Photobucket

Saturday, July 12, 2008

တိုင်းပြည်၏ လိုအပ်နေသော တစ်စုံတစ်ခု


ခေါင်းဆောင်ကောင်း တစ်ယောက်ဟူသည် တိုင်းပြည်တစ်ခု နိုင်ငံတစ်နိုင်ငံ အတွင်းတွင် မရှိမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံ တွင် ခေါင်းဆောင်ကောင်း တစ်ယောက် မရှိပါက ထိုနိုင်ငံသည် ဘယ်သော အခါမျှ အောင်မြင် ကြီးပွားမည် မဟုတ်တော့ချေ။ နိုင်ငံထဲတွင် ရှိနေသည့် ပြည်သူပြည်သား များသည်လည်း ကိုယ်စိတ် ချမ်းသာ ကြမည် မဟုတ်ပေ။ ဘယ်သောအခါမှလည်း ခိုင်မာစွာ စည်းလုံး ညီညွတ်ကြမည် မဟုတ်ချေ။ ယခုလက်ရှိ မြန်မာနိုင်ငံ သည်လည်း အရည်အချင်း ပြည့်ဝသော ခေါင်းဆောင်ကောင်းများ အများကြီး လိုအပ်လျှက် ရှိနေပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပညာ၊ စေတနာ၊ သမာဓိ၊ စွမ်းဆောင်မှု၊ အင်အား အစရှိသည့် အရည်အချင်းများကို ပိုင်ဆိုင်သည့် ခေါင်းဆောင် ကောင်း တစ်ယောက် လောလောဆယ် မြန်မာပြည်မှာ မရှိသေးပါ ဟု ကျွန်တော် ယူဆချင်ပါသည်။ ဗိုလ်ချုပ် လုပ်ကြံပြီးကထဲက ယခု ဤနေ့ ဤအချိန်အထိ ပြောင်းလဲနေသော လက်ရှိ စစ်အာဏာရှင်များနှင့် တကွ၊ အားလုံးသော အုပ်ချုပ်ခဲ့သည့် အချိန် တစ်လျှောက်တွင် ကျွန်တော်တို့ တိုင်းပြည်ကြီး တစ်စုံတစ်ရာကိုတော့ လိုအပ်နေသည်ဟု ခံစားမိသည်။ လွတ်လပ်ရေး ရယူပြီး၊ ဗိုလ်ချုပ် လုပ်ကြံခံရပြီး အချိန်နှင့် တစ်ပြေးညီ ဤဆယ်စုနှစ်များ အတွင်း ပြောင်းလဲနေခဲ့သော ခေါင်းဆောင်များကို အကဲခတ်လိုက်လျှင် လွဲမှားသော ခေါင်းဆောင်များသာ တွေ့ရသည်။ တိုင်းပြည်တစ်ခုလုံး သည်လည်း ချို့ယွင်းပြီးရင်း ချို့ယွင်းလျှက်ရှိသည်။ အဘက်ဘက်မှ ချွတ်ခြုံကျကာ အားနည်းနေသည်။ ကမ္ဘာကြီး ပေါ်ရှိ နိုင်ငံများသည် နည်းပညာနှင့် အညီ၊ အချိန်နှင့် အညီ တိုးတက် ခေတ်မှီပြောင်းလဲ လျှက်ရှိသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံကား စက်မှု စိုက်ပျိုးရေး ခေတ်ကိုပင် ချောမွတ်စွာ ကျော်ဖြတ် နိုင်စွမ်း မရှိပေ။ စီးပွားရေး၊ ပညာရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး အစရှိသည့် အခြေခံ စနစ်များနှင့် တကွ အားလုံးသော အရာများ ယိုယွင်း ပျက်စီးလျှက်ရှိသည်။


လက်ရှိ မြန်မာပြည် အခြေအနေကို အကဲခေတ်ကြည့်လျှင် စည်းလုံးမှု ပြိုကွဲနေသည်ကို တွေ့ရသည်။ စစ်အစိုးရသည် တော်လှန် ပုန်ကန်သော ခေါင်းဆောင်များအား ရိုက်ချိုး ဖမ်းဆီးထားခြင်းဖြင့် စည်းလုံးမှုများ ပြိုကွဲအောင် ကြံစည် ဆောင်ရွက်လျှက်ရှိသည်။ မီဒီယာများ၊ သတင်းစာများ၊ ဂျာနယ် များဖြင့်လည်း အမြဲလိုလို သွေးခွဲလေ့ရှိသည်။ ထိုအချိန်အတွင်း အနာဂတ် နောင်လာနောင်သား များအား သိသင့် သိထိုက်သော သမိုင်းကြောင်းများ၊ ရှိရှိသမျှ တို့ကို ဖုံးကွယ်ထားသည်။ ထို့အပြင် ပညာရေး စနစ်အား အရည်အချင်းရှိသော ခေါင်းဆောင်ကောင်းများ မမွေးထုတ် ပေးနိုင်စေရန် စီစဉ်ထားသည်။ ကျွန်တော်တို့ တိုင်းပြည် စည်းလုံးမှု ပြိုကွဲနေသည်ကို နေရာ တော်တော်များများတွင် တွေ့နိုင်သည်။ မြန်မာတို့သည် တစ်ခုခု လုပ်ကြတော့မည် ဆိုရင် ညီညွတ် သည်မှာ ရှားသည်။ တစ်ယောက် တစ်ပေါက်နှင့် ကိုယ့်အမြင်တွေကို အလေးထားသူ များသည်။ ကိစ္စတစ်ခုခု လုပ်တော့မည် ဆိုရင်လည်း ပန်းတိုင်နှင့် အမြဲလိုလို လွဲချော်လေ့ ရှိသည်။ စည်းလုံးမှုများ ပြိုကွဲနေသည်။ အချင်းချင်း အမြဲလိုလို ရန်ဆာင်လျှက်ရှိသည်။ သူတစ်ပါးကို နှောက်ယှက်ဖို့ ၀ါသနာ ပါသူများလည်း အများအပြားပင် ဖြစ်သည်။ စော်ကားပုတ်ခတ်သူများလည်း ရှိသည်။ ယခုလို စည်းလုံးမှု မရှိသည့်အတွက် တစ်ဖက်က ဖြိုခွင်းမည့် ရန်သူသည် များစွာ အဆင်ပြေ လွယ်ကူ လှပေသည်။

လက်ရှိ မြန်မာများသည် တစ်ခုခုဖြစ်ရင် ဒေါ်အောင်ဆန်းစုကြည် ကို တမ်းတ သတိရနေကြသည်။ အားကိုးနေကြသည်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဤအချိန်တွင် သူမ၏ အသက် တစ်ဖြေးဖြေး အိုမင်း လာသည် နှင့် အမျှ လောက၏ သင်္ခါရ တရားနှင့် အညီ ကျွနိုပ်တို့ စဉ်စား ရပေတော့မည်။ အကယ်ရွေ့များ ဒေါ်အောင်ဆန်းစုကြည် မရှိတော့ရင် မြန်မာပြည်ကြီး တစ်သက်လုံး ဒီလိုပဲ ရှင်သန်သွားမည်လော။ ဤမေးခွန်း ဤအခြေအနေကို ကျွန်တော်တို့ အားလုံး စဉ်းစား လက်ခံထားရမည်။ ကျွနိုပ်တို့ မစဉ်းစား ချင်သော်လည်း စဉ်းစားရမည်။ ကျွနိုပ်တို့ မလိုလားသော်လည်း ကြိုတင် ပြင်ဆင် ထားကြရမည်။ ဒေါ်စု တစ်ကိုယ်တည်းကို အားကိုးနေရုံနှင့် တိုင်းပြည်ကြီး ဘယ်လိုမှ ရှေ့ဆက် ရှင်သန်ရွေ့ ရမည် မဟုတ်ပေ။ လက်ရှိ တိုင်းပြည်ထဲမှာလည်း ခေါင်းဆောင်ကောင်းတွေ ရှားပါးလှသည်။ ဒေါ်စုမှ တစ်ပါး လက်ချိုးရေတွက်ရန် ဘယ်သူ ဘယ်ဝါ ရှိသေးသနည်း။ အခုလို ခေါင်းဆောင် ကင်းမဲ့ ခြင်း ဒဏ်ကြောင့် မြန်မာပြည်ကြီး ကပ်ဘေး စိုက်နေသည် ဟု ပြောလည်း မမှားပါ။

