပင်ပန်းလိုက်တာ သမီးရယ်"
ကျန်းမာေ၇းကို ဂ၇ုစိုက်နော်သမီး သမီး အနားမှာ တီတီလေးတို့တွေ ရှိပါသေးတယ် သမီး သူငယ်ချင်းတွေလဲရှိတာဘဲ ဘာမှ အားမငယ်နဲ့နော် သမီး အစားလဲ မှန်မှန်စားပါ သမီးရယ်"
" ဆောရီးပါတီတီလေးရယ် သမီးတီတီလေးကို အိပ်ေ၇းပျက်အောင် လုပ်လိုက်မိသလိုဖြစ်သွားတယ်"
ကဲ သမီး အိပ်တော့နော် သမီး အတွက် တီတီလေး ဘုရားမှာ ဆုတောင်းပေးမယ်နော်"
ပွကျိပွကျိ ပြောပြီးထွက်သွား တဲ့ကျမ အဒေါ်ကိုကြည့်ရင်း ကျမအတွေးထဲ မှာ ကျန်ခဲ့တဲ့ စကားတစ်ခွန်း
"ဆုတောင်း" ဆုတောင်းတိုင်း တကယ်ေ၇ာ ပြည့်လို့လား၊ မပြည့်ဘူးဆိုရင် လူတွေက ဘာလို့ ဆုတောင်း နေကြတာ လဲ ပြည့်တဲ့အခါလဲ ပြည့်မှာပေါ့လေဆိုတဲ့အတွေးနဲ့
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် " ချစ်တတ်သော နှလုံးသား နဲ့ ကွဲတတ်သော အသည်း လွမ်းတတ်သော ဝေဒနာ တို့ ကင်းဝေးရပါလို့၏" ဆိုပြီး ရင်ထဲက ဆူးနစ်စွာ ဆုတောင်းမိ လိုက်တယ် အိပ်ပျော်ရတာ အဲလောက်ခက်မှန်း အစက ကျွန်မ မသိ ခဲ့ဘူး။
အမည်တပ်ပြီး လွမ်းချင်နေပေမယ့်. ၀ိုးတ၀ါးနဲ့ သူအရိပ်ကို မြင်ယောင်ပြီး လွမ်းနေရတဲ့ ဒုက္ခမသေးပါလား။
ချစ်တဲ့စကားကို ဖွင့်ပြောရမှာကြောက်နေတဲ့ရှင်ကြောင့် ကျမ ဝေးဒနာတွေတိုးနေတယ်
စစ်ရှုံးမှာ ကြောက်နေတဲ့ သူရဲကောင်းလား(သူရဲဘောကြောင်တာလားလို့တော့မစွပ်စွဲရက်ပါဘူးရှင်ရယ်)
စစ်မတိုက်ခင် မျှားကုန်နေတဲ့ရှင့်ကိုကြည့်ပြီး လေးဂွနဲ့သာ ကျမ ထိုင်ထုလိုက်ချင်တယ်:P
reject ထုခံရမှာ ကြောက်လို့ အမေရိကန် ဗီဇာ မလျှောက်ရဲ့တဲ့ သူက ရှင်ကြီးလား။
ကျွန်မ ရဲ့ တုန့်ပြန်မှုက deny လုပ်မှာကိုကြောက်လို့ ရင်ထဲမှာ သိမ်းထားမယ်ဆိုလဲ ကျမ ရှင်ကြီး ကို စကားတစ်ခွန်းပြောချင်သေးတယ်
"တစ်ချို့စကားတွေက မပြောဘဲနဲ့ရင်ထဲမှာ သိမ်းထားတာက ပိုတန်ဘိုးရှိတယ်တဲ့" ဒါဆိုရင် ရှင့်အချစ်က ၀ိုင်လိုပေါ့ဟုတ်လား။ ဒါဆိုရင် ရှင့် ရဲ့ အချစ်ဝိုင်ကြီး ကွယ်ပျောက်မသွားအောင်ရှင်ကြီးထိန်းသိမ်းထားပါနော်။
ရှင်ကြီး ထိန်းသိမ်းထားတဲ့နေရာလေးကို ကျမ အဝေးကနေကြည့်ခွင့်ရမယ်ဆိုရင် ကျမ ရဲ့ ဝေဒနာတွေသက်သာသွားမှာပါ။

ဒါနဲ့စကားမစပ် . ကျွန်မမှာ ရှင့်ကြောင့် ရတဲ့ဝေဒနာကို စစ်ဆေးကြည့်လိုက်တော့အဖြေထွက်လာတယ်
သိလား
အချစ်ကင်ဆာ တဲ့

အချစ်ကင်ဆာ ခံစားနေရချင်းများကင်းဝေးကြပါစေ
မေသူ

11 comments:

Cherry said...

ဒါနဲ့စကားမစပ် . ကျွန်မမှာ ရှင့်ကြောင့် ရတဲ့ဝေဒနာကို စစ်ဆေးကြည့်လိုက်တော့အဖြေထွက်လာတယ်
သိလား
အချစ်ကင်ဆာ တဲ့

:) လေးနက်တယ်

Cherry said...

မမေသူရေ
နိုင်ငံရေးပိုစ့်လေးတွေလုပ်ပါဦး
အားပေးနေပါတယ်

Anonymous said...

အချစ်ကင်ဆာ ? ? ? I'm pretty sure that I'm the first person who is suffering အချစ်ကင်ဆာ in this world

PP said...

ရှင့်ကို ငရုတ်ဆုံထဲထည့်ထောင်းချင်တာ။ အဲဒီလောက်ကို........ ........ ~,~

RePublic said...

အချစ်ကင်ဆာ ဆိုရင်တော့ မလွယ်ဘူးဗျ မမေသူ ၊၊
ဒါပေမယ့် "အချိန်" ဆိုတဲ့ တရုတ်ဆေးဆရာကြီး က လုံးလုံးမပျောက်တောင် အနည်းငယ်သက်သာအောင် ကုပေးတတ်တယ်လို့ ကြားဘူးတယ်၊၊
"အချိန်" နဲ့သာကုပါတော့ဗျာ ၊၊

ပျော်ရွှင်ပါစေ...

အိတာ said...

အရေးအသားကတော့လန်းတယ်...
ထုမယ်ဆိုတာကြီးပဲ
မိုက်တယ်
ဆက်သာရေး
ဆက်သာအားပေးမယ်...:D

Anonymous said...

ဟဲ့.. ပေဖူး.. ငရုပ်ဆုံ..!!!
ပေးဖူးရယ် ကျုပ်အဖြစ်ကိုသိသားနဲ့ :P
မေသူရေ.. ကောင်းတယ်ကောင်းတယ်.. အားပေးနေပါတယ်.. :)

Suburban Area said...

နှစ်ဆယ့်တစ်ရာစု ရောဂါသစ်ပဲဖြစ်မယ်..'အချစ်ကင်ဆာ'ဟ
ဝေဒနာရှင်ရဲ့ပြောပြချက်ကတော့ မိုက်တယ်။ လျှံတောင်ထွက်နေပြီးးး "ဝေဒနာအမြန်ဆုံးသက်သာပျောက်ကင်းပါစေ" ဆုတောင်းကတော့ တောင်းဆုပြုသူနဲ့လဲဆိုင်ပါတယ်...ဘာလိုပဲဖြစ်ဖြစ် ကျွန်တော်လဲ
ဆုတောင်းပေးနေပါမယ်...:D

Tea said...

ဒီစာသားတွေကို ခိုက်တယ်၊ ကြိုက်တယ်၊ မိတယ်...

ကျွန်မ ရဲ့ တုန့်ပြန်မှုက deny လုပ်မှာကိုကြောက်လို့ ရင်ထဲမှာ သိမ်းထားမယ်ဆိုလဲ ကျမ ရှင်ကြီး ကို စကားတစ်ခွန်းပြောချင်သေးတယ်
"တစ်ချို့စကားတွေက မပြောဘဲနဲ့ရင်ထဲမှာ သိမ်းထားတာက ပိုတန်ဘိုးရှိတယ်တဲ့" ဒါဆိုရင် ရှင့်အချစ်က ၀ိုင်လိုပေါ့ဟုတ်လား။ ဒါဆိုရင် ရှင့် ရဲ့ အချစ်ဝိုင်ကြီး ကွယ်ပျောက်မသွားအောင်ရှင်ကြီးထိန်းသိမ်းထားပါနော်။
ရှင်ကြီး ထိန်းသိမ်းထားတဲ့နေရာလေးကို ကျမ အဝေးကနေကြည့်ခွင့်ရမယ်ဆိုရင် ကျမ ရဲ့ ဝေဒနာတွေသက်သာသွားမှာပါ။

btw: welcome back MTP :) hehe

Cherry said...

နောက်တစ်ခေါက်ထပ်လာဖတ်တယ် နိ၈ုံးကြိုက်လို့

အိမ်လွမ်းသူ(မှန်နီကုန်း) said...

မမေသူ ကတော့ .လုပ်ပြီ..။.. အစောကြီး ကတဲ့က ကျနော်ပြောသားပဲ..။ ကျနော်ဆီကို ဘီယာပုလင်းပေးထားပါဆို....ဟော့ အခုတော့ ..သွားရှာပြီ..။ နှမျောစရာကြီး...နော်။ နောက်ထက် ကျန်သေးလား....ဗျ(ဘီယာ)။ လာလည်မလို့ ပါ..။