Photobucket

Wednesday, July 2, 2008

သတင်း Center - 2nd July မြန်မာ့သတင်းများ


ယနေ့ မြန်မာ မုန်တိုင်း ဗီဒီယို အသစ်များ
Video-1 Video-2 Video-3 Video-4 (click the Videos to see)


မြန်မာနိုင်ငံ မြို့တော်ဟောင်း ရန်ကုန်မြို့တွင် တနင်္လာနေ့က ဖြစ်ပွါးခဲ့သည့် ဗုံးပေါက်ကွဲမှုမှာ သူတို့လက်ချက် ဖြစ်ကြောင်း မြန်မာနိုင်ငံ စွမ်းအားမြှင့် စစ်သည်တော်များအဖွဲ့ (VWSB) က ယနေ့ အင်္ဂါနေ့က ပြောကြားလိုက်သည်။ [More]


အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံထားရသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် ထောင်ဝန်ထမ်းများနှင့် စကားများပြီး အုတ်နံရံကို ခေါင်းနှင့် ဆောင့်သဖြင့် လွန်ခဲ့သည့် နှစ်ရက်က သတိမေ့မျောခဲ့သည်။ [More]


မြန်မာစစ်အစိုးရအား မုန်းတီး ဒေါသ ထွက်မှုများ ဆက်လက် ဖြစ်ပွားနေ [More]


ဇွန်လထွက် ချယ်ရီ မဂ္ဂဇင်းတွင် ဒီပဲယင်းက ဟူသော ကဗျာတစ်ပုဒ်ကြောင့် အက်ဒီတာ ကိုဌေးအောင် အား အတင်း နှုတ်ထွက် ခိုင်းလိုက်သည်။ [More]


နာမည်ကြီး အနုပညာရှင် အချို့နှင့် စီးပွားရေး လုပ်ငန်းရှင်များအား မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ထိန်းသိမ်းထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲချုပ်က ပြောဆိုလိုက်သည်။ [More]


ထိုင်းမြန်မာ နယ်စပ်တွင် နအဖဘက်က တပ်အင်အား တိုးမြှင့်ချထားသည်။ [More]


Telecoms specialist တစ်ယောက်မှ မုန်တိုင်းနေရာများတွင် သွားရောက် ကူညီရာ သူ၏ အတွေ့အကြုံများကို ပြောပြမှုများ [More]


ကေအန်ယူကို နှစ်ရက် တိုက်ခိုက်ပြီးရာ ဒီကေဘီအေနှု့် နအဖတပ် ဆုတ်ခွာ [More]


Melbourne မှ ကယ်ဆယ်ရေး ၀န်ထမ်း ငါးယောက် (Blackburn aid agency) သည် မြန်မာပြည်သို့ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ရန် ပြီးခဲ့သည့် အပတ်တွင် Melbourne မှ ထွက်ခွာသွားသည်။ [More]


Save The Children Fiji မှ မြန်မာပြည်အတွက် ဒေါ်လာ ၁သောင်း ကျော် အလှူငွေ ရရှိထားသည်။ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် သုံးစွဲသွားမည်ဟု သိရသည်။ [More]

ကမ္ဘာ့သတင်းများက ခဏနေရင် Ms. Reporter နောက်ထပ် ပိုစ့်တစ်ခုနဲ့ တင်ပေးပါလိမ့်မယ်။ အခုသူကျောင်းရောက်နေလို့ ကျွန်တော် မြန်မာ့သတင်းတွေကို အရင်တင်ပေးလိုက်တာပါ။

လေးစားလျှက်
Mr. Reporter

No comments: