Photobucket

Thursday, July 17, 2008

ကျွန်တော့်ဟာ မဟုတ်လို့


ဆရာဝန်က သူ့လူနာတစ်ဦးအား မေးလိုက်သည်။

ဆရာဝန် ။ ။ ဒီပုလင်းထဲက ဘာတွေလဲ

လူနာ ။ ။ ဘရန်ဒီ အရက်တွေပါ ဆရာ


ဆရာဝန် ။ ။ ခင်များ အရက်မသောက်တော့ ပါဘူးလို့ ကျွန်တော့်ကို ကတိပေးထားတယ်လေ။ မမှတ်မိတော့ဘူးလား

လူနာ ။ ။ မှတ်မိပါတယ်ဆရာ၊ အခုဟာက နည်းနည်းလေးပါ သိပ်မများပါဘူး ဆရာ။

ဆရာဝန် ။ ။ ဘာ.... မများဘူး ဟုတ်လား... ဒီမှာ တပုလင်းလုံး လိုလိုပါပဲလား

လူနာ ။ ။ ဒါတွေ အကုန်လုံး ကျွန်တော့်ဟာတွေ မဟုတ်ပါဘူးဆရာ၊ တ၀က်က ကျွန်တော့်သူငယ်ချင်း ရဲ့ဟာပါ။

ဆရာဝန် ။ ။ ကောင်းပြီလေ၊ ခင်များပိုင်တဲ့ ခင်များရဲ့ အရက်တစ်ဝက်ကို သွန်ပစ်လိုက်ပါ။

လူနာ ။ ။ ဟာ မဖြစ်ဘူး ခင်ဗျ။

ဆရာဝန် ။ ။ ဘာကြောင့် မဖြစ်ရမှာတုန်း..

ထိုအချိန်တွင် လူနာပြန်ဖြေလိုက်ပုံက..

အခုပုလင်းထဲက အရက်တွေထဲမှာ အပေါ်ဆုံးက ဟာတွေက ကျွန်တော့်သူငယ်ချင်းပိုင်တဲ့ ဟာတွေ မို့ပါ။

:)

Ref: mmcp

No comments: