Photobucket

Friday, July 18, 2008

ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းအကျဉ်းချုပ် (၁၉၁၅-၁၉၄၇)


၁၉၁၅ ဖေဖော်ဝါရီ ၁၃ ရက် - မြန်မာအလယ်ပိုင်း၊ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် မွေးဖွား။

၁၉၃၂ - မက်ထရစ်စာမေးပွဲကို မြန်မာနှင့် ပါဋိ နှစ်ဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်။

၁၉၃၅-၃၈ - ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ အမှုဆောင်အဖြစ် အရွေးချယ်ခံရ။ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာဖြစ်လာခဲ့။

၁၉၃၈ အောက်တိုဘာ - တို့ဗမာ အစည်းအရုံးသို့ ၀င်ရောက်ခဲ့ပြီး သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။

၁၉၃၈ မှ ၁၉၄၀ သြဂုတ် - တို့ဗမာ အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၃ဂ-၃၉ - ၁၃၀၀ ပြည့် အရေးတော်ပုံကို ကူညီအားပေးခဲ့သည်။

၁၉၃၉ - မော်လမြိုင်တွင် ကျင်းပခဲ့သော တို့ဗမာ အစည်းအရုံး ညီလာခံတွင် စစ်အတွင်းတွင် ဗြိတိသျှကို မကူညီရေး အဆိုတင်သွားခဲ့သည်။

၁၉၄၀ - ဗြိသိသျှ အစိုးရ၏ ဖမ်းဆီးမိန့်ကြောင့် မြေအောက်လှုပ်ရှားမှုအတွက် ပုန်းလျှိုးခဲ့။

၁၉၄၀ သြဂုတ် ၈ - တရုတ်နိုင်ငံ အမွိုင်မြို့သို့ ထွက်ခွာခဲ့သည်။ ထို့နောက် ဆက်လက်ပြီး ဂျပန်နိုင်ငံတိုကျိုသို့ ထွက်ခွာခဲ့သည်။

၁၉၄၁ မတ်လ ၃ - မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခဲ့သည်။ ဂျပန်မှ ငွေကြေးနှင့် လက်နက် ထောက်ပံ့မှုများ ရခဲ့သည်။

၁၉၄၁ - ရဲဘော် သုံးကျိပ်နှင့် ဂျပန်ပြည်သို့ ထွက်ခွာခဲ့သည်။ ဟိုင်နန်ကျွန်းတွင် ရဲဘော်သုံးကျိပ်ကို ခေါင်းဆောင်ပြီး စစ်ပညာသင်ယူခဲ့သည်။

၁၉၄၁ ဒီဇင်ဘာ ၂၆ - ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေကို ဖွဲ့စည်းခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာခဲ့သည်။

၁၉၄၂ မတ် - ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို ခေါင်းဆောင်ပြီး (ဂျပန်နှင့်အတူ) မြန်မာနိုင်ငံကို ချီတက် တိုက်ခိုက်ခဲ့သည်။

၁၉၄၂ မတ် ၈ - ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့ လွတ်လပ်ရေး တပ်မတော်က ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။

၁၉၄၂ ဇူလိုင် - ဗမာ့လွတ်လပ်ရေး တပ်မတော် BIA ကို ဗမာ့ ကာကွယ်ရေး တပ်မတော် BDA အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

၁၉၄၂ စက်တင်ဘာ ၈ - ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။

၁၉၄၃ မတ် - ဘီဒီအေ၏ ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။

၁၉၄၃ သြဂုတ် ၁ - ဂျပန်အစိုးရက မြန်မာနိုင်ငံကို ရွှေရည်စိမ်လွတ်လပ်ရေး ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက ကာကွယ်ရေး ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။

၁၉၄၃ - ဘီဒီအေကို ဗမာ့ အမျိုးသား တပ်မတော် ဘီအန်အေ အဖြစ် အမည်ပြောင်းခဲ့။

၁၉၄၄ သြဂုတ် - ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့ချုပ်ကို လျှိုဝှက်စွာ ဖွဲ့စည်း။

၁၉၄၅ မတ် ၂၇ - ဗမာ့ တပ်မတော်ကို ဦးဆောင်ပြီး ဖက်ဆစ်ကို တော်လှန်ခဲ့သည်။

၁၉၄၅ သြဂုတ် - ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့ကို ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့သို့ အမည်ပြောင်းခဲ့သည်။

၁၉၄၅ - ဘီအန်အေကို PBF မျိုးချစ်ဗမာ့ တပ်မတော်အဖြစ် အမည်ပြောင်းခဲ့။

၁၉၄၆ ဇန်န၀ါရီ - ဖက်ဆစ် တိုက်ဖျက်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေး အဖွဲ့၏ ဥက္ကဌအဖြစ် ရွေးချယ်ခံရ။

၁၉၄၆ စက်တင်ဘာ - အစိုးရ ၀န်ကြီးများ အဖွဲ့၏ ဒုတိယ ဥက္ကဌနှင့် ပြည်ပ ဆက်ဆံရေးတာဝန်းများ ယူခဲ့သည်။

၁၉၄၇ ဇန်န၀ါရီ ၂၇ - အောင်ဆန်း အက်တလီ စာချုပ်ချုပ်ပြီး တစ်နှစ်အတွင်း လွတ်လပ်ရေး ပေးရန် ကတိရရှိခဲ့သည်။

၁၉၄၇ ဖေဖော်ဝါရီ ၁၂ - ပင်လုံ စာချုပ် ချုပ်ဆိုပြီး တိုင်းရင်းသားများ၏ စည်းလုံးမှုနှင့် လွတ်လပ်ရေးကို ပြည်နယ် ပြည်မ မခွဲခြားပဲ အလိုရှိကြောင်း ပြသနိုင်ခဲ့သည်။

၁၉၄၇ ဇွန် ၁၆ - ပထမ တိုင်းပြည် ပြု လွှတ်တော်တွင် အချုပ်အခြာ အာဏာပိုင် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့သည်။

၁၉၄၇ ဇူလိုင် ၁၃ - မြို့တော် ခန်းမတွင် (နောက်ဆုံး) မိန့်ခွန်း မြွက်ကြားကာ လူထုကို စည်းကမ်းလိုက်နာရန် ပြောကြားခဲ့သည်။

၁၉၄၇ ဇူလိုင် ၁၉ - ၀န်ကြီးများရုံးတွင် နံနက် ၁၀:၃၇ နာရီတွင် အစည်းအဝေး ကျင်းပနေစဉ် ၀န်ကြီး ချုပ်ဟောင်း ဦးစော၏ ဦးဆောင် လုပ်ကြုံမှုဖြင့် ကျဆုံးခဲ့သည်။ ဗိုလ်ချုပ်နှင့် အတူ အခြား ၀န်ကြီး အဖွဲ့ဝင် ခြောက်ဦး စုစုပေါင်း ၉ဦး ကျဆုံးခဲ့သည်။


ကျွန်တော် ဗိုလ်ချုပ်ရဲ့ သမိုင်း အတ္တုပတ္တိကို သေချာမသိလို့ သိနားလည်သူတွေ ရေးထားတာကို ပြန်လည် မျှဝေလိုက်ပါသည်။ မမြင်ရရင် အောက်က စာမျက်နှာကို mouse ဖြင့် တစ်ချက် နှိပ်ပြီး + နှင့် - keys များ နှိပ်ပြီး ကြိုက်သလို ကြည့်ရှုနိုင်ပါသည်။


Read this document on Scribd: aung san


Ref: mmcp web

No comments: