Photobucket

Monday, July 28, 2008

အဖျက်သမားများနှင့် ကျွန်တော်တို့၏ ရပ်တည်မှု

ကျွန်တော့်အိမ်သည် လွတ်လပ်စွာ ရပ်တည်သော ဘလောခ့် တစ်ခု ဖြစ်ပါသည်။ ကျွန်တော့် အိမ်သည် လွတ်လပ်မှု ကို မြတ်နိုး တွယ်တာ ခုံမင် ပါသည်။ ကျွန်တော့်အိမ် မှ လူငယ်များ သည် တစ်ရက်မှာ ၂၄နာရီ လုံးလုံး ထိုင်ပြီး ဦးသန်းရွှေကို ထိုင်ဆဲ နေဖို့ စိတ် မ၀င်စားပါ။ ထိုသို့ ပြုမူ နေရုံဖြင့် မြန်မာ ပြည်ကြီး တစ်စုံ တစ်ခု ပြောင်းလဲ ထူးခြား သွားလိမ့် မည်ဟု ယူဆ ထားသူများ မဟုတ် ပါချေ။ ကျွန်တော့် အိမ်သည် စစ်အစိုးရ ကို အားမပေးပါ။ စစ်အစိုးရ၏ လုပ်ရပ်များ မှားယွင်း နေလျှင် ဝေဖန် ရှုံ့ချပါသည်။ ထိုနည်း အတူ ကျွန်တော့်အိမ်သည် အချိန်ပြည့် ဒီမိုကရေစီ ဒီမိုကရေစီဟု မကြုံးဝါးပါ။ ထိုသို့ ကြုံးဝါးမည့် အစား ဖြစ်နိုင်ချေ ရှိမည့် နည်းလမ်း များကို စဉ်းစားလေ့ ရှိပါသည်။

ကျွန်တော့်အိမ်သည် ဆောင်းပါး၊ ကဗျာ၊ သီချင်း၊ အက၊ ဗိသုကာ၊ သတင်း၊ ဟာသ၊ ဗဟုသုတ၊ စာတို၊ စာရှည်၊ ဓာတ်ပုံ အစရှိသည့် အကြောင်း အရာများဖြင့် ရှုထောင့် ပေါင်းစုံမှ စာဖတ်ပရိသတ်များ အားလုံးကို စိတ်သဘောကျ စေရန် ရည်ရွယ်ပြီး ကြိုးစားလျှက် ရှိပါသည်။ ကျွန်တော်တို့ လူငယ် တစ်စုသည် မိမိတို့ ကိုယ်စီ ကိုယ်စီ သိနားလည်သော အရာများ၊ တစ်ယောက် ချင်းစီမှ အသိဥာဏ်များ ကိုယ်စီ ကိုယ်စီ စုပေါင်းပြီး ဥမကွဲ သိုက်မပျက် ညီညာစွာဖြင့် အနာဂတ် ရှေ့ခရီးကို လက်တွဲ ညီညီ ချီတက် နေသူများ ဖြစ်ကြ ပါသည်။ ကျွန်တော်တို့သည် တစ်ယောက်ထဲမှ အရာ အားလုံး မပြည့်စုံသည် ဟူသော ခံယူချက်ကို လက်စွဲကိုင်ပြီး တစ်ယောက်လက် တစ်ယောက် ဆွဲကူကာ လိုအပ်ချက် များကို ဖြည့်ဆည်း ပေးသွားရင်း အချိန်နှင့် တစ်ပြေးညီ လျှောက်လှမ်း နေပါသည်။

ဤအချိန်များ အတွင်းတွင် ကျွန်တော်တို့သည် အင်မတန် ခင်မင်စရာ ကောင်းသော သူငယ်ချင်းများ ကို တွေ့ရှိ ရပါသည်။ အချိန်တိုင်း အားပေးနေသည့် စာဖတ် ပရိသတ်များဖြင့် လက်တွဲညီညီ ကြိုးစား လျှက်ရှိပါသည်။ အကြံပေး ချက်များ၊ ဝေဖန်မှုများ၊ အစရှိသည်တို့ဖြင့် အမြဲလိုလို ကူညီပေးနေသော သယ်ရင်းများ၊ မိတ်ဆွေ အပေါင်းအသင်း များကိုလည်း အထူး ကျေးဇူးတင် မိပါသည်။ ယနေ့ ဤအချိန်တွင် ရောက်ရှိ နေသော၊ လက်ရှိ စာဖတ်နေသော၊ လာရောက် လည်ပတ် နေသော မိတ်ဆွေများ ကြောင့် ကျွန်တော့်အိမ်သည် ရပ်တည်နေခြင်း ဖြစ်သည်။ ကျွန်တော်တို့၏ ယုံကြည်ချက်များ အား အကောင်အထည် ဖော်သွားရန် အတွက် ရှင်သန်နေခြင်းဖြစ်သည်။

၎င်းနည်းတူ၊ တစ်ချိန်တည်း မှာပင် ကျွန်တော်တို့အား နှောက်ယှက်လျှက် ရှိသော အဖျက်သမား အုပ်စုကိုလည်း တွေ့ရပါသည်။ ကျွန်တော်တို့သည် Freedom of Speech ကို ခုံမင်သော်လည်း ထိုကဲ့သို့ မိမိနာမည်၊ ဘလောခ့်လိပ်စာ၊ ဘယ်သူ ဘယ်ဝါ ဆိုတာ မဖော်ပြရဲသော အရင်းမရှိ အဖျားမရှိ လူတွေ၏ စော်ကားခြင်းကို လက်ခံမည် မဟုတ်ပေ။ Freedom ဟူသည် Responsibility မရှိပါက ရယူဖို့ရန် မထိုက်တန်သော အရာ တစ်ခုပင် ဖြစ်သည်။ Responsibility တစ်ခု မရှိသော Freedom သည် အခွံ့သာ ရှိကာ အထဲတွင် ဗလာနတ္တိ ဖြစ်နေပါသည်။ အနှစ်သာရ မရှိပါချေ။ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ထိုကဲ့သို့ လွတ်လပ်ရေးကို အသုံးချခြင်း၊ အခွင့်အရေးယူခြင်း အစရှိသည့် လူများကြောင့် ယနေ့ထိတိုင် အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ခြင်း မရှိပါချေ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ရသည်ဟူပြီး ပြောပါက မမှားပါပေ။ အမှားနှင့် အမှန် ကို လုံးလုံး ခွဲခြား နိုင်စွမ်းမရှိ၊ ဖြစ်သမျှ ပျက်သမျှကို မကောင်းမြင် မူဝါဒများဖြင့် လျှောက်လှမ်းနေသော ထိုသူများကို ကျွန်တော်တို့ မကြိုဆိုပါ။ ကျွန်တော်တို့၏ အချိန်များကို ထိုသူများဖြင့် ကုန်ဆုံးသွားစေမည် မဟုတ်ပါချေ။ အဖျက်သမား များသည် ၄င်းတို့၏ မူဝါဒအရ တစ်ပါးသော သူကို အချိန်တိုင်းလိုလို လိုက်လံ စိတ်ပိုင်းဆိုင်ရာ လူပိုင်းဆိုင်ရာ နှောက်ယှက်မှုများ၊ ဒုက္ခပေးမှုများ ပေးနိုင်ရန် အတွက် ကြိုးစားနေသူများ ဖြစ်ပေသည်။ မိမိတို့၏ အချိန်များကို တန်ဖိုးရှိစွာ အသုံးမချပဲ လောကကြီး၏ အမှောင်သားများ အဖြစ် အချိန်တိုင်း ရှင်သန် နေကြသောသူများ ဖြစ်ကြပေသည်။ ထိုသို့သော လူများသည် စစ်မှန်သော ဒီမိုကရေစီနှင့် မထိုက်တန်ပါချေ။ ထိုသူများသည် ခက်ထန် ကြမ်းတန်းသော စစ်အစိုးရနှင့်သာ သင့်လျော်ပေသည်။

သို့ဖြစ် ပါသဖြင့် ကျွန်တော် ကျွန်မတို့သည် နာရီ မိနစ် စက္ကန့် ရွေ့လျား နေသည့် ကာလ တလျှေက် တွေ့ကြုံ ရင်ဆိုင်လာမည့် အခက် အခဲများကို လက်တွဲ ညီညီ စည်းလုံး ညီညွတ်စွာဖြင့် ဥမကွဲ သိုက်မပျက် ရင်ဆိုင် ကျော်လွှား သွားမည်ဖြစ်သည်။ မည်သည့် အခက် အခဲ များကြောင့် ကျွန်တော် တို့၏ ယုံကြည်ချက် များကို စွန့်ခွာပြီး ထွက်သွားလိမ့်မည် မဟုတ်ပါချေ။ ယုံကြည်ချက်များစွာ အတွက် ဆက်လက် ရှင်သန်သွားပါမည်။ အဖျက်သမား များအား အမှန်တရား ကို မြင်တတ် စေရန် ကြိုးစား ကြဖို့ တိုက်တွန်း ချင်ပါသည်။

မိုးချုပ်သော်ငြား နေမ၀င်သေးသောကြောင့် ကျွန်ုပ်တို့၏ခြေရာများ မပျောက်ကွယ် သွားပါ။ ဘလောခ့်ဂါ လောက၏ အဖျက်သများများ၊ အပုတ်ချ သများများ ကင်းဝေး ကြစေဖို့ အစဉ်အမြဲ ရည်ရွယ်လျှက်

www.myhome16.com

15 comments:

Anonymous said...

အဖျက်သမားတွေကိုကျော်ဖြတ်သွားလို့
အနာဂတ်အသစ်မှာ ဒို့တတွေ
ပျော်ကြမယ်လေ

Tea said...

ကျွန်တော် ဤဆောင်းပါးကို ရေးသားခြင်း၏ ရည်ရွယ်ချက်မှာ မိုက်ရိုင်းသော Cbox ထဲမှ အဖျက်သမားများကို ရည်ရွယ်ခြင်း ဖြစ်သည်။

Anonymous said...

တီး နင်သူတို့ကို ဂရုစိုက်နေရင် နင်မောသွားမယ်
ခေါက်သွားလိုက်

Anonymous said...

ဘာမှ အရေမရအဖတ်မရတွေကို အရေတွေ အဖတ်တွေ သွားလုပ်မနေနဲ့

Anonymous said...

နောက်တစ်ခေါက် ပို့စ်တင်ရင် စကားလုံးတွေကို သေချာရွေးချယ်ပါ။ စကားလုံးကြီးကြီးကျယ်ကျယ်တွေကို မသုံးပါနဲ့။ စကားလုံးတွေရဲ့ တန်ဖိုးကို နားလည်တတ်ပါစေ။
အားပေးလျက်ပါ

Tea said...

ဤပိုစ့်သည် ကျွန်တော်တို့ကို အမြဲလိုလို နှောက်ယှက်နေသာ လူတစ်စုအား ရည်ရွယ်ပြီး ရေးထားဖြင်း ဖြစ်သည်။ တစ်ချိန်လုံး အားရင် အားသလို ဆီဗုံးထဲလာရင် ယုတ်ညမ်း ကြမ်းတမ်းသော စကားများကို ပြောဆိုသော ထိုလူတစ်စု.. အဆင့်မရှိသော ကောမန့်များကို ချန်ထားတတ်သော ထိုလူအား ရည်ညွှန်းပြီး ရေးသားခြင်းဖြစ်သည်။ အဓိကအားဖြင့် ကျွန်တော်တို့၏ ရပ်တည်နေသည့် အကြောင်းကို ပြောပြခြင်းသာဖြစ်သည်။

Tea said...

အဆိုပါ ပုဂ္ဂိုလ်သည် မည်မျှပင် ရိုင်းစိုင်းသည်ဟု မေးလာခဲ့သည် ရှိသော်.. အတိုင်းမသိပင် ရိုင်းစိုင်းပါပေသည်။ ထိုသူသည် လူမတန်သော ကောမန့်များ ချန်ထားတတ်ပါသည်။ အမေလည်း မချန်ပါ။ နှမလည်း မချန်ပါ။ စကားလုံး ကြမ်းကြမ်း များကို စနစ်တကျ ပုံဖော်သီကုံးလေ့ရှိပါသည်။ ဆီဗုံးတစ်ခုလုံးကိုလည်း တစ်ခုလုံး ပြည်နေအောင် spamming လုပ်ပြီး နှောက်ယှက်လေ့ရှိသည်။ ကျွန်တော့်အမေကို လွန်ခဲ့သော တစ်ပတ်က ကောမန့်တစ်ခုဖြင့် အင်မတန် ရက်စက်စွာ ပြောဆိုသွားသော ထိုကောမန့်များကြောင့်.. မနေ့က ဆီဗုံးတစ်ခုလုံးကို နှောက်ယှက်သည့် စာသားများကြောင့်...

ဒါတွေကို ရည်ရွယ်ခြင်းဖြစ်သည်။

Anonymous said...

zaonoik
စကားလုံးတွေရဲ့ တန်ဖိုးကိုနားမလည်ခင် မိမိတန်ဖိုးကိုမိမိနားလည်ဖို့လိုတယ်။ ဘယ်သူကမှကိုယ်ပြောတဲ့စကားကိုနားမလည်၊ နားမထောင်လိုဘဲ လူကြားသူကြားမှာ ကိုယ်ထင်တာတွေကို “သေးသေးသိမ်သိမ်” (သေးလိုက်တဲ့စားလုံး၊ သိမ်လိုက်တဲ့အကြောင်းအရာ) တွေရေးနေတဲ့ လူများအိမ်သာစက္ကူဘ၀ရောက်နေတဲ့ “မြန်မာ့အမှောင်” ကို အရင်သွားပြောသင့်တယ်ထင်ပါတယ်။

Anonymous said...

ဒါဟာ မိုင်ဟုန်းကို ကော်မန့်ပေးတာပါ. မိမိတန်ဖိုးကို မိမိ ကိုယ်ကို လူတိုင်း နားလည်ကြရင်တော့ အကောင်းဆုံးပေါ့ဗျာ. ခင်ဗျားလည်း ခင်ဗျားရဲ့တန်ဖိုးကို ခင်ဗျားကိုယ်တိုင် နားလည်ရင်တော့ ဂုဏ်ယူပါတယ်.

ပါဂနာ said...

ဟင်.ဒီဘက် ရပ်ကွက်မှာ လည်း “ဂလို” ဘဲလား...

ဟားးးဟားးးဟားးဟားးးး.

အဖော်ရပြီ....ဟေ..ဟေ့

ပုံ

(မြိုင်ရာဇာ “ပွကြီး” )

ပါဂနာ
:P

Anonymous said...

Zaonoik:
ကျွန်တော်ကကိုယ့်တန်ဖိုးကိုကိုယ်နားလည်တာခင်ဗျားကဘာဂုဏ်ယူစရာရှိလို့လဲ။ ဘာမှမဆိုင်ဘဲနဲ့။ ကျွန်တော်ကကိုယ့်တန်ဖိုးကို ကိုယ်နားလည်ပါတယ်။ အချို့သောလူတွေလို လူများအိမ်ကတိုက်တဲ့လဘက်ရည်ကိုသောက်ပြီးကျေးဇူးမတင်ရုံမက နေရာတကာမစင်လိုက်စွန့်နေပြီး မိမိ၏ရုတ်ယုံ့မှုကိုလူတကာသိစေခြင်နေတဲ့ လူတန်းစားမဟုတ်ပါဘူး။

Anonymous said...

အော် ဒုက္ခ ဘေးကို လျှော်ထွက်နေပါတယ် ဆိုမှ ညှော်နံ့က ထပ်ရနေပြန်တယ်...ဒီလို ဇယားတွေနဲ့ မရှုပ်ချင်ဘူးဗျို့ ကိုယ့်တန်ဖိုးကို နားလည်ရင်လည်း ကောင်းတာပေါ့ဗျာ. ညှော်တွေနဲ့ဆို လျှော်လိုက်ပြီးကင်းအောင်နေတယ်။ မိုင်ဟုမ်းကိုလည်း အားပေးလျက်ပါ :)

Tea said...

မြန်မာ့အလင်းတောင် ကျွန်တော် မဖတ်ရတာ ကြာပြီ။ =)

Anonymous said...

Zaonoik:
ကိုယ်စွန့်တဲ့မစင်ကိုမကျူံးဘဲနံတယ်လို့ပြောနေတဲ့လူမျိုးကလည်းရှိသေးတယ်။ တော်တော်အံ့သြဖို့ကောင်းတာဘဲ။ လူတွေမြင်တော့ကိုယ်နဲ့မဆိုင်ဘူးလို့ပြောလိုက်တယ်။ တော်တော်ရယ်စရာကောင်းတာဘဲ။

PP said...

ဒီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါလား။