Photobucket

Thursday, July 3, 2008

သတင်း Center - 2nd July ကမ္ဘာ့သတင်းများ



Solar System is egg-shaped
NASA ဧ။် Voyager 1, Voyager 2 တို့နှင့် လေးနှစ်ကြာ စမ်းသပ်မှု အပြီးတွင် နေစကြာဝဠာသည် စက်ဝိုင်းပုံ မဟုတ်ဘဲ ဘဲဥပုံ ဖြစ်ကြောင်းတွေ့ရှိ။ [More]


N.Y. hospital staff ignored patient as she lay dying
နယူးယောက်မြို့ရှိ ဆေးရုံတွင် လူနာတဦး အရေးပေါ်ခန်းတွင် ၂၄နာရီကြာစောင့်နေသော်လည်း ကူညီမည့်သူ မပေါ်လာ။ နောက်ဆုံး ထိုသူ ထိုင်နေရာမှပင် ပြုတ်ကျပြီး ကြမ်းပြင်ပေါ်တွင် လဲနေသော်လည်း လာကြည့်သူ ၀န်ထမ်းများရှိ၊ မည်သူမျှ အကူအညီမပေး။ တနာရီခန့်အကြာတွင် သေဆုံးသွား။ [More]


Starbucks will close 600 stores
ကမ္ဘာအနှံ့အပြားတွင် နာမည်ကြီးကော်ဖီဆိုင်ဖြစ်သော Starbucks သည် အရည်အသွေးမပြည့်မီသော ကော်ဖီဆိုင်ခွဲ၆၀၀ကျော်ကို ပိတ်ပစ်ပြီး ၂၀၀ ခန့် အသစ်ပြန်လည်ဖွင့်လှစ်မည် [More]


Many Sunscreens Ineffective
တချို့သော နာမည်ကြီး နေလောင်ကာကွယ်သော Lotion များသည် ဘူးပေါ်တွင် ဖော်ပြထားသော အရည်အသွေးနှင့် မကိုက်ညီကြောင်း စာရင်းနှင့် တကွ ထုတ်ဖော်ထား။ [More]


Bush says US to send more troops to Afghanistan
အာဖဂန်နစ်စတန်တွင် US တပ်သားပေါင်း ၃၂၀၀၀ ခန့်ရှိနေသော်လည်း သမ္မတBushက ယခုလတွင် အင်အားပိုလိုအပ်သည်ဟု ဆိုကာ စစ်တပ်များ ထပ်မံပို့ရန် ပြင်ဆင်နေ။ [More]


Jobs cut by American Airilnes
တိုးမြင့်လာသော လောင်စာဆီဈေးနှုန်းများကြောင့် အမေရိက အကြီးဆုံး အမေရိကန် လေကြောင်းလိုင်းသည် လေယာဉ်မယ် ၉၀၀ ခန့် အလုပ်ဖြုတ်ရန် စီစဉ်နေ။ လေယာဉ်မှူးများကိုပါ ဖြုတ်မည်ဖြစ်။ ၈၂၀၀၀ ခန့်မှ ၁၁ မှ ၁၂ ရာခိုင်နှုန်းအထိ ဖြုတ်သွားမည်ဖြစ်။ [More]


How safe is your ATM?
ဟက်ကာများသည် ATM အနောက်တွင် တပ်ဆင်ထားသော Computer များမှ PIN နံပါတ်များ ရယူပြီး ပိုက်ဆံများ ခိုးထုတ်နေ။ (Citi Bank မှ ဒေါ်လာ ၂သန်းကျော်ပါသွား) [More]


If the first lady is a pop star, French media melt like Boursin
ပြင်သစ်သမ္မတကတော် Carla Bruni သည် သီချင်းစီးရီးခွေထွက်ရန် ပြင်ဆင်နေ။ သူမသည် ပြင်သစ်သမ္မတကို လွန်ခဲ့သော လေးလက လက်ထပ်ခဲ့သည်။ [More]


No skimpy outfits on bar staff
တရုတ်နိုင်ငံတွင် ပြည့်တန်ဆာပြစ်မှုများလျှော့ချနိုင်ရန် အတွက် အရက်ရောင်းသူများ၊ စားပွဲထိုးမိန်းကလေးများ လုံခြုံစွာ ၀တ်ဆင်ရန် ညွှန်ကြား။ [More]


Drunken Swede tries to row home from Denmark
အသက် ၇၈ နှစ်အရွယ် ဆွီဒင်အဖိုးကြီးတဦးသည် အိမ်နီးချင်းဒိန်းမတ်နိုင်ငံသို့ ကူးပြီး အပြန် သဘောင်္စီးဖို့ ပိုက်ဆံကုန်သွားသဖြင့် လှေလှော်ပြန်ရာ ရုတ်တရက် အိပ်ချင်လာသဖြင့် လှေဝမ်းထဲတွင် မူးပြီး အိပ်ပျော်သွားခဲ့သည်။ ဒိန်းမတ်ပုလိပ်များက သူ့ကို ပင်လယ်ထဲတွင် အိပ်ပျော်နေဆဲ ပြန်ရှာတွေ့ခဲ့။ [More]

လေးစားလျှက်
Ms. Reporter

No comments: