အချိန်ပြည့် ကွန်ပျူတာ ဂိမ်းကစားနေသော တူဖြစ်သူ မောင်မောင်အား ဦးလေးဖြစ်သူက ဆုံးမ စကားပြောလေသည်။
ဦးလေး။ ။ မောင်မောင် ကျောင်းစာတွေ လုပ်ဦး။
မောင်မောင်။ ။ ဟုတ်ကဲ့ပါ။
ဦးလေး။ ။ အမြဲတမ်း မင်းဂိမ်းကစားနေတာ ပဲ တွေ့နေရတယ်။ ဂိမ်းကစားတွေ လျော့ဦးမှပေါ့....
မောင်မောင်။ ။ ဟုတ်ကဲ့...
ဦးလေး။ ။ အိုင်းစတိုင်းဆိုရင် မင်းအရွယ်မှာ စာတွေ အရမ်းဖတ်နေတာ လုံးဝ မကစားဘူး...
မောင်မောင်။ ။ ထိုအခါ . . ဂိမ်းကစားရင်း ဦးလေးဖြစ်သူကို မကြည့်ဘဲ ဖြေလိုက်သည်မှာ...
"ဦးလေး အသက်အရွယ်မှာ အိုင်းစတိုင်းက ပညာရှိကြီး ဖြစ်နေပြီလေ... "
ဦးလေး။ ။ ဟေ . . .
Ref: MMCP forum.
Sunday, July 13, 2008
ဖြေလိုက်ပုံက
Subscribe to:
Post Comments (Atom)
2 comments:
အချိန်ပြည့် ဘလော့နေသော သူငယ်ချင်းဖြစ်သူ တီးအား ပေဖူးလွှာက ဆုံးမ စကားပြောလေသည်။
ပေဖူးလွှာ။ ။ တီး ကျောင်းစာတွေ လုပ်ဦး။
တီး။ ။ ဟုတ်ကဲ့ပါ ခင်ဗျ။
ပေဖူးလွှာ။ ။ အမြဲတမ်း မင်းဘလော့နေတာ ပဲ တွေ့နေရတယ်။ စာရေးတာတွေ လျော့ဦးမှပေါ့....
တီး။ ။ ဟုတ်ကဲ့...
ပေဖူးလွှာ။ ။ အိုင်းစတိုင်းဆိုရင် မင်းအရွယ်မှာ စာတွေ အရမ်းဖတ်နေတာ လုံးဝ မကစားဘူး...
တီး။ ။ ထိုအခါ . . Blogနေရင်း
ပေဖူးလွှာကို Gtalk တွင် ပြန်ဖြေလိုက်သည်မှာ...
"ပေဖူးလွှာက အိုင်းစတိုင်းလောက် ပညာရှိတာကိုး....."
ပေဖူးလွှာ။ ။ သိရင် ပြီးရော။ ;)
မှတ်ချက်။ ဘာမှတော့ မဆိုင်ပါ။ အင်း.... စဉ်းစားကြည့်ရင် ဘာမှကို မဆိုင်တာ။ တီးဘလော့ရောဂါစွဲကပ်နေသည်ကတော့ အမှန်ဖြစ်ပါသည်။
ပျော်ရွှင်ကြပါစေ။ :)
ဘလော့ဂ်စွဲနေသူထဲတွင် ကျွန်တော်လည်း ပါမည်ဖြစ်သည်။
Post a Comment