Photobucket

Sunday, July 13, 2008

သတင်း Center - ဇူလိုင် ၁၂ မြန်မာ ကမ္ဘာ သတင်းများ



မြန်မာ့သတင်း

ကမ္ဘာ့အလုပ်သမားနေ့ အလုပ်သမားအခွင့်အရေးဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့ခြင်းကြောင့် ထောင်ဒဏ် နှစ်ရှည်ချခံထား ရသူ ၆ ဦး အား ပြန်လည်လွှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO) က တောင်းဆို လိုက်သည်။ [More]


မြန်မာစစ်အစိုးရ Christian Aid Group တစ်ခုကို မုန်တိုင်း ဒုက္ခသည်များအတွက် ရေသန့်စင်ရေး စနစ်များ တပ်ဆင်ပေးဖို့ ခွင့်ပေးလိုက်သည်။ [More]


မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် High School ဆရာ တစ်ယောက် (Mr. Ewen Hardie) သည် ဖိနပ်မပါပဲ လမ်းလျှောက်ပြီး တစ်ကိုယ်တော် ဆင်နွှဲလျှက်ရှိသည်။ ဇွန်လ ၂၅ ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့သည် ၁၉ရက်မြောက်နေ့ဖြစ်သည်။ လန်ဒန်သို့ လျှောက်လှမ်းနေသည် ဖြစ်ပြီး မိုင်ပေါင်း ၁၄၀ကျော် ချီတက်ခဲ့ပြီးပြီ ဖြစ်သည်။ [More]


UN ကို Petition တင်ရန် အတွက် မိုင်သုံးထောင်ကျော်လမ်းလျှောက်မည်ဖြစ်ရာ သြဂုတ်လ ၈ရက် နယူးယောက်မြို့တွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်။ စစ်သားဝတ်စုံကို ၀တ်ဆင်ပြီး အလံနှစ်ခုကိုင်ဆိုင်ကာ လမ်းလျှောက်နေသော ထိုသူသည် ခရီးစဉ်ပြီးဆုံးသည်နှင့် တပြိုင်နက် UN Security Council သို့ ဗမာနိုင်ငံလူ့အခွင့်အရေးနှင့် ပတ်သတ်သော Petition တင်မည်ဖြစ်သည်။ [More]



စစ်ကိုင်း ပြတ်ရွေ့မြေပြင်ကြောကြောင့် ငလျင်လှုပ်နိုင်ပြီး ကြိုတင်ပြင်ဆင်ရန်လိုအပ်သည်။ [More]


ချင်းတွင်းမြစ်ရေကြီးပြီး မုံရွာမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ရေမြုပ်မယ့် အနေအထားကို ရင်ဆိုင်နေရတယ်လို့ ကြားရ [More]


ယူကေနိုင်ငံမှ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) က ဆိုင်ကလုံးနာဂစ်ဒဏ်ခံ မြန်မာများအတွက် နောက်ထပ် ပေါင်စတာလင် ၁၇.၅ သန်း ထပ်မံပေးမည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ရာ DFID ၏ စုစုပေါင်း လှူတန်းငွေ ပေါင်စတာလျှင် ၄၅ သန်းရှိသွားပြီ ဖြစ်သည်။ [More]


မူးယစ်ဆေးဝါးမှုဖြင့် ကုမ္ပဏီအကြီးအကဲ ဖမ်းဆီးခံနေရပြီးနောက် မောင်ဝိတ်နှင့် မိသားစုကုမ္ပဏီ၏ နာဂစ်ဒဏ်သင့် ကျိုတ်လတ်မြို့တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်မှာ မရေရာတော့သည့် အခြေအနေ ဖြစ်နေသည်။ [More]


စစ်တောင်းမြစ် ရေကြီး ရေလျှံ ဖြစ်မှုကြောင့် ပဲခူးတိုင်း အတွင်းရှိ လယ်ယာမြေများ ရေမြုပ်၍ စပါးစိုက်ခင်းများစွာ ပျက်စီး ဆုံးရှုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။ [More]


ဗြိတိန် အိမ်ရှေ့မင်းသား ချားလ်က မြန်မာကျောင်းသားများနှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သည်။ [More]


မစ္စတာ ဂန်ဘာရီ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ နှင့် တွေ့ဆုံ [More]




