Photobucket

Thursday, July 10, 2008

သတင်း Center - ဇူလိုင် ၁၀ မြန်မာ ကမ္ဘာ သတင်းများ



မြန်မာ့သတင်းများ

မုန်တိုင်း ထိခိုက်ခံ နေရာများတွင် ထောင်နဲ့ ချီတဲ့ စာသင်ကျောင်းတွေ အရင်ပတ်ကထဲက ပြန်ဖွင့်လိုက်ပါပြီ။ အခုလို ဖွင့်နိုင်တာက Save The Children လို အဖွဲ့တွေက ကူညီပေးခဲ့လို့လည်း ဖြစ်ပါတယ်။ [More]


ဘလော့ဂါ နေဘုန်းလတ်အား ယခုလ ၈ ရက်နေ့က အင်းစိန်ထောင်အတွင်း ပထမဆုံးအကြိမ် ရုံးထုတ်ပြီး နောက်ထပ် စွဲဆိုချက်များ တိုးမြှင့်ကြောင်း တရားရုံးက အသိပေးလိုက်သည်။ [More]


မြန်မာပြည် မုန်တိုင်း ကြောင့် အစာရေစာ ဒုက္ခရောက်မှုများသည် အာဆီယံ အား ပိုမိုစည်းလုံးစေ။ [More]


UN က မြန်မာပြည် ဒုက္ခသည်များကို ကူညီဖို့ မီလီယန် ၃၀၀ကျော် (ဒေါ်လာ) လိုအပ်သည်ဟု ပြောကြားသည်။ [More]


Red Cross က မြန်မာပြည် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် appealing $US 72.5million တိုးမြှင့်။ [More]


နာဂစ်မုန်တိုင်းသင့် ဘိုကလေးမြို့နယ်အတွင်းရှိကျေးရွာတချို့တွင် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ငွေကြေးကြွယ်ဝသည့် လုပ်ငန်းရှင်များ၏ ချယ်လှယ်မှုတို့ကြောင့် လယ်သမားများ လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်ရန် နှောင့်နှေးမှုများ ကြုံတွေ့နေ ရကြောင်း သိရသည်။ [More]


ထင်ရှားသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးကို စစ်အာဏာပိုင်များက ဆက်လက် ချုပ်နှောင်ထားရန် တရားစွဲဆိုသည့် ပုဒ်မပြောင်းလဲ လိုက်ကြောင်း မိသားစုဝင် တဦးကပြောသည်။ [More]


ရန်ကုန်မြို့မှ နာမည်ကြီး လူငယ်စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သူ မောင်ဝိတ်နှင့် အပေါင်း အပါ ၆ ဦးတို့ကို အက်တာစီ ဆေးပြား သုံးစွဲ ဖြန့်ချိမှုဖြင့် ဇွန်လ ၁၀ ရက်နေ့တွင် သက်ဆိုင်ရာက ဖမ်းဆီး အရေးယူလိုက်ပြီ ဖြစ်ကြောင်း ဇူလိုင် ၁၁ - ၁၇ ရက်နေ့ထုတ် မြန်မာတိုင်းမ်စ် ဂျာနယ်တွင် ဖော်ပြထားသည်။ [More]


မိုးကြီးပြီး တာကျိုးပြီး လယ်ဧက သုံးသောင်း နီးပါး ရေမြှပ်နေ (ညောင်ပင်လေးမြို့နယ် စစ်တောင်း မြစ်ကမ်း အောက်ဘက် ဒေသ)[More]


ရွေးကောက်ပွဲ အတွက် ဘာမှ မပြင်ဆင် ထားပါဘူိးလု့ မွန်ပြည်သစ်က ပြောကြားသွားသည်။ [More]


ယူကေနိုင်ငံမှ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) က ဆိုင်ကလုံးနာဂစ်ဒဏ်ခံ မြန်မာများအတွက် နောက်ထပ် ပေါင်စတာလင် ၁၇.၅ သန်း ထပ်မံပေးမည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ရာ DFID ၏ စုစုပေါင်း လှူတန်းငွေ ပေါင်စတာလျှင် ၄၅ သန်းရှိသွားပြီ ဖြစ်သည်။ [More]


မြန်မာပြည်က ၆၆ နှစ်ကြာ ဒုတိယ ကမ္ဘာစစ်တွင် ခွဲခွာ ခဲ့ရသော ညီအစ်မနှစ်ယောက် ပြန်လည် စုံစည်းခွင့် ရကြသည်။ [More]


ရွှေပြည်သာမြို့နယ် ဗုံးပေါက်ကွဲမှုအပြီး ရန်ကုန်တိုင်း မြို့နယ် အများအပြားရှိ ရပ်ကွက် ကြံ့ဖွံ့ရုံးများတွင် အလှည့်ကျ ၂၄ နာရီအချိန်ပြည့် လုံခြုံရေးအဖြစ် အလှည့်ကျ ကင်းစောင့်နေကြရသည်။ [More]


အင်းစိန်ထောင်တွင် တိုက်ပိတ်ခံရသူ နိုင်ငံရေး အကျဉ်းသားများ၏ အမည်စာရင်းကို ပြစ်မှု ဖြစ်ပွားပုံနှင့်တကွ ယခုလမှ စတင်ကာ ထောင်ဗူးဝတွင် ထုတ်ပြန် ကြေညာလာသည်။ [More]



