Photobucket

Saturday, July 5, 2008

The Lord of Dance - Micheal Flatley



Micheal Flatley ဆိုတာ ပေဖူး လေးစားတဲ့ ပညာရှင်တစ်ယောက်ပါ။ သူက ဘာအကအမျိုးအစားကို ကလဲဆိုတော့ Irish Step Dance ပါ။ အသက်ကတော့ ၅၀ ၀န်းကျင်ရှိပါပြီ။ သူဒီအကကို ရှိုးပြစားပြီး ရတဲ့ ပိုက်ဆံတွေ ပေါင်းလိုက်ရင် ပေါင်သန်း ၃၅၀ လောက် ချမ်းသာပါတယ်တဲ့။ လက်မှတ်ရောင်းရင် မကခင်ကတည်းက ကုန်ပါတယ်။ သူ့ကိုတော့ နာမည်ပြောင် Billion Dollar Dancer လို့ ခေါ်ပါတယ်။
Irish Step Dance က ဘယ်လိုအကမျိုးလဲ ဆိုတော့ လက်တွေ ပုခုံးတွေ မလှုပ်ဘဲ ပုံစံတကျထားပြီး ခြေထောက်နဲ့ပဲ သရုပ်ဖော်သွားတဲ့ အကမျိုးပါ။ Tap Dance နဲ့တော့ နည်းနည်းဆင်တူပါတယ်။ ဒါပေမဲ့ Tap Dance က Performance ပိုပါတယ်။ ပေဖူးကတော့ Step Dance ကို ပိုကြိုက်တယ်။

ဒီ Video Clip လေးကတော့ Micheal Flatley နဲ့ သူ့အဖွဲ့ "Celtic Tiger" တို့ DWTS ရဲ့ Star Performance မှာ ဖျော်ဖြေတုံးကပါ။ DWTS အကြောင်းပြန်သွားချင်ရင် ဒီမှာ Link။ Navy အ၀တ်အစားတွေနဲ့ မိုက်တော့မိုက်တယ်။ Rhythm နဲ့တော့ တော်တော်ညီပါတယ်။ လူနဲ့လုပ်တဲ့ လှိုင်းတွေ ဘာတွေလဲ ပါတယ်။



ဒီ Post ကတော့ Micheal Flatley ငယ်ငယ်တုန်းက River Dance Group နဲ့ နယ်လှည့်ဖျော်ဖြေတုန်းကပါ။ ဟိုအရင်တခုနဲ့စာရင် တော်တော်ငယ်နေတယ်။ :P :P :P River Dance Tour တွေက US မှာ တော်တော်နာမည်ကြီးတဲ့ ဖျော်ဖြေရေးအဖွဲ့တခုပေါ့။ အကတွေကို ထပ်ပြီး ကြည့်ချင်တယ်ဆိုရင် YouTube မှာ “Riverdance”, “Celtic Tiger”, “Micheal Flatley” ဆိုပြီး ရိုက်ထည့်လိုက်ပါ။ သူ့အကတွေ အများကြီးပါပဲ။



တို့ Blogger တွေလဲ အဲဒီလိုအဖွဲ့တခုဖွဲ့ပြီးလိုက်ကရင် မဆိုးဘူး။ မီလျံနာဖြစ်နိုင်တယ်။ အဟိ။ :P

ပျော်ရွှင်ကြပါစေ
ပေဖူးလွှာ

FROM TEA : ယခု အကကို ကဖို့ အတွက် ဘလောခ့်ဂါများအား ခုံဖိနပ်များ ၀ယ်ထားကြဖို့ တိုက်တွန်းလိုက်ပါသည်။ ပေဖူးနှင့် အကတိုက်ပြီးရင် ကျုပ်တို့ အဖွဲ့ HOLLY WOOD ဟောလီးဝုတ် ကို သွားပြီး စကမယ်။ မီလယမ် နယ်တွေ ဖြစ်အောင်လို့.. အဟတ်

PS: Photo Courtesy: www.slate.com, Reference: www.wikipedia.com


8 comments:

Tea said...

ငါတို့ ဘလောခ့်ဂါတွေ ကရင် အသံပိုကျယ်အောင် ခြေရော လက်ရော သုံးမယ်.. မကောင်းဘူးလား..

:P

လှိုင်းတင်မကဘူး.. ရေတွေပါ ပေါ်လာအောင် ဖော်ပလိုက်မယ်..

Anonymous said...

ပေပေရေ... Post တင်ပြီးရင် သံချောင်းခေါက်ပါဆို မခေါက်ဘူး..
တတောက်တောက်နဲ့ အသံကြားလို့ လာကြည့်တာ .. အော်.. Micheal Flatley ကြီး က နေတာကိုးး... ရှာရှာဖွေဖွေ တင်တတ်ပါပေ့ .. ကယ်.. ကိုရင်လည်း အားကျလို့ ခုံဖိနပ်စီးပြီး ကကြည့်ဦးမယ်.. ဟီးးးးးး...

Tea said...

ဟုတ်တယ်.. ကိုရင်ပြောမှ .. ဘလောခ့်ဂါတွေ ကရင် ခုံဖိနပ်နဲ့ ကကြမယ်.. ဒါမှ Micheal Flatley ထက် အသံပိုကျယ်မှာ.. ဟတ်ဟတ်

RePublic said...

တစ်ပတ်တစ်ခါ မျှော်နေတာ ၊
ပေဖူးလွှာရဲ့ Dance Floor ပါ ...

ကောင်းတယ် ၊ ကြိုက်တယ် .. များကြီးရေးပေး၊၊

ညမီးအိမ် said...

မပေဖူးလွှာရေးဒီကိုမနည်းရောက်အောင်လာခဲ့ရတယ်ဗျ။ ကျွန်တော်လဲ Micheal Flatley ကိုအရမ်းကြိုက်တာဗျ။ စကားမစပ် မပေဖူး beat box ရောကြိုက်လားဗျ။ ကျွန်တော် beat box ကိုအရမ်းကြိုက်တာ။ ကြိုက်ရင်ကောင်းကောင်းလေးရှာတင်ပေးဦးနော်။ တော်တော်များများတော့နားထောင်ဖူးတယ်ဗျ။

ပါဂနာ said...

“ပေပေ” ရေ.
ကိုရင် ခုံဖိနပ် နဲ့ ကပါစေ.
ကိုယ်ကတော့ ဘောကန်ဖိနပ်နဲ့ လာမယ်.
(အောက်က Rubber bar မဟုတ်. မြန်မာပြည်ဖြစ်သံ Bar နဲ့ ). ;;P
“ညီမ” က Golf ရိုက်တဲ့ ဖိနပ်နဲ့ လာ..::XD

ကျေးဇူးပါ ညီမ
ပျော်ရွှင် ပါစေ

Anonymous said...

reminds me of Happy Feet. Cool.

Anonymous said...

I wanna come with American football shoes. hee hee. I hope that would be loud.