Photobucket

Tuesday, July 15, 2008

လူကိုများ အရူးမှတ်လို့


စုံထောက်တစ်ယောက်က .. လျှို့ဝှက် ထောက်လှမ်းရေး အမှုတစ်ခုနဲ့ သူ့အိမ်ကနေ ၂နှစ်လောက် ပျောက်သွားတာ... ပြန်လာတော့ သူ့မိန်းမက ဗိုက်ကြီးနေတဲ့ အပြင် ကလေးတစ်ယောက်ပါ ရနေပြီ ဖြစ်သည်။

သူအရမ်းစိတ်တိုသွားသည်။ ကလဲ့စားချေလိုချင်တဲ့စိတ်တွေနှင့် သူ့မိန်းမကို မေးသည်။

ဒါဘယ်သူ့ လက်ချက်တုန်း.. ကိုကောင် ငအောင်လား

ဟုတ်ဝူး .... (ငိုလျှက်...)

ဒါဆို ဟိုအကောင် ငအေးလား

ဟုတ်ဝူး... (ငိုရုံတင်မက၀ူး.. စိတ်ပါတိုလာပီ)

ဒါဆို..ဒါ ငါ့ရဲ့ ဘယ်သစ္စာမရှိတဲ့ သူငယ်ချင်း အစုတ်ပလုပ် လက်ချက်တုန်း...

မိန်းမက ရုတ်တရက် ပေါက်ကွဲသွားပြီး...ပြန်ဖြေလိုက်ပုံက

ရှင့်မှာတင် မဟုတ်ပဲ ကျွန်မမှာ သူငယ်ချင်း မရှိတော့ဘူးလို့ ထင်နေတာလား.. လူကိုများ အရူးမှတ်နေလို့..

Ref: mmcp

2 comments:

ညီအကိုများ said...

ဟားဟားဟား..

ကိုနေ

ပန်းခရေ said...

ဟားဟားဟားး အရူးကြီးကိုးး
း)
ရီရတယ်