ကမ္ဘာ့သတင်း

Do you take this credit card?
အစ္စရေးနိုင်ငံရှိ မင်္ဂလာခန်းမတစ်ခုတွင် လက်ဆောင်(သို့)ချက်စာအုပ်မေ့ကျန်ခဲ့သော်လည်း လက်ဖွဲ့နိုင်ရန် credit card machine တစ်ခုကို ထားရှိ။ ဧည့်သည်များ မိမိcredit card ကို ဆွဲပြီးလျှင် Recipe ထုတ်ပေးမည်ဖြစ်။ ယင်းကို စာအိတ်နှင့် ထည့်ပြီး လက်ဖွဲ့နိုင်။ လက်ဖွဲ့ငွေများကို နောက်နေ့တွင် ယင်းစုံတွဲဧ။် Bank Account ထဲသို့ လွှဲပေးမည်ဖြစ်။ [More]


Stripper arrested for subway pole dances
နိုက်ကလပ်ကချေသည်တဦး ချီလီနိုင်ငံရှိ မြေအောက်ရထားသံတိုင်များတွင် pole dance ကခြင်းကြောင့် ပုလိပ်များ ဖမ်းဆီးလိုက်။ (ဓါတ်ပုံနှင့် တကွ)[More]


Pope Benedict XVI arrives in Sydney
ခရစ်ယာန် ကက်သလစ်ဘာသာဧ။် ပုပ်ရဟန်းမင်းကြီးသည် Youth Festival အတွက် သြစတျေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ရောက်ရှိ။ [More]


Yahoo Rejects Microsoft Proposal
Yahooနှင့် ပူးပေါင်းရန် Microsoft Software Company ဧ။် ကမ်းလှမ်းမှုကို Yahoo က ငြင်းဆိုလိုက်။ [More]


AT&T's IPhone 3G Inventory Is Mostly Sold Out
Apple Company မှ Iphone အသစ် 3G (Third Generation) ကို နိုင်ငံနှစ်ဆယ်ကျော်တွင် စတင်ရောင်းချခဲ့ရာ ထောင်ပေါင်းများစွာသော Iphone ချစ်သူများကြောင့် နှစ်ရက်အတွင်း စက်ရုံထုတ် ပစ္စည်းပြတ်သွား။ [More]


Young American Women Getting Tanned to Death
အမေရိကန်နိုင်ငံရှိ အသက် ၁၅ မှ ၃၉ ကြားသော အမျိုးသမီးငယ်များ အလွန်နေပူစာလှုံမှုကြောင့် အရေပြားကင်ဆာရောဂါဖြစ်သူဦးရေ ဆယ်စုနှစ် နှစ်ခုအတွင်း တဆခွဲခန့်တိုးလာ။ [More]


U.S. military finds bodies of 2 kidnapped soldiers in Iraqi desert
တနှစ်ကြာပျောက်ဆုံးနေသော US စစ်သားနှစ်ယောက်ဧ။် အလောင်းများကို ပြန်ရှာတွေ့။ မေလ ၂၃ရက် ၂၀၀၇တွင် တခြားစစ်သားငါးယောက်နှင့် အတူ စကားပြန်ပါ အသတ်ခံခဲ့ရခြင်းဖြစ်။ [More]


Dog meat off the menu during Beijing Olympics
ဘေဂျင်းအိုလံပစ်ကာလအတွင်း တရားဝင်ဘေဂျင်းစားသောက်ဆိုင်များတွင် ခွေးသားဟင်းလျာရောင်းချခြင်းကို ခေတ္တရပ်ဆိုင်းထားမည်။ [More]


Fake euro notes on the rise
ယူရိုငွေကြေးအတုများ ၂၀၀၈ခုနှစ်ဧ။် ပထမခြောက်လအတွင်း အရွက်ပေါင်း သုံးသိန်းတစ်သောင်းနှစ်ထောင်ခန့်တွေ့ရှိရ။ ငါးဆယ်တန် ၃၆ရာခိုင်နှုန်း၊ နှစ်ဆယ်တန် ၃၃ရာခိုင်နှုန်း၊ တစ်ရာတန် ၂၁.၅ရာခိုင်နှုန်းတို့ဖြစ်ကြ။ [More]


"I do" as Muslim couple marry by telephone
ကူဝိတ်နိုင်ငံတွင် အလုပ် လုပ်ကိုင်လျက်ရှိသော သတို့သားသည် အိန္ဒိယနိုင်ငံသို့ ပြန်ပြီး လက်ထပ်ရန် ငွေကြေးမရှိသောကြောင့် တယ်လီဖုန်းနှင့်ပင် တခါသာမြင်ဖူးသော ချစ်သူနှင့် ကျမ်းကျိန်ခဲ့။ [More]


လေးစားလျှက်
Mr. Reporter (BND) Burma News Department
Ms. Reporter (WND) World News Department

No comments: