“အမေ့အိမ်ဆိုတာ
ထမင်းစားပွဲမှာ
လူလေးယောက်ရှိမှ
ပြည့်စုံမှုရှိတတ်တာမျိုးတဲ့လား
အမေရယ်”
အရွယ်ရောက်လို့ အတောင်ပံစုံ ပျံသန်းကြတော့
အမေ့အိမ်မပြည့်စုံတော့မှုတွေအတွက်
နှစ်ပေါင်းများစွာကြိုတင်ပြင်ဆင်ခဲ့တယ်တဲ့လားအမေရယ်...
“ငှက်တစ်ကောင်လို
မြင့်နိုင်သမျှ
ပျံသန်းတော့
မျက်ရည်စတွေနဲ့
လက်ပြနူတ်ဆက်ပြုံးခဲ့တဲ့
အမေ”
သြော်လေဆိပ်မှာ မျက်ရည်တွေနဲ့ နူတ်မဆက်ပါနဲ့ လားအမေရယ်…
ကျောင်းပိတ်ရက်တိုင်းသမီးပိုက်ဆံစုပြီး ပြန်လာမှာပေါ့၊၊
အမေ့အိမ်ထမင်းဝိုင်းလေးမှာရယ်မောမှာပေါ့အမေရယ်…
တိုးတက်အောင်မြင်မှုဆိုတာ အမေပေးတဲ့အမွေဖြစ်ရမှာပေါ့အမေ၊၊
ကြိုးစားမှုတွေအကုန်လုံးဟာ အမေရဲ့ အပြုံးတစ်ခုအတွက်လေ..
နောက်ထပ် အလွန်ဆုံး ၃နှစ်ပေါ့အမေ..
ကျန်းမာရေးသာဂရုစိုက်ပါအမေရယ်...
“အဲဒီအချိန်
အမေ့အိမ်ရဲ့ 
ထမင်းစားခန်းလေးမှာ
မိသားစုလေးယောက်
အပြုံးတွေနဲ့ ထပ်တူ
ပြည့်စုံမှုတွေ
ညီမျှခြင်းကျနေတော့မှာပေါ့ အမေ”
မှတ်ချက် ၊၊ ၊၊ ဒီအပတ်တော့ စာတိုလေးပဲတင်ပေးလိုက်ပါတယ်၊၊
အိမ်ကိုလွမ်းနေတာလဲပါတယ်..:)
အားပေးနော် …
ခင်မင်လျက်
အိမွန်တာ
Saturday, July 26, 2008
အမေသို့ 
Subscribe to:
Post Comments (Atom)
12 comments:
ကောင်းပါတယ်ဆက်လက်အားပေးနေပါမယ် :)
အိမ်ပြန်ချင်လာပြီ။ အိတာရေ အဲဒီလိုတွေ မရေးနဲ့နော်။ လွမ်းလာပြီး စာမေးပွဲတောင် မဖြေဘဲ အိမ်ပြန်သွားမှာ။ စိတ်ကြီးတယ်နော်။ :( :( :(
အားလုံး ဒီလိုပါပဲ .. မအိတာ ၊၊အမြဲအားပေးလျက်ပါ ၊၊
ပျော်ရွှင်ပါစေ ၊၊
ကိုယ်သာအဆင်ပြေရင် ဖြစ်ပေါ်ရမယ် ပီတိက
မိဘက ကိုယ်ထက်တောင်ပိုမယ်ဆိုတာ ယုံကြည်ပါ...။ အိမ်ကိုမလွမ်းပါနဲ့လို့လဲ မပြောချင်ပါဘူး..အိမွန်တာရေ။ မင်းပြောတဲ့အချိန်တွေအတွက် လုပ်ရမှာတွေက မင်းလက်ထဲမှာရှိတယ်...။ ဒီလိုဖြစ်နေတာ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးဆိုတာ စိတ်မှာအမြဲဖြည့်တွေးပါ...အလွမ်းတွေအတွက် မင်းပြောတဲ့အချိန်မှာ ဖြစ်ချင်တာတွေဖြစ်ခွင့်ရနေမှပါ...
အားပေးလျက်
အိမ်လွမ်းနေတယ်ဆိုရင်တော့စာနာပါတယ်ဗျာ
ကျွန်တော်လည်းအဆမတန်လွမ်းနေလို့ ပါ
လွမ်းတယ်.. အမေ့ကိုလွမ်းတယ်..... =(
I miss MY MOM!!!!!!!!!!!!!!!!!!!!!
VerY MUCH INDEED!!
it's so touching ...
me either miss my mom more than other time after readinng ur poem..
neiway..thanx for sharing with this precious words...
တကယ်ကိုပြည်ဝစုံလင်မှုရှိပါတယ်. ဒီတစ်နေရာတည်းနဲ့တင် အားလုံးဟာပြည့်စုံသွားသလိုခံစားရပါတယ်. ရသပေါင်းစုံပါပဲ. လက္ဖရည်အရသာလေးကပါ ပါသေးတယ်လေ.. လေးစားပါတယ်ဗျာ.. နောင်လည်း ဒီထက်ကောင်းအောင်ကြီုးစားနိုင်ပါစေလို့ .ဆုတောင်းရင်..
ညီငယ်..
နေနက်...
ပင်လယ်က အော်နေတယ်လေ ...ကောင်းပါတယ်တဲ့အားပေးတယ်လေ...သူကပေါ့...
တာတာရေ....
ရင်ထဲမှာ တစ်မျိုးကြီးဘဲ..
အမေ့အိမ်လေးကို ပိုလွမ်းပြီး ငိုချင်တယ်..
Post a Comment