Photobucket

Sunday, July 6, 2008

နင်သိမှသိပါ့မလား?

ကျွန်တော့်ရဲ့ အတိတ်ကချစ်သူ ဆိုတဲ့ ကဗျာလေးကို မချယ်ရီ (တစ်ရာ့တစ်) ဆိုသူက ဖတ်ပြီး အရမ်းခံစားရလို့ ကျွန်တော့်ကို ကဗျာဆန်ဆန် ဆောင်းပါးလေး တစ်ပုဒ် ပို့လာတယ်။ ကြည့်စီစဉ်ပြီး ပိုစ့်တင်ပေးပါ ဆိုလို့ ကျွန်တော်လည်း အပိုဒ်တွေခွဲ၊ စာကြောင်းတွေ ခွဲပြီး ပိုစ့်တင်ပေးလိုက်ပါတယ်။ အရမ်းကို ကြေကွဲစရာ ကောင်းလှပါတယ်။ ပေးပို့ပေးသော ချယ်ရီကို ကျေးဇူးတင်ပါသည်။




ငါနင့်ကိုချစ်မိနေပြီဆိုတာ နင်သိပါ့မလား..
ငါ့စိတ်ထဲမှာ နင်ပဲရှိတယ်။
နင်နဲ့ မတွေ့ရရင် မနေနိုင်ဘူး။
နင်နဲ့ အတူနေရရင် ငါစိတ်ချမ်းသာမှုကို ခံစားရတယ်။
ငါပျော်နေတယ် သိလား..
နင့်ဘေးနားမှာ ရှိရင် ငါပျော်နေတယ်။
နင်နဲ့ စကားပြောနေရရင် ငါကြည်နူးတယ်။
နင့်ကိုများ ငါဖက်ထားလိုက်ရရင် ....
ငါလေ ဒီလောကကြီးကို မေ့သွားနိုင်တယ်။

နင်နဲ့ မတွေ့ရတဲ့ ရက်တွေ ဟာဆို
ငါ့အတွက် ငရဲကျ နေသလို ပါပဲဟာ။
စိတ်ကသာ နင့်ဆီကို ရောက်နေတယ်။
နင်ဟာ ငါ့အတွက်တော့ ဆေးတခွက်ပါ။
နင့်အပြုံးတွေ မြင်လိုက်ရင် ငါပျော်မိတယ်။
နင်မှိုင်နေပြီဆိုရင် ငါဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။
ဒါပေမယ့် ဒါတွေ နင်တစ်ခုမှ မသိဘုး။
သိလိမ့်မှာလည်း မဟုတ်ဘူး။
ငါဒီကိစ္စတွေ၊ ခံစားချက်တွေကို..
ငါ့ရင်ထဲမှာ ထာဝရ သိမ်းဆည်းသွားမှာပါ။
ခံစားချက်တွေအားလုံးကို လှေလေးပေါ်တင်ပြီး..
ငါ ပြန်လမ်းမဲ့ကျွန်းကို လွှတ်လိုက်ပြီ။

နင်စိတ်ချမ်းသာဖို့ အရေးကြီးတယ်။
ငါ နင့်ဘေးမှာနေပြီး နင့်ရဲ့ နေ့စဉ်ဘ၀တွေကို
သာယာပြည့်စုံလှပသွားအောင် ဖန်ဆင်းပေးချင်တယ်။
ငါရမှ ရပါ့မလား..
အခုတောင် ငါတော်တော်လေး ထိခိုင်နေပြီ။
မပူပါနဲ့။ ငါကြံဖန်ပြီး နင့်ကို ပြည့်စုံအောင် လုပ်ပေးမယ်။
နင်သာ အဆင်ပြေမယ်ဆိုရင် ငါသိပ်ပျော်နေမိပြီ။
နင်သိမှ သိပါ့မလား..
ငါ့သံယောဇဉ်တွေ၊ မေတ္တာတွေ၊ စေတနာတွေဟာ
တစ်စနဲ့ တစ်စ သန္ဓေတည်ပြီးရင်း တည်ရင်း
စွမ်းအင်တစ်ခုအသွင်သို့ ပြောင်းသွားခဲ့ပြီ။
ငါ့ကိုယ်ငါ ဘယ်လိုမှ ကယ်မရတော့ဘူး။
ဘ၀မှာ မကြုံဖူးခဲ့သော အချစ်ကို စတွေ့လိုက်ပြီ။

တစ်ချိန်ချိန်ဆိုတဲ့ အချိန်ကို ရောက်လာရင်
ငါအကြီးအကျယ် ခံစားရမှာ..
ငါ့မှာ ဒီအတိုင်း ကြည့်နေရုံကလွဲပြီး
ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။
နင့်အတွက် ငါအရာရာကို စတေးရဲတယ်။
ငါ့ရဲ့ နေ့နေ့ညညအတွေးအာရုံ အားလုံးကို
စိုးမိုးချယ်လှယ်ထားတာ နင်ပဲရှိတယ်။
အိမ်မက်တွေထဲအထိ ၀င်ရောက် ခြယ်လှယ်နေတယ်။
ငါဟာ တစ်နေ့တစ်နေ့ ပြုံးနေတယ်။
ပျော်နေတယ်။ ဒါတွေအားလုံးဟာ ဟန်ဆောင်မှုတွေပါ။
နင့်ကို မတွေ့ရတဲ့ အချိန်တိုလေး တစ်ခုမှာ
ငါဟာ အားပြတ်သွားတယ်လို့ ခံစားရတယ်။
နင့်အရှေ့မှာသာ ပြုံးနေခဲ့ပေမယ့် ရင်ထဲမှာ
ဒဏ်ရာတွေနဲ့ အပြည့် ဖုံးလွှမ်းနေတယ်ဆိုတာ
ဘယ်သူမှ မသိနိုင်ပါဘူးဟာ။

လောကမှာ အချစ်နဲ့ ပတ်သက်လို့
ကံအဆိုးဆုံးလူတစ်ယောက် ကိုပြပါဆိုရင်
ငါ့ကို ပြကြမှာပဲ။
ငါ့ကိုက ကံဆိုးလွန်းပါတယ်။
မချစ်သင့်ပဲ ချစ်မိတာက ငါ့အမှားပါ။
အခုတော့ ငါ ဟန်ဆောင် ပြုံးတွေ ပြုံးနိုင်သေးတယ်။
အခုတော့ ငါ နင့်ရှေ့မှာ ပျော်သယောင် နေနိုင်သေးတယ်။
အခုတော့ ငါ ပုံမှန် ဘာမှ မဖြစ်သလို ရှိသေးတယ်။
ဒီလို ခံစားချက်တွေ အားလုံးကို မျိုသိပ်ထားရင်း
တစ်ချိန်ချိန်မှာ ပေါက်ကွဲထွက်လာရင်
အားလုံးဟာ ပြင်းထန် ပျက်စီးသွားလိမ့်မယ်။
ဒါပေမယ့်.. အဲ့ဒီအချိန်ဟာလည်း..
ငါသေပြီးမှာပဲ ရောက်လာမှာပါ။

သိပ်သိပ်ကို ခံစားနေရတယ်။
ချယ်ရီ (တစ်ရာ့တစ်)

2 comments:

Tea said...

မချယ်ရီရေ.. ကျွန်တော်ဒီဆောင်းပါးလေးကို ဖတ်ပြီး အရမ်းကို ခံစားရပါတယ်။ တော်တော်လည်း စိတ်မကောင်း ဖြစ်မိပါတယ်။ :(

အခုလေ ဝေမျှပြီး ခံစားခွင့်ပေးတာ ချယ်ရီကို ကျေးဇူးအထူးတင်ပါသည်။

Anonymous said...

visit here



http://julystars.blogspot.com/2008/05/i-love-shoes.html