Photobucket

Wednesday, July 16, 2008

ကျောင်းတက်နေတယ် ဆိုရင်….. အပိုင်း(၁)


ဟာသလေးနည်းနည်းစီပါ။ ပေဖူးသူငယ်ချင်းတစ်ယောက်က facebook မှာ လာဖိတ်လို့ အဲဒီ Group လေးကို သွားကြည့်မိတယ်။ အဖွဲ့နာမည်လေးက You Know You're in College When…တဲ့။ US က ကောလိပ်ကျောင်းသားတွေ ဖြစ်တတ်တဲ့ သဘာဝလေးတွေကို ရေးထားတာပါ။ ပေဖူးကတော့ အိမ်နဲ့ ခွဲပြီး နိုင်ငံတိုင်းမှာ လာတက်တဲ့ ကျောင်းသားတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝလေးတွေလို့ ထင်ပါတယ်။ တော်တော်လေးကို ရီရပါတယ်။ တခြားအိမ်သားတွေတော့ မသိဘူး ပေဖူးလွှာအတွက်တော့ ၁၀ခုမှာ ၈ခုလောက်က မှန်နေတယ်။ ဟာသတွေက ၁၀၀ ကျော်ပါတယ်။ တခါတင်ရင် ၁၀ခုလောက် ဘာသာပြန်တင်မယ်။ အားပေးတဲ့လူ ရှိရင် ဆက်တင်ပါ့မယ်။ မကြိုက်ရင်တော့လဲ မတင်တော့ပါဘူး။ :(

ဟာသတွေကို မင်းကောလိပ်တက်နေတာဆိုရင် နဲ့ စပြီး ဖတ်ကြည့်ပါ။ ကွင်းထဲက စာလေးတွေကတော့ ပေဖူးလွှာရဲ့ အာဘော်ပါ။ ဟဲ ဟဲ

၁။ မင်းအခန်းထဲက ရေခဲသေတ္တာထဲမှာ စားစရာထက် ဘီယာက ပိုများနေလိမ့်မယ်။
(~,~)

၂။ အထက်တန်းကျောင်းကတော့ ၈နာရီ မထိုးခင် စတယ်။ ကောလိပ်မှာ ဆိုရင်တော့ နေ့ခင်း ၁၂နာရီ မထိုးခင် စတဲ့ ထင်တဲ့ အတန်းတိုင်းကို စောတယ် ထင်တယ်။
(Z..zz..z...z.z.z.zzzzzz)

၃။ မနက် ခြောက်နာရီဆိုတာ ကိုယ်တို့ အိပ်ရာဝင်တဲ့ အချိန်၊ အိပ်ရာထတဲ့ အချိန် ဟုတ်ဖူး။
(တညလုံး ဘလော့နေပုံ ရတယ်။ :P)

၎။ အတန်းထဲမှာ ငိုက်မယ့်အစား ကျောင်းမသွားဘဲ အိပ်ယာထဲမှာ ကွေးနေလိုက်တာပဲ ကောင်းပါတယ်လေ။
(သွေးထွက်အောင် မှန်ဧ။်)

၅။ McDonald, KFC, Taco Bell တို့ ညနက်သန်းခေါင် ဘယ်အချိန်အထိ ဖွင့်တယ်ဆိုတာ သိနေပြီးသား။
(ငါ့ဝမ်းပူစာ မနေသာ။ ;D)

၆။ ငါ့ကား ဘယ်တုန်းက ဆေးမိပါလိမ့်။
(တခါမှ မဆေးတာလဲ ဖြစ်နိုင်ပါတယ်) ;)

၇။ တနလာင်္လား အင်္ဂါလားတော့ သိတယ်။ ဒီနေ့ ဘယ်နှစ်ရက်လဲ ဆိုတာတော့ သိဝူး။
(ဟီး…ကွက်တိမှန်ဧ။်)

၈။ မင်းအ၀တ်လျှော်တဲ့နေ့ဟာ အတွင်းခံတွေ၊ ခြေအိတ်တွေ ကုန်သွားတဲ့နေ့ပေါ့။
(ပြန်တော့ မ၀တ်ကြပါနဲ့။ @.@)

၉။ Facebook, Friendster, Myspace နဲ့ Blogspot.com တို့ကို တနေ့ တခါမက Check မိနေတယ်။
(ဂျွတ်တွေကိုး :D)

၁၀။ မျက်နှာသစ်ကြွေဇလုံမှာ ပန်းကန်ဆေးတာ အခေါက်ပေါင်း မနည်းတော့ဘူး။
(Basinပဲ ဆေးချင်တာဆေးမှာပေါ့ :P)

အများကြီး ကျန်သေးတယ်။ မယုံမရှိနဲ့ ၈၀ရာနှုန်းမှန်တယ်။ ပေဖူးလွှာတော့ ဒီတခေါက် ကိုးခုမှန်တယ်။ ဟီး……..

များများရေး များများရယ်
;)
ပေဖူးလွှာ

16 comments:

Tea said...

တူနေသလိုပဲ.. ;)

မနက် ခြောက်နာရီဆိုတာ ကိုယ်တို့ အိပ်ရာဝင်တဲ့ အချိန်၊ အိပ်ရာထတဲ့ အချိန် ဟုတ်ဖူး။

မင်းအ၀တ်လျှော်တဲ့နေ့ဟာ အတွင်းခံတွေ၊ ခြေအိတ်တွေ ကုန်သွားတဲ့နေ့ပေါ့။

especially these 2 ;)

Anonymous said...

Precisely :D Go Pay Poo Go Go :P

RePublic said...

မ ရေဘူး...အဲ မှားလို့ မပေဖူး....များပြီ များပြီ ....
တော်ချက်တွေ ၊၊

Unknown said...

ဟား...ဟား....ဟား......
ငါ့အတွက်တော့ အကုန်မှန်တယ်.....ဟီးးးးးးးး ဟီးးးးးး

Anonymous said...

Man
It is like talking about me =)

Anonymous said...

almost everything =)

Lin Sit Thu said...

Not quite true to me...
may be cuz i'm living with my aunt... not need to wash dishes...

I don't drink beer...
I don't have car...
I don't really sleep at six in the morning...i sleep at twelve which is the latest but nay phin htoe dar taung ma hta chin tay bu...

may be 40% is me...:D

however, they are funny... i can imagine i will be like that if i live alone... lol...

PP said...
This comment has been removed by the author.
PP said...

လင်းစစ်သူကြည့်ရတာ ဘုန်းကြီးဝတ်မဲ့ အလားအလာရှိတယ်။ :P :P :P :P
ကျန်တဲ့ ကော်မန့်ပေးသူအားလုံး ကျေးဇူး ရှဲရှဲနီ။ :P :P :P

Tea said...

လင်းစစ်သူက သက်သာနေကြောင်း သက်သက် ကြွားသွားတာ.. ဟွန်း

အိတာ said...

တော်ပြီမှန်တယ်မှားတယ်မပြောချင်ဘူး...
လူတွေသိကုန်မယ်...
ပေဖူးနော်......ဟီးးးးး

Anonymous said...

Unlike me! :)

^ - ^

Anonymous said...

၆။ ငါ့ကား ဘယ်တုန်းက ဆေးမိပါလိမ့်။
(တခါမှ မဆေးတာလဲ ဖြစ်နိုင်ပါတယ်) ;)

I wash my car once every 3 month.

ဖီးနစ် said...

ဟီးဟီး အကုန်လုံးမှန်တယ် ထောက်ခံပါတယ် ဆက်ရေး ဆက်ရေး ကျန်တာလေးတွေလဲသိချင်သေးတယ်
ps ခြေအိတ်တွေတော့ တစ်ခါတစ်လေပြန်ဝတ်မိတယ် :)

Anonymous said...

ခြေအိတ်တွေ အတွင်းခံတွေကို အထည် ၃၀ လောက် ဝယ်ထားတယ် ဟီးဟီး သဘောပေါက်တော့

Anonymous said...

50% match with me ... :D