Photobucket

Thursday, July 10, 2008

America's Ballroom Challenge




ဒါကတော့ စာကြွေးပါ။ ဒီပို့စ်လေးကို ရေးမယ်ဆိုပြီး Note ထုတ်ထားတာ ကြာပေါ့။ စာရိုက်ဖို့ ပျင်းနေတာနဲ့ မတင်ဖြစ်တာ။ ဒီနေ့တော့ Irish Dance ကနေ American Dance ကို ပြန်သွားကြတာပေါ့။

America Ballroom Challenge ပြိုင်ပွဲတွေမှာ အဓိကအကအမျိုးအစားကြီး လေးခုပါပါတယ်။ American Smooth, American Rhythm, International Standard, International Latin တို့ပဲ ဖြစ်ပါတယ်။ အမျိုးအစားတခုကိုတင် ရာချီတဲ့ Dancer အတွဲတွေ လာပြိုင်ကြတာပါ။ အဲဒီအများကြီးထဲကမှ အကောင်းဆုံး၆တွဲကို စကာတင်စစ်ချပြီး Final အနေနဲ့ ပြိုင်ကြပါတယ်။

ပြိုင်ပွဲတမျိုးစီမှာ ချန်ပီယံတစ်တွဲစီရွေးပြီး နောက်ဆုံးအပတ်ကျတော့မှ Genre တမျိုးစီက ပြန်ပြိုင်ပြီး ချန်ပီယံကို ပြန်ရွေးတာပါ။ အခုတော့ ပထမဆုံးပြိုင်တဲ့အကအမျိုးအစားပေါ့။ American Smooth လို့ခေါ်ပါတယ်။ American Smooth အမျိုးအစားမှာ Waltz, Tango, Foxtrot နဲ့ Viennese Waltz ဆိုပြီး အကလေးမျိုးပါပါတယ်။ အကတခုကို အတွဲတွေ အားလုံးကြမ်းပြင်တခုထဲမှာ ပြိုင်ကရတာပါ။

တမျိုးကို နှစ်မိနစ်စာ သီချင်းဖွင့်ပေးပါတယ်။ ဘာသီချင်းလာမလဲဆိုတာ ကြိုမသိပါဘူး။ မီးစင်ကြည့်”က” တယ်ဆိုတာ အခုမှ မှန်တယ်။ :P :P အကတစ်ခုနဲ့ တစ်ခုကြားမှာ ၁၀စက္ကန့်လိုက် Host က စကားပြောပြီး Couple တွေကို အနားပေးပါတယ်။ အဲဒီ Host ကပဲ နောက် ဘာအကအမျိုးအစားကို ကရမယ်ဆိုတာ ကြေညာတာပါ။ အရင်ကြည့်လိုက်ကြစို့။ ပြီးမှ အကတွေ အကြောင်းဆက်ပြောကြတာပေါ့။



ဘာကို ကြိုက်လဲမေးရင် စကတ်လှလှတွေကို ကြိုက်တယ်။ :P :P :P။ ဒီနေရာမှာ မေးစရာဖြစ်လာပြီ။ စုံတွဲတွေ ၀င်မတိုက်ဘူးလားလို့။ ၀င်တိုက်ကြပါတယ်။ ၀င်မတိုက်ဖို့တာဝန်က ယောကျာ်းရဲ့ တာဝန်ပါ။ လမ်းရှင်းပြီး မိန်းမကို Lead လုပ်သွားရမယ်ဆိုပါတော့။ ;)

ပထမဆုံးကသွားတာက Waltz ပါ။ Waltz ကတော့ သူတို့အဆိုအရတော့ ဂန္တ၀င်ဆန်တယ်လို့ ဆိုကြပါတယ်။ ဒီက မင်္ဂလာဆောင်တွေမှာ သတို့သား၊ သတို့သမီးတွေ Waltz ကို ကတာများတယ်။ တခုသတိထားမိလား မသိဘူး။ ကကွက်တွေ ဘယ်လိုပဲ ပြောင်းပြောင်း ပုခုံး အနေအထားက လုံးဝပြောင်းမသွားဘူး။ ယောကျာ်းလေးက မိန်းကလေးရဲ့ ပုခုံးနောက်က ကြွက်သားကို ကိုင်ထားမယ်။ မိန်းကလေးက ယောက်ျားလေးရဲ့ လက်မောင်း Bicep ကို လက်တင်ထားတာပါ။ ကတဲ့ လူနှစ်ယောက်လုံးရဲ့ ပုခုံးမျဉ်းတွေဖြောင့်ပြီး အရမ်းတောင့်တောင့်ကြီးဖြစ်မနေရင်တော့ ပုံစံမှန်သွားပါပြီ။ (Bicep မရှိတဲ့ ကိုBloggerများ ကမယ်ဆိုရင် Gym မှာ အရင်ကစားလိုက်ပါဦး) :P :P

နောက်တခုက Tango ပါ။ Tango အကကိုတော့ တော်တော်များများသိကြပါတယ်။ မာန်ပါတယ်။ ကနေရင်းနဲ့ ခံစားမှုအမျိုးမျိုးပြောင်းလဲသွားတာပါ။ Pivots တွေ ရုတ်တရက် Dramatic Shoulder Snapတွေ ကတော့ Tango ရဲ့ အခြေခံတွေပါ။ ဒီနေရာမှာ ယောကျာ်းလေးကဦးဆောင်ကရပါတယ်။ မိန်းကလေးက Lead ဖြစ်နေရင်တော့ တော်တော်ကြည့်မကောင်းတဲ့ Tango ထွက်လာပါတယ်။

နံပါတ်သုံးနေရာမှာ ကသွားတာကတော့ Foxtrot ပါ။ American Smooth မှာ ကတဲ့ Foxtrot အက ကတော့ နည်းနည်း Jazz ဆန်တယ်လို့ ဆိုပါတယ်။ Foxtrot ဆိုတာကတော့ တကယ့်ကို Show Dance ပါ။ Foxtrot ကရတာ ပျော်စရာလဲ ကောင်းပါတယ်။ ဒီလေးမျိုးထဲမှာလဲ အလွယ်ဆုံးပါ။ ဒီအကမှာ စုံတွဲက မျက်နှာချင်းဆိုင်ကြီး ရှိနေစရာမလိုဘဲ ဘေးတိုက်အနေအထား ကကွက်လေးတွေလဲ ပါတယ်လေ။

နောက်ဆုံးကတော့ Viennese Waltz ပါ။ သူကတော့ Romantic အဖြစ်ဆုံး အကပါ။ အလွန်ကောင်းတဲ့ Viennese Waltz အကတစ်ခုဟာ နတ်သမီးပုံပြင်တခုကို ကြည့်နေရသလိုပဲ အရမ်းကို လှပပါတယ်။ Viennese Waltz ရဲ့ Signature ကကွက်တွေကတော့ လှည့်တာတွေပါ။ လှည့်တာကတော့ မျိုးစုံပဲ Left Turn, Right Turn, Natural Turn, Reverse Turn, Overshadowing Turn နဲ့ Pivots တွေပါ။
(မှတ်ချက်။ ဒီ Viennese Waltz ကို လင်းစစ်သူရဲ့ Dubai Rotating Tower ထဲမှာ ကရင်တော့……… ;P)

နောက်တစ်ခုက International Latin ပါ။ သူက Week 4 မှာ ပြိုင်တာ။ အလယ်က American Rhythm နဲ့ International Standard ကတော့ နောက်ကြုံမှပဲ ရေးတော့မယ်။ American Smooth နဲ့ International Standard က ပုံစံနည်းနည်းတူတယ်။ American Rhythm နဲ့ International Latin ကလဲ ပုံစံတူတယ်။ ကတဲ့ ပုံစံနည်းနည်းလေးစီပဲ ကွဲသွားတာပါ။

International Latin မှာ Cha Cha, Samba, Rumba, Paso Doble နဲ့ Jive ဆိုပြီး အကငါးမျိုးပါပါတယ်။ ဒီ Video Clip လေးမှာတော့ Jive ကနေရာ မဆန့်လို့ ပါမလာဘူး။ ဆက်ကြည့်ချင်တယ်ဆိုရင် ဒီမှာ Link။ ထုံးစံအတိုင်း နှစ်မိနစ်က ဆယ်စက္ကန့်လောက်ပြန်နား ဆက်ကပေါ့။



ပထမဆုးံကသွားတာက Cha Cha Cha ပါ။ ပေဖူး Cha Cha Post တင်ဖူးပါတယ်။ Post ရှည်သွားမှာဆိုလို့ အဟောင်းလေးကိုပဲ ပြန်သွားနော်။ ဘွာတေး။ ဒီမှာ LINK.

Samba ကတော့ Rhythmic အဖြစ်ဆုံး အကပါ။ ကတာမြန်လဲ မြန်တယ်။ Hip Action ကလဲ အပြည့်ပဲ။ Beat ကို မလိုက်နိုင်ရင်တော့ တော်တော့်ကို ကိုးရိုးကားယားနိုင်တယ်။

Rumba ကတော့ လက်တင်စတိုင် Romance ပါ။ Slow Movement တွေ Rumba Walk တွေ အပြည့်နဲ့ပေါ့။ ဒီဘက်မှာတော့ ယောကျာ်းက မိမိ Partner ရဲ့ လိုင်းတွေ ကောက်ကြောင်းတွေ အပြည့်အ၀ဖော်ပြနိုင်အောင် ကူညီရပါတယ်။ ဒါကြောင့်လဲ Rumba ကို Partner Dance လို့ ခေါ်တာပါ။ Rumba မှာ Rated-R nickname တွေ ရှိပါတယ်။ ပြောတော့ဘူးနော်။ ;)

နံပါတ်လေးကသွားတာကတော့ Paso Doble ပါ။ သီချင်းတီးလုံးကို စာဖတ်သူတွေ ကြားဖူးနေမှာပါ။ Spain က Bull Fight သီချင်းပါ။ ပေဖူး စကြားဖူးတာကတော့ Tom & Jerry ကာတွန်းထဲမှာ ;). တကယ်ကို ကျွှဲရိုင်းသတ်ပွဲနဲ့တူအောင် Intensity ရှိပါတယ်။ American Smooth က Tango လိုပဲ မာန်ပါပါတယ်။

ဒီ Video မှာ မပါတာကတော့ Jive ပါ။ Link ကို ထပ်ချိတ်ပေးလိုက်ပါတယ်။ Jive ကတော့ ပျော်စရာကြီးပါ။ ခြေကန်ချက်တွေကတော့ အဓိကပါပဲ။ Kicks, Flicks, Double Kicks, Triple Kicks။ ကရတာတော့ မောလို့ လျှာထွက်မယ့်ပုံပဲ။

ဒီမှာတင် ရပ်လိုက်ကြစို့။ အကတွေ အကြောင်း မစုံတာရှိရင် ခွင့်လွှတ်ပါနော်။ သွေ့ပုချိ။ ;)
မေးခွန်းလေးတွေ ကော်မန့်လေးတွေ ရှိရင် ချန်ထားခဲ့နော်။ ပြန်ဖြေပေးပါ့မယ်။

လေးစားချစ်ခင်လျှက်
ပေဖူးလွှာ


4 comments:

Anonymous said...

ပေဖူးရေ.. အကလေးတွေအရမ်းအရမ်းကောင်းတယ်.. လေထဲမှာလွှင့်မျှောသွားသလိုခံစားရတယ်..
အဲ့.. တစ်ခုမေးမလို့.. အရပ်မညီရင် ကလို့ဖြစ်ပါ့မလား..
ကိုရင်နော့် အရပ်က ၅ပေ ၁၁ လက်မ ကိုရင်နော့် ချစ်ချစ်က ၄ပေ ၃လက်မဘဲရှိတယ်.. ပုတက်တက်လေး.. ဖြစ်ပါ့မလား.. ကကြည့်ချင်လို့.... :P

RePublic said...

အထွေအထူးတွေ ရှာပေးတဲ့ ပေဖူးလွှာရေ...
ီDance floor ကို အမြဲအားပေးရင်းနဲ့ အကနဲ့ပတ်သက်ပြီးဗဟုသုတ တွေတိုးလာတယ်ဗျာ..
အားလုံးကိုနှစ်သက်ပါတယ်၊၊ ကျေးဇူးလည်းတင်ပါတယ် ၊၊ နောက်ထပ်အများကြီး ကြည့်ချင်ဖတ်ချင်သေးတယ်ဗျာ... စောင့်မျှော်လျက်ပါ ၊၊

PP said...

ကိုရင်နော် Two Options ရှိတယ်။
ကိုရင့်နော်ချစ်ချစ်ကို ကုလားမခြေထောက်တပ်ကခိုင်း။
ဒါမှမဟုတ် ကိုရင်နော် ခြေတစ်ဆစ်ဖြတ် (ဒူးလောက်က ဖြတ်ရင်အတော်ပဲ) :P :P :P
မင်္ဂလာဆောင်ဖိတ်နော်။ Waltz ကတာလာကြည့်မလို့. ;)

Tea said...

ကမယ်.. တို့ကတော့ အကုန်ကျွမ်းတယ်.. အချိန်မရွေး.. နေရာမရွေး.. always ပဲ.. ဟတ်ဟတ်