ကမ္ဘာ့သတင်းများ

Next US president will be a lefty, whatever his party
ယခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါတီကြီးနှစ်ခုမှ ပြိုင်ပွဲဝင်မည့် အမတ် John McCain ကော အမတ် Barack Obama ပါ ဘယ်သန်ဖြစ်သဖြင့် မည်သူနိုင်နိုင် ဘယ်သန်သမ္မတနောက်တစ်ယောက်တိုးလာမည်ဖြစ်။ Ronald Reagan, Gerald Ford, George Bush နှင့် Bill Clinton တို့သည်လည်း ဘယ်သန်များဖြစ်ကြ။ [More]


Water Discovered in Moon Samples
၁၉၆၀၊ ၁၉၇၀ ပြည့်နှစ်များက အပိုလိုအာကာသယာဉ်များဖြင့် ပြန်လည်သယ်ယူလာသော လကျောက်ခဲများအနက် မီးတောင်ပေါက်ကွဲမှုကြောင့် ဖန်သားသဖွယ် ပုတီးကျောက်ခဲများတွင် ရေအစအန အကြွင်းအကျန်များတွေ့ရှိ။ ထိုကဲ့သို့သော ကျောက်များကို ကမ္ဘာ့အတွင်းပိုင်းကျောက်လွှာများတွင်လည်း တွေ့ရှိရ။ [More]


Abandoned baby panda adopted by cat at Dutch zoo
နယ်သာလန်နိုင်ငံရှိ တိရစ္ဆာန်ရုံတွင် ပန်ဒါငယ်လေးမွေးဖွားရာ မိခင်က စွန့်ပစ်လိုက်။ သို့သော် တရုံထဲ ကြောင်က မွေးစားထားပြီး အစာရှာကျွှေးသည့်အပြင် အတူတူနေထိုင်လျက်ရှိ။ [More]


Fish fossils plug hole in evolutionary theory
လွန်ခဲ့သော နှစ်သန်းပေါင်း၅၀ခန့်က ရေအောက်ကြမ်းပြင်တွင်နေသော flat fish များဧ။် မျက်လုံးတဖက်သာ အလယ်ဦးခေါင်းခွံတွင်ရှိနေသော ရုပ်ကြွင်းများကို ရှာတွေ့ခြင်းအားဖြင့် မျက်လုံးတဖက်တခြားတဖက်သို့ ဖြည်းဖြည်းချင်းရွေ့သွားသည်ဟု ဆိုသော သီအိုရီကို ထောက်ခံနေ။ (ဦးခေါင်းရိုး Sketch များနှင့် အတူ)[More]


Argentine natural ice dam bursts for first time in winter
ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲလာမှုကြောင့် အာဂျင်တီးနားနိုင်ငံတွင် သဘာဝ ရေခဲ ရေကာတာကြီး ဆောင်းရာသီတွင် ပေါက်ထွက်။ [More]


Polar bear harassment by oil companies challenged
Bush သမ္မတ္တအဖွဲ့ဧ။် ၀င်ရိုးစွန်းတွင် လောင်စာဆီအရင်းအမြစ်ရှာဖွေရန် ခွင့်ပြုမှုကို သဘာဝချစ်သူ အဖွဲ့နှစ်ဖွဲ့က ပိုလာဝက်ဝံလေးများ နေထိုင်မှု အရင်းအမြစ်များကို ထိခိုက်နိုင်သည်ဟုဆိုကာ တရားစွဲဆိုလိုက်။ [More]


Study finds addictive drugs easily ordered online
မော်ဖင်း၊ အောက်ဆီကိုဒုန်း နှင့် အမ်ဖက်တမင်းဆေးပြားများကို Online Website များတွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်ကြောင်းကို Columbia University မှ သုတေသီများ တွေ့ရှိ။ [More]


This year, 6 types of voters will decide the presidential election
အမေရိကန် ရွေးကောက်ပွဲ မတိုင်မီ အကြိုစစ်တမ်းကောက်ယူပွဲတွင် လူအများမဲပေးကြရာ ခြောက်မျိုး ခွဲခြားနိုင်ကြောင်း စာရင်းအင်းအတိအကျများနှင့် တကွ။ [More]


$55,000 found in St. Louis County Jail bathroom
မစ်ဇူရီပြည်နယ် စိန့်လူးဝစ်မြို့ရှိ အကျဉ်းထောင်အိမ်သာထဲတွင် စက္ကူနှင့် ပတ်ပြီး ဖွက်ထားသော ဒေါ်လာငါးသောင်းငါးထောင်ကို သိမ်းဆည်းမိ။ [More]


Toyota will start making hybrid Prius in US
ဆီဈေးမြင့်တက်လာမှုကြောင့် ကားအရောင်းကျဆင်းသော်လည်း Toyota Hybrid က အလွန်ရောင်းကောင်း။ တိုယိုတာသည် အမေရိကတွင် SUV နှင့် Truck ကားများထုတ်လုပ်မှုကို အမေရိကန်တွင် ရပ်ဆိုင်းပြီး လျှပ်စစ်စွမ်းအင်ကို အများဆုံးအသုံးချပြီး တစ်ဂါလံကို မြို့တွင်းမိုင်ငါးဆယ်မောင်းနိုင်သော Prius ကို ပြောင်းလဲထုတ်လုပ်သွားမည်ဖြစ်။ [More]


လေးစားလျှက်
Mr. Reporter (BND) Burma News Department
Ms. Reporter (WND) World News Department

No comments: