Photobucket

Monday, July 14, 2008

ဆရာဝန် ကုသလိုက်ပုံ


ဆရာဝန်တစ်ဦးထံသို့ လူနာ တစ်ဦးရောက်ရှိလာပြီး ၄င်းခံစားနေရသည့် ဝေဒနာအား ပြောပြလေသည်။


လူနာ ။ ။ ဒေါက်တာ... ကူညီပါဦး။ ကျွန်တော့်တစ်ကိုယ်လုံး ဘယ်နေရာထိထိ နာနေတယ်။

ဒေါက်တာ ။ ။ ခံစားရတဲ့ ဝေဒနာကို သေသေချာချာ ပြောပြပါဦး။ ဘာမှ စိတ်မပူပါနဲ့။

လူနာ ။ ။ ကျွန်တော့် ပခုံးကို လက်နဲ့ ထိရင် အရမ်းနာတယ်။ ဒူးခေါင်းကို ထိရင်လဲ အရမ်းနာတယ်။ နောက်ဆုံး ခေါင်းကို လက်နဲ့ ထိရင်တောင် မခံနိုင်အောင် အရမ်းနာတယ် ဆရာ။

ဒေါက်တာ ။ ။ ဟုတ်ပြီ... ခင်များ ခံစားရတဲ့ ဝေဒနာကို ကျွန်တော် သိပြီ။

လူနာ ။ ။ ကျွန်တော် ဘာများ ဖြစ်နေပြီလဲ ဒေါက်တာ။

ဒေါက်တာ ။ ။ ဘာမှ မဟုတ်ပါဘူး။ အဲ့ဒါ ခင်များရဲ့ လက်ချောင်းတွေ ကျိုးနေလို့ ဖြစ်တာ။ လက်တွေကို ပတ်တီး စည်းပေးလိုက်ပါ့မယ်။

လူနာ ။ ။ ခင်ဗျာ.....

Ref: mmcp

3 comments:

Welcome said...

အနာနဲ့ဆေး တည့်သွားလို့ပေါ့ဗျာ
နို့မဟုတ်ရင် ရောဂါတော်တော်ကျွမ်းသွားမှာ..။
-
နှစ်သက်စွာ ဖတ်သွားပါတယ်
ဝင်းဇော်

ကိုရင်နော်ခင်လေးငယ် said...

ဟား..ဟားးးး
ရီအောင်မလုပ်နဲ့နော်..ဒါဘဲ...
ဟွန်း

ပါဂနာ said...

ညီလေးရေ..

ဆရာဝန်ကြီး မျက်စိသာ

“ကျောက်ပတ်တီး” စည်းပေးလိုက်ပါတော့..:P