ခေါင်းဆောင်ကောင်းတို့ မည်သည် စိတ်ဝမ်းကွဲပြားနေသော ပြည်သူပြည်သားများအား ဦးဆောင် စည်းရုံးနိုင်စွမ်း ရှိသည်။ ခေါင်းဆောင်ကောင်းတို့ မည်သည် အရာရာကို ခေါင်းမရှောင်ပဲ ခေါင်းခံသည်။ ခေါင်းဆောင်ကောင်းတို့ မည်သည် မိမိ ကိုယ်ကို အနစ်နာခံပြီး အများကောင်းကျိုးအတွက် စွန့်စားသည်။ ခေါင်းဆောင်ကောင်းတို့ မည်သည် စိတ်ပိုင်းဆိုင်ရာ အရ ခိုင်မာ တည်ကြည်ပြီး ကြံကြံ ခိုင်ကြသည်။ ခေါင်းဆောင် ကောင်းတို့ မည်သည် အရေးကြုံလျှင် လူတွေ အားလုံးကို ဦးဆောင် နိုင်စွမ်းရှိသည်။ ခေါင်းဆောင် ကောင်းတို့သည် သူတို့၏ အရှိန်အ၀ါ သမာဓိ အားအင် တို့ဖြင့် လူတွေ အရာတစ်ခုကို နားလည်အောင် လမ်းပြနိုင်သည်။ ခေါင်းဆောင်ကောင်း တစ်ယောက်သည် အကောင်းဆုံးသော လမ်းကြောင်းကို ရွေးချယ်နိုင်စွမ်းရှိရမည်။ ဤသည်မှာ ခေါင်းဆောင်ကောင်း တစ်ယောက်၏ ရှိသင့် ရှိထိုက်သော အရည်အချင်း အချို့ပင် ဖြစ်သည်။

ထိုကဲ့သို့ အစရှိသည့် အရည်အချင်းများနှင့် ပြည်စုံသော ခေါင်းဆောင်ကောင်း အနည်းဆုံး တစ်ယောက်တော့ မြန်မာပြည်ကြီး လိုအပ်နေပြီဟု ယူဆမိပါသည်။ ခေါင်းဆောင်ကောင်း မရှိပါက မြန်မာပြည်ကြီး အချိန်တန်လျှင် နေ၀င်ချိန်ကို ရောက်သွားမည် ဖြစ်သည်။

Tea

5 comments:

အိတာ said...

မှန်ပါတယ်..တီးရေ...
အမှန်အကန်လိုအပ်နေပါတယ် ..

Anonymous said...

Absolutely, we need a perfect leader. But u know the great leader comes out when the whole people want very much and also, the enemies must be standard and valid. Now we are facing with the miletery govt that is underprivileged. sOOO... :(

Anonymous said...

Hay,

You don't know second generation??
U Han Thar, Khun Thun Oo, Dr Sein Win and so on.. another group.. Min Ko Naing, Ko Ko Gyi , Ko Htay Kywe, Ma Mi Mi and so on...

Tea said...

To Burma,
What I want to say is we need to think about our country's situations... Throughout the time, the situation is not improving like the many other countries do.. What we need is a perfect leader like General Aung San.. the ones you said.. well, if they were perfect, or they are perfect, i think the situation would be kinda different.
Let me remind you again, what i am saying is good and perfect leaders who can chage the real situation..
Best,
Tea

Anonymous said...

မှန်ပါတယ် ကိုတီးပြောတာ... ကျွန်တော်တို့လိုချင်တာ ဟိုလို ဒီလို ခေါင်းဆောင် မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းလို လူပါ. သူတို့ကိုလည်း လေးစားပါတယ် ဘာဘဲဖြစ်ဖြစ် ကျွန်တော်မှ မလုပ်နိုင်ဘဲလေ။ တော့ပစ်တစ်ခုကို မှန်မှန်ကန်ကန်ချဉ်းကပ်ပါ ကိုဘားမားရေ...သူတို့ဟာ leaderလား spokespersonလား figurehead လားnegotiator လားဆိုတာတော့ ခွဲခြားတတ်မှာပါ။